Carabao & FA Match Report Premier League

ဂါလာဂါ မပါတဲ့ ပဲလေ့စ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်သွားတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ၃-၄-၃ ပုံစံ ပြန်ကစားခဲ့ပြီး ဂိုးသမား မန်ဒီ၊ အက်ဇ်ပီလီကွေတာ၊ ခရစ္စတင်ဆန်နဲ့ ရူဒီဂါတို့က ခံစစ်မှာ ရှိခဲ့ကြသလို ကွင်းလယ်မှာတော့ ရီးစ်ဂျိမ်းစ်၊ အလွန်ဆို၊ ကိုဗာချစ်နဲ့ ဂျော်ဂျင်ညိုတို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ တီမို ဗာနာ၊ ဟာဗတ်ဇ်နဲ့ မေဆန်မောင့်တို့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်အထိ ရောက်လာခဲ့တဲ့ ပဲလေ့စ်တို့ကတော့ ချဲလ်ဆီးအငှားကစားသမား ဂါလာဂါကို မထည့်သွင်းနိုင်ခဲ့တာမို့ ကွင်းလယ်မှာ မက္ကာသာ၊ ကူယာတေးနဲ့ ရှလု(ပ်)တို့ကို ဗီယာရာအနေနဲ့ ခင်းကျင်းခဲ့ရပြီး ခံစစ်မှာ အန်ဒါဆန်၊ ဂေးဟီတို့ပဲ ကစားခဲ့ကြချိန်မှာ တိုက်စစ်မှာတော့ ဇာဟာနဲ့ မာတက်တာတို့ကို အီဇီနဲ့ တွဲဖက်ပေးခဲ့တာပါ။

နှစ်သင်းစလုံးအနေနဲ့ အမှားမခံဘဲ ကစားခဲ့ကြတာကြောင့် တော်တော်နဲ့ အပိုင်အခွင့်အရေးတွေကို မရနိုင်ခဲ့ဘဲဖြစ်ခဲ့ပြီး ပရိသတ်တွေ ဘာမှ လောက်လောက်လားလား ရင်မခုန်ရသေးခင်မှာ ပထမဆုံး ထင်ရှားတဲ့ ဖြစ်ရပ်ကတော့ ချဲလ်ဆီးကွင်းလယ်လူ ကိုဗာချစ် ဟန်ချက်ပျက်ပြီး ခြေကျင်းဝတ် ဒဏ်ရာရသွားခဲ့လို့ လော့ဖ်တပ်စ်-ချိခ်နဲ့ လူစားလဲရတာဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးတို့ ဖိကစားနေခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘဲ ပွဲချိန် ၃၆ မိနစ်မှာ ပဲလေ့စ်တို့ရဲ့ ဖရီးကစ်ကနေ ပြန်ကျလာတဲ့ ဘောလုံးကို ကူယာတေး ကန်သွင်းရာမှာ ဂိုးသမား မန်ဒီ စတင်ကာကွယ်ခဲ့ရသလို ဝင်ဘလီကွင်းက ပထမပိုင်းကတော့ သိပ်ပြီး အားရစရာ မရှိခဲ့ဘဲ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးတို့ပဲ ဆက်တိုက် တိုက်စစ်ဆင်ခဲ့ပေမယ့် အခွင့်အရေး အသုံးချမှုပိုင်းမှာတော့ တီမို ဗာနာတို့အဖွဲ့က သိပ်ပြီး အလုပ်မဖြစ်ခဲ့သလို ပွဲချိန် ၆၁ မိနစ်မှာ ပဲလေ့စ်တို့ ထောင့်ကန်ဘောကနေ ကူယာတေး အလွတ်ခေါင်းတိုက်ခွင့်ရခဲ့တာက ခေါင်းနဲ့ မထိလိုက်ဘဲ ပခုံးနဲ့ ထိပြီး တိုင်ဘေးက ထွက်သွားခဲ့လို့ သူတို့တွေ ကံဆိုးခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုး စတင်ရှာဖွေနိုင်ခဲ့ကြပြီး ကွင်းလယ်ကနေ မစ်ချဲလ် ဘောလုံးပျက်တာကို ဂျော်ဂျင်ညိုက ရယူခဲ့ပြီး ဆက်လက်တိုက်စစ်ဆင်ခဲ့ရာမှာ ဟာဗတ်ဇ်ရဲ့ ဖြတ်တင်ဘောက လူထိပြီး နောက်ပြန်ထွက်လာခဲ့တာကို အသင့်ပါလာတဲ့ လော့ဖ်တပ်စ်-ချိခ်က အပြင်း ကန်သွင်းနိုင်ခဲ့တာကြောင့် ပဲလေ့စ်ခံစစ်နဲ့ ဂိုးသမား ဘတ်လန်း ဘာမှ မတတ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ အနိုင်သေချာစေမယ့်ဂိုးကို ချဲလ်ဆီးတို့ ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်က အာယူးဆီကနေ ရူဒီဂါက ဖြတ်လုခဲ့ပြီး ဘယ်ခြမ်းကနေ ဘောလုံးပြန်ရသွားခဲ့တဲ့ တီမို ဗာနာက မေဆန်မောင့်ဆီ ထိုးပေးတာကို အင်္ဂလန်ကွင်းလယ်လူက ဝင်ဖျက်တဲ့ ပဲလေ့စ်နောက်ခံလူ အန်ဒါဆန်ကို ကျော်ဖြတ်ပြီးမှ အဝေးတိုင်ဘက်ကို အနိမ့်ဘော ကန်သွင်းယူနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ဘက်က ဂျော်ဂျင်ညိုအစား ကွန်တေ၊ ဟာဗတ်ဇ်အစား လူကာကူး၊ မေဆန်မောင့်အစား ဇီးယက်ရှ်တို့ကို လူလဲကစားသွားခဲ့ကြပြီး ခရစ္စတင်ဆန်အစား သီယာဂို ဆေးလ်ဗားကိုပါ ထပ်ထည့်ပြီး ထိန်းကစားသွားခဲ့ကြပြီး ပဲလေ့စ်ဘက်ကလည်း အပြောင်းအလဲတွေနဲ့ တိုက်စစ်ဆင်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာ ထောင့်ကန်ဘောကနေ အာယူး ခေါင်းတိုက်ချပေးတာကို အန်ဒါဆန် အလွတ်ကြီး ခေါင်းတိုက်ခဲ့ရပေမယ့် လွဲချော်ခဲ့သလို ပွဲချိန် ၈၉ မိနစ်မှာတော့ လူကာကူးရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့သလို ဇီးယက်ရှ်က ထပ်ပိတ်တာကိုလည်း ပဲလေ့စ်ခံစစ်က မစ်ချဲလ် ရှင်းထုတ်သွားနိုင်ခဲ့လို့ နှစ်ဖက်စလုံး ဂိုးထပ်မရတော့ဘဲဖြစ်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး နှစ် ၁၅၀ ပြည့် အက်ဖ်အေဖလားရဲ့ ဗိုလ်လုပွဲအဆင့်ကို တက်ရောက် သွားနိုင်ခဲ့ကြသလို လာမယ့် မေလ ၁၄ ရက်နေ့မှာတော့ လီဗာပူးလ်အသင်းနဲ့ ဝင်ဘလီကွင်းကြီးမှာပဲ ဆက်လက်ယှဉ်ပြိုင်ကစားရဖို့ ဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ၃-၄-၃ ပုံစံ ျပန္ကစားခဲ့ၿပီး ဂိုးသမား မန္ဒီ၊ အက္ဇ္ပီလီေကြတာ၊ ခရစၥတင္ဆန္နဲ႔ ႐ူဒီဂါတို႔က ခံစစ္မွာ ရွိခဲ့ၾကသလို ကြင္းလယ္မွာေတာ့ ရီးစ္ဂ်ိမ္းစ္၊ အလြန္ဆို၊ ကိုဗာခ်စ္နဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ တီမို ဗာနာ၊ ဟာဗတ္ဇ္နဲ႔ ေမဆန္ေမာင့္တို႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ပါတယ္။

ဆီမီးဖိုင္နယ္အထိ ေရာက္လာခဲ့တဲ့ ပဲေလ့စ္တို႔ကေတာ့ ခ်ဲလ္ဆီးအငွားကစားသမား ဂါလာဂါကို မထည့္သြင္းႏိုင္ခဲ့တာမို႔ ကြင္းလယ္မွာ မကၠာသာ၊ ကူယာေတးနဲ႔ ရွလု(ပ္)တို႔ကို ဗီယာရာအေနနဲ႔ ခင္းက်င္းခဲ့ရၿပီး ခံစစ္မွာ အန္ဒါဆန္၊ ေဂးဟီတို႔ပဲ ကစားခဲ့ၾကခ်ိန္မွာ တိုက္စစ္မွာေတာ့ ဇာဟာနဲ႔ မာတက္တာတို႔ကို အီဇီနဲ႔ တြဲဖက္ေပးခဲ့တာပါ။

ႏွစ္သင္းစလုံးအေနနဲ႔ အမွားမခံဘဲ ကစားခဲ့ၾကတာေၾကာင့္ ေတာ္ေတာ္နဲ႔ အပိုင္အခြင့္အေရးေတြကို မရႏိုင္ခဲ့ဘဲျဖစ္ခဲ့ၿပီး ပရိသတ္ေတြ ဘာမွ ေလာက္ေလာက္လားလား ရင္မခုန္ရေသးခင္မွာ ပထမဆုံး ထင္ရွားတဲ့ ျဖစ္ရပ္ကေတာ့ ခ်ဲလ္ဆီးကြင္းလယ္လူ ကိုဗာခ်စ္ ဟန္ခ်က္ပ်က္ၿပီး ေျခက်င္းဝတ္ ဒဏ္ရာရသြားခဲ့လို႔ ေလာ့ဖ္တပ္စ္-ခ်ိခ္နဲ႔ လူစားလဲရတာျဖစ္ခဲ့ပါတယ္။

ခ်ဲလ္ဆီးတို႔ ဖိကစားေနခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့ဘဲ ပြဲခ်ိန္ ၃၆ မိနစ္မွာ ပဲေလ့စ္တို႔ရဲ႕ ဖရီးကစ္ကေန ျပန္က်လာတဲ့ ေဘာလုံးကို ကူယာေတး ကန္သြင္းရာမွာ ဂိုးသမား မန္ဒီ စတင္ကာကြယ္ခဲ့ရသလို ဝင္ဘလီကြင္းက ပထမပိုင္းကေတာ့ သိပ္ၿပီး အားရစရာ မရွိခဲ့ဘဲ ဂိုးမရွိသေရနဲ႔ ၿပီးဆုံးခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ခ်ဲလ္ဆီးတို႔ပဲ ဆက္တိုက္ တိုက္စစ္ဆင္ခဲ့ေပမယ့္ အခြင့္အေရး အသုံးခ်မႈပိုင္းမွာေတာ့ တီမို ဗာနာတို႔အဖြဲ႕က သိပ္ၿပီး အလုပ္မျဖစ္ခဲ့သလို ပြဲခ်ိန္ ၆၁ မိနစ္မွာ ပဲေလ့စ္တို႔ ေထာင့္ကန္ေဘာကေန ကူယာေတး အလြတ္ေခါင္းတိုက္ခြင့္ရခဲ့တာက ေခါင္းနဲ႔ မထိလိုက္ဘဲ ပခုံးနဲ႔ ထိၿပီး တိုင္ေဘးက ထြက္သြားခဲ့လို႔ သူတို႔ေတြ ကံဆိုးခဲ့တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး စတင္ရွာေဖြႏိုင္ခဲ့ၾကၿပီး ကြင္းလယ္ကေန မစ္ခ်ဲလ္ ေဘာလုံးပ်က္တာကို ေဂ်ာ္ဂ်င္ညိဳက ရယူခဲ့ၿပီး ဆက္လက္တိုက္စစ္ဆင္ခဲ့ရာမွာ ဟာဗတ္ဇ္ရဲ႕ ျဖတ္တင္ေဘာက လူထိၿပီး ေနာက္ျပန္ထြက္လာခဲ့တာကို အသင့္ပါလာတဲ့ ေလာ့ဖ္တပ္စ္-ခ်ိခ္က အျပင္း ကန္သြင္းႏိုင္ခဲ့တာေၾကာင့္ ပဲေလ့စ္ခံစစ္နဲ႔ ဂိုးသမား ဘတ္လန္း ဘာမွ မတတ္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ အႏိုင္ေသခ်ာေစမယ့္ဂိုးကို ခ်ဲလ္ဆီးတို႔ ရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္က အာယူးဆီကေန ႐ူဒီဂါက ျဖတ္လုခဲ့ၿပီး ဘယ္ျခမ္းကေန ေဘာလုံးျပန္ရသြားခဲ့တဲ့ တီမို ဗာနာက ေမဆန္ေမာင့္ဆီ ထိုးေပးတာကို အဂၤလန္ကြင္းလယ္လူက ဝင္ဖ်က္တဲ့ ပဲေလ့စ္ေနာက္ခံလူ အန္ဒါဆန္ကို ေက်ာ္ျဖတ္ၿပီးမွ အေဝးတိုင္ဘက္ကို အနိမ့္ေဘာ ကန္သြင္းယူႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ဘက္က ေဂ်ာ္ဂ်င္ညိဳအစား ကြန္ေတ၊ ဟာဗတ္ဇ္အစား လူကာကူး၊ ေမဆန္ေမာင့္အစား ဇီးယက္ရွ္တို႔ကို လူလဲကစားသြားခဲ့ၾကၿပီး ခရစၥတင္ဆန္အစား သီယာဂို ေဆးလ္ဗားကိုပါ ထပ္ထည့္ၿပီး ထိန္းကစားသြားခဲ့ၾကၿပီး ပဲေလ့စ္ဘက္ကလည္း အေျပာင္းအလဲေတြနဲ႔ တိုက္စစ္ဆင္ဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာ ေထာင့္ကန္ေဘာကေန အာယူး ေခါင္းတိုက္ခ်ေပးတာကို အန္ဒါဆန္ အလြတ္ႀကီး ေခါင္းတိုက္ခဲ့ရေပမယ့္ လြဲေခ်ာ္ခဲ့သလို ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ လူကာကူးရဲ႕ ကန္ခ်က္က တိုင္ထိထြက္ခဲ့သလို ဇီးယက္ရွ္က ထပ္ပိတ္တာကိုလည္း ပဲေလ့စ္ခံစစ္က မစ္ခ်ဲလ္ ရွင္းထုတ္သြားႏိုင္ခဲ့လို႔ ႏွစ္ဖက္စလုံး ဂိုးထပ္မရေတာ့ဘဲျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ႏွစ္ ၁၅၀ ျပည့္ အက္ဖ္ေအဖလားရဲ႕ ဗိုလ္လုပြဲအဆင့္ကို တက္ေရာက္ သြားႏိုင္ခဲ့ၾကသလို လာမယ့္ ေမလ ၁၄ ရက္ေန႔မွာေတာ့ လီဗာပူးလ္အသင္းနဲ႔ ဝင္ဘလီကြင္းႀကီးမွာပဲ ဆက္လက္ယွဥ္ၿပိဳင္ကစားရဖို႔ ျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.