Match Report Premier League

ဆောက်သမ်တန်ကို အနိုင်ယူပြီး တန်းဆင်းဇုန်က ရုန်းထွက်ဖို့ တာဆူတဲ့ ဘန်လေ

ကြာသပတေးနေ့ညနေက ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဘန်လေအသင်းက ပထမပိုင်းမှာ ကော်နာ ရောဘတ်နဲ့ နေသန် ကောလင်းတို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရရှိသွားခဲ့ပါတယ်။

ဘန်လေအသင်းဥက္ကဌ အလန် ပေ့စ်ဟာ နည်းပြ ရှောင် ဒိုက်ချ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဟာ အချိန်ကိုက် လုပ်ဆောင်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပြီး အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် ၎င်းရဲ့အသင်းကို ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်နိုင်မယ့် အခွင့်အရေးကို တိုက်ယူနိုင်စေခဲ့တာဖြစ်ပါလိမ့်မယ်။

အဲဒီခံစားချက်ကို ကြာသပတေးနေ့ညက တာ့ဖ် မိုးမှာ ရရှိခဲ့ပြီး ဘန်လေအသင်းဟာ ဆောက်သမ်တန်ကို အနိုင်ယူပြီး တန်းဆင်းဇုန်က လွတ်မြောက်ဖို့ ၁ မှတ်အကွာ အဲဗာတန်နဲ့ ရမှတ်ကွာဟမှုကို လျှော့နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ အသင်းတစ်သင်းပုံစံ ပေါက်နေခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့နေ့လယ် ဝုလ်ဗ်စ်နဲ့ ကစားရမယ့်ပွဲစဉ်မှာ သရေကျခဲ့မယ်ဆိုရင်တောင် ဘန်လေအသင်းဟာ တန်းဆင်းဇုန်ကနေ လွတ်မြောက်ပြီး အဲဒီနေ့ညနေမှာ လီဗာပူးလ်နဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဉ်အဖြစ် တွေ့ဆုံရမယ့် အဲဗာတန်ရဲ့နေရာကို ရယူသွားနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ ဒီလို သေးငယ်တဲ့ စိတ်ပိုင်းဆိုင်ရာ အားသာချက်တွေက ရာသီရဲ့ ဒီလို အချိန်မှာ ကွဲပြားခြားနားမှုတွေကို လုပ်ဆောင်နိုင်စေပြီး ဘန်လေအနေနဲ့ လက်ရှိအချိန်မှာတော့ ရနိုင်သမျှ အရာအားလုံးကို အမိအရ ဆုပ်ကိုင်သွားတော့မှာ ဖြစ်ပါတယ်။

ဘန်လေအသင်းဟာ ၁၂ မိနစ်မှာ ဘရောင်းဟေးလ်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ကော်နာ ရောဘတ်က ပင်နယ်တီဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ လှလှပပ ဝိုက်ကန်သွင်းယူသွားပြီး ဦးဆောင်ဂိုး စတင်ရရှိခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့တဲ့ အိမ်ရှင်ဘန်လေအသင်းဟာ ဆောက်သမ်တန်အသင်းကို ဆက်တိုက် ဖိအားပေးတိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ဆောက်သမ်တန်ဂိုးသမား ဖော်စတာ လက်စွမ်းပြ ကာကွယ်ပုတ်ထုတ်နိုင်ခဲ့တာကြောင့်သာ နောက်ထပ် ဦးဆောင်ဂိုးတွေကို ဆက်တိုက် သွင်းယူနိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

၄၄ မိနစ်မှာ ဘရောင်းဟေးလ်ကပဲ ထောင့်ကန်ဘောကနေတဆင့် ဖြတ်တင်ပေးပို့ခဲ့ရာမှာ နေသန် ကောလင်းက ခေါင်းတိုက်သွင်းယူသွားပြီး ဘန်လေအသင်း ဒုတိယမြောက် ဦးဆောင်ဂိုးကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း အိမ်ရှင် ဘန်လေအသင်းကပဲ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ၆၃ မိနစ်မှာ ဂျက် ကော့ခ်က ဘန်လေအသင်းအတွက် နောက်ထပ် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း VAR က ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ရိုဒရီဂွက်ဇ်ရဲ့လက်ကို ထိပြီး လူကျွံအနေအထားမှာရှိနေတဲ့ ဂျက် ကော့ခ်ကို ဘောလုံးထိမှန်သွားတာကြောင့် ဂိုးခွင့်ပြုပေးဖို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ ဒုတိယပိုင်း ပွဲကစားချိန်အများစုမှာ ချေပဂိုးတွေ ပြန်လည်သွင်းယူဖို့အတွက် အသည်းအသန် ကြိုးပမ်းခဲ့ပြီး ဘန်လေ နောက်ခံကစားသမားတွေနဲ့ ဂိုးသမား နစ်ခ် ပုပ်တို့ အကောင်းဆုံးပုံစံနဲ့ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘန်လေအသင်းကလည်း နောက်ထပ် ဦးဆောင်ဂိုးတွေ ထပ်မံသွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဆောက်သမ်တန် ဂိုးသမား ဖော်စတာက သတိဝီရိယရှိရှိနဲ့ ပုတ်ထုတ်ကာကွယ်မှုတွေ ပြုလုပ်သွားခဲ့တာကြောင့် ၂-၀ နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ဘန်လေအသင်းဟာ ကြာသပတေးနေ့ညမှာ ကြီးမားတဲ့ နိုင်ပွဲကို ရရှိခဲ့တာဖြစ်ပြီး ဒီအနိုင် ၃ မှတ်ကြောင့် တန်းဆင်းဇုန်ရဲ့အထက် အဆင့် ၁၇ နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်နဲ့ ၁ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး လီဗာပူးလ်နဲ့ပွဲစဉ်မှာ အမှတ်လျော့ကျဖို့ များနေတဲ့ အဲဗာတန်ရဲ့ အခြေအနေကို အခွင့်ကောင်းယူဖို့ ဝုလ်ဗ်စ်နဲ့ပွဲစဉ်မှာ အကောင်းဆုံး ကြိုးပမ်းသွားဖို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၾကာသပေတးေန႔ညေနက ေဆာက္သမ္တန္ကို အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ဘန္ေလအသင္းက ပထမပိုင္းမွာ ေကာ္နာ ေရာဘတ္နဲ႔ ေနသန္ ေကာလင္းတို႔ရဲ့ သြင္းဂိုးေတြေၾကာင့္ အနိုင္ရရွိသြားခဲ့ပါတယ္။

ဘန္ေလအသင္းဥကၠဌ အလန္ ေပ့စ္ဟာ နည္းၿပ ေရွာင္ ဒိုက္ခ်္ကို ရာထူးကေန ထုတ္ပယ္ခဲ့တာဟာ အခ်ိန္ကိုက္ လုပ္ေဆာင္ခဲ့တာျဖစ္ေကာင္းျဖစ္နိုင္ၿပီး အဲဒီလို လုပ္လိုက္ျခင္းအားျဖင့္ ၎ရဲ့အသင္းကို ပရီးမီးယားလိဂ္မွာ ရွင္သန္က်န္ရစ္နိုင္မယ့္ အခြင့္အေရးကို တိုက္ယူနိုင္ေစခဲ့တာျဖစ္ပါလိမ့္မယ္။

အဲဒီခံစားခ်က္ကို ၾကာသပေတးေန႔ညက တာ့ဖ္ မိုးမွာ ရရွိခဲ့ၿပီး ဘန္ေလအသင္းဟာ ေဆာက္သမ္တန္ကို အနိုင္ယူၿပီး တန္းဆင္းဇုန္က လြတ္ေျမာက္ဖို႔ ၁ မွတ္အကြာ အဲဗာတန္နဲ႔ ရမွတ္ကြာဟမႈကို ေလၽွာ့နိုင္မယ္ဆိုတဲ့ ယုံၾကည္ခ်က္အျပည့္နဲ႔ အသင္းတစ္သင္းပုံစံ ေပါက္ေနခဲ့တာျဖစ္ပါတယ္။

တနဂၤေႏြေန႔ေန႔လယ္ ဝုလ္ဗ္စ္နဲ႔ ကစားရမယ့္ပြဲစဥ္မွာ သေရက်ခဲ့မယ္ဆိုရင္ေတာင္ ဘန္ေလအသင္းဟာ တန္းဆင္းဇုန္ကေန လြတ္ေျမာက္ၿပီး အဲဒီေန႔ညေနမွာ လီဗာပူးလ္နဲ႔ မာေဆးဆိုဒ္ ဒါဘီပြဲစဥ္အျဖစ္ ေတြ႕ဆုံရမယ့္ အဲဗာတန္ရဲ့ေနရာကို ရယူသြားနိုင္ဖြယ္ရွိေနတာျဖစ္ပါတယ္။ ဒီလို ေသးငယ္တဲ့ စိတ္ပိုင္းဆိုင္ရာ အားသာခ်က္ေတြက ရာသီရဲ့ ဒီလို အခ်ိန္မွာ ကြဲျပားျခားနားမႈေတြကို လုပ္ေဆာင္နိုင္ေစၿပီး ဘန္ေလအေနနဲ႔ လက္ရွိအခ်ိန္မွာေတာ့ ရနိုင္သမၽွ အရာအားလုံးကို အမိအရ ဆုပ္ကိုင္သြားေတာ့မွာ ျဖစ္ပါတယ္။

ဘန္ေလအသင္းဟာ ၁၂ မိနစ္မွာ ဘေရာင္းေဟးလ္ရဲ့ ဖန္တီးေပးပို႔မႈကေနတဆင့္ ေကာ္နာ ေရာဘတ္က ပင္နယ္တီဧရိယာထိပ္ကေန ဘယ္ေျခနဲ႔ လွလွပပ ဝိုက္ကန္သြင္းယူသြားၿပီး ဦးေဆာင္ဂိုး စတင္ရရွိခဲ့တာျဖစ္ပါတယ္။ ဦးေဆာင္ဂိုး စတင္ရရွိသြားခဲ့တဲ့ အိမ္ရွင္ဘန္ေလအသင္းဟာ ေဆာက္သမ္တန္အသင္းကို ဆက္တိုက္ ဖိအားေပးတိုက္စစ္ဆင္မႈေတြ ျပဳလုပ္ခဲ့ၿပီး ေဆာက္သမ္တန္ဂိုးသမား ေဖာ္စတာ လက္စြမ္းၿပ ကာကြယ္ပုတ္ထုတ္နိုင္ခဲ့တာေၾကာင့္သာ ေနာက္ထပ္ ဦးေဆာင္ဂိုးေတြကို ဆက္တိုက္ သြင္းယူနိုင္ခဲ့ျခင္းမရွိတာ ျဖစ္ပါတယ္။

၄၄ မိနစ္မွာ ဘေရာင္းေဟးလ္ကပဲ ေထာင့္ကန္ေဘာကေနတဆင့္ ျဖတ္တင္ေပးပို႔ခဲ့ရာမွာ ေနသန္ ေကာလင္းက ေခါင္းတိုက္သြင္းယူသြားၿပီး ဘန္ေလအသင္း ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို ရရွိသြားခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာလည္း အိမ္ရွင္ ဘန္ေလအသင္းကပဲ ပြဲကို ထိန္းခ်ဳပ္ထားနိုင္ခဲ့ၿပီး ၆၃ မိနစ္မွာ ဂ်က္ ေကာ့ခ္က ဘန္ေလအသင္းအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူနိုင္ခဲ့ေပမယ့္လည္း VAR က ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ ရိုဒရီဂြက္ဇ္ရဲ့လက္ကို ထိၿပီး လူကၽြံအေနအထားမွာရွိေနတဲ့ ဂ်က္ ေကာ့ခ္ကို ေဘာလုံးထိမွန္သြားတာေၾကာင့္ ဂိုးခြင့္ျပဳေပးဖို႔ ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းဟာ ဒုတိယပိုင္း ပြဲကစားခ်ိန္အမ်ားစုမွာ ေခ်ပဂိုးေတြ ျပန္လည္သြင္းယူဖို႔အတြက္ အသည္းအသန္ ႀကိဳးပမ္းခဲ့ၿပီး ဘန္ေလ ေနာက္ခံကစားသမားေတြနဲ႔ ဂိုးသမား နစ္ခ္ ပုပ္တို႔ အေကာင္းဆုံးပုံစံနဲ႔ ကာကြယ္နိုင္ခဲ့တာျဖစ္ပါတယ္။ ဘန္ေလအသင္းကလည္း ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ ထပ္မံသြင္းယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ေဆာက္သမ္တန္ ဂိုးသမား ေဖာ္စတာက သတိဝီရိယရွိရွိနဲ႔ ပုတ္ထုတ္ကာကြယ္မႈေတြ ျပဳလုပ္သြားခဲ့တာေၾကာင့္ ၂-၀ နဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။

ဘန္ေလအသင္းဟာ ၾကာသပေတးေန႔ညမွာ ႀကီးမားတဲ့ နိုင္ပြဲကို ရရွိခဲ့တာျဖစ္ၿပီး ဒီအနိုင္ ၃ မွတ္ေၾကာင့္ တန္းဆင္းဇုန္ရဲ့အထက္ အဆင့္ ၁၇ ေနရာမွာ ရပ္တည္ေနတဲ့ အဲဗာတန္နဲ႔ ၁ မွတ္အကြာကို တက္လွမ္းနိုင္ခဲ့ၿပီျဖစ္ၿပီး လီဗာပူးလ္နဲ႔ပြဲစဥ္မွာ အမွတ္ေလ်ာ့က်ဖို႔ မ်ားေနတဲ့ အဲဗာတန္ရဲ့ အေျခအေနကို အခြင့္ေကာင္းယူဖို႔ ဝုလ္ဗ္စ္နဲ႔ပြဲစဥ္မွာ အေကာင္းဆုံး ႀကိဳးပမ္းသြားဖို႔သာ က်န္ရွိေတာ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.