Carabao & FA Premier League

ချဲလ်ဆီးနဲ့ ပဲလေ့စ်တို့ပွဲစဉ်ရဲ့ ရလဒ်ကို သဘောတူညီခဲ့ကြတဲ့ ပေါလ် မာဆန်နဲ့ မိုက်ကယ် အိုဝင်

သောမတ်စ်တူဟယ်ရဲ့ ချဲလ်ဆီးအသင်းဟာ ယနေ့ညနေ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ကစားတဲ့အချိန်မှာ ယခုရာသီ နောက်ထပ်ဖလားတစ်လုံးကို ရရှိဖို့အတွက် ကြီးမားတဲ့အခွင့်အရေးရရှိဖွယ်ရှိနေပါတယ်။

အက်ဖ်အေဖလားပြိုင်ပွဲဟာ ချဲလ်ဆီးအသင်းရဲ့ ယခုရာသီမှာ ဆုဖလားတွေ ပိုမို ရရှိချင်တဲ့ မျှော်လင့်ချက်အတွက် အကောင်းဆုံးပြိုင်ပွဲအဖြစ် ကျန်ရှိနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမန်လူမျိုးနည်းပြအတွက်တော့ လွယ်လွယ်နဲ့ အနိုင်ရနိုင်တဲ့ပွဲစဉ်ဖြစ်လာမှာမဟုတ်ဘဲ ပက်ထရစ် ဗီအဲရာနဲ့ ၎င်းရဲ့အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ပိုင်းက အသင်းတွေကို ဒုက္ခတော်တော်လေး ပေးနေခဲ့တာဖြစ်ပါတယ်။

“သူ(ဗီအဲရာ)က အံ့အားသင့်စရာအလုပ်တွေကို လုပ်ခဲ့ပြီး တစ်ဦးချင်း အရည်အသွေးအပြည့်နဲ့ အရမ်းကို အင်တိုက်အားတိုက်ကစားနိုင်တဲ့အသင်းကို ဖန်တီးခဲ့ပါတယ်။ အရမ်းကို အန္တရာယ်ရှိတဲ့ တန်ပြန်တိုက်စစ်ကစားနိုင်တဲ့ အသင်းပါ။ ကိုယ့်ကိုကိုယ် မြှုပ်နှံထားပြီး လိဂ်မှာ ယှဉ်ပြိုင်ကစားဖို့ အရမ်းကို ခက်ခဲတဲ့အသင်းတစ်သင်းဖြစ်ပြီး ဒီပွဲကလည်း ပွဲကြပ်တစ်ပွဲ ဖြစ်လာပါလိမ့်မယ်”လို့ တူဟယ်က ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ဟောင်း ပေါလ် မာဆန်က ချဲလ်ဆီးအသင်းဟာ ၎င်းတို့ရဲ့ လန်ဒန်ပြိုင်ဘက်ကို ဂိုးပြတ်နဲ့ အနိုင်ရရှိသွားလိမ့်မယ်လို့ ယုံကြည်ကြောင်း Sportskeeda ကို ပြောကြားခဲ့ပါတယ်။ “ခရစ္စတယ်ပဲလေ့စ်အတွက် ကော်နာ ဂယ်လေဂါ မပါဝင်နိုင်တာကြောင့် ကျွန်တော်ကတော့ ဘာမှမမြင်ဘဲ ဒီနေရာမှာ ချဲလ်ဆီးအနိုင်ပဲ မြင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ (ပေါလ် မာဆန်ရဲ့ ခန့်မှန်းချက်) ချဲလ်ဆီး ၃-၀ ခရစ္စတယ်ပဲလေ့စ်

ဘီဘီစီအားကစားသတင်းထောက် မာ့ခ် လော်ရန်ဆန်ကလည်း ချဲလ်ဆီးအသင်းဟာ ဗိုလ်လုပွဲ တက်ရောက်သွားမှာဖြစ်တယ်လို့ ယုံကြည်နေပြီး ပွဲစဉ်အတွင်း ခရစ္စတယ်ပဲလေ့စ်အသင်းကို ဒုက္ခကောင်းကောင်းပေးနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ “ခရစ္စတယ်ပဲလေ့စ်က အရည်အချင်းရှိပြီး အရမ်းကို အင်တိုက်အားတိုက်ကစားတတ်တဲ့အသင်းပါ။ ဒါပေမယ့် သူတို့ရဲ့ လူငယ်ကစားသမားတွေအနေနဲ့ ဝင်ဘလေက အချိန်အခါကို ကိုင်တွယ်ဖို့လိုသလို ချဲလ်ဆီးကိုလည်း ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒါက ကြီးမားတဲ့ တောင်းဆိုမှုကြီးပါ”

“တူဟယ်က ခရစ္စတယ်ပဲလေ့စ် တိုက်စစ် ၃ ဦးကို တိတ်ဆိတ်နေအောင်လုပ်ဖို့ နည်းလမ်းကို ရှာတွေ့လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ သူတို့ ရီးရဲလ်နဲ့ပွဲမှာ ဖန်တီးခဲ့တဲ့ အခွင့်အရေးတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရသလောက်တော့ ချဲလ်ဆီးက တိုက်စစ် ဆင်လာရင် အရမ်းကို အန္တရာယ်ရှိတဲ့ပုံပေါ်ပါတယ်။ သူတို့တွေ သူတို့အလုပ် သူတို့လုပ်သွားမယ်ဆိုတဲ့ ခံစားချက် ကျွန်တော့်မှာ ရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ (လော်ရန်ဆန်ရဲ့ ခန့်မှန်းချက်) ချဲလ်ဆီး ၂-၀ ခရစ္စတယ်ပဲလေ့စ်

အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး မိုက်ကယ် အိုဝင်ကလည်း ချဲလ်ဆီးအသင်းအနေနဲ့ မေလ ဝင်ဘလေကွင်းမှာ ကစားမယ့် ဗိုလ်လုပွဲကို တက်ရောက်နိုင်မယ့်အသင်းလို့ ယုံကြည်နေတဲ့ နောက်ထပ်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေမယ့်လည်း ဂိုးပြတ်နဲ့တော့ အနိုင်မရလောက်ဘူးလို့ ထင်မြင်နေတာဖြစ်ပါတယ်။ အိုဝင်က ချဲလ်ဆီးအသင်းအနေနဲ့ အင်္ဂါနေ့က ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်က စိတ်ဓာတ်မျိုးနဲ့ ကစားသွားဖို့ လိုလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

“ခရစ္စတယ်ပဲလေ့စ်က ဘာမှ ဆုံးရှုံးဖို့ မရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ ကစားမှာဖြစ်ပြီး သူတို့တွေ ဂိုးသွင်းခဲ့ရင်လည်း ကျွန်တော် တုန်လှုပ်နေမှာမဟုတ်ပါဘူး။ ချဲလ်ဆီးအသင်းက အရမ်းအားကောင်းနေလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေက အင်္ဂါနေ့ စွမ်းဆောင်ရည်အပြီးမှာ အကောင်းမြင်စိတ်တွေ ပြန်မွေးပြီး ဒီပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အနိုင်ရသွားမယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ (အိုဝင်ရဲ့ ခန့်မှန်းချက်) ချဲလ်ဆီး ၂-၁ ခရစ္စတယ်ပဲလေ့စ်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေသာမတ္စ္တူဟယ္ရဲ့ ခ်ဲလ္ဆီးအသင္းဟာ ယေန႔ညေန အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္အဆင့္ပြဲစဥ္အျဖစ္ ခရစၥတယ္ပဲေလ့စ္နဲ႔ ယွဥ္ၿပိဳင္ကစားတဲ့အခ်ိန္မွာ ယခုရာသီ ေနာက္ထပ္ဖလားတစ္လုံးကို ရရွိဖို႔အတြက္ ႀကီးမားတဲ့အခြင့္အေရးရရွိဖြယ္ရွိေနပါတယ္။

အက္ဖ္ေအဖလားၿပိဳင္ပြဲဟာ ခ်ဲလ္ဆီးအသင္းရဲ့ ယခုရာသီမွာ ဆုဖလားေတြ ပိုမို ရရွိခ်င္တဲ့ ေမၽွာ္လင့္ခ်က္အတြက္ အေကာင္းဆုံးၿပိဳင္ပြဲအျဖစ္ က်န္ရွိေနဆဲျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဂ်ာမန္လူမ်ိဳးနည္းျပအတြက္ေတာ့ လြယ္လြယ္နဲ႔ အနိုင္ရနိုင္တဲ့ပြဲစဥ္ျဖစ္လာမွာမဟုတ္ဘဲ ပက္ထရစ္ ဗီအဲရာနဲ႔ ၎ရဲ့အသင္းဟာ ယခုရာသီ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ပိုင္းက အသင္းေတြကို ဒုကၡေတာ္ေတာ္ေလး ေပးေနခဲ့တာျဖစ္ပါတယ္။

“သူ(ဗီအဲရာ)က အံ့အားသင့္စရာအလုပ္ေတြကို လုပ္ခဲ့ၿပီး တစ္ဦးခ်င္း အရည္အေသြးအျပည့္နဲ႔ အရမ္းကို အင္တိုက္အားတိုက္ကစားနိုင္တဲ့အသင္းကို ဖန္တီးခဲ့ပါတယ္။ အရမ္းကို အႏၲရာယ္ရွိတဲ့ တန္ျပန္တိုက္စစ္ကစားနိုင္တဲ့ အသင္းပါ။ ကိုယ့္ကိုကိုယ္ ျမႇုပ္ႏွံထားၿပီး လိဂ္မွာ ယွဥ္ၿပိဳင္ကစားဖို႔ အရမ္းကို ခက္ခဲတဲ့အသင္းတစ္သင္းျဖစ္ၿပီး ဒီပြဲကလည္း ပြဲၾကပ္တစ္ပြဲ ျဖစ္လာပါလိမ့္မယ္”လို႔ တူဟယ္က ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ေဟာင္း ေပါလ္ မာဆန္က ခ်ဲလ္ဆီးအသင္းဟာ ၎တို႔ရဲ့ လန္ဒန္ၿပိဳင္ဘက္ကို ဂိုးျပတ္နဲ႔ အနိုင္ရရွိသြားလိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း Sportskeeda ကို ေျပာၾကားခဲ့ပါတယ္။ “ခရစၥတယ္ပဲေလ့စ္အတြက္ ေကာ္နာ ဂယ္ေလဂါ မပါဝင္နိုင္တာေၾကာင့္ ကၽြန္ေတာ္ကေတာ့ ဘာမွမျမင္ဘဲ ဒီေနရာမွာ ခ်ဲလ္ဆီးအနိုင္ပဲ ျမင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ (ေပါလ္ မာဆန္ရဲ့ ခန႔္မွန္းခ်က္) ခ်ဲလ္ဆီး ၃-၀ ခရစၥတယ္ပဲေလ့စ္

ဘီဘီစီအားကစားသတင္းေထာက္ မာ့ခ္ ေလာ္ရန္ဆန္ကလည္း ခ်ဲလ္ဆီးအသင္းဟာ ဗိုလ္လုပြဲ တက္ေရာက္သြားမွာျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး ပြဲစဥ္အတြင္း ခရစၥတယ္ပဲေလ့စ္အသင္းကို ဒုကၡေကာင္းေကာင္းေပးနိုင္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “ခရစၥတယ္ပဲေလ့စ္က အရည္အခ်င္းရွိၿပီး အရမ္းကို အင္တိုက္အားတိုက္ကစားတတ္တဲ့အသင္းပါ။ ဒါေပမယ့္ သူတို႔ရဲ့ လူငယ္ကစားသမားေတြအေနနဲ႔ ဝင္ဘေလက အခ်ိန္အခါကို ကိုင္တြယ္ဖို႔လိုသလို ခ်ဲလ္ဆီးကိုလည္း ရင္ဆိုင္ေျဖရွင္းဖို႔ လိုအပ္ပါလိမ့္မယ္။ အဲဒါက ႀကီးမားတဲ့ ေတာင္းဆိုမႈႀကီးပါ”

“တူဟယ္က ခရစၥတယ္ပဲေလ့စ္ တိုက္စစ္ ၃ ဦးကို တိတ္ဆိတ္ေနေအာင္လုပ္ဖို႔ နည္းလမ္းကို ရွာေတြ႕လိမ့္မယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ သူတို႔ ရီးရဲလ္နဲ႔ပြဲမွာ ဖန္တီးခဲ့တဲ့ အခြင့္အေရးေတြကို ကၽြန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ရသေလာက္ေတာ့ ခ်ဲလ္ဆီးက တိုက္စစ္ ဆင္လာရင္ အရမ္းကို အႏၲရာယ္ရွိတဲ့ပုံေပၚပါတယ္။ သူတို႔ေတြ သူတို႔အလုပ္ သူတို႔လုပ္သြားမယ္ဆိုတဲ့ ခံစားခ်က္ ကၽြန္ေတာ့္မွာ ရွိေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ (ေလာ္ရန္ဆန္ရဲ့ ခန႔္မွန္းခ်က္) ခ်ဲလ္ဆီး ၂-၀ ခရစၥတယ္ပဲေလ့စ္

အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး မိုက္ကယ္ အိုဝင္ကလည္း ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေမလ ဝင္ဘေလကြင္းမွာ ကစားမယ့္ ဗိုလ္လုပြဲကို တက္ေရာက္နိုင္မယ့္အသင္းလို႔ ယုံၾကည္ေနတဲ့ ေနာက္ထပ္ပုဂၢိဳလ္တစ္ဦးျဖစ္ေပမယ့္လည္း ဂိုးျပတ္နဲ႔ေတာ့ အနိုင္မရေလာက္ဘူးလို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။ အိုဝင္က ခ်ဲလ္ဆီးအသင္းအေနနဲ႔ အဂၤါေန႔က ရီးရဲလ္မက္ဒရစ္နဲ႔ပြဲစဥ္က စိတ္ဓာတ္မ်ိဳးနဲ႔ ကစားသြားဖို႔ လိုလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

“ခရစၥတယ္ပဲေလ့စ္က ဘာမွ ဆုံးရႈံးဖို႔ မရွိဘူးဆိုတဲ့ပုံစံမ်ိဳးနဲ႔ ကစားမွာျဖစ္ၿပီး သူတို႔ေတြ ဂိုးသြင္းခဲ့ရင္လည္း ကၽြန္ေတာ္ တုန္လႈပ္ေနမွာမဟုတ္ပါဘူး။ ခ်ဲလ္ဆီးအသင္းက အရမ္းအားေကာင္းေနလိမ့္မယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ သူတို႔ေတြက အဂၤါေန႔ စြမ္းေဆာင္ရည္အၿပီးမွာ အေကာင္းျမင္စိတ္ေတြ ျပန္ေမြးၿပီး ဒီပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး အနိုင္ရသြားမယ္လို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ (အိုဝင္ရဲ့ ခန႔္မွန္းခ်က္) ခ်ဲလ္ဆီး ၂-၁ ခရစၥတယ္ပဲေလ့စ္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.