International

ကမ္ဘာ့ဖလားအကြို သြစတြေးလျမှာ တစ်ပွဲတစ်လမ်း အကဲစမ်းကြမယ့် အာဂျင်တီးနားနဲ့ ဘရာဇီးလ်

နိုင်ငံတကာဘောလုံးလောကရဲ့ ထိပ်တန်းအသင်းကြီး ၂ သင်းဖြစ်တဲ့ အာဂျင်တီးနားနဲ့ ဘရာဇီးလ်အသင်းတို့ဟာ ၂၀၁၇ ခုနှစ်တုန်းက ခြေစမ်းပွဲစဉ်အဖြစ် တွေ့ဆုံခဲ့တဲ့ MCG(Melbourne Cricket Ground)မှာ တကျော့ပြန် ပြန်လည်တွေ့ဆုံယှဉ်ပြိုင်သွားကြတော့မှာဖြစ်ပါတယ်။

အာဂျင်တီးနားနဲ့ ဘရာဇီးလ်အသင်းတို့ တွေ့ဆုံယှဉ်ပြိုင်မယ့်ပွဲစဉ်ကို ဇွန်လ ၁၁ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ၂ သင်းစလုံးအတွက် အရေးကြီးတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပါတယ်။ ဝိတိုရိယအစိုးရအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ပွဲစဉ်တုန်းက ပရိသတ်ပေါင်း ၉၅၀၀၀ တက်ရောက်ခဲ့တာကြောင့် ဒီတစ်ကြိမ်မှာလည်း နောက်ထပ်တစ်ကြိမ်း ကွင်းပြည့်ကွင်းလျှံဖြစ်မယ်လို့ မျှော်မှန်းထားတာဖြစ်ပါတယ်။

“ကမ္ဘာမှာ အအောင်မြင်ဆုံးဘောလုံးအသင်းတွေထဲက ၂ သင်းဟာ ၎င်းတို့ရဲ့ ကာလရှည်ကြာ ပြိုင်ဆိုင်မှုကို ရှေ့ဆက်ဖို့ MCG ကို ပြန်လာတာက ကမ္ဘာ့အကြီးမားဆုံးအားကစားမြို့ကြီးတွေနဲ့ သြစတြေးလျရဲ့ပွဲကျင်းပရာ မြို့ကြီးတွေထဲကတစ်ခုအဖြစ် ကျွန်တော်တို့ရဲ့ ရပ်တည်မှုကို အားဖြည့်ပေးတာဖြစ်ပါတယ်။ ဘောလုံးဟာ ကမ္ဘာ့အားကစားပြိုင်ပွဲအဖြစ် လူသိများပြီး ဒီလို အရည်အသွေးတွေရှိတဲ့ ပွဲစဉ်က မဲလ်ဘုမ်းက လူသန်းပေါင်းများစွာရဲ့ အာရုံစိုက်ခြင်းခံရမှာဖြစ်ပြီး ဝိတိုရိယကို လည်ပတ်သူထောင်ပေါင်းများစွာ ရောက်ရှိလာစေဖို့ ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်”လို့ နိုင်ငံခြားခရီးသွားလာရေး၊ အားကစားနဲ့ ပွဲတော်ကြီးကျင်းပရေးဌာန ဝန်ကြီး မာတင် ပါကူလာက ပြောကြားခဲ့ပါတယ်။

မကြာသေးမီ စက်တင်ဘာလတုန်းက ဆော်ပေါ်လိုမှာ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ အာဂျင်တီးနားအသင်းက ကစားသမား ၄ ဦး ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်ရမှုကြောင့် ပွဲစတင်ပြီး မိနစ်ပိုင်းအတွင်းမှာ အိမ်ကွင်းကျန်းမာရေးအာဏာပိုင်တွေက ရပ်တန့်စေခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဝင်ခွင့်ရရှိခဲ့ပြီးဖြစ်တဲ့အတွက် ၂ သင်းစလုံးဟာ အရေးကြီးတဲ့ပွဲစဉ်အတွက် ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ နေမာတို့ကို ခေါ်ဆောင်လာမယ်လို့ မျှော်မှန်းရပါတယ်။

အာဂျင်တီးနားနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်ဟာ သြစတြေးလျလိဂ်ရာသီအလယ်မှာ ကျင်းပဖို့ စီစဉ်ထားပြီး MCG မှာ ကျင်းပဖို့ စီစဉ်ထားတာကြောင့် ကောလင်းဝုဒ်-မဲလ်ဘုမ်း၊ အက်ဆန်ဒွန်-ကာလ်တန်၊ ရစ်ချ်မွန်း-ပို့တ် အက်ဒီလိတ်တို့ဟာ ပွဲချိန်ပြန်လည်ပြောင်းလဲတာ သို့မဟုတ် ကွင်းနေရာ ပြောင်းလဲကစားတာမျိုးကို ပြုလုပ်ရမှာဖြစ်သလို ကြာသပတေးည၊ သောကြာညနဲ့ တနင်္ဂနွေညနေတို့ကို ပြောင်းလဲ ကစားရဖွယ်ရှိနေတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက အာဂျင်တီးနားအသင်းက ဘရာဇီးလ်အသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မာကာဒိုက အာဂျင်တီးနားအသင်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ် ဘရာဇီးလ်အသင်းလူစာရင်းမှာတော့ နေမာ ပါဝင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နိုင္ငံတကာေဘာလုံးေလာကရဲ့ ထိပ္တန္းအသင္းႀကီး ၂ သင္းျဖစ္တဲ့ အာဂ်င္တီးနားနဲ႔ ဘရာဇီးလ္အသင္းတို႔ဟာ ၂၀၁၇ ခုႏွစ္တုန္းက ေျခစမ္းပြဲစဥ္အျဖစ္ ေတြ႕ဆုံခဲ့တဲ့ MCG(Melbourne Cricket Ground)မွာ တေက်ာ့ျပန္ ျပန္လည္ေတြ႕ဆုံယွဥ္ၿပိဳင္သြားၾကေတာ့မွာျဖစ္ပါတယ္။

အာဂ်င္တီးနားနဲ႔ ဘရာဇီးလ္အသင္းတို႔ ေတြ႕ဆုံယွဥ္ၿပိဳင္မယ့္ပြဲစဥ္ကို ဇြန္လ ၁၁ ရက္ေန႔မွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး ကာတာမွာ က်င္းပမယ့္ ၂၀၂၂ ကမၻာ့ဖလားၿပိဳင္ပြဲမတိုင္ခင္ ၂ သင္းစလုံးအတြက္ အေရးႀကီးတဲ့ပြဲစဥ္ျဖစ္လာမွာျဖစ္ပါတယ္။ ဝိတိုရိယအစိုးရအဖြဲ႕က ဗုဒၶဟူးေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ပြဲစဥ္တုန္းက ပရိသတ္ေပါင္း ၉၅၀၀၀ တက္ေရာက္ခဲ့တာေၾကာင့္ ဒီတစ္ႀကိမ္မွာလည္း ေနာက္ထပ္တစ္ႀကိမ္း ကြင္းျပည့္ကြင္းလၽွံျဖစ္မယ္လို႔ ေမၽွာ္မွန္းထားတာျဖစ္ပါတယ္။

“ကမၻာမွာ အေအာင္ျမင္ဆုံးေဘာလုံးအသင္းေတြထဲက ၂ သင္းဟာ ၎တို႔ရဲ့ ကာလရွည္ၾကာ ၿပိဳင္ဆိုင္မႈကို ေရွ႕ဆက္ဖို႔ MCG ကို ျပန္လာတာက ကမၻာ့အႀကီးမားဆုံးအားကစားၿမိဳ႕ႀကီးေတြနဲ႔ ၾသစေၾတးလ်ရဲ့ပြဲက်င္းပရာ ၿမိဳ႕ႀကီးေတြထဲကတစ္ခုအျဖစ္ ကၽြန္ေတာ္တို႔ရဲ့ ရပ္တည္မႈကို အားျဖည့္ေပးတာျဖစ္ပါတယ္။ ေဘာလုံးဟာ ကမၻာ့အားကစားၿပိဳင္ပြဲအျဖစ္ လူသိမ်ားၿပီး ဒီလို အရည္အေသြးေတြရွိတဲ့ ပြဲစဥ္က မဲလ္ဘုမ္းက လူသန္းေပါင္းမ်ားစြာရဲ့ အာ႐ုံစိုက္ျခင္းခံရမွာျဖစ္ၿပီး ဝိတိုရိယကို လည္ပတ္သူေထာင္ေပါင္းမ်ားစြာ ေရာက္ရွိလာေစဖို႔ ဆြဲေဆာင္နိုင္မွာျဖစ္ပါတယ္”လို႔ နိုင္ငံျခားခရီးသြားလာေရး၊ အားကစားနဲ႔ ပြဲေတာ္ႀကီးက်င္းပေရးဌာန ဝန္ႀကီး မာတင္ ပါကူလာက ေျပာၾကားခဲ့ပါတယ္။

မၾကာေသးမီ စက္တင္ဘာလတုန္းက ေဆာ္ေပၚလိုမွာ ကမၻာ့ဖလားဝင္ခြင့္အတြက္ ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲမွာ အာဂ်င္တီးနားအသင္းက ကစားသမား ၄ ဦး ကိုဗစ္-၁၉ ေရာဂါနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပင္ရမႈေၾကာင့္ ပြဲစတင္ၿပီး မိနစ္ပိုင္းအတြင္းမွာ အိမ္ကြင္းက်န္းမာေရးအာဏာပိုင္ေတြက ရပ္တန႔္ေစခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ကာတာမွာ က်င္းပမယ့္ ကမၻာ့ဖလားၿပိဳင္ပြဲအတြက္ ဝင္ခြင့္ရရွိခဲ့ၿပီးျဖစ္တဲ့အတြက္ ၂ သင္းစလုံးဟာ အေရးႀကီးတဲ့ပြဲစဥ္အတြက္ ၎တို႔ရဲ့ ၾကယ္ပြင့္ကစားသမားေတြျဖစ္တဲ့ လီယြန္နယ္ မက္ဆီနဲ႔ ေနမာတို႔ကို ေခၚေဆာင္လာမယ္လို႔ ေမၽွာ္မွန္းရပါတယ္။

အာဂ်င္တီးနားနဲ႔ ဘရာဇီးလ္အသင္းတို႔ရဲ့ ေျခစမ္းပြဲစဥ္ဟာ ၾသစေၾတးလ်လိဂ္ရာသီအလယ္မွာ က်င္းပဖို႔ စီစဥ္ထားၿပီး MCG မွာ က်င္းပဖို႔ စီစဥ္ထားတာေၾကာင့္ ေကာလင္းဝုဒ္-မဲလ္ဘုမ္း၊ အက္ဆန္ဒြန္-ကာလ္တန္၊ ရစ္ခ်္မြန္း-ပို႔တ္ အက္ဒီလိတ္တို႔ဟာ ပြဲခ်ိန္ျပန္လည္ေျပာင္းလဲတာ သို႔မဟုတ္ ကြင္းေနရာ ေျပာင္းလဲကစားတာမ်ိဳးကို ျပဳလုပ္ရမွာျဖစ္သလို ၾကာသပေတးည၊ ေသာၾကာညနဲ႔ တနဂၤေႏြညေနတို႔ကို ေျပာင္းလဲ ကစားရဖြယ္ရွိေနတာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက အာဂ်င္တီးနားအသင္းက ဘရာဇီးလ္အသင္းကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ မာကာဒိုက အာဂ်င္တီးနားအသင္းရဲ့ တစ္လုံးတည္းေသာ အနိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး အဲဒီပြဲစဥ္ ဘရာဇီးလ္အသင္းလူစာရင္းမွာေတာ့ ေနမာ ပါဝင္ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.