Article Premier League

ဝင်ဘလေမှာ လီဗာပူးလ်ကို ရှုံးခဲ့ပေမယ့် တကယ်မရှုံးသေးတဲ့ မန်စီးတီး

ဂွါဒီယိုလာရဲ့အသင်းဟာ စနေနေ့ညနေက ဝင်ဘလေမှာ လီဗာပူးလ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဖလား ၃ လုံး မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းထက် ကောင်းမွန်တဲ့ပုံစံနဲ့ ရာသီကို အဆုံးသတ်နိုင်ဆဲဖြစ်ပါတယ်။

စနေနေ့ညနေပွဲစဉ်က ပထမပိုင်းဟာ ဂွါဒီယိုလာလက်ထက်မှာ မန်ချက်စတာစီးတီး ကစားခဲ့ဖူးသမျှထဲမှာ အဆိုးရွားဆုံး ပထမပိုင်းဖြစ်ခဲ့ပြီး လီဗာပူးလ်ကို ၃-၀ နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ အက်ဖ်အေဖလားကိုပါ အရယူပြီး သမိုင်းဝင် ဖလား ၃ လုံးမျှော်လင့်ချက်ဟာ လေထဲမှာ ပျောက်ကွယ်ခဲ့ရပြီဖြစ်ပေမယ့် လီဗာပူးလ်ရဲ့ ဖလား ၄ လုံး မျှော်လင့်ချက်ကတော့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေသေးတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းအနေနဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ ၎င်းတို့ရဲ့ အဓိကပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့တာတောင်မှ ရာသီကို အနိုင်နဲ့ပိုင်းပြီး အဆုံးသတ်နိုင်တဲ့အခွင့်အရေးရှိနေသေးတယ်ဆိုတဲ့ ခံစားချက်မျိုး ရှိနေဆဲဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းအတွက် စနေနေ့က ၃-၂ နဲ့ ရှုံးနိမ့်ခဲ့မှုက နာကျင်စရာဖြစ်ပေမယ့်လည်း ၎င်းတို့ ဖြတ်သန်းခဲ့တဲ့ ရက်သတ္တပတ်ကြောင့် ဒီအရှုံးဟာ ကျန်တဲ့အချိန်တွေထက်တော့ ပိုပြီး သက်တောင့်သက်သာရှိသလို ခံစားရမှာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က အစ်တီဟတ်မှာ လီဗာပူးလ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁ မှတ်အသာနဲ့ ရပ်တည်နေဆဲဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း မီးဖိုင်နယ်အဆင့်အထိ တက်လှမ်းထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ဝင်ဘလေမှာ ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲစဉ်အတွက် ကစားသမား ၇ ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဒဏ်ရာရနေတဲ့ ကိုင်လီ ဝေါ်ကာ၊ ဒီဘရိုင်းနားတို့ကလည်း အဲဒီ ၇ ဦးထဲမှာ အပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ လီဗာပူးလ်အသင်းက ဘင်ဖီကာနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ကြယ်ပွင့်ကစားသမားအချို့ကို အနားပေးခဲ့ပြီးနောက် ဝင်ဘလေမှာ လူစုံထုတ်လာခဲ့တာဖြစ်ပါတယ်။ အသင်း ၂ သင်းကြားမှာ တူညီတဲ့ အချိန်ပမာဏရခဲ့တာတောင်မှပဲ ကြိုတင်ပြင်ဆင်မှုမှာ ကွာခြားခဲ့ပြီး အထူးသဖြင့် ပထမပိုင်း ကစားပုံက သက်သေပြသခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ အထနှေးနေပြီး ဒုတိယအကောင်းဆုံးဖြစ်ခဲ့ပြီး အနိုင်ရဖို့ ပိုမိုဆာလောင်နေတဲ့ ပြိုင်ဘက်ရဲ့ လွှမ်းမိုးချုပ်ကိုင်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး ပထမပိုင်းမှာ ပေးခဲ့ရတဲ့ တတိယမြောက်ဂိုးကတော့ ခွင့်လွှတ်ပေးလို့ရနိုင်တဲ့ဂိုးဖြစ်ပါတယ်။ သီယေဂို အယ်လ်ကန်တာရာနဲ့ အာနိုးလ်တို့ရဲ့အလွန်ကောင်းမွန်တဲ့ တွဲဖက်မှုကြောင့် ဆာဒီယို မာနေးဟာ မြေမကျဘောကို အပြင်းကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ခွင့်လွှတ်လို့မရနိုင်တဲ့အရာကတော့ မန်စီးတီးဟာ ဒီတစ်ရာသီလုံးမှာ ၎င်းတို့ရဲ့ ကြောက်မက်ဖွယ်အကောင်းဆုံး ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ပေးခဲ့တဲ့ဂိုးတွေထဲက အညံ့ဖျင်းဆုံးဂိုး ၂ ဂိုးကို ပေးခဲ့ရတာဖြစ်ပါတယ်။ ကိုနာတီရဲ့ ရိုးရှင်းတဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် လီဗာပူးလ်အသင်းဟာ ၉ မိနစ်မှာတင် အဖွင့်ဂိုးရခဲ့ပြီး မန်စီးတီးအရန်ဂိုးသမား ဇက် စတက်ဖင်ရဲ့ ဆိုးရွားတဲ့အမှားက မာနေးကို ဂိုးလက်ဆောင် ပေးခဲ့တာဖြစ်ပါတယ်။

ရာသီကုန်တဲ့အထိ တစ်ပတ်ကို ၂ ပွဲ ပုံမှန် ကစားသွားရမှာဖြစ်တာကြောင့် မန်စီးတီးအတွက် လက်ရှိမှာတော့ အနားယူစရာအချိန်မရှိတော့ဘဲ မန်စီးတီးရော လီဗာပူးလ်ပါ ထပ်တွေ့ဖို့ မရှိတော့ပေမယ့်လည်း ၎င်းတို့ရဲ့ ပြိုင်ဆိုင်မှုက ရာသီကုန်ထိ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ်တစ်ကြိမ် တွေ့ဆုံနိုင်ခြေရှိနေသေးတယ်လို့ ဆိုရမှာဖြစ်ပြီး တကယ်လို့ ဆီမီးဖိုင်နယ်အဆင့်မှာ အသီးသီး နိုင်ပွဲတွေရယူနိုင်ခဲ့မယ်ဆိုရင် ပဲရစ်မှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နောက်ထပ်တစ်ကြိမ် အားပြိုင်ရမှာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ အခုကနေ ရာသီကုန်တဲ့အထိ ပွဲစဉ်တိုင်းကို အနိုင်ရဖို့ လိုအပ်မှာ ဖြစ်ပြီး အဲဒီလိုသာ လုပ်နိုင်ခဲ့မယ်ဆိုရင် ဒီရာသီကို ဖလား ၂ လုံးနဲ့ အဆုံးသတ်နိုင်မှာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ယခုရာသီ လီဗာပူးလ်နဲ့ တွေ့ဆုံခဲ့ရာမှာ နိုင်ပွဲမရခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဂွါဒီယိုလာရဲ့အသင်းအနေနဲ့ ရာသီရဲ့ နောက်ဆုံးလကို ဝင်ရောက်နေချိန်မှာ ကျန်ရှိနေတဲ့ ပြိုင်ပွဲ ၂ ခုမှာ ဗိုလ်စွဲနိုင်ခဲ့မယ်ဆိုရင် ဖြေသာမှာ ဖြစ်ပါတယ်။

အဲဒီလို ဖြစ်လာဖို့က ဗုဒ္ဓဟူးနေ့မှာ ပုံမှန်ခြေစွမ်း ရရှိနေတဲ့ ဘရိုက်တန်ကို အစ်တီဟတ်မှာ လက်ခံကစားရမယ့်ပွဲစဉ်မှာ အစပြုရမှာဖြစ်ပြီး ၎င်းတို့ထက် ၂၄ နာရီစောပြီး ကစားရမယ့် ကလော့ပ်ရဲ့အသင်းသာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် လီဗာပူးလ်ကို ပြန်အမီလိုက်ရမှာဖြစ်ပါတယ်။

၃ ပွဲအထိ နိုင်ပွဲမရှိခဲ့တဲ့နောက်မှာ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဂရေဟမ် ပေါ့တားရဲ့အသင်းနဲ့ပွဲမှာ နိုင်ပွဲပြန်ယူရမှာဖြစ်ပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း လီဗာပူးလ်ကို ရာသီရဲ့ အဆုံးစွန်ဆုံးသော တိုက်ပွဲမှာ အနိုင်ယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂြါဒီယိုလာရဲ့အသင္းဟာ စေနေန႔ညေနက ဝင္ဘေလမွာ လီဗာပူးလ္ကို ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဖလား ၃ လုံး ေမၽွာ္လင့္ခ်က္ အဆုံးသတ္သြားခဲ့ေပမယ့္လည္း လီဗာပူးလ္အသင္းထက္ ေကာင္းမြန္တဲ့ပုံစံနဲ႔ ရာသီကို အဆုံးသတ္နိုင္ဆဲျဖစ္ပါတယ္။

စေနေန႔ညေနပြဲစဥ္က ပထမပိုင္းဟာ ဂြါဒီယိုလာလက္ထက္မွာ မန္ခ်က္စတာစီးတီး ကစားခဲ့ဖူးသမၽွထဲမွာ အဆိုးရြားဆုံး ပထမပိုင္းျဖစ္ခဲ့ၿပီး လီဗာပူးလ္ကို ၃-၀ နဲ႔ ရႈံးနိမ့္ေနခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းဟာ အက္ဖ္ေအဖလားကိုပါ အရယူၿပီး သမိုင္းဝင္ ဖလား ၃ လုံးေမၽွာ္လင့္ခ်က္ဟာ ေလထဲမွာ ေပ်ာက္ကြယ္ခဲ့ရၿပီျဖစ္ေပမယ့္ လီဗာပူးလ္ရဲ့ ဖလား ၄ လုံး ေမၽွာ္လင့္ခ်က္ကေတာ့ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနေသးတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ၎တို႔ရဲ့ အဓိကၿပိဳင္ဘက္ကို ရႈံးနိမ့္ခဲ့တာေတာင္မွ ရာသီကို အနိုင္နဲ႔ပိုင္းၿပီး အဆုံးသတ္နိုင္တဲ့အခြင့္အေရးရွိေနေသးတယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ရွိေနဆဲျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းအတြက္ စေနေန႔က ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့မႈက နာက်င္စရာျဖစ္ေပမယ့္လည္း ၎တို႔ ျဖတ္သန္းခဲ့တဲ့ ရက္သတၱပတ္ေၾကာင့္ ဒီအရႈံးဟာ က်န္တဲ့အခ်ိန္ေတြထက္ေတာ့ ပိုၿပီး သက္ေတာင့္သက္သာရွိသလို ခံစားရမွာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ၿပီးခဲ့တဲ့အပတ္က အစ္တီဟတ္မွာ လီဗာပူးလ္နဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၁ မွတ္အသာနဲ႔ ရပ္တည္ေနဆဲျဖစ္ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း မီးဖိုင္နယ္အဆင့္အထိ တက္လွမ္းထားနိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ဂြါဒီယိုလာဟာ ဝင္ဘေလမွာ ကစားခဲ့တဲ့ လီဗာပူးလ္နဲ႔ပြဲစဥ္အတြက္ ကစားသမား ၇ ဦးအထိ အေျပာင္းအလဲ ျပဳလုပ္ခဲ့ၿပီး ဒဏ္ရာရေနတဲ့ ကိုင္လီ ေဝၚကာ၊ ဒီဘရိုင္းနားတို႔ကလည္း အဲဒီ ၇ ဦးထဲမွာ အပါအဝင္ျဖစ္ခဲ့တာျဖစ္ပါတယ္။

တစ္ဖက္မွာေတာ့ လီဗာပူးလ္အသင္းက ဘင္ဖီကာနဲ႔ ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့မွာ ၾကယ္ပြင့္ကစားသမားအခ်ိဳ႕ကို အနားေပးခဲ့ၿပီးေနာက္ ဝင္ဘေလမွာ လူစုံထုတ္လာခဲ့တာျဖစ္ပါတယ္။ အသင္း ၂ သင္းၾကားမွာ တူညီတဲ့ အခ်ိန္ပမာဏရခဲ့တာေတာင္မွပဲ ႀကိဳတင္ျပင္ဆင္မႈမွာ ကြာျခားခဲ့ၿပီး အထူးသျဖင့္ ပထမပိုင္း ကစားပုံက သက္ေသျပသခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ အထေႏွးေနၿပီး ဒုတိယအေကာင္းဆုံးျဖစ္ခဲ့ၿပီး အနိုင္ရဖို႔ ပိုမိုဆာေလာင္ေနတဲ့ ၿပိဳင္ဘက္ရဲ့ လႊမ္းမိုးခ်ဳပ္ကိုင္ျခင္းကို ခံခဲ့ရတာျဖစ္ၿပီး ပထမပိုင္းမွာ ေပးခဲ့ရတဲ့ တတိယေျမာက္ဂိုးကေတာ့ ခြင့္လႊတ္ေပးလို႔ရနိုင္တဲ့ဂိုးျဖစ္ပါတယ္။ သီေယဂို အယ္လ္ကန္တာရာနဲ႔ အာနိုးလ္တို႔ရဲ့အလြန္ေကာင္းမြန္တဲ့ တြဲဖက္မႈေၾကာင့္ ဆာဒီယို မာေနးဟာ ေျမမက်ေဘာကို အျပင္းကန္သြင္းယူသြားနိုင္ခဲ့တာျဖစ္ပါတယ္။

ခြင့္လႊတ္လို႔မရနိုင္တဲ့အရာကေတာ့ မန္စီးတီးဟာ ဒီတစ္ရာသီလုံးမွာ ၎တို႔ရဲ့ ေၾကာက္မက္ဖြယ္အေကာင္းဆုံး ၿပိဳင္ဘက္ေတြနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္ေတြမွာ ေပးခဲ့တဲ့ဂိုးေတြထဲက အညံ့ဖ်င္းဆုံးဂိုး ၂ ဂိုးကို ေပးခဲ့ရတာျဖစ္ပါတယ္။ ကိုနာတီရဲ့ ရိုးရွင္းတဲ့ ေခါင္းတိုက္သြင္းဂိုးေၾကာင့္ လီဗာပူးလ္အသင္းဟာ ၉ မိနစ္မွာတင္ အဖြင့္ဂိုးရခဲ့ၿပီး မန္စီးတီးအရန္ဂိုးသမား ဇက္ စတက္ဖင္ရဲ့ ဆိုးရြားတဲ့အမွားက မာေနးကို ဂိုးလက္ေဆာင္ ေပးခဲ့တာျဖစ္ပါတယ္။

ရာသီကုန္တဲ့အထိ တစ္ပတ္ကို ၂ ပြဲ ပုံမွန္ ကစားသြားရမွာျဖစ္တာေၾကာင့္ မန္စီးတီးအတြက္ လက္ရွိမွာေတာ့ အနားယူစရာအခ်ိန္မရွိေတာ့ဘဲ မန္စီးတီးေရာ လီဗာပူးလ္ပါ ထပ္ေတြ႕ဖို႔ မရွိေတာ့ေပမယ့္လည္း ၎တို႔ရဲ့ ၿပိဳင္ဆိုင္မႈက ရာသီကုန္ထိ ဆက္လက္ရွိေနဦးမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ထပ္တစ္ႀကိမ္ ေတြ႕ဆုံနိုင္ေျခရွိေနေသးတယ္လို႔ ဆိုရမွာျဖစ္ၿပီး တကယ္လို႔ ဆီမီးဖိုင္နယ္အဆင့္မွာ အသီးသီး နိုင္ပြဲေတြရယူနိုင္ခဲ့မယ္ဆိုရင္ ပဲရစ္မွာ က်င္းပမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ေနာက္ထပ္တစ္ႀကိမ္ အားၿပိဳင္ရမွာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ အခုကေန ရာသီကုန္တဲ့အထိ ပြဲစဥ္တိုင္းကို အနိုင္ရဖို႔ လိုအပ္မွာ ျဖစ္ၿပီး အဲဒီလိုသာ လုပ္နိုင္ခဲ့မယ္ဆိုရင္ ဒီရာသီကို ဖလား ၂ လုံးနဲ႔ အဆုံးသတ္နိုင္မွာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းဟာ ယခုရာသီ လီဗာပူးလ္နဲ႔ ေတြ႕ဆုံခဲ့ရာမွာ နိုင္ပြဲမရခဲ့တာျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ ဂြါဒီယိုလာရဲ့အသင္းအေနနဲ႔ ရာသီရဲ့ ေနာက္ဆုံးလကို ဝင္ေရာက္ေနခ်ိန္မွာ က်န္ရွိေနတဲ့ ၿပိဳင္ပြဲ ၂ ခုမွာ ဗိုလ္စြဲနိုင္ခဲ့မယ္ဆိုရင္ ေျဖသာမွာ ျဖစ္ပါတယ္။

အဲဒီလို ျဖစ္လာဖို႔က ဗုဒၶဟူးေန႔မွာ ပုံမွန္ေျခစြမ္း ရရွိေနတဲ့ ဘရိုက္တန္ကို အစ္တီဟတ္မွာ လက္ခံကစားရမယ့္ပြဲစဥ္မွာ အစျပဳရမွာျဖစ္ၿပီး ၎တို႔ထက္ ၂၄ နာရီေစာၿပီး ကစားရမယ့္ ကေလာ့ပ္ရဲ့အသင္းသာ မန္ခ်က္စတာယူနိုက္တက္ကို အနိုင္ယူနိုင္ခဲ့မယ္ဆိုရင္ လီဗာပူးလ္ကို ျပန္အမီလိုက္ရမွာျဖစ္ပါတယ္။

၃ ပြဲအထိ နိုင္ပြဲမရွိခဲ့တဲ့ေနာက္မွာ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဂေရဟမ္ ေပါ့တားရဲ့အသင္းနဲ႔ပြဲမွာ နိုင္ပြဲျပန္ယူရမွာျဖစ္ၿပီး အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ရႈံးနိမ့္ခဲ့ေပမယ့္လည္း လီဗာပူးလ္ကို ရာသီရဲ့ အဆုံးစြန္ဆုံးေသာ တိုက္ပြဲမွာ အနိုင္ယူနိုင္မယ့္ လမ္းေၾကာင္းေပၚမွာ ဆက္ရွိေနဆဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.