Premier League

ဇယားမှာ ဂျိုးကပ်နေတဲ့ အသင်းကို ဟက်ထရစ်သွင်းပြီးနောက် ပရိသတ်တွေကို သတင်းစကားပါးခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ နောက်ဆုံး ပုဂ္ဂိုလ်ရေး မှတ်တိုင်တစ်ခုဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ပွဲအတွက် အရေးကြီးတဲ့ အနိုင် ၃ မှတ် ရယူပေးနိုင်ခဲ့တာကြောင့်သာ အရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်အသင်းက နောဝစ်ချ်စီးတီးကို ၃-၂ နဲ့ စနေနေ့ညနေက အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ကစားသမားဘဝတလျှောက် ဟက်ထရစ် အကြိမ် ၆၀ မြောက် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီပွဲစဉ်က ရလဒ်ဟာ အဲဗာတန်ကို ၁-၀၊ လက်စတာစီးတီးနဲ့ ၁-၁ ရလဒ်ထွက်ပေါ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အတွက်တော့ အရေးကြီးတဲ့ရလဒ်တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒီထက်ပိုတာက ပရီးမီးယားလိဂ်ထိပ်ဆုံး ၄ နေရာအတွက် နောက်ထပ် ကြီးမားတဲ့ပြိုင်ဘက် ၂ သင်းဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ အာဆင်နယ်အသင်းတို့ဟာ စနေနေ့ညနေမှာ ရှုံးပွဲအသီးသီး ရင်ဆိုင်ခဲ့ရတာကြောင့် အဆင့် ၄ နေရာက စပါးစ်နဲ့ ယူနိုက်တက်တို့ဟာ ၃ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုက နောဝစ်ချ်စီးတီးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး အင်စတာဂရမ် လူမှုကွန်ရက်ကနေတဆင့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆုံးအထိ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ၎င်းရဲ့ နောက်ဆုံး ပုဂ္ဂိုလ်ရေး မှတ်တိုင်သစ် စိုက်ထူနိုင်မှုကို အရေးမကြီးဟန်နဲ့ ငြင်းပယ်သွားခဲ့တာဖြစ်ပါတယ်။

“ဒီနိုင်ပွဲနဲ့ ပရီးမီးယားလိဂ်မှာ လမ်းကြောင်းမှန်ပေါ် ပြန်လာနိုင်ခဲ့တဲ့အတွက်ကြောင့် အရမ်းကို ပျော်ရွှင်မိပါတယ်။ ကျွန်တော် အရင်တုန်းက ပြောခဲ့ဖူးတဲ့အတိုင်းပဲ တစ်ဦးချင်း အောင်မြင်မှုတွေက အသင်းအဖွဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို ရောက်ရှိအောင် ကူညီပေးနိုင်တဲ့အခါမှသာ ထိုက်တန်တယ်ဆိုတာပါ။ ကျွန်တော့်ရဲ့ကစားသမားဘဝမှာ အကြိမ် ၆၀ မြောက် ဟက်ထရစ်ရခဲ့တာက အနိုင် ၃ မှတ်ကို ရယူပေးနိုင်ခဲ့တာကြောင့်သာ ပိုပြီးတော့ အရေးပါခဲ့တာပါ။ ကောင်းကောင်းကစားနိုင်ခဲ့ကြတယ် ငါ့ကောင်တို့။ အားလုံးဆီကနေ ကြီးမားတဲ့ အားထုတ်မှုကို တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ လက်မြှောက်အရှုံးမပေးဘူး။ ကျွန်တော်တို့ အဆုံးအထိ တိုက်ပွဲဝင်သွားမယ်”လို့ ရေးသားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အမှတ်ပေးဇယားအောက်ခြေက နောဝစ်ချ်နဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ဟက်ထရစ်ေ်ကြာင့် ယခုရာသီ ၃၄ ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး ၎င်းရဲ့ နောက်ဆုံး ၁၇ ရာသီမှာ တစ်ရာသီကို အနည်းဆုံး ဂိုး ၂၀ သွင်းယူနိုင်ခဲ့တဲ့ စံချိန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒဟေးယားက နောဝစ်ချ်နဲ့ပွဲအပြီးမှာ ဘလွန်ဒေါ ၅ ဆုရှင်ကို ချီးကျူးပြောကြားခဲ့ပေမယ့် ယူနိုက်တက်အနေနဲ့ လက်ခံနိုင်လောက်စရာအဆင့်အတန်းမှာ မကစားနိုင်ခဲ့ဘူးလို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

“ရော်နယ်လ်ဒိုက ကျွန်တော်တို့အတွက် အရမ်းကို အရေးကြီးတဲ့ ၃ ဂိုး သွင်းယူပေးခဲ့တယ်။ ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ၃ မှတ်ရခဲ့တယ်။ ကျွန်တော်တို့ အိမ်ကွင်းမှာ နောဝစ်ချ်နဲ့ကစားခဲ့တဲ့ပွဲစဉ်ကို ဒီထက်ပိုပြီး ထိန်းချုပ်နိုင်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့အတွက် ကြီးမားတဲ့နိုင်ပွဲပါ။ ကျွန်တော်တို့ ထိပ်ဆုံးလေးနေရာအတွင်း ပြီးဆုံးနိုင်တဲ့အခွင့်အရေးရှိနေဆဲဖြစ်ပြီး အဲဒီအတွက် တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်တို့ နောက်ဆုံးစက္ကန့်အထိ ထိပ်ဆုံး ၄ နေရာအတွက် တိုက်ပွဲဝင်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ၎ရဲ့ ေနာက္ဆုံး ပုဂၢိဳလ္ေရး မွတ္တိုင္တစ္ခုဟာ မန္ခ်က္စတာယူနိုက္တက္ရဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ၿပိဳင္ပြဲအတြက္ အေရးႀကီးတဲ့ အနိုင္ ၃ မွတ္ ရယူေပးနိုင္ခဲ့တာေၾကာင့္သာ အေရးပါတဲ့မွတ္တိုင္တစ္ခုျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၇ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ မန္ခ်က္စတာယူနိုက္တက္အသင္းက ေနာဝစ္ခ်္စီးတီးကို ၃-၂ နဲ႔ စေနေန႔ညေနက အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း ကစားသမားဘဝတေလၽွာက္ ဟက္ထရစ္ အႀကိမ္ ၆၀ ေျမာက္ သြင္းယူနိုင္ခဲ့တာျဖစ္ၿပီး ဒီပြဲစဥ္က ရလဒ္ဟာ အဲဗာတန္ကို ၁-၀၊ လက္စတာစီးတီးနဲ႔ ၁-၁ ရလဒ္ထြက္ေပၚခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္အတြက္ေတာ့ အေရးႀကီးတဲ့ရလဒ္တစ္ခုျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒီထက္ပိုတာက ပရီးမီးယားလိဂ္ထိပ္ဆုံး ၄ ေနရာအတြက္ ေနာက္ထပ္ ႀကီးမားတဲ့ၿပိဳင္ဘက္ ၂ သင္းျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ အာဆင္နယ္အသင္းတို႔ဟာ စေနေန႔ညေနမွာ ရႈံးပြဲအသီးသီး ရင္ဆိုင္ခဲ့ရတာေၾကာင့္ အဆင့္ ၄ ေနရာက စပါးစ္နဲ႔ ယူနိုက္တက္တို႔ဟာ ၃ မွတ္သာ ကြာဟေတာ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုက ေနာဝစ္ခ်္စီးတီးကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီး အင္စတာဂရမ္ လူမႈကြန္ရက္ကေနတဆင့္ ယူနိုက္တက္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အဆုံးအထိ တိုက္ပြဲဝင္သြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ၎ရဲ့ ေနာက္ဆုံး ပုဂၢိဳလ္ေရး မွတ္တိုင္သစ္ စိုက္ထူနိုင္မႈကို အေရးမႀကီးဟန္နဲ႔ ျငင္းပယ္သြားခဲ့တာျဖစ္ပါတယ္။

“ဒီနိုင္ပြဲနဲ႔ ပရီးမီးယားလိဂ္မွာ လမ္းေၾကာင္းမွန္ေပၚ ျပန္လာနိုင္ခဲ့တဲ့အတြက္ေၾကာင့္ အရမ္းကို ေပ်ာ္ရႊင္မိပါတယ္။ ကၽြန္ေတာ္ အရင္တုန္းက ေျပာခဲ့ဖူးတဲ့အတိုင္းပဲ တစ္ဦးခ်င္း ေအာင္ျမင္မႈေတြက အသင္းအဖြဲ႕အေနနဲ႔ ကၽြန္ေတာ္တို႔ရဲ့ ပန္းတိုင္ကို ေရာက္ရွိေအာင္ ကူညီေပးနိုင္တဲ့အခါမွသာ ထိုက္တန္တယ္ဆိုတာပါ။ ကၽြန္ေတာ့္ရဲ့ကစားသမားဘဝမွာ အႀကိမ္ ၆၀ ေျမာက္ ဟက္ထရစ္ရခဲ့တာက အနိုင္ ၃ မွတ္ကို ရယူေပးနိုင္ခဲ့တာေၾကာင့္သာ ပိုၿပီးေတာ့ အေရးပါခဲ့တာပါ။ ေကာင္းေကာင္းကစားနိုင္ခဲ့ၾကတယ္ ငါ့ေကာင္တို႔။ အားလုံးဆီကေန ႀကီးမားတဲ့ အားထုတ္မႈကို ေတြ႕ခဲ့ရတယ္။ ကၽြန္ေတာ္တို႔ လက္ေျမႇာက္အရႈံးမေပးဘူး။ ကၽြန္ေတာ္တို႔ အဆုံးအထိ တိုက္ပြဲဝင္သြားမယ္”လို႔ ေရးသားခဲ့ပါတယ္။

ခရစၥတီယာနို ေရာ္နယ္လ္ဒိုရဲ့ အမွတ္ေပးဇယားေအာက္ေျခက ေနာဝစ္ခ်္နဲ႔ ပြဲမွာ သြင္းယူခဲ့တဲ့ ဟက္ထရစ္ေ္ၾကာင့္ ယခုရာသီ ၃၄ ပြဲမွာ ၂၁ ဂိုးအထိ သြင္းယူနိုင္ခဲ့ၿပီျဖစ္ၿပီး ၎ရဲ့ ေနာက္ဆုံး ၁၇ ရာသီမွာ တစ္ရာသီကို အနည္းဆုံး ဂိုး ၂၀ သြင္းယူနိုင္ခဲ့တဲ့ စံခ်ိန္ကို ဆက္လက္ ထိန္းသိမ္းထားနိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ ဂိုးသမား ေဒးဗစ္ ဒေဟးယားက ေနာဝစ္ခ်္နဲ႔ပြဲအၿပီးမွာ ဘလြန္ေဒါ ၅ ဆုရွင္ကို ခ်ီးက်ဴးေျပာၾကားခဲ့ေပမယ့္ ယူနိုက္တက္အေနနဲ႔ လက္ခံနိုင္ေလာက္စရာအဆင့္အတန္းမွာ မကစားနိုင္ခဲ့ဘူးလို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

“ေရာ္နယ္လ္ဒိုက ကၽြန္ေတာ္တို႔အတြက္ အရမ္းကို အေရးႀကီးတဲ့ ၃ ဂိုး သြင္းယူေပးခဲ့တယ္။ ကၽြန္ေတာ္တို႔ ေကာင္းေကာင္း မကစားနိုင္ခဲ့ဘူးဆိုတာ သိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ၃ မွတ္ရခဲ့တယ္။ ကၽြန္ေတာ္တို႔ အိမ္ကြင္းမွာ ေနာဝစ္ခ်္နဲ႔ကစားခဲ့တဲ့ပြဲစဥ္ကို ဒီထက္ပိုၿပီး ထိန္းခ်ဳပ္နိုင္ခဲ့သင့္ပါတယ္။ ကၽြန္ေတာ္တို႔အတြက္ ႀကီးမားတဲ့နိုင္ပြဲပါ။ ကၽြန္ေတာ္တို႔ ထိပ္ဆုံးေလးေနရာအတြင္း ၿပီးဆုံးနိုင္တဲ့အခြင့္အေရးရွိေနဆဲျဖစ္ၿပီး အဲဒီအတြက္ တိုက္ပြဲဝင္သြားမွာပါ။ ကၽြန္ေတာ္တို႔ ေနာက္ဆုံးစကၠန႔္အထိ ထိပ္ဆုံး ၄ ေနရာအတြက္ တိုက္ပြဲဝင္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.