Match Report Premier League

အာဆင်နယ်တို့ လွမ်းရစေမယ့် နယူးကာဆယ်လ်ရဲ့ လက်စတာအပေါ် နိုင်ပွဲ

နယူးကာဆယ်လ်ယူနိုက်တက်တို့အနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ဒူဘရက်ဗ်ကာ၊ ခံစစ်မှာ ဒန်ဘန်း၊ ရှား၊ ခရတ်ဖ်၊ တားဂက်တို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ အသင်းခေါင်းဆောင် ရှယ်လ်ဗီကို ဂျိုလင်တန်၊ ဘရူနို ဂီမာရိုင်းစ်တို့နဲ့ တွဲပေးထားခဲ့ချိန်မှာ တိုက်စစ်ကိုတော့ စန်မက်ဇီမန်၊ ခရစ္စ ဝုဒ်နဲ့ အယ်လ်မီရွန်တို့ ကစားလာခဲ့ကြတာဖြစ်ပါတယ်။

လက်စတာတို့ကတော့ ဒီနေ့ပွဲမှာ အဓိက ကစားသမား ၅ ယောက်လောက်ကို အနားပေးခဲ့ပြီး ဂိုးသမား ရှမိုက်ကယ်၊ ဆိုယွန်ကျူ၊ အမာတေ၊ ဂျပ်စတင်နဲ့ သောမတ်စ်တို့ကို ခံစစ်မှာ အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ နမ်ပလီ မန်ဒီ၊ တီးလီးမန်းစ်၊ ဂျူးစ်ဘာရီ-ဟောလ်တို့ကို ကစားစေခဲ့ချိန်မှာ တိုက်စစ်ကိုတော့ ဒါကာ၊ အယိုဇေ ပီရက်ဇ်နဲ့ လွတ်ခ်မန်းတို့က ဦးဆောင်လာခဲ့ကြတာပါ။

ပွဲစတာနဲ့ ဧည့်သည်လက်စတာတို့က ပိုကြီးတဲ့ အသင်းပီပီ ဘောလုံးကိုင်ကစားခဲ့သလို ကွင်းလယ်အားနဲ့ ထိန်းချုပ်ထားခဲ့ပြီး နယူးကာဆယ်လ်တို့ကတော့ တန်ပြန်တိုက်စစ်တွေ၊ တည်ကန်ဘောတွေနဲ့ပဲ ထိုးဖောက်နေခဲ့ရသလို သိပ်ပြီးတော့ ရင်ခုန်စရာ မရှိခဲ့ဘဲ ငှက်ကျားတွေရဲ့ တိုက်စစ်စုဖွဲ့မှုက ဆော်ဒီတွေ လိုချင်တဲ့ အသင်းကြီးတစ်သင်းအဆင့်မှာ ရှိမနေသေးတာဖြစ်ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ လက်စတာတို့ ဦးဆောင်ဂိုး ရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကို ဂျူးစ်ဘာရီ-ဟောလ်က အနိမ့်ဘော ကန်ပို့ပေးရာမှာ အယိုဇေ ပီရက်ဇ်က အနီးတိုင်ဘက်ကနေ ရှေ့ထွက်ပြီး နောက်ပေါက်နဲ့ ချပေးခဲ့တာကို နယူးကာဆယ်လ်ခံစစ်သမားတွေအားလုံး ကြောင်ကြည့်နေတုန်းမှာ လွတ်ခ်မန်းက အပိုင်ပြေးပိတ်ခဲ့တာကြောင့် ဂိုးသမား ဒူဘရက်ဗ်ကာ မကာကွယ်နိုင်ဘဲ ဂိုးစပေးခဲ့ရတာပါ။

တီးလီးမန်းစ်ရဲ့ ကစားကွက်ပုံဖော်မှုတွေက ကောင်းပေမယ့် တွဲကစားနေကျ ဘန်းစ်နဲ့ မက်ဒီဆန်တို့လို ကစားသမားတွေ အရန်ခုံမှာပဲ ရှိခဲ့ချိန်မှာ လက်စတာတို့ရဲ့ တိုက်စစ်ပိုင်းကတော့ အတွဲအဖက် မမိဘဲဖြစ်နေခဲ့ပြီး ဘောလုံးကိုင်ကစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့သလို နယူးကာဆယ်လ်တို့ရဲ့ ဘောလုံးရတာနဲ့ တစ်ရှူးထိုး ပြန်လည်တိုက်စစ်ဆင်မှုတွေကို ရင်ဆိုင်နေခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာတော့ အိမ်ရှင် နယူးကာဆယ်လ်တို့ ပြန်လည်ချေပနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ခေါင်းယှဉ်တိုက်ကြရင်း ကျလာတဲ့ ဘောလုံးကို ကွင်းလယ်လူ ဘရူနို ဂီမာရိုင်းစ်က ပိတ်သွင်းခဲ့တာက ဂိုးသမား ရှမိုက်ကယ်နဲ့ထိပြီး မဖမ်းနိုင်ဘဲဖြစ်နေစဉ်မှာ ခြေကြားထဲကနေ ထပ်ပြီး ကန်သွင်းခဲ့ရတာပါ။

ဒါကို ကနဦးမှာ ဂိုးသမားဆီက လုကန်တယ်ဆိုပြီး ပြစ်ဒဏ်ဘော သတ်မှတ်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ဘောလုံးက ရှမိုက်ကယ်ရဲ့ လက်ထဲမှာ မဟုတ်ဘဲ ခြေထဲမှာဖြစ်နေတာကြောင့် ဂိုးတစ်ဂိုး ပေးဖို့ကို ကိုယ့်အိတ်ထဲက စိုက်ပြီး ပေးရတယ်လို့ ထင်နေကြတဲ့ ပရီးမီးယားလိဂ်ဒိုင်တွေ ငြင်းဆန်ပယ်ချဖို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ လက်စတာတို့ အလုပ်ထပ်မဖြစ်သလို တန်ပြန်တိုက်စစ်က ရသမျှ အခွင့်အရေးတွေကိုလည်း နယူးကာဆယ်လ်တို့ အသုံးချဖို့ ပျက်ကွက်နေခဲ့ကြတာကြောင့် တစ်ဂိုးစီသရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ယူရိုပါ ကွန်ဖရင့်လိဂ် ပွဲပန်းလို့ လူတွေ အနားပေးထားတဲ့ လက်စတာဘက်ကို အိမ်ရှင်တွေရဲ့ စန်မက်ဇီမန် ဖြုန်းတီးနေခဲ့လို့သာ ဂိုးပေါက်နဲ့ လွဲနေခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ တစ်ဖက်နဲ့တစ်ဖက် အခွင့်အရေးတွေကို အပြန်အလှန် ဖြုန်းတီးနေခဲ့ကြသလို လက်စတာတို့ကတော့ အပြောင်းအလဲ စလုပ်ခဲ့ပြီး အယိုဇေ ပီရက်ဇ်၊ လွတ်ခ်မန်းနဲ့ ဒါကာတို့နေရာတွေမှာ မက်ဒီဆန်၊ ဟာဗီဘန်းစ်နဲ့ အီဟန်နာချိုတို့ကို ထည့်ခဲ့ချိန်မှာ နယူးကာဆယ်လ်တို့ကတော့ ခြေစွမ်းမပြနိုင်တဲ့ ခရစ္စ ဝုဒ်နဲ့ အယ်လ်မီရွန်တို့နေရာမှာ ဝီလော့ခ်နဲ့ မာဖီတို့ကို ထည့်ကစားသွားခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ ထောင့်ကန်ဘောကနေ အရှည်ကြီး ဒန်ဘန်းက တစ်ယောက်တည်း ခေါင်းတိုက်ခွင့်ရတာကို အားလုံးဝိုင်းရယ်ရအောင် သူ့အရပ်မှ အားမနာ ချိန်သားမကိုက်ဘဲ ခေါင်းကို ဘောလုံးလာမှန်သလိုမျိုး လုပ်ပြသွားခဲ့ပြီး ပွဲချိန် မိနစ် ၉၀ အပြည့်မှာတော့ နိုင်ချင်တဲ့ နယူးကာဆယ်လ်တို့က အလွဲဘုရင် စန်မက်ဇီမန်အစား ဒွိုက် ဂိုင်းလ်ကို ထပ်ထည့်ခဲ့တာပါ။

ပွဲချိန် ၉၅ မိနစ်မှာတော့ လက်စတာတို့ ဘောလုံးပျက်တာကနေ ခံစစ်က တားဂက် ကန်တင်ပေးလိုက်တာကို အာဆင်နယ်ကစားသမားဟောင်း ဝီလော့ခ်က ဘယ်တောင်ပံကနေ တောက်လျှောက်ဆွဲပြေးပြီး ချိုးပေးခဲ့တာက နောက်တန်းနဲ့ထိပြီး လမ်းကြောင်းပြောင်းလာတာကို နောက်က ပါလာတဲ့ ဘရူနို ဂီမာရိုင်းစ်က ဒိုက်ဗင်ထိုး ခေါင်းတိုက်ပြီး နယူးကာဆယ်လ်တို့အတွက် အနိုင်ဂိုးကို ရယူပေးခဲ့ပါတယ်။

ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ နယူးကာဆယ်လ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ Come Back နိုင်ပွဲကို ရယူနိုင်လိုက်တာက အာဆင်နယ်ပရိသတ်တွေအတွက် မခံချိ မခံသာစရာဖြစ်ခဲ့ပြီး နှစ်ဂိုးလုံးကို သွင်းယူပေးခဲ့သူက သူတို့ရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူး အသုံးမကျလို့ မခေါ်နိုင်လိုက်သူ ဂီမာရိုင်စ်ဖြစ်နေခဲ့သလို အနိုင်ဂိုးကို စွမ်းဆောင်ပေးခဲ့သူကလည်း သူတို့ရောင်းထုတ်ခဲ့တဲ့ ဝီလော့ခ်ဖြစ်နေခဲ့တာကြောင့် ရှုံးပွဲဆက်နေတဲ့ အသင်းအတွက် ရင်ခံခဲ့ကြရမှာပါ။

ဒီနေ့ပွဲကို အနိုင်ရရှိခဲ့တဲ့ နယူးကာဆယ်လ်တို့ကတော့ နောက်ဆုံးနှစ်ပွဲမှာ ၆ မှတ်ယူနိုင်ခဲ့ပြီး နည်းပြ အက်ဒီဟောင်းကတော့ အသင်းကို ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရအောင် အဆင့် ၁၈ က ဘန်လေတို့နဲ့ ၁၂ မှတ်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်လို့ ဆော်ဒီပိုင်ရှင်တွေရဲ့ တောင်းဆိုမှုတစ်ခုကတော့ အောင်မြင်သွားခဲ့ပြီဖြစ်ပြီး လာမယ့်ရာသီမှာ သူတို့တွေ အသင်းကြီးတစ်သင်း ပြန်ဖြစ်လာမလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယူးကာဆယ္လ္ယူႏိုက္တက္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား ဒူဘရက္ဗ္ကာ၊ ခံစစ္မွာ ဒန္ဘန္း၊ ရွား၊ ခရတ္ဖ္၊ တားဂက္တို႔နဲ႔ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ အသင္းေခါင္းေဆာင္ ရွယ္လ္ဗီကို ဂ်ိဳလင္တန္၊ ဘ႐ူႏို ဂီမာ႐ိုင္းစ္တို႔နဲ႔ တြဲေပးထားခဲ့ခ်ိန္မွာ တိုက္စစ္ကိုေတာ့ စန္မက္ဇီမန္၊ ခရစၥ ဝုဒ္နဲ႔ အယ္လ္မီ႐ြန္တို႔ ကစားလာခဲ့ၾကတာျဖစ္ပါတယ္။

လက္စတာတို႔ကေတာ့ ဒီေန႔ပြဲမွာ အဓိက ကစားသမား ၅ ေယာက္ေလာက္ကို အနားေပးခဲ့ၿပီး ဂိုးသမား ရွမိုက္ကယ္၊ ဆိုယြန္က်ဴ၊ အမာေတ၊ ဂ်ပ္စတင္နဲ႔ ေသာမတ္စ္တို႔ကို ခံစစ္မွာ အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ နမ္ပလီ မန္ဒီ၊ တီးလီးမန္းစ္၊ ဂ်ဴးစ္ဘာရီ-ေဟာလ္တို႔ကို ကစားေစခဲ့ခ်ိန္မွာ တိုက္စစ္ကိုေတာ့ ဒါကာ၊ အယိုေဇ ပီရက္ဇ္နဲ႔ လြတ္ခ္မန္းတို႔က ဦးေဆာင္လာခဲ့ၾကတာပါ။

ပြဲစတာနဲ႔ ဧည့္သည္လက္စတာတို႔က ပိုႀကီးတဲ့ အသင္းပီပီ ေဘာလုံးကိုင္ကစားခဲ့သလို ကြင္းလယ္အားနဲ႔ ထိန္းခ်ဳပ္ထားခဲ့ၿပီး နယူးကာဆယ္လ္တို႔ကေတာ့ တန္ျပန္တိုက္စစ္ေတြ၊ တည္ကန္ေဘာေတြနဲ႔ပဲ ထိုးေဖာက္ေနခဲ့ရသလို သိပ္ၿပီးေတာ့ ရင္ခုန္စရာ မရွိခဲ့ဘဲ ငွက္က်ားေတြရဲ႕ တိုက္စစ္စုဖြဲ႕မႈက ေဆာ္ဒီေတြ လိုခ်င္တဲ့ အသင္းႀကီးတစ္သင္းအဆင့္မွာ ရွိမေနေသးတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ လက္စတာတို႔ ဦးေဆာင္ဂိုး ရသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကို ဂ်ဴးစ္ဘာရီ-ေဟာလ္က အနိမ့္ေဘာ ကန္ပို႔ေပးရာမွာ အယိုေဇ ပီရက္ဇ္က အနီးတိုင္ဘက္ကေန ေရွ႕ထြက္ၿပီး ေနာက္ေပါက္နဲ႔ ခ်ေပးခဲ့တာကို နယူးကာဆယ္လ္ခံစစ္သမားေတြအားလုံး ေၾကာင္ၾကည့္ေနတုန္းမွာ လြတ္ခ္မန္းက အပိုင္ေျပးပိတ္ခဲ့တာေၾကာင့္ ဂိုးသမား ဒူဘရက္ဗ္ကာ မကာကြယ္ႏိုင္ဘဲ ဂိုးစေပးခဲ့ရတာပါ။

တီးလီးမန္းစ္ရဲ႕ ကစားကြက္ပုံေဖာ္မႈေတြက ေကာင္းေပမယ့္ တြဲကစားေနက် ဘန္းစ္နဲ႔ မက္ဒီဆန္တို႔လို ကစားသမားေတြ အရန္ခုံမွာပဲ ရွိခဲ့ခ်ိန္မွာ လက္စတာတို႔ရဲ႕ တိုက္စစ္ပိုင္းကေတာ့ အတြဲအဖက္ မမိဘဲျဖစ္ေနခဲ့ၿပီး ေဘာလုံးကိုင္ကစားခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့သလို နယူးကာဆယ္လ္တို႔ရဲ႕ ေဘာလုံးရတာနဲ႔ တစ္ရႉးထိုး ျပန္လည္တိုက္စစ္ဆင္မႈေတြကို ရင္ဆိုင္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ အိမ္ရွင္ နယူးကာဆယ္လ္တို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ေခါင္းယွဥ္တိုက္ၾကရင္း က်လာတဲ့ ေဘာလုံးကို ကြင္းလယ္လူ ဘ႐ူႏို ဂီမာ႐ိုင္းစ္က ပိတ္သြင္းခဲ့တာက ဂိုးသမား ရွမိုက္ကယ္နဲ႔ထိၿပီး မဖမ္းႏိုင္ဘဲျဖစ္ေနစဥ္မွာ ေျခၾကားထဲကေန ထပ္ၿပီး ကန္သြင္းခဲ့ရတာပါ။

ဒါကို ကနဦးမွာ ဂိုးသမားဆီက လုကန္တယ္ဆိုၿပီး ျပစ္ဒဏ္ေဘာ သတ္မွတ္ခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ ေဘာလုံးက ရွမိုက္ကယ္ရဲ႕ လက္ထဲမွာ မဟုတ္ဘဲ ေျခထဲမွာျဖစ္ေနတာေၾကာင့္ ဂိုးတစ္ဂိုး ေပးဖို႔ကို ကိုယ့္အိတ္ထဲက စိုက္ၿပီး ေပးရတယ္လို႔ ထင္ေနၾကတဲ့ ပရီးမီးယားလိဂ္ဒိုင္ေတြ ျငင္းဆန္ပယ္ခ်ဖို႔ ဘယ္လိုမွ မတတ္ႏိုင္ခဲ့ၾကတာ ျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ လက္စတာတို႔ အလုပ္ထပ္မျဖစ္သလို တန္ျပန္တိုက္စစ္က ရသမွ် အခြင့္အေရးေတြကိုလည္း နယူးကာဆယ္လ္တို႔ အသုံးခ်ဖို႔ ပ်က္ကြက္ေနခဲ့ၾကတာေၾကာင့္ တစ္ဂိုးစီသေရက်ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ယူ႐ိုပါ ကြန္ဖရင့္လိဂ္ ပြဲပန္းလို႔ လူေတြ အနားေပးထားတဲ့ လက္စတာဘက္ကို အိမ္ရွင္ေတြရဲ႕ စန္မက္ဇီမန္ ျဖဳန္းတီးေနခဲ့လို႔သာ ဂိုးေပါက္နဲ႔ လြဲေနခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ တစ္ဖက္နဲ႔တစ္ဖက္ အခြင့္အေရးေတြကို အျပန္အလွန္ ျဖဳန္းတီးေနခဲ့ၾကသလို လက္စတာတို႔ကေတာ့ အေျပာင္းအလဲ စလုပ္ခဲ့ၿပီး အယိုေဇ ပီရက္ဇ္၊ လြတ္ခ္မန္းနဲ႔ ဒါကာတို႔ေနရာေတြမွာ မက္ဒီဆန္၊ ဟာဗီဘန္းစ္နဲ႔ အီဟန္နာခ်ိဳတို႔ကို ထည့္ခဲ့ခ်ိန္မွာ နယူးကာဆယ္လ္တို႔ကေတာ့ ေျခစြမ္းမျပႏိုင္တဲ့ ခရစၥ ဝုဒ္နဲ႔ အယ္လ္မီ႐ြန္တို႔ေနရာမွာ ဝီေလာ့ခ္နဲ႔ မာဖီတို႔ကို ထည့္ကစားသြားခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ေထာင့္ကန္ေဘာကေန အရွည္ႀကီး ဒန္ဘန္းက တစ္ေယာက္တည္း ေခါင္းတိုက္ခြင့္ရတာကို အားလုံးဝိုင္းရယ္ရေအာင္ သူ႔အရပ္မွ အားမနာ ခ်ိန္သားမကိုက္ဘဲ ေခါင္းကို ေဘာလုံးလာမွန္သလိုမ်ိဳး လုပ္ျပသြားခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၉၀ အျပည့္မွာေတာ့ ႏိုင္ခ်င္တဲ့ နယူးကာဆယ္လ္တို႔က အလြဲဘုရင္ စန္မက္ဇီမန္အစား ဒြိဳက္ ဂိုင္းလ္ကို ထပ္ထည့္ခဲ့တာပါ။

ပြဲခ်ိန္ ၉၅ မိနစ္မွာေတာ့ လက္စတာတို႔ ေဘာလုံးပ်က္တာကေန ခံစစ္က တားဂက္ ကန္တင္ေပးလိုက္တာကို အာဆင္နယ္ကစားသမားေဟာင္း ဝီေလာ့ခ္က ဘယ္ေတာင္ပံကေန ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ခ်ိဳးေပးခဲ့တာက ေနာက္တန္းနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းလာတာကို ေနာက္က ပါလာတဲ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္က ဒိုက္ဗင္ထိုး ေခါင္းတိုက္ၿပီး နယူးကာဆယ္လ္တို႔အတြက္ အႏိုင္ဂိုးကို ရယူေပးခဲ့ပါတယ္။

ပြဲသိမ္းခရာမႈတ္ခ်ိန္မွာေတာ့ နယူးကာဆယ္လ္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ Come Back ႏိုင္ပြဲကို ရယူႏိုင္လိုက္တာက အာဆင္နယ္ပရိသတ္ေတြအတြက္ မခံခ်ိ မခံသာစရာျဖစ္ခဲ့ၿပီး ႏွစ္ဂိုးလုံးကို သြင္းယူေပးခဲ့သူက သူတို႔ရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူး အသုံးမက်လို႔ မေခၚႏိုင္လိုက္သူ ဂီမာ႐ိုင္စ္ျဖစ္ေနခဲ့သလို အႏိုင္ဂိုးကို စြမ္းေဆာင္ေပးခဲ့သူကလည္း သူတို႔ေရာင္းထုတ္ခဲ့တဲ့ ဝီေလာ့ခ္ျဖစ္ေနခဲ့တာေၾကာင့္ ရႈံးပြဲဆက္ေနတဲ့ အသင္းအတြက္ ရင္ခံခဲ့ၾကရမွာပါ။

ဒီေန႔ပြဲကို အႏိုင္ရရွိခဲ့တဲ့ နယူးကာဆယ္လ္တို႔ကေတာ့ ေနာက္ဆုံးႏွစ္ပြဲမွာ ၆ မွတ္ယူႏိုင္ခဲ့ၿပီး နည္းျပ အက္ဒီေဟာင္းကေတာ့ အသင္းကို ပရီးမီးယားလိဂ္ကေန တန္းမဆင္းရေအာင္ အဆင့္ ၁၈ က ဘန္ေလတို႔နဲ႔ ၁၂ မွတ္ျဖတ္ထားႏိုင္ခဲ့ၿပီျဖစ္လို႔ ေဆာ္ဒီပိုင္ရွင္ေတြရဲ႕ ေတာင္းဆိုမႈတစ္ခုကေတာ့ ေအာင္ျမင္သြားခဲ့ၿပီျဖစ္ၿပီး လာမယ့္ရာသီမွာ သူတို႔ေတြ အသင္းႀကီးတစ္သင္း ျပန္ျဖစ္လာမလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.