Bundesliga Premier League

ဆန္ခ်ဳိအတြက္ ေႏြရာသီမွာ မန္ခ်က္စတာဒါဘီကို ေတြ႕ျမင္ရမွာလား

ေဒါ့မြန္အသင္းကေန ေႏြရာသီမွာ ထြက္ခြာေတာ့မယ္လုိ႔ အဂၤလန္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိရဲ႕ နီးစပ္ရာ အသုိင္းအဝိုင္းက သတင္းရရွိခဲ့အၿပီးမွာ သူ႕ကို အလိုရွိေနတဲ့ အသင္းေတြထဲက မန္ခ်က္စတာယူႏိုက္တက္နဲ႔ မန္ခ်က္စတာစီးတီးတုိ႔ႏွစ္သင္းက ထိပ္ဆုံးက ထြက္ေပၚလာခဲ့ပါတယ္။

၂၀၁၇ ေႏြရာသီက မန္စီးတီးအသင္းကေန ေဒါ့မြန္အသင္းဆီ ေပါင္ ၈ သန္းနဲ႔ ထြက္ခြာသြားခဲ့တဲ့ ဆန္ခ်ဳိဟာ လာမယ့္မတ္လမွာ အသက္ ၂၀ ျပည့္ေျမာက္မွာလည္းျဖစ္ၿပီး ဘြန္ဒက္စ္လီဂါရဲ႕ ေျခစြမ္းအျပႏုိင္ဆုံးကစားသမားတစ္ဦးအျဖစ္ အဂၤလန္ရဲ႕ ယူ႐ို ၂၀၂၀ လူစာရင္းမွာ ထိပ္ဆုံးက ပါဝင္လာႏုိင္သူလည္းျဖစ္ပါတယ္။

စကိုင္းစပုိ႔စ္ရဲ႕ ဂ်ာမန္သတင္းေထာက္ ဂ်က္စကို ဗြန္အိုက္ခ္မန္းက စကိုင္းစပုိ႔စ္သတင္းဌာနကို ေပးပို႔မွဳမွာေတာ့ လာမယ့္ရာသီမွာ ေဒါ့မြန္ကေန ဆန္ခ်ဳိထြက္ခြာဖို႔ ေသခ်ာေနတယ္လို႔လည္း ဆုိခဲ့ၿပီး ဘယ္အသင္းကို ေျပာင္းေရႊ႕မလဲဆုိတာကိုေတာ့ မသိရေသးဘူးလို႔ ဆုိပါတယ္။

ဆန္ခ်ဳိကို အသင္းေဟာင္း မန္စီးတီးက အသည္းအသန္ႀကဳိးစားသြားဖို႔ ရွိေနၿပီး သူတုိ႔အေနနဲ႔ အသင္းရဲ႕ ဂ်ာမန္ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးကို ဘုိင္ယန္ျမဴးနစ္ဆီ လက္လႊတ္ရႏိုင္တဲ့ အေျခအေနေၾကာင့္လည္း ျဖစ္တယ္လို႔ ခန္႔မွန္းရပါတယ္။ ၿမဳိ႕ခံၿပဳိင္ဘက္ မန္ယူအသင္းကေတာ့ ေႏြရာသီအသုံးစရိတ္ အေျမာက္အျမားရရွိႏုိင္တဲ့အေပၚမွာ ရင္းႏွီးျမႇဳပ္ႏွံသြားဖို႔ ရွိေနၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရမရအေပၚမူတည္ၿပီး ဆန္ခ်ဳိကို ေခၚယူဖို႔က လြယ္မလား ခက္မလား ေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။

ဆန္ခ်ဳိဟာ ဘြန္ဒက္စ္လီဂါမွာေတာ့ ေကာင္းေကာင္းအစမ္းသပ္ခံၿပီးတဲ့ ကစားသမားတစ္ဦးအျဖစ္ အားလုံးက အမွတ္ျပည့္ေပးခဲ့ၾကၿပီးျဖစ္သလို ေဒါ့မြန္အသင္းအတြက္ ၆၅ ပြဲမွာ ၂၅ ဂိုးသြင္း၊ ၃၅ ဂိုးဖန္တီးေပးထားတဲ့ တုိက္စစ္သမားေကာင္းျဖစ္လုိ႔ ေခၚယူခ်င္တဲ့ အသင္းအေနနဲ႔ ေပါင္သန္း ၁၀၀ ေက်ာ္ ေပးေခ်ရဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဒေါ့မွန်အသင်းကနေ နွေရာသီမှာ ထွက်ခွာတော့မယ်လို့ အင်္ဂလန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုရဲ့ နီးစပ်ရာ အသိုင်းအဝိုင်းက သတင်းရရှိခဲ့အပြီးမှာ သူ့ကို အလိုရှိနေတဲ့ အသင်းတွေထဲက မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့နှစ်သင်းက ထိပ်ဆုံးက ထွက်ပေါ်လာခဲ့ပါတယ်။

၂၀၁၇ နွေရာသီက မန်စီးတီးအသင်းကနေ ဒေါ့မွန်အသင်းဆီ ပေါင် ၈ သန်းနဲ့ ထွက်ခွာသွားခဲ့တဲ့ ဆန်ချိုဟာ လာမယ့်မတ်လမှာ အသက် ၂၀ ပြည့်မြောက်မှာလည်းဖြစ်ပြီး ဘွန်ဒက်စ်လီဂါရဲ့ ခြေစွမ်းအပြနိုင်ဆုံးကစားသမားတစ်ဦးအဖြစ် အင်္ဂလန်ရဲ့ ယူရို ၂၀၂၀ လူစာရင်းမှာ ထိပ်ဆုံးက ပါဝင်လာနိုင်သူလည်းဖြစ်ပါတယ်။

စကိုင်းစပို့စ်ရဲ့ ဂျာမန်သတင်းထောက် ဂျက်စကို ဗွန်အိုက်ခ်မန်းက စကိုင်းစပို့စ်သတင်းဌာနကို ပေးပို့မှုမှာတော့ လာမယ့်ရာသီမှာ ဒေါ့မွန်ကနေ ဆန်ချိုထွက်ခွာဖို့ သေချာနေတယ်လို့လည်း ဆိုခဲ့ပြီး ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဆန်ချိုကို အသင်းဟောင်း မန်စီးတီးက အသည်းအသန်ကြိုးစားသွားဖို့ ရှိနေပြီး သူတို့အနေနဲ့ အသင်းရဲ့ ဂျာမန်တောင်ပံကစားသမား လီရွိုင်း ဆာနေးကို ဘိုင်ယန်မြူးနစ်ဆီ လက်လွှတ်ရနိုင်တဲ့ အခြေအနေကြောင့်လည်း ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။ မြို့ခံပြိုင်ဘက် မန်ယူအသင်းကတော့ နွေရာသီအသုံးစရိတ် အမြောက်အမြားရရှိနိုင်တဲ့အပေါ်မှာ ရင်းနှီးမြှုပ်နှံသွားဖို့ ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမရအပေါ်မူတည်ပြီး ဆန်ချိုကို ခေါ်ယူဖို့က လွယ်မလား ခက်မလား စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

ဆန်ချိုဟာ ဘွန်ဒက်စ်လီဂါမှာတော့ ကောင်းကောင်းအစမ်းသပ်ခံပြီးတဲ့ ကစားသမားတစ်ဦးအဖြစ် အားလုံးက အမှတ်ပြည့်ပေးခဲ့ကြပြီးဖြစ်သလို ဒေါ့မွန်အသင်းအတွက် ၆၅ ပွဲမှာ ၂၅ ဂိုးသွင်း၊ ၃၅ ဂိုးဖန်တီးပေးထားတဲ့ တိုက်စစ်သမားကောင်းဖြစ်လို့ ခေါ်ယူချင်တဲ့ အသင်းအနေနဲ့ ပေါင်သန်း ၁၀၀ ကျော် ပေးချေရဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.