La Liga Match Report

ဘင်ဇီးမားသည်သာ အားကိုးရာဖြစ်ခဲ့ပြီး ဆီဗီလာကို ကျော်လွှားခဲ့ပြန်တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ခက်ခဲတဲ့ ပြိုင်ဘက် ဆီဗီလာကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ကြရပြီး ချန်ပီယံလိဂ် ပွဲပန်းမှုတွေနဲ့အတူ ကစားရ ပိုမိုခက်ခဲခဲ့ပေမယ့် ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ အသင်းခေါင်းဆောင်တိုက်စစ်မှူး ကာရင်မ် ဘင်ဇီးမားရဲ့ ရုန်းအားတွေနဲ့ အဖိုးတန် နောက်ကျဂိုး ရရှိပြီး နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ မိနစ် ၁၂၀ ကစားထားရတဲ့ မက်ဒရစ်သားတွေအနေနဲ့ ဒီနေ့မှာ ဘယ်ကစားသမားကိုမှ အနားမပေးနိုင်ဘဲ ဂိုးသမား ကူတွာ၊ ခံစစ်မှာ ကာဗာဟယ်လ်၊ မီလီတို၊ အလာဘာ၊ လူးကပ်စ် ဗက်ဇ်ကေးဇ်တို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ မိုဒရစ်ချ်၊ ကာမာဗင်ဂါနဲ့ တိုနီ ခရူးစ်တို့ကို တွဲပေးခဲ့သလို တိုက်စစ်မှာတော့ ဘင်ဇီးမား၊ ဗီနီးရှပ်စ် ဂျူနီယာတို့နဲ့အတူ အန်ချယ်လော့တီလက်ထက်မှာ ညာတောင်ပံပြောင်းကစားနေတဲ့ ဗယ်လ်ဗာဒီတို့ ကစားခဲ့တာပါ။

အိမ်ရှင် ဆီဗီလာတို့ကတော့ ဂိုးသမား ဘိုနို၊ ခံစစ်မှာ နာဗက်စ်၊ ကွန်ဒီ၊ ဒီယေဂို ကားလို့စ်၊ အကူညာတို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ ရာကီတစ်ချ်၊ ယိုအန် ဂျော်ဒန်၊ လာမယ်လာ၊ အာလေဟန်ဒရို ဂိုမက်ဇ်၊ ဟေဆူးစ် ကိုရိုနာတို့နဲ့ ကစားခဲ့သလို တိုက်စစ်မှာတော့ မာစီယယ်လ်ကို အထောင် ထားခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာ အိမ်ရှင် ဆီဗီလာတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ရီးရဲလ်မက်ဒရစ်ဂိုးရှေ့မှာ ရတဲ့ ဖရီးကစ်ကို ဘာစီလိုနာဟောင်း ရာကီတစ်ချ်က တိုက်ရိုက်ကန်သွင်းခဲ့ရာမှာ မပီပြင်တဲ့ လူတံတိုင်းတည်ဆောက်မှုကို ကျော်ဖြတ်သွားတဲ့ ကန်ချက်ကြောင့် ဂိုးသမား ကူတွာ ရပ်ကြည့်ဖို့ပဲ တတ်နိုင်ခဲ့တာပါ။

ပွဲချိန် ၂၅ မိနစ်မှာ ဆီဗီလာတို့ နောက်ထပ် ဦးဆောင်ဂိုးတစ်ဂိုး ထပ်မံရယူသွားနိုင်ခဲ့ပြန်သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းက နောက်ခံလူ အကူညာ ခေါင်းတိုက်ချပေးတာကို ဂိုးဧရိယာထဲ ဆွဲပြေးတဲ့ ကိုရိုနာရဲ့ ခြေထောက်ထဲက ဘောလုံးကို ဂိုးသမား ကူတွာ တားဆီးရာကနေ စင်ထွက်လာခဲ့တာကို ညာခြမ်းက ပါလာတဲ့ လာမယ်လာက အပိုင်ပိတ်သွင်းပြီး နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

မီလီတိုနဲ့ အလာဘာတို့ ခံစစ်အတွဲကတော့ တော်တော်လေး ဆိုးရွားနေခဲ့သလို ကာစီမီရို မပါဝင်ဘဲ သူတို့နှစ်ယောက်တွဲကို ဆက်သုံးခဲ့မယ်ဆိုရင် အန်ချယ်လော့တီအနေနဲ့ တစ်ပွဲမဟုတ် တစ်ပွဲအထိနာနိုင်ပြီး ဒီဘရာဇီးလ်သားနဲ့ ဩစတြီးယားသားတို့ကြားက Chemistry က တော်တော်လေး ဆိုးရွားခဲ့သလို ပထမပိုင်းမှာတော့ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနေတဲ့ ရီးရဲလ်တို့ကို ဆိုရှယ်မီဒီယာတွေမှာပါ Troll ခဲ့ကြသေးတာပါ။

ဒုတိယပိုင်းစစချင်းမှာတော့ နှစ်ဖက်အပြိုင်အဆိုင် လူစားလဲခဲ့ကြပြီး အန်ချယ်လော့တီကတော့ ဂိုးရဖို့အတွက် ဗယ်လ်ဗာဒီကို နောက်ဆင်းကစားခိုင်းပြီး ကာမာဗင်ဂါနေရာမှာ ရိုဒရီဂိုကို ထည့်သွင်းခဲ့သလို ရီးရဲလ်တို့ ဖိကစားနေပေမယ့် ဘင်ဇီးမားကတော့ ဂိုးသွင်းယူမှုတွေမှာ ဆီဗီလာဂိုးသမား ဘိုနိုကို မကျော်နိုင်ဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၅၀ မှာတော့ ရီးရဲလ်မက်ဒရစ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဗီနီးရှပ်စ် နောက်ပေါက်နဲ့ ချပေးတာကို ဒီနေ့ပွဲမှာ ဘယ်နောက်ခံလူအဖြစ် ကစားနေတဲ့ ကာဗာဟယ်လ်က အနိမ့်ဘော ဖြတ်ချိုးပေးခဲ့ရာမှာတော့ လူစားဝင် ကစားသမား ရိုဒရီဂိုက အနီးကပ်ပိတ်သွင်းပြီး ဖီဆန်နေတဲ့ ဆီဗီလာခံစစ်ကို စတင်ချိုးဖျက်နိုင်ခဲ့တာပါ။

ဆီဗီလာတို့ကတော့ ကိုရိုနာနေရာမှာ အော်ဂတ်စတင်ဆန်၊ အကူညာနေရာမှာ ဂူဒဲလ်၊ လာမယ်လာနေရာမှာ အိုကမ်ပို့စ်တို့ကို ထည့်ကစားခဲ့ပြီး ပွဲကို ထိန်းသိမ်းတုံ့ပြန်နိုင်ဖို့ ကြိုးစားသွားခဲ့သလို ရီးရဲလ်တို့ရဲ့ ဖိကစားမှုကို တန်ပြန်တိုက်စစ်တွေနဲ့ ပြန်လည်ထိုးဖောက်ခဲ့ရာမှာ ပွဲချိန် ၇၂ မိနစ်မှာ ရာဖာ မီယာ အလွတ်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် လွဲချော်သွားခဲ့ပြီး ဗီနီးရှပ်စ်ရဲ့ သွင်းဂိုးကတော့ လက်ထိဘောအဖြစ် ပယ်ချခံခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ရီးရဲလ်တို့ လူစားထပ်လဲခဲ့ကြပြီး ပွဲချိန် ၈၁ မိနစ်မှာ လူးကပ်စ် ဗက်ဇ်ကေးဇ်ကစား နာချို၊ မိုရစ်ချ်အစား အဆန်စီယိုတို့ကို ထည့်သွင်းခဲ့ရာမှာတော့ ပွဲချိန် ၈၂ မိနစ်အရောက်မှာ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ကာဗာဟယ်လ်က ညာခြမ်းကနေ ဆွဲပြေးပြီး Cut Back လုပ်ပေးရာမှာ ကွင်းထဲရောက်တာ တစ်မိနစ်ရှိသေးတဲ့ နာချိုက ကန်သွင်းပြီး သရေကျစေမယ့်ဂိုးကို သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန်မိနစ် ၉၀ ပြည့်တဲ့အထိ သရေကျနေခဲ့ပြီး နာကျင်အချိန်ပို ၇ မိနစ်အထိ သတ်မှတ်ပေးထားခဲ့ရာမှာတော့ ပွဲချိန် ၉၂ မိနစ်မှာ ရီးရဲလ်တို့ အနိုင်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘရာဇီးလ်သားနှစ်ယောက်ဖြစ်တဲ့ ဗီနီးရှပ်စ်နဲ့ ရိုဒရီဂိုတို့ တွဲလုံးကနေ ရိုဒရီဂိုက ဂိုးစည်းနဲ့ ကပ်ပြီး ချိုးပေးရာမှာ ဘင်ဇီးမားက ဆီဗီလာနောက်ခံလူတွေကြားက ကန်သွင်းနိုင်ခဲ့လို့ အဖိုးတန်သုံးမှတ်ကို ရရှိခဲ့တာဖြစ်ပါတယ်။

ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ သုံးဂိုး-နှစ်ဂိုးနဲ့ အဝေးကွင်း ဆန်ချက်ဇ် ပစ်ဟွမ်မှာ ဆီဗီလာကို အနိုင်ယူနိုင်ခဲ့ပြီး စပိန်လာလီဂါ ချန်ပီယံဖြစ်ဖို့ အနီးစပ်ဆုံးဖြစ်လာခဲ့သလို ဒုတိယနေရာက ဘာစီလိုနာရဲ့ ပွဲကျန်တွက်ချက်မှုအရ နိုင်ပွဲအားလုံး ရရှိခဲ့ရင်တောင် လက်ရှိ ၁၅ မှတ်ကို လျှော့တွက်ရင် ၉ မှတ် အနည်းဆုံး ဖြတ်ထားနိုင်ခဲ့တာကြောင့် လိမ္မာရင် မင့်ဖို့ချည်းပဲဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီေန႔မွာ ခက္ခဲတဲ့ ၿပိဳင္ဘက္ ဆီဗီလာကို အေဝးကြင္းမွာ ရင္ဆိုင္ခဲ့ၾကရၿပီး ခ်န္ပီယံလိဂ္ ပြဲပန္းမႈေတြနဲ႔အတူ ကစားရ ပိုမိုခက္ခဲခဲ့ေပမယ့္ ဒုတိယပိုင္း သြင္းဂိုးေတြနဲ႔အတူ အသင္းေခါင္းေဆာင္တိုက္စစ္မႉး ကာရင္မ္ ဘင္ဇီးမားရဲ႕ ႐ုန္းအားေတြနဲ႔ အဖိုးတန္ ေနာက္က်ဂိုး ရရွိၿပီး ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးနဲ႔ မိနစ္ ၁၂၀ ကစားထားရတဲ့ မက္ဒရစ္သားေတြအေနနဲ႔ ဒီေန႔မွာ ဘယ္ကစားသမားကိုမွ အနားမေပးႏိုင္ဘဲ ဂိုးသမား ကူတြာ၊ ခံစစ္မွာ ကာဗာဟယ္လ္၊ မီလီတို၊ အလာဘာ၊ လူးကပ္စ္ ဗက္ဇ္ေကးဇ္တို႔ကို ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ မိုဒရစ္ခ်္၊ ကာမာဗင္ဂါနဲ႔ တိုနီ ခ႐ူးစ္တို႔ကို တြဲေပးခဲ့သလို တိုက္စစ္မွာေတာ့ ဘင္ဇီးမား၊ ဗီနီးရွပ္စ္ ဂ်ဴနီယာတို႔နဲ႔အတူ အန္ခ်ယ္ေလာ့တီလက္ထက္မွာ ညာေတာင္ပံေျပာင္းကစားေနတဲ့ ဗယ္လ္ဗာဒီတို႔ ကစားခဲ့တာပါ။

အိမ္ရွင္ ဆီဗီလာတို႔ကေတာ့ ဂိုးသမား ဘိုႏို၊ ခံစစ္မွာ နာဗက္စ္၊ ကြန္ဒီ၊ ဒီေယဂို ကားလို႔စ္၊ အကူညာတို႔နဲ႔ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရာကီတစ္ခ်္၊ ယိုအန္ ေဂ်ာ္ဒန္၊ လာမယ္လာ၊ အာေလဟန္ဒ႐ို ဂိုမက္ဇ္၊ ေဟဆူးစ္ ကို႐ိုနာတို႔နဲ႔ ကစားခဲ့သလို တိုက္စစ္မွာေတာ့ မာစီယယ္လ္ကို အေထာင္ ထားခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာ အိမ္ရွင္ ဆီဗီလာတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ရီးရဲလ္မက္ဒရစ္ဂိုးေရွ႕မွာ ရတဲ့ ဖရီးကစ္ကို ဘာစီလိုနာေဟာင္း ရာကီတစ္ခ်္က တိုက္႐ိုက္ကန္သြင္းခဲ့ရာမွာ မပီျပင္တဲ့ လူတံတိုင္းတည္ေဆာက္မႈကို ေက်ာ္ျဖတ္သြားတဲ့ ကန္ခ်က္ေၾကာင့္ ဂိုးသမား ကူတြာ ရပ္ၾကည့္ဖို႔ပဲ တတ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၅ မိနစ္မွာ ဆီဗီလာတို႔ ေနာက္ထပ္ ဦးေဆာင္ဂိုးတစ္ဂိုး ထပ္မံရယူသြားႏိုင္ခဲ့ျပန္သလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက ေနာက္ခံလူ အကူညာ ေခါင္းတိုက္ခ်ေပးတာကို ဂိုးဧရိယာထဲ ဆြဲေျပးတဲ့ ကို႐ိုနာရဲ႕ ေျခေထာက္ထဲက ေဘာလုံးကို ဂိုးသမား ကူတြာ တားဆီးရာကေန စင္ထြက္လာခဲ့တာကို ညာျခမ္းက ပါလာတဲ့ လာမယ္လာက အပိုင္ပိတ္သြင္းၿပီး ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

မီလီတိုနဲ႔ အလာဘာတို႔ ခံစစ္အတြဲကေတာ့ ေတာ္ေတာ္ေလး ဆိုး႐ြားေနခဲ့သလို ကာစီမီ႐ို မပါဝင္ဘဲ သူတို႔ႏွစ္ေယာက္တြဲကို ဆက္သုံးခဲ့မယ္ဆိုရင္ အန္ခ်ယ္ေလာ့တီအေနနဲ႔ တစ္ပြဲမဟုတ္ တစ္ပြဲအထိနာႏိုင္ၿပီး ဒီဘရာဇီးလ္သားနဲ႔ ဩစႀတီးယားသားတို႔ၾကားက Chemistry က ေတာ္ေတာ္ေလး ဆိုး႐ြားခဲ့သလို ပထမပိုင္းမွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးေနတဲ့ ရီးရဲလ္တို႔ကို ဆိုရွယ္မီဒီယာေတြမွာပါ Troll ခဲ့ၾကေသးတာပါ။

ဒုတိယပိုင္းစစခ်င္းမွာေတာ့ ႏွစ္ဖက္အၿပိဳင္အဆိုင္ လူစားလဲခဲ့ၾကၿပီး အန္ခ်ယ္ေလာ့တီကေတာ့ ဂိုးရဖို႔အတြက္ ဗယ္လ္ဗာဒီကို ေနာက္ဆင္းကစားခိုင္းၿပီး ကာမာဗင္ဂါေနရာမွာ ႐ိုဒရီဂိုကို ထည့္သြင္းခဲ့သလို ရီးရဲလ္တို႔ ဖိကစားေနေပမယ့္ ဘင္ဇီးမားကေတာ့ ဂိုးသြင္းယူမႈေတြမွာ ဆီဗီလာဂိုးသမား ဘိုႏိုကို မေက်ာ္ႏိုင္ဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ရီးရဲလ္မက္ဒရစ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန ဗီနီးရွပ္စ္ ေနာက္ေပါက္နဲ႔ ခ်ေပးတာကို ဒီေန႔ပြဲမွာ ဘယ္ေနာက္ခံလူအျဖစ္ ကစားေနတဲ့ ကာဗာဟယ္လ္က အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးခဲ့ရာမွာေတာ့ လူစားဝင္ ကစားသမား ႐ိုဒရီဂိုက အနီးကပ္ပိတ္သြင္းၿပီး ဖီဆန္ေနတဲ့ ဆီဗီလာခံစစ္ကို စတင္ခ်ိဳးဖ်က္ႏိုင္ခဲ့တာပါ။

ဆီဗီလာတို႔ကေတာ့ ကို႐ိုနာေနရာမွာ ေအာ္ဂတ္စတင္ဆန္၊ အကူညာေနရာမွာ ဂူဒဲလ္၊ လာမယ္လာေနရာမွာ အိုကမ္ပို႔စ္တို႔ကို ထည့္ကစားခဲ့ၿပီး ပြဲကို ထိန္းသိမ္းတုံ႔ျပန္ႏိုင္ဖို႔ ႀကိဳးစားသြားခဲ့သလို ရီးရဲလ္တို႔ရဲ႕ ဖိကစားမႈကို တန္ျပန္တိုက္စစ္ေတြနဲ႔ ျပန္လည္ထိုးေဖာက္ခဲ့ရာမွာ ပြဲခ်ိန္ ၇၂ မိနစ္မွာ ရာဖာ မီယာ အလြတ္ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ လြဲေခ်ာ္သြားခဲ့ၿပီး ဗီနီးရွပ္စ္ရဲ႕ သြင္းဂိုးကေတာ့ လက္ထိေဘာအျဖစ္ ပယ္ခ်ခံခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ရီးရဲလ္တို႔ လူစားထပ္လဲခဲ့ၾကၿပီး ပြဲခ်ိန္ ၈၁ မိနစ္မွာ လူးကပ္စ္ ဗက္ဇ္ေကးဇ္ကစား နာခ်ိဳ၊ မိုရစ္ခ်္အစား အဆန္စီယိုတို႔ကို ထည့္သြင္းခဲ့ရာမွာေတာ့ ပြဲခ်ိန္ ၈၂ မိနစ္အေရာက္မွာ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ကာဗာဟယ္လ္က ညာျခမ္းကေန ဆြဲေျပးၿပီး Cut Back လုပ္ေပးရာမွာ ကြင္းထဲေရာက္တာ တစ္မိနစ္ရွိေသးတဲ့ နာခ်ိဳက ကန္သြင္းၿပီး သေရက်ေစမယ့္ဂိုးကို သြင္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္မိနစ္ ၉၀ ျပည့္တဲ့အထိ သေရက်ေနခဲ့ၿပီး နာက်င္အခ်ိန္ပို ၇ မိနစ္အထိ သတ္မွတ္ေပးထားခဲ့ရာမွာေတာ့ ပြဲခ်ိန္ ၉၂ မိနစ္မွာ ရီးရဲလ္တို႔ အႏိုင္ဂိုး ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဘရာဇီးလ္သားႏွစ္ေယာက္ျဖစ္တဲ့ ဗီနီးရွပ္စ္နဲ႔ ႐ိုဒရီဂိုတို႔ တြဲလုံးကေန ႐ိုဒရီဂိုက ဂိုးစည္းနဲ႔ ကပ္ၿပီး ခ်ိဳးေပးရာမွာ ဘင္ဇီးမားက ဆီဗီလာေနာက္ခံလူေတြၾကားက ကန္သြင္းႏိုင္ခဲ့လို႔ အဖိုးတန္သုံးမွတ္ကို ရရွိခဲ့တာျဖစ္ပါတယ္။

ပြဲသိမ္းခရာမႈတ္ခ်ိန္မွာေတာ့ ရီးရဲလ္မက္ဒရစ္တို႔ သုံးဂိုး-ႏွစ္ဂိုးနဲ႔ အေဝးကြင္း ဆန္ခ်က္ဇ္ ပစ္ဟြမ္မွာ ဆီဗီလာကို အႏိုင္ယူႏိုင္ခဲ့ၿပီး စပိန္လာလီဂါ ခ်န္ပီယံျဖစ္ဖို႔ အနီးစပ္ဆုံးျဖစ္လာခဲ့သလို ဒုတိယေနရာက ဘာစီလိုနာရဲ႕ ပြဲက်န္တြက္ခ်က္မႈအရ ႏိုင္ပြဲအားလုံး ရရွိခဲ့ရင္ေတာင္ လက္ရွိ ၁၅ မွတ္ကို ေလွ်ာ့တြက္ရင္ ၉ မွတ္ အနည္းဆုံး ျဖတ္ထားႏိုင္ခဲ့တာေၾကာင့္ လိမၼာရင္ မင့္ဖို႔ခ်ည္းပဲျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.