International UCL&UEL

၂၀၀၀ ပြည့်နှစ်ကျော်ကနေ ၂၀၁၀ ပြည့်နှစ်ကာလတွေဆီက ချန်ပီယံလိဂ်မှာ ပုံမှန်ကစားခဲ့ရတဲ့ ၇ သင်း

လွန်ခဲ့တဲ့ နှစ် ၆၀ နီးပါးကတည်းက ဥရောပချန်ပီယံကလပ်အသင်းများဖလားပြိုင်ပွဲအဖြစ် စတင်ခဲ့တဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲဟာ လက်ရှိမှာ ကလပ်အသင်းအဆင့်မှာ အကြီးမားဆုံးပြိုင်ပွဲကြီးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံနေရပြီဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိဖို့က ကလပ်အသင်းတွေအားလုံးအတွက် အလိုလားဆုံးဆန္ဒဖြစ်ပြီး ၂၀၁၄ ခုနှစ်အထိ ကလပ်အသင်း ၂၂ သင်းဟာ အနည်းဆုံး တစ်ကြိမ်တော့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီလို အနိုင်ရဗိုလ်စွဲခဲ့တဲ့အသင်းတွေဟာ ဥရောပပြိုင်ပွဲတွေမှာ ပုံမှန်ယှဉ်ပြိုင်ရတဲ့အသင်းတွေဖြစ်ပြီး ဖလားမရရင်တောင်မှ နောက်ဆုံးအဆင့်တွေအထိ ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

အခုဖော်ပြပေးသွားမှာကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်(၂၀၀၄ မှ ၂၀၁၄)အတွင်း ဥရောပပြိုင်ပွဲမှာ ပုံမှန်ကစားခဲ့ရတဲ့ ၇ သင်းဖြစ်ပါတယ်။

၇။ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ အလှမ်းကွာဝေးနေခဲ့တာ ကြာခဲ့ပြီဖြစ်ပေမယ့်လည်း ၂၀၀၄ ကနေ ၂၀၁၄ အတွင်း ၁၀ ရာသီဆက်တိုက် အုပ်စုအဆင့်ကနေ တက်ပြီး ရှုံးထွက်အဆင့်မှာ ပုံမှန် ကစားခဲ့ရတဲ့အသင်းဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ အကောင်းဆုံးကာလကတော့ ၂၀၀၆ ချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်ပြီး ပဲရစ်မှာ ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ၎င်းတို့ရဲ့ ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ လက်တစ်ကမ်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆမ်မြူရယ် အီတူးနဲ့ ဘယ်လက်တီတို့ရဲ့ သွင်းဂိုးတွေကြောင့် ဘာစီလိုနာအသင်းက ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ၃ နှစ်အကြာမှာ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို ထပ်မံတက်လှမ်းနိုင်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဖြုတ်ပစ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ချန်ပီယံလိဂ် စွမ်းဆောင်ရည်- ၂၀၀၄/၂၀၀၅(၁၆ သင်း)၊ ၂၀၀၅/၂၀၀၆(ဗိုလ်လုပွဲ)၊ ၂၀၀၆/၂၀၀၇(၁၆ သင်း)၊ ၂၀၀၇/၂၀၀၈(ကွာတား)၊ ၂၀၀၈/၂၀၀၉(ဆီမီး)၊ ၂၀၀၉/၂၀၁၀(ကွာတား)၊ ၂၀၁၀/၂၀၁၁(၁၆ သင်း)၊ ၂၀၁၁/၂၀၁၂(၁၆ သင်း)၊ ၂၀၁၂/၂၀၁၃(၁၆ သင်း)၊ ၂၀၁၃/၂၀၁၄(၁၆ သင်း)

၆။ အေစီမီလန်

အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ်နဲ့ အရမ်းကို ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့အသင်းဖြစ်ပြီး စုစုပေါင်း ၇ ကြိမ်အထိ ဗိုလ်စွဲခဲ့ရာမှာ ၂၀၀၇ ခုနှစ်မှာ နောက်ဆုံးဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ အေစီမီလန်ဟာ ၁၉၈၉နဲ့ ၁၉၉၀ ၂ နှစ်စလုံးမှာ ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပြီးနောက် ချန်ပီယံသရဖူကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့တဲ့ နောက်ဆုံးအသင်းဖြစ်ခဲ့ပြီး အဲဒီအသင်းမှာ ဗန် ဘက်စ်တန်၊ ရစ်ကတ်၊ ဂူလစ်၊ ဘာရီဆီးတို့လို ထိတ်ထိတ်ကြဲကစားသမားတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အေစီမီလန်အတွက် နာကျင်စရာအမှတ်တရက ၂၀၀၅ ဗိုလ်လုပွဲ အစ္စတန်ဘူလ်မှာ လီဗာပူးလ်ကို ပထမပိုင်းမှာ ၃-၀ နဲ့ ဦးဆောင်ခဲ့ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး ပင်နယ်တီမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အေစီမီလန်ဟာ နောက်ထပ် ၂ နှစ်အကြာမှာ လီဗာပူးလ်ကို လက်စားချေနိုင်ခဲ့ပေမယ့်လည်း အဲဒီနှစ်ပြီးကတည်းက ဆီမီးဖိုင်နယ်အဆင့်တောင် တက်ရောက်နိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။

အေစီမီလန်ရဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ချန်ပီယံလိဂ် စွမ်းဆောင်ရည်- ၂၀၀၄/၂၀၀၅(ဗိုလ်လုပွဲ)၊ ၂၀၀၅/၂၀၀၆(ဆီမီး)၊ ၂၀၀၆/၂၀၀၇(ချန်ပီယံ)၊ ၂၀၀၇/၂၀၀၈(၁၆ သင်း)၊ ၂၀၀၈/၂၀၀၉(-)၊ ၂၀၀၉/၂၀၁၀(၁၆ သင်း)၊ ၂၀၁၀/၂၀၁၁(၁၆ သင်း)၊ ၂၀၁၁/၂၀၁၂(ကွာတား)၊ ၂၀၁၂/၂၀၁၃(၁၆ သင်း)၊ ၂၀၁၃/၂၀၁၄(၁၆ သင်း)

၅။ ရီးရဲလ်မက်ဒရစ်

ချန်ပီယံလိဂ်ဖလားကို ၁၂ ကြိမ်အထိ ဆွတ်ခူးထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဥရောပရဲ့ ဘုရင်တစ်ပါးဖြစ်ပြီး ၂၀၁၃-၂၀၁၄ ရာသီမှာ ၁၀ ကြိမ်မြောက် ဥရောပချန်ပီယံဖြစ်ခဲ့ပါတယ်။ ဇီဒန်းရဲ့ အံ့အားသင့်ဖွယ် မြေမကျဘောကန်ချက်နဲ့အတူ ၂၀၀၂ ခုနှစ်မှာ ၉ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပြီးနောက် ၁၂ နှစ်အကြာမှာ ဗိုလ်လုပွဲကို ထပ်မံတက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ နည်းပြ မော်ရင်ညို ရောက်လာတဲ့အချိန်မတိုင်ခင် ရီးရဲလ်မက်ဒရစ်အသင်းဟာ ၁၆ သင်းအဆင့်ကနေ ၆ နှစ်ဆက် မကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ နည်းပြ အန်ဆယ်လော့တီ လက်အောက်မှာ ဥရောပဖလားကို ၁၀ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီး သမိုင်းသစ် ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ချန်ပီယံလိဂ် စွမ်းဆောင်ရည်- ၂၀၀၄/၂၀၀၅(၁၆ သင်း)၊ ၂၀၀၅/၂၀၀၆(၁၆ သင်း)၊ ၂၀၀၆/၂၀၀၇(၁၆ သင်း)၊ ၂၀၀၇/၂၀၀၈(၁၆ သင်း)၊ ၂၀၀၈/၂၀၀၉(၁၆ သင်း)၊ ၂၀၀၉/၂၀၁၀(၁၆ သင်း)၊ ၂၀၁၀/၂၀၁၁(ဆီမီး)၊ ၂၀၁၁/၂၀၁၂(ဆီမီး)၊ ၂၀၁၂/၂၀၁၃(ဆီမီး)၊ ၂၀၁၃/၂၀၁၄(ချန်ပီယံ)

၄။ မန်ချက်စတာယူနိုက်တက်

လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံမရှိတော့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၀၀ ပြည့်နှစ်ကျော်ကာလတွေနဲ့ ၂၀၁၀ ပြည့်နှစ်ကျော် ကာလအတွင်း ဆယ်စုနှစ်တစ်ခုမှာတော့ ပုံမှန်စွမ်းဆောင်ရည်ရှိတဲ့အသင်းဖြစ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ဆီမီးဖိုင်နယ်မှာ အေစီမီလန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်မှာ ဗိုလ်စွဲခဲ့ပြီး ၂၀၀၉ နဲ့ ၂၀၁၁ မှာ ဗိုလ်လုပွဲအဆင့်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ချန်ပီယံလိဂ် စွမ်းဆောင်ရည်- ၂၀၀၄/၂၀၀၅(၁၆ သင်း)၊ ၂၀၀၅/၂၀၀၆(အုပ်စု)၊ ၂၀၀၆/၂၀၀၇(ဆီမီး)၊ ၂၀၀၇/၂၀၀၈(ချန်ပီယံ)၊ ၂၀၀၈/၂၀၀၉(ဗိုလ်လုပွဲ)၊ ၂၀၀၉/၂၀၁၀(ကွာတား)၊ ၂၀၁၀/၂၀၁၁(ဗိုလ်လုပွဲ)၊ ၂၀၁၁/၂၀၁၂(အုပ်စု)၊ ၂၀၁၂/၂၀၁၃(၁၆ သင်း)၊ ၂၀၁၃/၂၀၁၄(ကွာတား)

၃။ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ ဥရောပမှာ ရှည်လျားတဲ့သမိုင်းကြောင်းရှိတဲ့ နောက်ထပ်အသင်းတစ်သင်းဖြစ်ပြီး ဘက်ကင်ဘောင်ဝါက ဘိုင်ယန်မြူးနစ်ကို ၃ နှစ်ဆက် ဥရောပဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းကို နာကျင်အချိန်ပိုမှာ ချေပဂိုးနဲ့ အနိုင်ဂိုးပေးခဲ့ရပြီး အံ့အားသင့်ဖွယ် အလှည့်အပြောင်းကြောင့် ရင်နာမဆုံးဖြစ်ခဲ့ရတာဖြစ်ပါတယ်။ နောက်ထပ် ၂ နှစ်အကြာမှာ ဘိုင်ယန်မြူးနစ်ဟာ ဗလင်စီယာကို ဗိုလ်လုပွဲမှာ ပင်နယ်တီနဲ့အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၄ ကနေ ၂၀၁၄ ခုနှစ်အတွင်း ဘိုင်ယန်မြူးနစ်ဟာ တော်တော်လေးကောင်းမွန်တဲ့ မှတ်တမ်းတွေ ပိုင်ဆိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ချန်ပီယံ၊ ၂၀၁၀ နဲ့ ၂၀၁၂ ခုနှစ်တို့မှာ ဒုတိယနေရာနဲ့ ပြီးဆုံးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ချန်ပီယံလိဂ် စွမ်းဆောင်ရည်- ၂၀၀၄/၂၀၀၅(ကွာတား)၊ ၂၀၀၅/၂၀၀၆(၁၆ သင်း)၊ ၂၀၀၆/၂၀၀၇(ကွာတား)၊ ၂၀၀၇/၂၀၀၈(-)၊ ၂၀၀၈/၂၀၀၉(ကွာတား)၊ ၂၀၀၉/၂၀၁၀(ဗိုလ်လုပွဲ)၊ ၂၀၁၀/၂၀၁၁(၁၆ သင်း)၊ ၂၀၁၁/၂၀၁၂(ဗိုလ်လုပွဲ)၊ ၂၀၁၂/၂၀၁၃(ချန်ပီယံ)၊ ၂၀၁၃/၂၀၁၄(ဆီမီး)

၂။ ချဲလ်ဆီး

အေဘရာမိုဗစ်ချ်ရဲ့ တော်လှန်ရေးဟာ ချဲလ်ဆီးအသင်းကို အပြောင်းအလဲတွေ များစွာဖြစ်ပေါ်စေခဲ့ပြီး ဥရောပဘောလုံးလောကမှာ အင်အားကြီးအသင်းတစ်သင်းအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ အေဘရာမိုဗစ်ချ်ရဲ့ ရောက်ရှိလာမှုက ချဲလ်ဆီးအသင်းကို ဆီမီးဖိုင်နယ်အဆင့်လောက် ပုံမှန်ကစားရတဲ့ အသင်းတစ်သင်းဖြစ်လာစေပေမယ့် ရုရှားနိုင်ငံသား လုပ်ငန်းရှင်ဟာ ဒီလောက်နဲ့ မကျေနပ်နိုင်ခဲ့ဘဲ ချန်ပီယံလိဂ်သရဖူကို ကိုင်မြှောက်ချင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ အေဘရာမိုဗစ်ချ်ရဲ့ အိပ်မက်တွေဟာ အမှန်တကယ်ဖြစ်လာဖို့ နီးစပ်ခဲ့ပေမယ့်လည်း အသင်းခေါင်းဆောင် ဂျွန် တယ်ရီက ပင်နယ်တီ အဆုံးအဖြတ်မှာ လွဲချော်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်က ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ နောက်ထပ် ၄ နှစ်အထိ ထပ်မံစောင့်ဆိုင်းခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဖလားရရှိတဲ့ ပထမဆုံးလန်ဒန်ကလပ်အသင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ချန်ပီယံလိဂ် စွမ်းဆောင်ရည်- ၂၀၀၄/၂၀၀၅(ဆီမီး)၊ ၂၀၀၅/၂၀၀၆(၁၆ သင်း)၊ ၂၀၀၆/၂၀၀၇(ဆီမီး)၊ ၂၀၀၇/၂၀၀၈(ဗိုလ်လုပွဲ)၊ ၂၀၀၈/၂၀၀၉(ဆီမီး)၊ ၂၀၀၉/၂၀၁၀(၁၆ သင်း)၊ ၂၀၁၀/၂၀၁၁(ကွာတား)၊ ၂၀၁၁/၂၀၁၂(ချန်ပီယံ)၊ ၂၀၁၂/၂၀၁၃(အုပ်စု)၊ ၂၀၁၃/၂၀၁၄(ဆီမီး)

၁။ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ အာရီဂို ဆာခီရဲ့ အေစီမီလန်ပြီးကတည်းက မမြင်ခဲ့ရတဲ့ ဥရောပဘောလုံးလောကမှာ လွှမ်းမိုးနိုင်စွမ်း ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၀၆၊ ၂၀၀၉ နဲ့ ၂၀၁၁ ခုနှစ်တို့မှာ ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဖလားတွေက စကားပြောနေပြီး ၂၀၀၀ ပြည့်နှစ်ကျော်ကာလတွေနဲ့ ၂၀၁၀ ပြည့်နှစ်ကျော်ကာလတွေဟာ ဘာစီလိုနာအသင်းရဲ့ အတောက်ပဆုံးအချိန်တွေ ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ မတူညီတဲ့ ခေတ် ၂ ခေတ်ကို မတူညီတဲ့ပုံစံ ၂ ခုနဲ့ ဖြတ်သန်းခဲ့တာဖြစ်ပြီး ၂၀၀၆ မှာ ဖရန့် ရစ်ကတ်က ရော်နယ်လ်ဒင်ညိုရဲ့ ဖန်တီးနိုင်စွမ်းကို ဦးတည်ပြီး ချန်ပီယံလိဂ်မှာ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက် ဂွါဒီယိုလာလက်ထက်မှာတော့ ၎င်းရဲ့ တီကီတာကာ ဘောလုံးကစားဟန်နဲ့ ဇာဗီ၊ အင်နီယေစတာ၊ မက်ဆီတို့လို ကစားသမားတွေရဲ့အားကိုယူပြီး အောင်မြင်မှုတွေ ရယူခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ချန်ပီယံလိဂ် စွမ်းဆောင်ရည်- ၂၀၀၄/၂၀၀၅(၁၆ သင်း)၊ ၂၀၀၅/၂၀၀၆(ချန်ပီယံ)၊ ၂၀၀၆/၂၀၀၇(၁၆ သင်း)၊ ၂၀၀၇/၂၀၀၈(ဆီမီး)၊ ၂၀၀၈/၂၀၀၉(ချန်ပီယံ)၊ ၂၀၀၉/၂၀၁၀(ဆီမီး)၊ ၂၀၁၀/၂၀၁၁(ချန်ပီယံ)၊ ၂၀၁၁/၂၀၁၂(ဆီမီး)၊ ၂၀၁၂/၂၀၁၃(ဆီမီး)၊ ၂၀၁၃/၂၀၁၄(ကွာတား)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လြန္ခဲ့တဲ့ ႏွစ္ ၆၀ နီးပါးကတည္းက ဥေရာပခ်န္ပီယံကလပ္အသင္းမ်ားဖလားၿပိဳင္ပြဲအျဖစ္ စတင္ခဲ့တဲ့ ဥေရာပခ်န္ပီယံလိဂ္ၿပိဳင္ပြဲဟာ လက္ရွိမွာ ကလပ္အသင္းအဆင့္မွာ အႀကီးမားဆုံးၿပိဳင္ပြဲႀကီးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံေနရၿပီျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေအာင္ျမင္မႈ ရရွိဖို႔က ကလပ္အသင္းေတြအားလုံးအတြက္ အလိုလားဆုံးဆႏၵျဖစ္ၿပီး ၂၀၁၄ ခုႏွစ္အထိ ကလပ္အသင္း ၂၂ သင္းဟာ အနည္းဆုံး တစ္ႀကိမ္ေတာ့ အနိုင္ရရွိခဲ့တာျဖစ္ပါတယ္။ အဲဒီလို အနိုင္ရဗိုလ္စြဲခဲ့တဲ့အသင္းေတြဟာ ဥေရာပၿပိဳင္ပြဲေတြမွာ ပုံမွန္ယွဥ္ၿပိဳင္ရတဲ့အသင္းေတြျဖစ္ၿပီး ဖလားမရရင္ေတာင္မွ ေနာက္ဆုံးအဆင့္ေတြအထိ ေရာက္ရွိခဲ့ၾကတာျဖစ္ပါတယ္။

အခုေဖာ္ျပေပးသြားမွာကေတာ့ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္(၂၀၀၄ မွ ၂၀၁၄)အတြင္း ဥေရာပၿပိဳင္ပြဲမွာ ပုံမွန္ကစားခဲ့ရတဲ့ ၇ သင္းျဖစ္ပါတယ္။

၇။ အာဆင္နယ္

အာဆင္နယ္အသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ အလွမ္းကြာေဝးေနခဲ့တာ ၾကာခဲ့ၿပီျဖစ္ေပမယ့္လည္း ၂၀၀၄ ကေန ၂၀၁၄ အတြင္း ၁၀ ရာသီဆက္တိုက္ အုပ္စုအဆင့္ကေန တက္ၿပီး ရႈံးထြက္အဆင့္မွာ ပုံမွန္ ကစားခဲ့ရတဲ့အသင္းျဖစ္ပါတယ္။ အာဆင္နယ္ရဲ့ အေကာင္းဆုံးကာလကေတာ့ ၂၀၀၆ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲျဖစ္ၿပီး ပဲရစ္မွာ ဘာစီလိုနာနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ၎တို႔ရဲ့ ပထမဆုံးေသာ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္နိုင္ဖို႔ လက္တစ္ကမ္းကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆမ္ျမဴရယ္ အီတူးနဲ႔ ဘယ္လက္တီတို႔ရဲ့ သြင္းဂိုးေတြေၾကာင့္ ဘာစီလိုနာအသင္းက ၂-၁ နဲ႔ အနိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ ၃ ႏွစ္အၾကာမွာ အာဆင္နယ္အသင္းဟာ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အဆင့္ကို ထပ္မံတက္လွမ္းနိုင္ခဲ့ေပမယ့္လည္း မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ျဖဳတ္ပစ္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ရဲ့ ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္း ခ်န္ပီယံလိဂ္ စြမ္းေဆာင္ရည္- ၂၀၀၄/၂၀၀၅(၁၆ သင္း)၊ ၂၀၀၅/၂၀၀၆(ဗိုလ္လုပြဲ)၊ ၂၀၀၆/၂၀၀၇(၁၆ သင္း)၊ ၂၀၀၇/၂၀၀၈(ကြာတား)၊ ၂၀၀၈/၂၀၀၉(ဆီမီး)၊ ၂၀၀၉/၂၀၁၀(ကြာတား)၊ ၂၀၁၀/၂၀၁၁(၁၆ သင္း)၊ ၂၀၁၁/၂၀၁၂(၁၆ သင္း)၊ ၂၀၁၂/၂၀၁၃(၁၆ သင္း)၊ ၂၀၁၃/၂၀၁၄(၁၆ သင္း)

၆။ ေအစီမီလန္

ေအစီမီလန္အသင္းဟာ ခ်န္ပီယံလိဂ္နဲ႔ အရမ္းကို ေကာင္းမြန္တဲ့ဆက္ဆံေရးရွိတဲ့အသင္းျဖစ္ၿပီး စုစုေပါင္း ၇ ႀကိမ္အထိ ဗိုလ္စြဲခဲ့ရာမွာ ၂၀၀၇ ခုႏွစ္မွာ ေနာက္ဆုံးဗိုလ္စြဲခဲ့တာျဖစ္ပါတယ္။ ေအစီမီလန္ဟာ ၁၉၈၉နဲ႔ ၁၉၉၀ ၂ ႏွစ္စလုံးမွာ ခ်န္ပီယံလိဂ္ဖလားကို ရရွိခဲ့ၿပီးေနာက္ ခ်န္ပီယံသရဖူကို ေအာင္ျမင္စြာ ကာကြယ္နိုင္ခဲ့တဲ့ ေနာက္ဆုံးအသင္းျဖစ္ခဲ့ၿပီး အဲဒီအသင္းမွာ ဗန္ ဘက္စ္တန္၊ ရစ္ကတ္၊ ဂူလစ္၊ ဘာရီဆီးတို႔လို ထိတ္ထိတ္ၾကဲကစားသမားေတြ ပါဝင္ခဲ့တာျဖစ္ပါတယ္။ ေအစီမီလန္အတြက္ နာက်င္စရာအမွတ္တရက ၂၀၀၅ ဗိုလ္လုပြဲ အစၥတန္ဘူလ္မွာ လီဗာပူးလ္ကို ပထမပိုင္းမွာ ၃-၀ နဲ႔ ဦးေဆာင္ခဲ့ၿပီးမွ ေခ်ပဂိုးေတြ ျပန္ေပးခဲ့ရၿပီး ပင္နယ္တီမွာ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ေအစီမီလန္ဟာ ေနာက္ထပ္ ၂ ႏွစ္အၾကာမွာ လီဗာပူးလ္ကို လက္စားေခ်နိုင္ခဲ့ေပမယ့္လည္း အဲဒီႏွစ္ၿပီးကတည္းက ဆီမီးဖိုင္နယ္အဆင့္ေတာင္ တက္ေရာက္နိုင္ျခင္းမရွိေတာ့တာျဖစ္ပါတယ္။

ေအစီမီလန္ရဲ့ ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္း ခ်န္ပီယံလိဂ္ စြမ္းေဆာင္ရည္- ၂၀၀၄/၂၀၀၅(ဗိုလ္လုပြဲ)၊ ၂၀၀၅/၂၀၀၆(ဆီမီး)၊ ၂၀၀၆/၂၀၀၇(ခ်န္ပီယံ)၊ ၂၀၀၇/၂၀၀၈(၁၆ သင္း)၊ ၂၀၀၈/၂၀၀၉(-)၊ ၂၀၀၉/၂၀၁၀(၁၆ သင္း)၊ ၂၀၁၀/၂၀၁၁(၁၆ သင္း)၊ ၂၀၁၁/၂၀၁၂(ကြာတား)၊ ၂၀၁၂/၂၀၁၃(၁၆ သင္း)၊ ၂၀၁၃/၂၀၁၄(၁၆ သင္း)

၅။ ရီးရဲလ္မက္ဒရစ္

ခ်န္ပီယံလိဂ္ဖလားကို ၁၂ ႀကိမ္အထိ ဆြတ္ခူးထားတဲ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ ဥေရာပရဲ့ ဘုရင္တစ္ပါးျဖစ္ၿပီး ၂၀၁၃-၂၀၁၄ ရာသီမွာ ၁၀ ႀကိမ္ေျမာက္ ဥေရာပခ်န္ပီယံျဖစ္ခဲ့ပါတယ္။ ဇီဒန္းရဲ့ အံ့အားသင့္ဖြယ္ ေျမမက်ေဘာကန္ခ်က္နဲ႔အတူ ၂၀၀၂ ခုႏွစ္မွာ ၉ ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကို ရရွိခဲ့ၿပီးေနာက္ ၁၂ ႏွစ္အၾကာမွာ ဗိုလ္လုပြဲကို ထပ္မံတက္ေရာက္နိုင္ခဲ့တာျဖစ္ၿပီး ၂၀၁၀ ခုႏွစ္မွာ နည္းၿပ ေမာ္ရင္ညိဳ ေရာက္လာတဲ့အခ်ိန္မတိုင္ခင္ ရီးရဲလ္မက္ဒရစ္အသင္းဟာ ၁၆ သင္းအဆင့္ကေန ၆ ႏွစ္ဆက္ မေက်ာ္ျဖတ္နိုင္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္မွာေတာ့ နည္းၿပ အန္ဆယ္ေလာ့တီ လက္ေအာက္မွာ ဥေရာပဖလားကို ၁၀ ႀကိမ္ေျမာက္ ဆြတ္ခူးနိုင္ခဲ့ၿပီး သမိုင္းသစ္ ေရးထိုးနိုင္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ရဲ့ ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္း ခ်န္ပီယံလိဂ္ စြမ္းေဆာင္ရည္- ၂၀၀၄/၂၀၀၅(၁၆ သင္း)၊ ၂၀၀၅/၂၀၀၆(၁၆ သင္း)၊ ၂၀၀၆/၂၀၀၇(၁၆ သင္း)၊ ၂၀၀၇/၂၀၀၈(၁၆ သင္း)၊ ၂၀၀၈/၂၀၀၉(၁၆ သင္း)၊ ၂၀၀၉/၂၀၁၀(၁၆ သင္း)၊ ၂၀၁၀/၂၀၁၁(ဆီမီး)၊ ၂၀၁၁/၂၀၁၂(ဆီမီး)၊ ၂၀၁၂/၂၀၁၃(ဆီမီး)၊ ၂၀၁၃/၂၀၁၄(ခ်န္ပီယံ)

၄။ မန္ခ်က္စတာယူနိုက္တက္

လက္ရွိအခ်ိန္မွာ အေကာင္းဆုံးပုံစံမရွိေတာ့တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၂၀၀၀ ျပည့္ႏွစ္ေက်ာ္ကာလေတြနဲ႔ ၂၀၁၀ ျပည့္ႏွစ္ေက်ာ္ ကာလအတြင္း ဆယ္စုႏွစ္တစ္ခုမွာေတာ့ ပုံမွန္စြမ္းေဆာင္ရည္ရွိတဲ့အသင္းျဖစ္ခဲ့ပါတယ္။ ၂၀၀၇ ခုႏွစ္ ဆီမီးဖိုင္နယ္မွာ ေအစီမီလန္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၂၀၀၈ ခုႏွစ္မွာ ဗိုလ္စြဲခဲ့ၿပီး ၂၀၀၉ နဲ႔ ၂၀၁၁ မွာ ဗိုလ္လုပြဲအဆင့္အထိ တက္လွမ္းနိုင္ခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ရဲ့ ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္း ခ်န္ပီယံလိဂ္ စြမ္းေဆာင္ရည္- ၂၀၀၄/၂၀၀၅(၁၆ သင္း)၊ ၂၀၀၅/၂၀၀၆(အုပ္စု)၊ ၂၀၀၆/၂၀၀၇(ဆီမီး)၊ ၂၀၀၇/၂၀၀၈(ခ်န္ပီယံ)၊ ၂၀၀၈/၂၀၀၉(ဗိုလ္လုပြဲ)၊ ၂၀၀၉/၂၀၁၀(ကြာတား)၊ ၂၀၁၀/၂၀၁၁(ဗိုလ္လုပြဲ)၊ ၂၀၁၁/၂၀၁၂(အုပ္စု)၊ ၂၀၁၂/၂၀၁၃(၁၆ သင္း)၊ ၂၀၁၃/၂၀၁၄(ကြာတား)

၃။ ဘိုင္ယန္ျမဴးနစ္

ဘိုင္ယန္ျမဴးနစ္ဟာ ဥေရာပမွာ ရွည္လ်ားတဲ့သမိုင္းေၾကာင္းရွိတဲ့ ေနာက္ထပ္အသင္းတစ္သင္းျဖစ္ၿပီး ဘက္ကင္ေဘာင္ဝါက ဘိုင္ယန္ျမဴးနစ္ကို ၃ ႏွစ္ဆက္ ဥေရာပဖလား ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီးေနာက္ ၄ ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကို ရရွိဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ ၁၉၉၉ ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ မန္ခ်က္စတာယူနိုက္တက္အသင္းကို နာက်င္အခ်ိန္ပိုမွာ ေခ်ပဂိုးနဲ႔ အနိုင္ဂိုးေပးခဲ့ရၿပီး အံ့အားသင့္ဖြယ္ အလွည့္အေျပာင္းေၾကာင့္ ရင္နာမဆုံးျဖစ္ခဲ့ရတာျဖစ္ပါတယ္။ ေနာက္ထပ္ ၂ ႏွစ္အၾကာမွာ ဘိုင္ယန္ျမဴးနစ္ဟာ ဗလင္စီယာကို ဗိုလ္လုပြဲမွာ ပင္နယ္တီနဲ႔အနိုင္ရၿပီး ဗိုလ္စြဲခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၀၄ ကေန ၂၀၁၄ ခုႏွစ္အတြင္း ဘိုင္ယန္ျမဴးနစ္ဟာ ေတာ္ေတာ္ေလးေကာင္းမြန္တဲ့ မွတ္တမ္းေတြ ပိုင္ဆိုင္ခဲ့ၿပီး ၂၀၁၃ ခုႏွစ္မွာ ခ်န္ပီယံ၊ ၂၀၁၀ နဲ႔ ၂၀၁၂ ခုႏွစ္တို႔မွာ ဒုတိယေနရာနဲ႔ ၿပီးဆုံးခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္ရဲ့ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္း ခ်န္ပီယံလိဂ္ စြမ္းေဆာင္ရည္- ၂၀၀၄/၂၀၀၅(ကြာတား)၊ ၂၀၀၅/၂၀၀၆(၁၆ သင္း)၊ ၂၀၀၆/၂၀၀၇(ကြာတား)၊ ၂၀၀၇/၂၀၀၈(-)၊ ၂၀၀၈/၂၀၀၉(ကြာတား)၊ ၂၀၀၉/၂၀၁၀(ဗိုလ္လုပြဲ)၊ ၂၀၁၀/၂၀၁၁(၁၆ သင္း)၊ ၂၀၁၁/၂၀၁၂(ဗိုလ္လုပြဲ)၊ ၂၀၁၂/၂၀၁၃(ခ်န္ပီယံ)၊ ၂၀၁၃/၂၀၁၄(ဆီမီး)

၂။ ခ်ဲလ္ဆီး

ေအဘရာမိုဗစ္ခ်္ရဲ့ ေတာ္လွန္ေရးဟာ ခ်ဲလ္ဆီးအသင္းကို အေျပာင္းအလဲေတြ မ်ားစြာျဖစ္ေပၚေစခဲ့ၿပီး ဥေရာပေဘာလုံးေလာကမွာ အင္အားႀကီးအသင္းတစ္သင္းအျဖစ္ ေျပာင္းလဲေပးနိုင္ခဲ့ပါတယ္။ ေအဘရာမိုဗစ္ခ်္ရဲ့ ေရာက္ရွိလာမႈက ခ်ဲလ္ဆီးအသင္းကို ဆီမီးဖိုင္နယ္အဆင့္ေလာက္ ပုံမွန္ကစားရတဲ့ အသင္းတစ္သင္းျဖစ္လာေစေပမယ့္ ႐ုရွားနိုင္ငံသား လုပ္ငန္းရွင္ဟာ ဒီေလာက္နဲ႔ မေက်နပ္နိုင္ခဲ့ဘဲ ခ်န္ပီယံလိဂ္သရဖူကို ကိုင္ေျမႇာက္ခ်င္ခဲ့တာျဖစ္ပါတယ္။ ၂၀၀၈ ခုႏွစ္မွာေတာ့ ေအဘရာမိုဗစ္ခ်္ရဲ့ အိပ္မက္ေတြဟာ အမွန္တကယ္ျဖစ္လာဖို႔ နီးစပ္ခဲ့ေပမယ့္လည္း အသင္းေခါင္းေဆာင္ ဂၽြန္ တယ္ရီက ပင္နယ္တီ အဆုံးအျဖတ္မွာ လြဲေခ်ာ္ခဲ့တာေၾကာင့္ မန္ခ်က္စတာယူနိုက္တက္က ဗိုလ္စြဲသြားခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ေနာက္ထပ္ ၄ ႏွစ္အထိ ထပ္မံေစာင့္ဆိုင္းခဲ့ရၿပီး ၂၀၁၂ ခုႏွစ္မွာ ဘိုင္ယန္ျမဴးနစ္ကို ပင္နယ္တီ အဆုံးအျဖတ္မွာ အနိုင္ရရွိၿပီး ခ်န္ပီယံလိဂ္ဖလားရရွိတဲ့ ပထမဆုံးလန္ဒန္ကလပ္အသင္းျဖစ္လာခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးရဲ့ ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္း ခ်န္ပီယံလိဂ္ စြမ္းေဆာင္ရည္- ၂၀၀၄/၂၀၀၅(ဆီမီး)၊ ၂၀၀၅/၂၀၀၆(၁၆ သင္း)၊ ၂၀၀၆/၂၀၀၇(ဆီမီး)၊ ၂၀၀၇/၂၀၀၈(ဗိုလ္လုပြဲ)၊ ၂၀၀၈/၂၀၀၉(ဆီမီး)၊ ၂၀၀၉/၂၀၁၀(၁၆ သင္း)၊ ၂၀၁၀/၂၀၁၁(ကြာတား)၊ ၂၀၁၁/၂၀၁၂(ခ်န္ပီယံ)၊ ၂၀၁၂/၂၀၁၃(အုပ္စု)၊ ၂၀၁၃/၂၀၁၄(ဆီမီး)

၁။ ဘာစီလိုနာ

ဘာစီလိုနာအသင္းဟာ အာရီဂို ဆာခီရဲ့ ေအစီမီလန္ၿပီးကတည္းက မျမင္ခဲ့ရတဲ့ ဥေရာပေဘာလုံးေလာကမွာ လႊမ္းမိုးနိုင္စြမ္း ရွိခဲ့တာျဖစ္ပါတယ္။ ၂၀၀၆၊ ၂၀၀၉ နဲ႔ ၂၀၁၁ ခုႏွစ္တို႔မွာ ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ဖလားေတြက စကားေျပာေနၿပီး ၂၀၀၀ ျပည့္ႏွစ္ေက်ာ္ကာလေတြနဲ႔ ၂၀၁၀ ျပည့္ႏွစ္ေက်ာ္ကာလေတြဟာ ဘာစီလိုနာအသင္းရဲ့ အေတာက္ပဆုံးအခ်ိန္ေတြ ျဖစ္ခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ မတူညီတဲ့ ေခတ္ ၂ ေခတ္ကို မတူညီတဲ့ပုံစံ ၂ ခုနဲ႔ ျဖတ္သန္းခဲ့တာျဖစ္ၿပီး ၂၀၀၆ မွာ ဖရန႔္ ရစ္ကတ္က ေရာ္နယ္လ္ဒင္ညိဳရဲ့ ဖန္တီးနိုင္စြမ္းကို ဦးတည္ၿပီး ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲေအာင္ စြမ္းေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္ ဂြါဒီယိုလာလက္ထက္မွာေတာ့ ၎ရဲ့ တီကီတာကာ ေဘာလုံးကစားဟန္နဲ႔ ဇာဗီ၊ အင္နီေယစတာ၊ မက္ဆီတို႔လို ကစားသမားေတြရဲ့အားကိုယူၿပီး ေအာင္ျမင္မႈေတြ ရယူခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာရဲ့ ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္း ခ်န္ပီယံလိဂ္ စြမ္းေဆာင္ရည္- ၂၀၀၄/၂၀၀၅(၁၆ သင္း)၊ ၂၀၀၅/၂၀၀၆(ခ်န္ပီယံ)၊ ၂၀၀၆/၂၀၀၇(၁၆ သင္း)၊ ၂၀၀၇/၂၀၀၈(ဆီမီး)၊ ၂၀၀၈/၂၀၀၉(ခ်န္ပီယံ)၊ ၂၀၀၉/၂၀၁၀(ဆီမီး)၊ ၂၀၁၀/၂၀၁၁(ခ်န္ပီယံ)၊ ၂၀၁၁/၂၀၁၂(ဆီမီး)၊ ၂၀၁၂/၂၀၁၃(ဆီမီး)၊ ၂၀၁၃/၂၀၁၄(ကြာတား)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.