La Liga Other Leagues

ဝိန်း ရူနီရဲ့ နေရာကို ဆက်ခံဖို့ ပြောဆိုဆွေးနွေးနေတဲ့ ဂါရတ် ဘေးလ်

ဂါရတ် ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၅၅၀၀၀၀ တန်ကြေးရှိတဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့အချိန်ကျရင် မေဂျာလိဂ်အသင်းဖြစ်တဲ့ ဒီစီယူနိုက်တက်ကို အလွတ်နဲ့ ပြောင်းရွှေ့ဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဝေးလ်လက်ရွေးစင်တောင်ပံကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ စောင့်ဆိုင်းသွားမှာဖြစ်ပြီး ဘာနေဗျူးမှာ ရှိခဲ့တဲ့ ၉ နှစ်တာကာလကို ပြည်ဖုံးကား ချဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ယခုနှစ် ဆောင်းရာသီ ကာတာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပသွားဖို့ ၆ လလောက်သာ လိုတော့တာကြောင့် ဘေးလ်ဟာ လက်ရှိမှာတော့ ၎င်းရဲ့လက်ရွေးစင်အသင်းကို နောက်ထပ်အဓိကပြိုင်ပွဲကြီးမှာ ဘယ်လို ဦးဆောင်သွားမလဲဆိုတာနဲ့ပတ်သက်ပြီး ရွေးချယ်စရာတွေကို စဉ်းစားနေပြီဖြစ်ပါတယ်။

Washington Post ရဲ့ ဖော်ပြချက်အရ ဒီစီ ယူနိုက်တက်အသင်းဟာ ယခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဂါရတ်ဘေးလ်ကို ကမ်းလှမ်းသွားဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ မေဂျာလိဂ်အသင်းဟာ ဘေးလ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာဖို့ကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီး တစ်ဖက်နဲ့တစ်ဖက် အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အဆိုးပြုချက်တွေ ဖလှယ်နေကြတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

ဒီစီ ယူနိုက်တက်အသင်းဟာ ဂါရတ် ဘေးလ်ကို ၂၀၁၈ ခုနှစ်တုန်းက ဝိန်း ရူနီကို ကမ်းလှမ်းခဲ့တဲ့ စာချုပ်ထက် ပိုမိုကြီးမားတဲ့ စာချုပ်ကို ကမ်းလှမ်းသွားဖို့အတွက် ကြိုတင်ပြင်ဆင်နေတယ်လို့လည်း ယင်းသတင်းက ထပ်လောင်း ဖော်ပြခဲ့ပါတယ်။ ဂါရတ် ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပွဲပေါင်း ၂၅၀ ကျော် ပါဝင်ကစားပေးခဲ့ပြီး ဆုဖလား ၁၄ လုံးအထိ ကိုင်မြှောက်နိုင်ခဲ့ပေမယ့်လည်း ယခုရာသီမှာတော့ ပြိုင်ပွဲစုံ ၇ ပွဲသာ ပါဝင်ကစားပေးရသေးတာ ဖြစ်ပါတယ်။

ဂါရတ် ဘေးလ်ရဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပါဝင်ကစားပေးရခြင်းမရှိဘဲ အရန်ခုံတန်းမှာ အမြဲတမ်းထိုင်နေတာကို မြင်တွေ့ခဲ့တဲ့ စပိန်သတင်းဌာန Marca က စပါးစ်ကြယ်ပွင့်ဟောင်းကို ရီးရဲလ်မက်ဒရစ်ရဲ့ယူရိုတွေကို စုပ်ယူစားသောက်နေတဲ့ ကပ်ပါးကောင်လို့ ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

ဝေးလ်လက်ရွေးစင်ကြယ်ပွင့်က လူမှုကွန်ရက်ကနေတဆင့် အဲဒီ ပြောဆိုမှုကို ရှည်လျားတဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ဒေါသတကြီး ပြန်လည်တုံ့ပြန်ခဲ့ပြီး “ဘယ်သူက ကပ်ပါးကောင်အစစ်တွေလဲဆိုတာ ကျွန်တော်တို့ အားလုံးသိကြပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဘေးလ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်တုန်းက ဆန်တီယေဂို ဘာနေဗျူးမှာ ၎င်းရဲ့ ပထမဆုံး ပြိုင်ပွဲမှာ ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်ဖြစ်တဲ့ ဂီတာဖေးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံကနေ လူစားဝင်ကစားခဲ့ချိန်တုန်းက ပရိသတ်တွေရဲ့ လှောင်ပြောင်သံတွေနဲ့ လေချွန်သံတွေကြောင့် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂါရတ္ ေဘးလ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ တစ္ပတ္လုပ္ခလစာ ေပါင္ ၅၅၀၀၀၀ တန္ေၾကးရွိတဲ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားတဲ့အခ်ိန္က်ရင္ ေမဂ်ာလိဂ္အသင္းျဖစ္တဲ့ ဒီစီယူနိုက္တက္ကို အလြတ္နဲ႔ ေျပာင္းေရႊ႕ဖို႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

ေဝးလ္လက္ေရြးစင္ေတာင္ပံကစားသမားဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိ ေစာင့္ဆိုင္းသြားမွာျဖစ္ၿပီး ဘာေနဗ်ဴးမွာ ရွိခဲ့တဲ့ ၉ ႏွစ္တာကာလကို ျပည္ဖုံးကား ခ်ဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ ယခုႏွစ္ ေဆာင္းရာသီ ကာတာမွာ ကမၻာ့ဖလားၿပိဳင္ပြဲ က်င္းပသြားဖို႔ ၆ လေလာက္သာ လိုေတာ့တာေၾကာင့္ ေဘးလ္ဟာ လက္ရွိမွာေတာ့ ၎ရဲ့လက္ေရြးစင္အသင္းကို ေနာက္ထပ္အဓိကၿပိဳင္ပြဲႀကီးမွာ ဘယ္လို ဦးေဆာင္သြားမလဲဆိုတာနဲ႔ပတ္သက္ၿပီး ေရြးခ်ယ္စရာေတြကို စဥ္းစားေနၿပီျဖစ္ပါတယ္။

Washington Post ရဲ့ ေဖာ္ျပခ်က္အရ ဒီစီ ယူနိုက္တက္အသင္းဟာ ယခုႏွစ္ ကာတာကမၻာ့ဖလားၿပိဳင္ပြဲမတိုင္ခင္ ဂါရတ္ေဘးလ္ကို ကမ္းလွမ္းသြားဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ ေမဂ်ာလိဂ္အသင္းဟာ ေဘးလ္ရဲ့ ကိုယ္စားလွယ္ေတြနဲ႔ လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕လာဖို႔ကိစၥနဲ႔ပတ္သက္ၿပီး ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီး တစ္ဖက္နဲ႔တစ္ဖက္ အေျပာင္းအေရႊ႕နဲ႔ပတ္သက္ၿပီး အဆိုးျပဳခ်က္ေတြ ဖလွယ္ေနၾကတယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

ဒီစီ ယူနိုက္တက္အသင္းဟာ ဂါရတ္ ေဘးလ္ကို ၂၀၁၈ ခုႏွစ္တုန္းက ဝိန္း ႐ူနီကို ကမ္းလွမ္းခဲ့တဲ့ စာခ်ဳပ္ထက္ ပိုမိုႀကီးမားတဲ့ စာခ်ဳပ္ကို ကမ္းလွမ္းသြားဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ေနတယ္လို႔လည္း ယင္းသတင္းက ထပ္ေလာင္း ေဖာ္ျပခဲ့ပါတယ္။ ဂါရတ္ ေဘးလ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ပြဲေပါင္း ၂၅၀ ေက်ာ္ ပါဝင္ကစားေပးခဲ့ၿပီး ဆုဖလား ၁၄ လုံးအထိ ကိုင္ေျမႇာက္နိုင္ခဲ့ေပမယ့္လည္း ယခုရာသီမွာေတာ့ ၿပိဳင္ပြဲစုံ ၇ ပြဲသာ ပါဝင္ကစားေပးရေသးတာ ျဖစ္ပါတယ္။

ဂါရတ္ ေဘးလ္ရဲ့ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ပါဝင္ကစားေပးရျခင္းမရွိဘဲ အရန္ခုံတန္းမွာ အျမဲတမ္းထိုင္ေနတာကို ျမင္ေတြ႕ခဲ့တဲ့ စပိန္သတင္းဌာန Marca က စပါးစ္ၾကယ္ပြင့္ေဟာင္းကို ရီးရဲလ္မက္ဒရစ္ရဲ့ယူရိုေတြကို စုပ္ယူစားေသာက္ေနတဲ့ ကပ္ပါးေကာင္လို႔ ေဝဖန္တိုက္ခိုက္ခဲ့ပါတယ္။

ေဝးလ္လက္ေရြးစင္ၾကယ္ပြင့္က လူမႈကြန္ရက္ကေနတဆင့္ အဲဒီ ေျပာဆိုမႈကို ရွည္လ်ားတဲ့ ထုတ္ျပန္ေၾကညာခ်က္နဲ႔ ေဒါသတႀကီး ျပန္လည္တုံ႔ျပန္ခဲ့ၿပီး “ဘယ္သူက ကပ္ပါးေကာင္အစစ္ေတြလဲဆိုတာ ကၽြန္ေတာ္တို႔ အားလုံးသိၾကပါတယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ေဘးလ္ဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ေက်ာ္ေလာက္တုန္းက ဆန္တီေယဂို ဘာေနဗ်ဴးမွာ ၎ရဲ့ ပထမဆုံး ၿပိဳင္ပြဲမွာ ပါဝင္ကစားေပးခဲ့တဲ့ပြဲစဥ္ျဖစ္တဲ့ ဂီတာေဖးကို ၂-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အရန္ခုံကေန လူစားဝင္ကစားခဲ့ခ်ိန္တုန္းက ပရိသတ္ေတြရဲ့ ေလွာင္ေျပာင္သံေတြနဲ႔ ေလခၽြန္သံေတြေၾကာင့္ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.