International

စိတ်ခံစားအလွယ်ဆုံး ဘောလုံးသမား ၁၀ ဦးထဲမှာ အငိုအသန်ဆုံးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ နေမာ

နေမာဟာ ဘောလုံးလောကမှာ အငိုအသန်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး အသက် ၃၀ အရွယ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နှစ်တွေကတည်းက နည်းနည်းထိတာနဲ့ ကွင်းထဲမှာ လူးလှိမ့်နေခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ BonusFinder က အမျိုးသား ဘောလုံးလောကထဲက စိတ်ခံစားအလွယ်ဆုံး ကစားသမားတွေက ဘယ်သူတွေဖြစ်မလဲဆိုတာ စစ်တမ်းကောက်ယူခဲ့ပြီး နေမာက အားလုံးထဲမှာ အငိုအသန်ဆုံး ကစားသမားဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်ရဲ့ ပြောကြားချက်အရ အရေးကြီးတဲ့ပွဲစဉ်အများအပြားမှာ ကြယ်ပွင့်ကစားသမားတွေ ငိုကြွေးခဲ့တဲ့ အကြိမ်အရေအတွက်ကို ရေတွက်ပြီး စစ်တမ်း ကောက်ယူခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်တွေထဲမှာ ကစားသမားဘဝကနေ အနားမယူခင် နောက်ဆုံးပွဲ၊ ဥရောပနဲ့ နိုင်ငံတကာပြိုင်ပွဲတွေက ရှုံးထွက်အဆင့်နဲ့ ဗိုလ်လုပွဲစဉ်တွေ ပါဝင်ခဲ့ပြီး အဲဒီထဲကမှ စိတ်ခံစားအလွယ်ဆုံးကနေ စိတ်ခံစားမှု အနည်းဆုံးကစားသမားတွေကို အဆင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒုတိယနေရာမှာ ရပ်တည်နေတာကတော့ ယူရို ၂၀၂၀ ၁၆ သင်းရှုံးထွက်အဆင့်မှာ ဘယ်လ်ဂျီယမ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် မထိန်းချုပ်နိုင်အောင် ငိုကြွေးခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဖြစ်ပါတယ်။

အဲဒီပွဲစဉ်မတိုင်ခင် လွန်ခဲ့တဲ့ ၄ နှစ်တုန်းကလည်း ယူရို ၂၀၁၆ ဗိုလ်လုပွဲမှာ ပြင်သစ်နဲ့ ကစားခဲ့တဲ့အချိန်တုန်းက အချိန်ပိုမှာ ပေါ်တူဂီအသင်း အနိုင်ရဗိုလ်စွဲခဲ့ပြီးနောက် ဝမ်းသာမျက်ရည်ကျခဲ့သလို ယူရို ၂၀၀၄ ပြိုင်ပွဲကနေ ထွက်ခဲ့ရတုန်းကလည်း ဝမ်းပန်းတနည်းနဲ့ ငိုကြွေးခဲ့တာ ဖြစ်ပါတယ်။

ဒီစာရင်းထဲမှာ နောက်ထပ် တတိယနေရာမှာ ရပ်တည်နေသူက လူးဝစ္စ ဆွာရက်ဇ်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အက်သလက်တီကို မက်ဒရစ်အသင်း လာလီဂါဖလားရရှိခဲ့ပြီးနောက် ကွင်းထဲမှာ ဖုန်းထိုင်ပြောရင်း ငိုကြွေးနေတဲ့ ပုံဟာ ပြီးခဲ့တဲ့နှစ်ပေါင်းများစွာအတွင်း အထင်ကရအဖြစ်ဆုံး အခိုက်အတန့်တွေထဲက တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။

စိတ်ခံစားအလွယ်ဆုံး ကစားသမားစာရင်းထဲမှာ အင်္ဂလန်ဂန္တဝင် ပေါလ် ဂက်စ်ကွိုင်နီလည်း ပါဝင်ခဲ့ပြီး ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒိုင်လူကြီးက ၎င်းကို ဗိုလ်လုပွဲ လွဲချော်စေမယ့် အဝါကတ်ပြားကို ပြသခဲ့ပြီးနောက် စိတ်ပျက်ဝမ်းနည်းစွာနဲ့ ငိုကြွေးခဲ့တာဖြစ်ပါတယ်။

ဆာဂျီယို အဂွေရိုကလည်း မန်စီးတီးအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ပွဲစဉ်အတွင်းမှာ ငိုကြွေးခဲ့ပြီးနောက် စိတ်ခံစားမှုအလွယ်ဆုံး ကစားသမားစာရင်းထဲမှာ ပါဝင်ခဲ့ပြီး ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ နောက်ဆုံး ၁၀ မိနစ်ကို ဝင်ရောက် ကစားပေးခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ထင်ရှားတဲ့အခိုက်အတန့်တွေကတော့ လီယွန်နယ် မက်ဆီရဲ့ ၂၀၂၁ ကိုပါအမေရိကဖလား ရရှိခဲ့ပြီးနောက် ပျော်ရွှင်မှုကြောင့် မျက်ရည်ကျခဲ့မှု၊ ၂၀၀၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပင်နယ်တီအဆုံးအဖြတ်မှာ ခြေချော်ပြီး ပင်နယ်တီလွဲခဲ့လို့ မြက်ခင်းပေါ်က မထဘဲ ငိုကြွေးခဲ့တဲ့ ဂျွန် တယ်ရီနဲ့ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒဏ်ရာကြောင့် ကွင်းအတွင်းကနေ ထွက်ခွာခဲ့ရလို့ စိတ်ပျက်ဝမ်းနည်းစွာ ငိုကြွေးခဲ့တဲ့ ဆာလားတို့ရဲ့ ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။

ဒေးဗစ် ဘက်ခမ်းဟာ ၂၀၁၃ ခုနှစ်တုန်းက ဘောလုံးသမားဘဝ နောက်ဆုံးပွဲစဉ်အတွင်း မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့ပြီး မာရီယို ဘာလိုတယ်လီကလည်း ယူရို ၂၀၁၂ မှာ စပိန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် မျက်ရည်ကျခဲ့တာဖြစ်ပါတယ်။

စိတ်ခံစားအလွယ်ဆုံး ဘောလုံးသမား ၁၀ ဦး

၁။ နေမာ

၂။ ခရစ္စတီယာနို ရော်နယ်လ်ဒို

၃။ လူးဝစ္စ ဆွာရက်ဇ်

၄။ ပေါလ် ဂက်စ်ကွိုင်နီ

၅။ ဆာဂျီယို အဂွေရို

၆။ လီယွန်နယ် မက်ဆီ

၇။ ဂျွန် တယ်ရီ

၈။ မို ဆာလား

၉။ ဒေးဗစ် ဘက်ခမ်း

၁၀။ မာရီယို ဘာလိုတယ်လီ

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေနမာဟာ ေဘာလုံးေလာကမွာ အငိုအသန္ဆုံး ကစားသမားအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရၿပီး အသက္ ၃၀ အရြယ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ ႏွစ္ေတြကတည္းက နည္းနည္းထိတာနဲ႔ ကြင္းထဲမွာ လူးလွိမ့္ေနခဲ့တဲ့အတြက္ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ BonusFinder က အမ်ိဳးသား ေဘာလုံးေလာကထဲက စိတ္ခံစားအလြယ္ဆုံး ကစားသမားေတြက ဘယ္သူေတြျဖစ္မလဲဆိုတာ စစ္တမ္းေကာက္ယူခဲ့ၿပီး ေနမာက အားလုံးထဲမွာ အငိုအသန္ဆုံး ကစားသမားျဖစ္တယ္ဆိုတာကို ေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။ အဲဒီ ဝက္ဘ္ဆိုက္ရဲ့ ေျပာၾကားခ်က္အရ အေရးႀကီးတဲ့ပြဲစဥ္အမ်ားအျပားမွာ ၾကယ္ပြင့္ကစားသမားေတြ ငိုေႂကြးခဲ့တဲ့ အႀကိမ္အေရအတြက္ကို ေရတြက္ၿပီး စစ္တမ္း ေကာက္ယူခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲစဥ္ေတြထဲမွာ ကစားသမားဘဝကေန အနားမယူခင္ ေနာက္ဆုံးပြဲ၊ ဥေရာပနဲ႔ နိုင္ငံတကာၿပိဳင္ပြဲေတြက ရႈံးထြက္အဆင့္နဲ႔ ဗိုလ္လုပြဲစဥ္ေတြ ပါဝင္ခဲ့ၿပီး အဲဒီထဲကမွ စိတ္ခံစားအလြယ္ဆုံးကေန စိတ္ခံစားမႈ အနည္းဆုံးကစားသမားေတြကို အဆင့္သတ္မွတ္ခဲ့တာျဖစ္ပါတယ္။ ဒုတိယေနရာမွာ ရပ္တည္ေနတာကေတာ့ ယူရို ၂၀၂၀ ၁၆ သင္းရႈံးထြက္အဆင့္မွာ ဘယ္လ္ဂ်ီယမ္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ မထိန္းခ်ဳပ္နိုင္ေအာင္ ငိုေႂကြးခဲ့တဲ့ ခရစၥတီယာနို ေရာ္နယ္လ္ဒိုျဖစ္ပါတယ္။

အဲဒီပြဲစဥ္မတိုင္ခင္ လြန္ခဲ့တဲ့ ၄ ႏွစ္တုန္းကလည္း ယူရို ၂၀၁၆ ဗိုလ္လုပြဲမွာ ျပင္သစ္နဲ႔ ကစားခဲ့တဲ့အခ်ိန္တုန္းက အခ်ိန္ပိုမွာ ေပၚတူဂီအသင္း အနိုင္ရဗိုလ္စြဲခဲ့ၿပီးေနာက္ ဝမ္းသာမ်က္ရည္က်ခဲ့သလို ယူရို ၂၀၀၄ ၿပိဳင္ပြဲကေန ထြက္ခဲ့ရတုန္းကလည္း ဝမ္းပန္းတနည္းနဲ႔ ငိုေႂကြးခဲ့တာ ျဖစ္ပါတယ္။

ဒီစာရင္းထဲမွာ ေနာက္ထပ္ တတိယေနရာမွာ ရပ္တည္ေနသူက လူးဝစၥ ဆြာရက္ဇ္ျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းက အက္သလက္တီကို မက္ဒရစ္အသင္း လာလီဂါဖလားရရွိခဲ့ၿပီးေနာက္ ကြင္းထဲမွာ ဖုန္းထိုင္ေျပာရင္း ငိုေႂကြးေနတဲ့ ပုံဟာ ၿပီးခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာအတြင္း အထင္ကရအျဖစ္ဆုံး အခိုက္အတန႔္ေတြထဲက တစ္ခုျဖစ္ခဲ့တာျဖစ္ပါတယ္။

စိတ္ခံစားအလြယ္ဆုံး ကစားသမားစာရင္းထဲမွာ အဂၤလန္ဂႏၲဝင္ ေပါလ္ ဂက္စ္ကြိဳင္နီလည္း ပါဝင္ခဲ့ၿပီး ၁၉၉၀ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ဒိုင္လူႀကီးက ၎ကို ဗိုလ္လုပြဲ လြဲေခ်ာ္ေစမယ့္ အဝါကတ္ျပားကို ျပသခဲ့ၿပီးေနာက္ စိတ္ပ်က္ဝမ္းနည္းစြာနဲ႔ ငိုေႂကြးခဲ့တာျဖစ္ပါတယ္။

ဆာဂ်ီယို အေဂြရိုကလည္း မန္စီးတီးအတြက္ ေနာက္ဆုံးကစားေပးခဲ့တဲ့ပြဲစဥ္အတြင္းမွာ ငိုေႂကြးခဲ့ၿပီးေနာက္ စိတ္ခံစားမႈအလြယ္ဆုံး ကစားသမားစာရင္းထဲမွာ ပါဝင္ခဲ့ၿပီး ခ်ဲလ္ဆီးနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ေနာက္ဆုံး ၁၀ မိနစ္ကို ဝင္ေရာက္ ကစားေပးခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ထင္ရွားတဲ့အခိုက္အတန႔္ေတြကေတာ့ လီယြန္နယ္ မက္ဆီရဲ့ ၂၀၂၁ ကိုပါအေမရိကဖလား ရရွိခဲ့ၿပီးေနာက္ ေပ်ာ္ရႊင္မႈေၾကာင့္ မ်က္ရည္က်ခဲ့မႈ၊ ၂၀၀၈ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ပင္နယ္တီအဆုံးအျဖတ္မွာ ေျခေခ်ာ္ၿပီး ပင္နယ္တီလြဲခဲ့လို႔ ျမက္ခင္းေပၚက မထဘဲ ငိုေႂကြးခဲ့တဲ့ ဂၽြန္ တယ္ရီနဲ႔ ၂၀၁၈ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဒဏ္ရာေၾကာင့္ ကြင္းအတြင္းကေန ထြက္ခြာခဲ့ရလို႔ စိတ္ပ်က္ဝမ္းနည္းစြာ ငိုေႂကြးခဲ့တဲ့ ဆာလားတို႔ရဲ့ ျဖစ္ရပ္ေတြပဲ ျဖစ္ပါတယ္။

ေဒးဗစ္ ဘက္ခမ္းဟာ ၂၀၁၃ ခုႏွစ္တုန္းက ေဘာလုံးသမားဘဝ ေနာက္ဆုံးပြဲစဥ္အတြင္း မ်က္ရည္ေတြနဲ႔ ႏႈတ္ဆက္ခဲ့ၿပီး မာရီယို ဘာလိုတယ္လီကလည္း ယူရို ၂၀၁၂ မွာ စပိန္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ မ်က္ရည္က်ခဲ့တာျဖစ္ပါတယ္။

စိတ္ခံစားအလြယ္ဆုံး ေဘာလုံးသမား ၁၀ ဦး

၁။ ေနမာ

၂။ ခရစၥတီယာနို ေရာ္နယ္လ္ဒို

၃။ လူးဝစၥ ဆြာရက္ဇ္

၄။ ေပါလ္ ဂက္စ္ကြိဳင္နီ

၅။ ဆာဂ်ီယို အေဂြရို

၆။ လီယြန္နယ္ မက္ဆီ

၇။ ဂၽြန္ တယ္ရီ

၈။ မို ဆာလား

၉။ ေဒးဗစ္ ဘက္ခမ္း

၁၀။ မာရီယို ဘာလိုတယ္လီ

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.