Ligue1 Match Report

VAR အနှောက်လုပ်လို့ ၄ ဂိုးလောက် အငြင်းခံခဲ့ရပြီး ပထမပိုင်းရလဒ်အတည်ဖြစ်ခဲ့တဲ့ ပီအက်စ်ဂျီနဲ့ မာဆေးလ်တို့ပွဲစဉ်

ပီအက်စ်ဂျီအသင်းဟာ တနင်္ဂနွေနေ့က ခါးသီးပြိုင်ဘက် မာဆေးလ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ၂-၁ နဲ့ အိမ်ကွင်းနိုင်ပွဲရရှိအောင် နေမာနဲ့ အမ်ဘာပေတို့က ဂိုးသွင်းယူပေးခဲ့ပြီးနောက် ၁၀ ကြိမ်မြောက် ပြင်သစ်ဖလား စံချိန်ကို လိုက်မီဖို့ နောက်ထပ်ခြေတစ်လှမ်း နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

နေမာရဲ့ အစောပိုင်း အဖွင့်ဂိုးကို ဒူဂျီ ကလီတာ ကားက ပြန်လည်ချေပသွားခဲ့ပြီးနောက် အမ်ဘာပေရဲ့ ပင်နယ်တီ သွင်းဂိုးကြောင့် ပီအက်စ်ဂျီအသင်းက အနိုင် ရရှိသွားခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လက်ရှိမှာတော့ ၆ ပွဲကစားဖို့ ကျန်နေသေးချိန်မှာ ဒုတိယနေရာက မာဆေးလ်အသင်းကို ၁၅ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပြီး နောက်လာမယ့်အပတ်မှာ လိဂန်းဖလားကို ကိုင်မြှောက်သွားတော့မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲစုံ ၈ ပွဲဆက် နိုင်ပွဲ ရရှိထားခဲ့တဲ့ ဂျော့ဂျ် ဆန်ပါအိုလီရဲ့အသင်းဟာ တတိယနေရာက ရင်းနေးကို ၃ မှတ်အသာနဲ့ ဦးဆောင်နေပြီး ၂ သင်းစလုံးဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကို တိုက်ရိုက်ဝင်ခွင့်ရမယ့် ဒုတိယနေရာအတွက် တိုက်ပွဲဝင်ကြတော့မှာဖြစ်ပါတယ်။ တတိယနေရာမှာ ရပ်တည်တဲ့အသင်းကတော့ တတိယအဆင့် ခြေစစ်ပွဲအဆင့်ကနေ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပွဲအစကတည်းက တိုက်စစ်ဆင် ကစားခဲ့ပြီး ပိုချက်တီနိုရဲ့အသင်းသားတွေအတွက် ပုံမှန်အားဖြင့် ဆူပူနေတဲ့ အမာခံပရိသတ်တွေရှေ့မှာ ပထမပိုင်းအစောပိုင်း ဦးဆောင်ဂိုးသွင်းယူနိုင်ဖို့ အချိန်သိပ်မယူခဲ့ရတာဖြစ်ပါတယ်။ “ကျွန်တော် ဒီလိုမျိုး ပတ်ဝန်းကျင်အခြေအနေမျိုးကို မမျှော်မှန်းထားခဲ့ပါဘူး။ ထူးခြားတဲ့ပွဲစဉ်အတွက် ခင်ဗျား အရာအားလုံးကို ဘေးဖယ်ထားရမှာပါပဲ။ ဒီပွဲက ဒီလို လုပ်ရမယ့် အချိန်မဟုတ်ပါဘူး။ ကျွန်တော် သူတို့ကို နားလည်ပေမယ့် ဒီနေ့က ခင်ဗျားရဲ့ မာနကို ဘေးဖယ်ထားရမယ့် နေ့တစ်နေ့ပါ”လို့ မာကင်ညို့စ်က ပြောကြားခဲ့ပါတယ်။

နေမာဟာ ပထမပိုင်း ၁၂ မိနစ်မှာ မာကို ဗာရက်တီရဲ့ ဖြတ်တင်ပေးပို့မှုကို ဘယ်ခြေနဲ့ အသာအယာ လမ်းကြောင်းပြောင်းပေးခဲ့ရာမှာ ရှေ့တက်လာတဲ့ မာဆေးလ် ဂိုးသမား ပါအူ လိုပက်ဇ် ဘယ်လိုမှ မကာကွယ်နိုင်ဘဲ ရပ်ကြည့်နေခဲ့ရတာဖြစ်ပါတယ်။ မာဆေးလ်အသင်းဟာ အဖွင့်ဂိုးပေးခဲ့ရပေမယ့်လည်း ကျစ်ကျစ်လစ်လစ်နဲ့ ပြန်လည်စုစည်းပြီး ၃၁ မိနစ်မှာ ကလီတာ ကားက ထောင့်ကန်ဘောကနေတဆင့် ဖြတ်တင်လိုက်တဲ့ဘောလုံးကို ပင်နယ်တီ ဧရိယာထဲမှာ ၂ ဖက်အသင်း ကစားသမားတွေ လုယူဖို့ ကြိုးပမ်းရာကနေ ရှေ့ရောက်လာချိန်မှာ အသာအယာ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မိနစ် ၄၀ မှာ လီယွန်နယ် မက်ဆီက ပီအက်စ်ဂျီအသင်းအတွက် နောက်ထပ် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပုံပေါ်ခဲ့ပေမယ့်လည်း မန်းဒက်စ် ဖြတ်တင်မပေးပို့မီမှာ လူကျွံနေခဲ့တယ်ဆိုပြီး ဂိုးခွင့်ပြုပေးဖို့ ငြင်းပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ပထမပိုင်း ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပိုမှာ နေမာရဲ့ ကန်သွင်းမှုကို ရွန်ဂျီယာက တံတောင်နဲ့ ပိတ်ဆို့ခဲ့တာကို VAR က စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်း ပင်နယ်တီကန်ခွင့်ရခဲ့ပြီး အမ်ဘာပေက ယခုရာသီ လိဂန်း ၂၁ ဂိုးမြောက်သွင်းဂိုးအဖြစ် အမှားအယွင်းမရှိ ကန်သွင်းယူပေးသွားခဲ့ပါတယ်။

ပထမပိုင်းအပြီးမှာ တင်းမာမှုတွေ မြင့်တက်ခဲ့ပြီး နေမာက ဂွမ်ဒူဇီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အဝါကတ်ပြား ပြသခြင်းခံခဲ့ရပြီးနောက် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာဖြစ်ပြီး အခြေအနေတွေ ငြိမ်သက်သွားဖို့ မိနစ်အနည်းငယ် လိုအပ်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ၇၅ မိနစ်မှာလည်း ပီအက်စ်ဂျီအသင်းရဲ့ နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုးဟာ VAR ရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပြီး လီယွန်နယ် မက်ဆီက ဂိုး ဖန်တီးပေးပို့ခဲ့ပြီးနောက် အမ်ဘာပေက လူကျွံအနေအထားမှာ ရှိနေခဲ့တယ်ဆိုပြီး ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

မာဆေးလ်အသင်းဟာ ဒုတိယပိုင်း ပွဲကစားချိန်ပြည့်ဖို့ ၅ မိနစ်အလိုမှာ ဝီလီယံ ဆာလီဘာရဲ့ သွင်းဂိုးကြောင့် သရေ ၁ မှတ် ရရှိပြီလို့ ထင်ပြီး အောင်ပွဲခံခဲ့ကြပေမယ့်လည်း နောက်ထပ် လူကျွံဘောအဖြစ်နဲ့ VAR ရဲ့ ငြင်းပယ်မှုကို ထပ်မံ ခံစားခဲ့ရတာဖြစ်ပါတယ်။ အစောပိုင်းပွဲစဉ်တွေထဲကမှာ နိစ်အသင်းဟာ အန်ဒီ ဒီလော့တ်ရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် လိုရွန်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အဆင့် ၃ နေရာက ရင်းနေးနဲ့ ၂ မှတ်အကွာ အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

လီယွန်ကလည်း ဘော်ဒိုးအသင်းကို အိမ်ကွင်းမှာ ၆-၁ နဲ့ အပြတ်အသတ် ချေမှုန်းပြီးနောက် တတိယနေရာက ရင်းနေးနဲ့ ၇ မှတ်အကွာ အဆင့် ၈ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းဟာ တနဂၤေႏြေန႔က ခါးသီးၿပိဳင္ဘက္ မာေဆးလ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ၂-၁ နဲ႔ အိမ္ကြင္းနိုင္ပြဲရရွိေအာင္ ေနမာနဲ႔ အမ္ဘာေပတို႔က ဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ ၁၀ ႀကိမ္ေျမာက္ ျပင္သစ္ဖလား စံခ်ိန္ကို လိုက္မီဖို႔ ေနာက္ထပ္ေျခတစ္လွမ္း နီးစပ္လာခဲ့ၿပီျဖစ္ပါတယ္။

ေနမာရဲ့ အေစာပိုင္း အဖြင့္ဂိုးကို ဒူဂ်ီ ကလီတာ ကားက ျပန္လည္ေခ်ပသြားခဲ့ၿပီးေနာက္ အမ္ဘာေပရဲ့ ပင္နယ္တီ သြင္းဂိုးေၾကာင့္ ပီအက္စ္ဂ်ီအသင္းက အနိုင္ ရရွိသြားခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ လက္ရွိမွာေတာ့ ၆ ပြဲကစားဖို႔ က်န္ေနေသးခ်ိန္မွာ ဒုတိယေနရာက မာေဆးလ္အသင္းကို ၁၅ မွတ္အထိ ျဖတ္ထားနိုင္ခဲ့ၿပီျဖစ္ၿပီး ေနာက္လာမယ့္အပတ္မွာ လိဂန္းဖလားကို ကိုင္ေျမႇာက္သြားေတာ့မွာ ျဖစ္ပါတယ္။

ၿပိဳင္ပြဲစုံ ၈ ပြဲဆက္ နိုင္ပြဲ ရရွိထားခဲ့တဲ့ ေဂ်ာ့ဂ်္ ဆန္ပါအိုလီရဲ့အသင္းဟာ တတိယေနရာက ရင္းေနးကို ၃ မွတ္အသာနဲ႔ ဦးေဆာင္ေနၿပီး ၂ သင္းစလုံးဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကို တိုက္ရိုက္ဝင္ခြင့္ရမယ့္ ဒုတိယေနရာအတြက္ တိုက္ပြဲဝင္ၾကေတာ့မွာျဖစ္ပါတယ္။ တတိယေနရာမွာ ရပ္တည္တဲ့အသင္းကေတာ့ တတိယအဆင့္ ေျခစစ္ပြဲအဆင့္ကေန လာမယ့္ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရမွာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ပြဲအစကတည္းက တိုက္စစ္ဆင္ ကစားခဲ့ၿပီး ပိုခ်က္တီနိုရဲ့အသင္းသားေတြအတြက္ ပုံမွန္အားျဖင့္ ဆူပူေနတဲ့ အမာခံပရိသတ္ေတြေရွ႕မွာ ပထမပိုင္းအေစာပိုင္း ဦးေဆာင္ဂိုးသြင္းယူနိုင္ဖို႔ အခ်ိန္သိပ္မယူခဲ့ရတာျဖစ္ပါတယ္။ “ကၽြန္ေတာ္ ဒီလိုမ်ိဳး ပတ္ဝန္းက်င္အေျခအေနမ်ိဳးကို မေမၽွာ္မွန္းထားခဲ့ပါဘူး။ ထူးျခားတဲ့ပြဲစဥ္အတြက္ ခင္ဗ်ား အရာအားလုံးကို ေဘးဖယ္ထားရမွာပါပဲ။ ဒီပြဲက ဒီလို လုပ္ရမယ့္ အခ်ိန္မဟုတ္ပါဘူး။ ကၽြန္ေတာ္ သူတို႔ကို နားလည္ေပမယ့္ ဒီေန႔က ခင္ဗ်ားရဲ့ မာနကို ေဘးဖယ္ထားရမယ့္ ေန႔တစ္ေန႔ပါ”လို႔ မာကင္ညိဳ႕စ္က ေျပာၾကားခဲ့ပါတယ္။

ေနမာဟာ ပထမပိုင္း ၁၂ မိနစ္မွာ မာကို ဗာရက္တီရဲ့ ျဖတ္တင္ေပးပို႔မႈကို ဘယ္ေျခနဲ႔ အသာအယာ လမ္းေၾကာင္းေျပာင္းေပးခဲ့ရာမွာ ေရွ႕တက္လာတဲ့ မာေဆးလ္ ဂိုးသမား ပါအူ လိုပက္ဇ္ ဘယ္လိုမွ မကာကြယ္နိုင္ဘဲ ရပ္ၾကည့္ေနခဲ့ရတာျဖစ္ပါတယ္။ မာေဆးလ္အသင္းဟာ အဖြင့္ဂိုးေပးခဲ့ရေပမယ့္လည္း က်စ္က်စ္လစ္လစ္နဲ႔ ျပန္လည္စုစည္းၿပီး ၃၁ မိနစ္မွာ ကလီတာ ကားက ေထာင့္ကန္ေဘာကေနတဆင့္ ျဖတ္တင္လိုက္တဲ့ေဘာလုံးကို ပင္နယ္တီ ဧရိယာထဲမွာ ၂ ဖက္အသင္း ကစားသမားေတြ လုယူဖို႔ ႀကိဳးပမ္းရာကေန ေရွ႕ေရာက္လာခ်ိန္မွာ အသာအယာ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

မိနစ္ ၄၀ မွာ လီယြန္နယ္ မက္ဆီက ပီအက္စ္ဂ်ီအသင္းအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူေပးနိုင္ခဲ့ပုံေပၚခဲ့ေပမယ့္လည္း မန္းဒက္စ္ ျဖတ္တင္မေပးပို႔မီမွာ လူကၽြံေနခဲ့တယ္ဆိုၿပီး ဂိုးခြင့္ျပဳေပးဖို႔ ျငင္းပယ္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ ပထမပိုင္း ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပိုမွာ ေနမာရဲ့ ကန္သြင္းမႈကို ရြန္ဂ်ီယာက တံေတာင္နဲ႔ ပိတ္ဆို႔ခဲ့တာကို VAR က စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီအသင္း ပင္နယ္တီကန္ခြင့္ရခဲ့ၿပီး အမ္ဘာေပက ယခုရာသီ လိဂန္း ၂၁ ဂိုးေျမာက္သြင္းဂိုးအျဖစ္ အမွားအယြင္းမရွိ ကန္သြင္းယူေပးသြားခဲ့ပါတယ္။

ပထမပိုင္းအၿပီးမွာ တင္းမာမႈေတြ ျမင့္တက္ခဲ့ၿပီး ေနမာက ဂြမ္ဒူဇီကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ အဝါကတ္ျပား ျပသျခင္းခံခဲ့ရၿပီးေနာက္ ျပင္းျပင္းထန္ထန္ ကန႔္ကြက္ခဲ့တာျဖစ္ၿပီး အေျခအေနေတြ ၿငိမ္သက္သြားဖို႔ မိနစ္အနည္းငယ္ လိုအပ္ခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္း ၇၅ မိနစ္မွာလည္း ပီအက္စ္ဂ်ီအသင္းရဲ့ ေနာက္ထပ္ဦးေဆာင္ဂိုးတစ္ဂိုးဟာ VAR ရဲ့ ျငင္းပယ္ျခင္းကို ခံခဲ့ရၿပီး လီယြန္နယ္ မက္ဆီက ဂိုး ဖန္တီးေပးပို႔ခဲ့ၿပီးေနာက္ အမ္ဘာေပက လူကၽြံအေနအထားမွာ ရွိေနခဲ့တယ္ဆိုၿပီး ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

မာေဆးလ္အသင္းဟာ ဒုတိယပိုင္း ပြဲကစားခ်ိန္ျပည့္ဖို႔ ၅ မိနစ္အလိုမွာ ဝီလီယံ ဆာလီဘာရဲ့ သြင္းဂိုးေၾကာင့္ သေရ ၁ မွတ္ ရရွိၿပီလို႔ ထင္ၿပီး ေအာင္ပြဲခံခဲ့ၾကေပမယ့္လည္း ေနာက္ထပ္ လူကၽြံေဘာအျဖစ္နဲ႔ VAR ရဲ့ ျငင္းပယ္မႈကို ထပ္မံ ခံစားခဲ့ရတာျဖစ္ပါတယ္။ အေစာပိုင္းပြဲစဥ္ေတြထဲကမွာ နိစ္အသင္းဟာ အန္ဒီ ဒီေလာ့တ္ရဲ့ သြင္းဂိုး ၂ ဂိုးေၾကာင့္ လိုရြန္ကို ၂-၁ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ အဆင့္ ၃ ေနရာက ရင္းေနးနဲ႔ ၂ မွတ္အကြာ အဆင့္ ၄ ေနရာကို တက္လွမ္းနိုင္ခဲ့ပါတယ္။

လီယြန္ကလည္း ေဘာ္ဒိုးအသင္းကို အိမ္ကြင္းမွာ ၆-၁ နဲ႔ အျပတ္အသတ္ ေခ်မႈန္းၿပီးေနာက္ တတိယေနရာက ရင္းေနးနဲ႔ ၇ မွတ္အကြာ အဆင့္ ၈ ေနရာမွာ ရပ္တည္နိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.