Analysis Premier League

စီးတီးကို အနိုင်ယူပြီး အက်ဖ်အေဗိုလ်လုပွဲတက်ခဲ့တဲ့ပွဲစဉ်က ကလော့ပ်မှန်ခဲ့တဲ့အရာ ၅ ခု

လီဗာပူးလ်အသင်းဟာ စနေနေ့ညနေက ဝင်ဘလေမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကိုနာတီ၊ မာနေးတို့ရဲ့ ပထမပိုင်းသွင်းဂိုးတွေနဲ့ မန်စီးတီးကို ၃-၂ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ အထနှေးနေတဲ့ မန်ချက်စတာစီးတီးရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး လီဗာပူးလ်အသင်းက လက်ဦးမှု ရယူသွားခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ မန်ချက်စတာစီးတီးအသင်းက အမီလိုက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြ ကလော့ပ်ဟာ ပြီးခဲ့တဲ့အပတ်က တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်က သင်ခန်းစာတွေကို လေ့လာသင်ယူပြီး မန်ချက်စတာစီးတီးကို အလဲထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာ ယာဂန် ကလော့ပ် အနေနဲ့ မှန်ကန်တဲ့ အရာ ၅ ခုအထိ ရှိနေခဲ့ပြီး အဲဒီအရာ ၅ ခုက ဘာတွေများဖြစ်မလဲ…

၁။ ကီတာ ထွက်၊ ဟန်ဒါဆန် ဝင်

လီဗာပူးလ်အသင်းရဲ့ ပွဲထွက် ၁၁ ဦးဟာ ပရိသတ်တွေကို သိပ်အံ့အားသင့်အောင်တော့ မလုပ်နိုင်ခဲ့ပေမယ့်လည်း ကလော့ပ်က အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ကီးတားရဲ့နေရာမှာ လူစားဝင်ကစားစေခဲ့တဲ့အချိန်မှာတော့ အားလုံး အံ့အားသင့်ခဲ့ကြပါတယ်။ နာဘီ ကီးတားဟာ လီဗာပူးလ်ရဲ့ ကွင်းလယ် ၃ ဦးရဲ့ ညာတောင်ပံမှာ နေရာယူခဲ့ပြီး ဒီအကွက်ဟာ ကလော့ပ်ရဲ့ လောင်းကစားဆန်ဆန် လုပ်ခဲ့တာဖြစ်ပေမယ့်လည်း ကီးတားရဲ့ ခပ်ကြမ်းကြမ်း ဝင်ပြီး ထိုးဖောက်မှု၊ မြန်နှုန်းနဲ့ ချောမွေ့မှုတို့ဟာ လီဗာပူးလ်အတွက်တော့ ဘောလုံးရှိချိန်ရော၊ မရှိချိန်မှာပါ အလုပ်လုပ်ဆောင်ဖို့ မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ခဲ့ပါတယ်။

ကီးတားရဲ့ အင်တိုက်အားတိုက်နဲ့ တန်ပြန် ဖိအားပေးမှုက အလုပ်ဖြစ်ခဲ့ပြီး လီဗာပူးလ်ရဲ့ တန်ပြန်တိုက်စစ်တွေနဲ့ မန်စီးတီးရဲ့ ပေးပို့မှုတွေကို ဖြတ်တောက်ရာမှာ ကီးတားရဲ့ အလွန်ကောင်းမွန်တဲ့ ဘောလုံးဖြန့်ဝေနိုင်စွမ်းနဲ့ ဘောလုံးပိုင်ဆိုင်ထားချိန်မှာ တည်ငြိမ်မှုက အရေးကြီးခဲ့ပါတယ်။ ကီးတားအနေနဲ့ အမြဲတမ်း ခြေစွမ်း ပြသနိုင်ခဲ့ခြင်းမရှိပေမယ့်လည်း လီဗာပူးလ်အသင်း အက်ဖ်အေဖလား ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တဲ့ပွဲစဉ်မှာတော့ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

၂။ ထိပ်တန်းအဆင့်ခြေစွမ်း ပြသခဲ့တဲ့ ကိုနာတီ

ပြီးခဲ့တဲ့အပတ်တွေမှာ ဂိုးတွေ တောက်လျှောက်သွင်းယူနေခဲ့တဲ့ ကိုနာတီဟာ မန်စီးတီးရဲ့ အားနည်းတဲ့ ခုခံနိုင်စွမ်းကို အခွင့်ကောင်းယူပြီး အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ကိုနာတီရဲ့ ပထမပိုင်းခေါင်းတိုက်သွင်းဂိုးဟာ ၃ ပွဲမှာ ၃ ဂိုးမြောက် သွင်းယူခဲ့တဲ့ဂိုးဖြစ်ပြီး ဘင်ဖီကာနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတား ၂ ကျော့စလုံးမှာ ခေါင်းတိုက်သွင်းဂိုးတွေ သွင်းယူခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် နောက်ခံကစားသမားဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်းပြသနေချိန်မှာ ကလော့ပ်က အားထားရတဲ့ မာတစ်ပ်နဲ့ ဗန်ဒိုက်တို့ကို အဓိက ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုနာတီ ပါဝင်မှုက လီဗာပူးလ်ရဲ့ ဦးဆောင်ဂိုးကို ရရှိစေရုံတင်မကဘဲ စတားလင်းနဲ့ ဂျေဆူးလ်တို့ရဲ့ တိုက်စစ်ခြိမ်းခြောက်မှုတွေကိုပါ ပျက်ပြယ်စေခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးရဲ့ တိုက်စစ်ဟာ မာဆေးဆိုဒ် ခံစစ်နဲ့ နှိုင်းယှဉ်ရင် နှေးကွေးနေခဲ့ပြီးနောက် ကိုနာတီဟာ ရှေ့ထိပါ တက်ကစားနိုင်ခဲ့တာဖြစ်ပြီး ဒီခြေစွမ်းအတိုင်း ဆက်ကစားနိုင်မယ်ဆိုရင် လိုက်ပ်ဇစ်ကြယ်ပွင့်ဟောင်းဆီကနေ ဒီထက်အများကြီး ပိုမြင်တွေ့ရဖွယ် ရှိနေပါတယ်။

၃။ လီဗာပူးလ်ရဲ့ ဖိအားပေးမှု

မန်စီးတီးနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အမှတ်ရစရာအကောင်းဆုံးအခိုက်အတန့်တွေထဲက တစ်ခုဟာ အီဒါဆန်က ဂိုးစည်းပေါ်ကနေ ဘောလုံးကို ရှင်းထုတ်လိုက်ချိန်မှာ ဂျိုတာက မီလုနီးနီး ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ ဒုတိယသွင်းဂိုးဟာ စတက်ဖင်ရဲ့အမှားကြောင့် ပေးလိုက်ရတာလို့ အများစုက တွက်ဆကြပြီး အရမ်းကို ဆင်တူတဲ့ ဖြစ်စဉ် ၂ ခုကြားမှာ ကွာခြားချက်ကတော့ မာနေးရဲ့ ဖိအားပေးရာမှာ လျင်မြန်မှုနဲ့ ကြမ်းတမ်းမှုပဲ ဖြစ်ပါတယ်။ ဂျိုတာဟာ အစ်တီဟတ်မှာ အီဒါဆန်ကို မီလုနီးပါးဖြစ်ခဲ့ချိန်တုန်းက ပေါ်တူဂီကြယ်ပွင့်ဟာ မန်စီးတီးဂိုးသမားကို ဖိအားပေးချိန်မှာ တော်တော်လေး တွန့်ဆုတ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာနေးကတော့ စတက်ဖင်ကို ဖိအားပေးရာမှာ ကြောက်မက်ဖွယ် လျင်မြန်မှုနဲ့ ပြေးလွှားသွားခဲ့တာဖြစ်ပါတယ်။ မာနေးရဲ့ ကြမ်းတမ်းမှုက လီဗာပူးလ်ရဲ့ဖိအားပေးမှုကို ပိုလို့တောင် ဒေါသတကြီးနဲ့ ကြမ်းတမ်းစေပုံ ပေါ်ခဲ့တာဖြစ်ပြီး ကလော့ပ်က ဘင်ဖီကာနဲ့ အိမ်ကွင်းအကျော့တုန်းက အပြောင်းအလဲများစွာ လုပ်ခဲ့ရာကနေ လန်းဆန်းမှုတွေ ထပ်မံဖြည့်စွက်နိုင်ခဲ့တာ ဒါမှမဟုတ် ၎င်းရဲ့ ညွှန်ကြားချက်ကြောင့် အားအင်အပိုရခဲ့တာလားဆိုတာ ၎င်းကိုယ်တိုင်ပဲ သိမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မန်စီးတီး ကစားသမားတွေအားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ဖိအားပေးနိုင်ခဲ့တာကြောင့် အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

၄။ ပွဲစီမံခန့်ခွဲမှု

လီဗာပူးလ်အသင်းဟာ ပထမပိုင်းအပြီး အဝတ်လဲခန်းထဲကို ပျော်ပျော်ပါးပါး ပြန်သွားခဲ့ကြပေမယ့်လည်း ဒုတိယပိုင်းမှာ မန်စီးတီးက ချက်ချင်းပဲ ချေပဂိုးတွေ ပြန်သွင်းဖို့ ကြိုးပမ်းလာချိန်မှာတော့ လီဗာပူးလ်ကစားသမားတွေဟာ အရမ်းကို သက်တောင့်သက်သာနဲ့ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့တာဖြစ်ပါတယ်။ ဂျေဆူးလ်က လီဗာပူးလ်ရဲ့ အိပ်ပျော်နေတဲ့ ခံစစ်ကို အခွင့်ကောင်းယူပြီး ဂရီးလစ်ရှ်ရဲ့ ချေပဂိုးကို ဖန်တီးပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း အက်စတန် ဗီလာအသင်းခေါင်းဆောင်ဟောင်းရဲ့ ချေပဂိုးဟာ လီဗာပူးလ်အသင်းကို ပွဲဗျူဟာအတိုင်း ချက်ချင်းလုပ်ဆောင်အောင် လှုပ်နှိုးလိုက်သလို ဖြစ်သွားခဲ့ပုံ ပေါ်ပါတယ်။ မန်စီးတီးဟာ အခွင့်အရေးအချို့ ဖန်တီးနိုင်ခဲ့ရာမှာ ဂျေဆူးလ်က အယ်လစ်ဆန်နဲ့ တစ်ဦးချင်း ကန်သွင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း လီဗာပူးလ်ဂိုးသမားက အကောင်းဆုံးကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲကို အာရုံပြန်စိုက်လာတဲ့ လီဗာပူးလ်ဟာ မန်စီးတီးရဲ့ တိုက်စစ်ဆင်မှုအားလုံးကို ဖြေရှင်းလာနိုင်ခဲ့ပြီး ကလော့ပ်က ၇၃ မိနစ်မှာ ဟန်ဒါဆန်နေရာမှာ ကီးတားကိုပါ ထည့်ပြီး နောက်ထပ် ပိုမိုမာကျောစေခဲ့တာဖြစ်ပါတယ်။

၅။ မန်ချက်စတာယူနိုက်တက်နဲ့ပွဲအတွက် ကြိုတင်ပြင်ဆင်မှု

လီဗာပူးလ်ရဲ့ လျင်မြန်လှတဲ့ စတင်မှုက ပွဲကစားချိန်အများစုကို လွွှမ်းမိုးနိုင်စေခဲ့ပြီး လာမယ့်ပွဲစဉ်တွေအတွက်လည်း အားအင်အချို့ကို သိုလှောင်ထားနိုင်စေခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လီဗာပူးလ်ဟာ အင်္ဂါနေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲကြီးပွဲကောင်း ရင်ဆိုင်သွားရမှာဖြစ်ပြီး ဖလား ၄ လုံးအိပ်မက်ကို အသက်ဆက်နိုင်ဖို့ အကောင်းဆုံးပုံစံကို ဆက်လက်ထိန်းသိမ်းသွားရမှာဖြစ်ပါတယ်။ မန်စီးတီးနဲ့ပွဲစဉ် ပထမပိုင်းမှာ ၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်တာကြောင့် ကလော့ပ်က ဒုတိယပိုင်းမှာ ကစားသမားတွေကို အလှည့်ကျစနစ်နဲ့ အသုံးပြုနိုင်ခဲ့ပြီး လာမယ့်အင်္ဂါနေ့မှာ ပွဲထွက်ကစားဖွယ်ရှိတဲ့ ကစားသမားအချို့ကို အနားပေးခဲ့တာဖြစ်ပါတယ်။

သီယေဂို၊ မာနေး၊ လူးဝစ္စ ဒီယက်ဇ်နဲ့ ကီးတားတို့အားလုံးဟာ ပွဲကစားချိန် နှောင်းပိုင်းမှာ လူစားလဲလှယ်ခြင်းခံခဲ့ရပြီး ပရီးမီးယားလိဂ်ဆုဖလားအတွက် အရေးကြီးတဲ့ပွဲစဉ်မှာ လန်းလန်းဆန်းဆန်း ကစားနိုင်အောင် အနားပေးခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းက နောက်ဆုံးမိနစ်မှာ နောက်ထပ်ချေပဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း ပထမပိုင်းကတည်းက ၃ ဂိုးအထိ သွင်းယူထားတာကြောင့် ကလော့ပ်အတွက်တော့ အပြုံးတောင် မပျက်ခဲ့ဘဲ အရန်ခုံက ကစားသမားတွေရဲ့ အရည်အသွေးကို အသုံးပြုပြီး မန်စီးတီးရဲ့ တောက်လျှောက် တိုက်စစ်ဆင်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တာကို ပြုံးပြုံးကြီး ထိုင်ကြည့်နေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းဟာ စေနေန႔ညေနက ဝင္ဘေလမွာ ကစားခဲ့တဲ့ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ကိုနာတီ၊ မာေနးတို႔ရဲ့ ပထမပိုင္းသြင္းဂိုးေတြနဲ႔ မန္စီးတီးကို ၃-၂ နဲ႔ အနိုင္ရရွိသြားခဲ့ပါတယ္။

ဒီပြဲစဥ္မွာ အထေႏွးေနတဲ့ မန္ခ်က္စတာစီးတီးရဲ့ အားနည္းခ်က္ကို အခြင့္ေကာင္းယူၿပီး လီဗာပူးလ္အသင္းက လက္ဦးမႈ ရယူသြားခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ မန္ခ်က္စတာစီးတီးအသင္းက အမီလိုက္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္နည္းၿပ ကေလာ့ပ္ဟာ ၿပီးခဲ့တဲ့အပတ္က တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္က သင္ခန္းစာေတြကို ေလ့လာသင္ယူၿပီး မန္ခ်က္စတာစီးတီးကို အလဲထိုးနိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းနဲ႔ပြဲစဥ္မွာ ယာဂန္ ကေလာ့ပ္ အေနနဲ႔ မွန္ကန္တဲ့ အရာ ၅ ခုအထိ ရွိေနခဲ့ၿပီး အဲဒီအရာ ၅ ခုက ဘာေတြမ်ားျဖစ္မလဲ…

၁။ ကီတာ ထြက္၊ ဟန္ဒါဆန္ ဝင္

လီဗာပူးလ္အသင္းရဲ့ ပြဲထြက္ ၁၁ ဦးဟာ ပရိသတ္ေတြကို သိပ္အံ့အားသင့္ေအာင္ေတာ့ မလုပ္နိုင္ခဲ့ေပမယ့္လည္း ကေလာ့ပ္က အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို ကီးတားရဲ့ေနရာမွာ လူစားဝင္ကစားေစခဲ့တဲ့အခ်ိန္မွာေတာ့ အားလုံး အံ့အားသင့္ခဲ့ၾကပါတယ္။ နာဘီ ကီးတားဟာ လီဗာပူးလ္ရဲ့ ကြင္းလယ္ ၃ ဦးရဲ့ ညာေတာင္ပံမွာ ေနရာယူခဲ့ၿပီး ဒီအကြက္ဟာ ကေလာ့ပ္ရဲ့ ေလာင္းကစားဆန္ဆန္ လုပ္ခဲ့တာျဖစ္ေပမယ့္လည္း ကီးတားရဲ့ ခပ္ၾကမ္းၾကမ္း ဝင္ၿပီး ထိုးေဖာက္မႈ၊ ျမန္ႏႈန္းနဲ႔ ေခ်ာေမြ႕မႈတို႔ဟာ လီဗာပူးလ္အတြက္ေတာ့ ေဘာလုံးရွိခ်ိန္ေရာ၊ မရွိခ်ိန္မွာပါ အလုပ္လုပ္ေဆာင္ဖို႔ မရွိမျဖစ္ လိုအပ္တဲ့အရာျဖစ္ခဲ့ပါတယ္။

ကီးတားရဲ့ အင္တိုက္အားတိုက္နဲ႔ တန္ျပန္ ဖိအားေပးမႈက အလုပ္ျဖစ္ခဲ့ၿပီး လီဗာပူးလ္ရဲ့ တန္ျပန္တိုက္စစ္ေတြနဲ႔ မန္စီးတီးရဲ့ ေပးပို႔မႈေတြကို ျဖတ္ေတာက္ရာမွာ ကီးတားရဲ့ အလြန္ေကာင္းမြန္တဲ့ ေဘာလုံးျဖန႔္ေဝနိုင္စြမ္းနဲ႔ ေဘာလုံးပိုင္ဆိုင္ထားခ်ိန္မွာ တည္ၿငိမ္မႈက အေရးႀကီးခဲ့ပါတယ္။ ကီးတားအေနနဲ႔ အျမဲတမ္း ေျခစြမ္း ျပသနိုင္ခဲ့ျခင္းမရွိေပမယ့္လည္း လီဗာပူးလ္အသင္း အက္ဖ္ေအဖလား ဗိုလ္လုပြဲ တက္ေရာက္နိုင္ခဲ့တဲ့ပြဲစဥ္မွာေတာ့ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

၂။ ထိပ္တန္းအဆင့္ေျခစြမ္း ျပသခဲ့တဲ့ ကိုနာတီ

ၿပီးခဲ့တဲ့အပတ္ေတြမွာ ဂိုးေတြ ေတာက္ေလၽွာက္သြင္းယူေနခဲ့တဲ့ ကိုနာတီဟာ မန္စီးတီးရဲ့ အားနည္းတဲ့ ခုခံနိုင္စြမ္းကို အခြင့္ေကာင္းယူၿပီး အဖြင့္ဂိုးကို ေခါင္းတိုက္သြင္းယူခဲ့ပါတယ္။ ကိုနာတီရဲ့ ပထမပိုင္းေခါင္းတိုက္သြင္းဂိုးဟာ ၃ ပြဲမွာ ၃ ဂိုးေျမာက္ သြင္းယူခဲ့တဲ့ဂိုးျဖစ္ၿပီး ဘင္ဖီကာနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ကြာတား ၂ ေက်ာ့စလုံးမွာ ေခါင္းတိုက္သြင္းဂိုးေတြ သြင္းယူခဲ့တာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ေနာက္ခံကစားသမားဟာ ယခုရာသီမွာ ပုံမွန္ေျခစြမ္းျပသေနခ်ိန္မွာ ကေလာ့ပ္က အားထားရတဲ့ မာတစ္ပ္နဲ႔ ဗန္ဒိုက္တို႔ကို အဓိက ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကိုနာတီ ပါဝင္မႈက လီဗာပူးလ္ရဲ့ ဦးေဆာင္ဂိုးကို ရရွိေစ႐ုံတင္မကဘဲ စတားလင္းနဲ႔ ေဂ်ဆူးလ္တို႔ရဲ့ တိုက္စစ္ၿခိမ္းေျခာက္မႈေတြကိုပါ ပ်က္ျပယ္ေစခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးရဲ့ တိုက္စစ္ဟာ မာေဆးဆိုဒ္ ခံစစ္နဲ႔ ႏွိုင္းယွဥ္ရင္ ေႏွးေကြးေနခဲ့ၿပီးေနာက္ ကိုနာတီဟာ ေရွ႕ထိပါ တက္ကစားနိုင္ခဲ့တာျဖစ္ၿပီး ဒီေျခစြမ္းအတိုင္း ဆက္ကစားနိုင္မယ္ဆိုရင္ လိုက္ပ္ဇစ္ၾကယ္ပြင့္ေဟာင္းဆီကေန ဒီထက္အမ်ားႀကီး ပိုျမင္ေတြ႕ရဖြယ္ ရွိေနပါတယ္။

၃။ လီဗာပူးလ္ရဲ့ ဖိအားေပးမႈ

မန္စီးတီးနဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ အမွတ္ရစရာအေကာင္းဆုံးအခိုက္အတန႔္ေတြထဲက တစ္ခုဟာ အီဒါဆန္က ဂိုးစည္းေပၚကေန ေဘာလုံးကို ရွင္းထုတ္လိုက္ခ်ိန္မွာ ဂ်ိဳတာက မီလုနီးနီး ျဖစ္သြားခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္ရဲ့ ဒုတိယသြင္းဂိုးဟာ စတက္ဖင္ရဲ့အမွားေၾကာင့္ ေပးလိုက္ရတာလို႔ အမ်ားစုက တြက္ဆၾကၿပီး အရမ္းကို ဆင္တူတဲ့ ျဖစ္စဥ္ ၂ ခုၾကားမွာ ကြာျခားခ်က္ကေတာ့ မာေနးရဲ့ ဖိအားေပးရာမွာ လ်င္ျမန္မႈနဲ႔ ၾကမ္းတမ္းမႈပဲ ျဖစ္ပါတယ္။ ဂ်ိဳတာဟာ အစ္တီဟတ္မွာ အီဒါဆန္ကို မီလုနီးပါးျဖစ္ခဲ့ခ်ိန္တုန္းက ေပၚတူဂီၾကယ္ပြင့္ဟာ မန္စီးတီးဂိုးသမားကို ဖိအားေပးခ်ိန္မွာ ေတာ္ေတာ္ေလး တြန႔္ဆုတ္ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မာေနးကေတာ့ စတက္ဖင္ကို ဖိအားေပးရာမွာ ေၾကာက္မက္ဖြယ္ လ်င္ျမန္မႈနဲ႔ ေျပးလႊားသြားခဲ့တာျဖစ္ပါတယ္။ မာေနးရဲ့ ၾကမ္းတမ္းမႈက လီဗာပူးလ္ရဲ့ဖိအားေပးမႈကို ပိုလို႔ေတာင္ ေဒါသတႀကီးနဲ႔ ၾကမ္းတမ္းေစပုံ ေပၚခဲ့တာျဖစ္ၿပီး ကေလာ့ပ္က ဘင္ဖီကာနဲ႔ အိမ္ကြင္းအေက်ာ့တုန္းက အေျပာင္းအလဲမ်ားစြာ လုပ္ခဲ့ရာကေန လန္းဆန္းမႈေတြ ထပ္မံျဖည့္စြက္နိုင္ခဲ့တာ ဒါမွမဟုတ္ ၎ရဲ့ ညႊန္ၾကားခ်က္ေၾကာင့္ အားအင္အပိုရခဲ့တာလားဆိုတာ ၎ကိုယ္တိုင္ပဲ သိမွာျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ မန္စီးတီး ကစားသမားေတြအားလုံးကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ဖိအားေပးနိုင္ခဲ့တာေၾကာင့္ အလုပ္ျဖစ္ခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

၄။ ပြဲစီမံခန႔္ခြဲမႈ

လီဗာပူးလ္အသင္းဟာ ပထမပိုင္းအၿပီး အဝတ္လဲခန္းထဲကို ေပ်ာ္ေပ်ာ္ပါးပါး ျပန္သြားခဲ့ၾကေပမယ့္လည္း ဒုတိယပိုင္းမွာ မန္စီးတီးက ခ်က္ခ်င္းပဲ ေခ်ပဂိုးေတြ ျပန္သြင္းဖို႔ ႀကိဳးပမ္းလာခ်ိန္မွာေတာ့ လီဗာပူးလ္ကစားသမားေတြဟာ အရမ္းကို သက္ေတာင့္သက္သာနဲ႔ တည္တည္ၿငိမ္ၿငိမ္ရွိေနခဲ့တာျဖစ္ပါတယ္။ ေဂ်ဆူးလ္က လီဗာပူးလ္ရဲ့ အိပ္ေပ်ာ္ေနတဲ့ ခံစစ္ကို အခြင့္ေကာင္းယူၿပီး ဂရီးလစ္ရွ္ရဲ့ ေခ်ပဂိုးကို ဖန္တီးေပးခဲ့ပါတယ္။

ဒါေပမယ့္လည္း အက္စတန္ ဗီလာအသင္းေခါင္းေဆာင္ေဟာင္းရဲ့ ေခ်ပဂိုးဟာ လီဗာပူးလ္အသင္းကို ပြဲဗ်ဴဟာအတိုင္း ခ်က္ခ်င္းလုပ္ေဆာင္ေအာင္ လႈပ္ႏွိုးလိုက္သလို ျဖစ္သြားခဲ့ပုံ ေပၚပါတယ္။ မန္စီးတီးဟာ အခြင့္အေရးအခ်ိဳ႕ ဖန္တီးနိုင္ခဲ့ရာမွာ ေဂ်ဆူးလ္က အယ္လစ္ဆန္နဲ႔ တစ္ဦးခ်င္း ကန္သြင္းမႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း လီဗာပူးလ္ဂိုးသမားက အေကာင္းဆုံးကာကြယ္နိုင္ခဲ့တာျဖစ္ပါတယ္။ ပြဲကို အာ႐ုံျပန္စိုက္လာတဲ့ လီဗာပူးလ္ဟာ မန္စီးတီးရဲ့ တိုက္စစ္ဆင္မႈအားလုံးကို ေျဖရွင္းလာနိုင္ခဲ့ၿပီး ကေလာ့ပ္က ၇၃ မိနစ္မွာ ဟန္ဒါဆန္ေနရာမွာ ကီးတားကိုပါ ထည့္ၿပီး ေနာက္ထပ္ ပိုမိုမာေက်ာေစခဲ့တာျဖစ္ပါတယ္။

၅။ မန္ခ်က္စတာယူနိုက္တက္နဲ႔ပြဲအတြက္ ႀကိဳတင္ျပင္ဆင္မႈ

လီဗာပူးလ္ရဲ့ လ်င္ျမန္လွတဲ့ စတင္မႈက ပြဲကစားခ်ိန္အမ်ားစုကို လြႊမ္းမိုးနိုင္ေစခဲ့ၿပီး လာမယ့္ပြဲစဥ္ေတြအတြက္လည္း အားအင္အခ်ိဳ႕ကို သိုေလွာင္ထားနိုင္ေစခဲ့တာျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ လီဗာပူးလ္ဟာ အဂၤါေန႔မွာ မန္ခ်က္စတာယူနိုက္တက္နဲ႔ ပြဲႀကီးပြဲေကာင္း ရင္ဆိုင္သြားရမွာျဖစ္ၿပီး ဖလား ၄ လုံးအိပ္မက္ကို အသက္ဆက္နိုင္ဖို႔ အေကာင္းဆုံးပုံစံကို ဆက္လက္ထိန္းသိမ္းသြားရမွာျဖစ္ပါတယ္။ မန္စီးတီးနဲ႔ပြဲစဥ္ ပထမပိုင္းမွာ ၃ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ၿပီးျဖစ္တာေၾကာင့္ ကေလာ့ပ္က ဒုတိယပိုင္းမွာ ကစားသမားေတြကို အလွည့္က်စနစ္နဲ႔ အသုံးျပဳနိုင္ခဲ့ၿပီး လာမယ့္အဂၤါေန႔မွာ ပြဲထြက္ကစားဖြယ္ရွိတဲ့ ကစားသမားအခ်ိဳ႕ကို အနားေပးခဲ့တာျဖစ္ပါတယ္။

သီေယဂို၊ မာေနး၊ လူးဝစၥ ဒီယက္ဇ္နဲ႔ ကီးတားတို႔အားလုံးဟာ ပြဲကစားခ်ိန္ ေႏွာင္းပိုင္းမွာ လူစားလဲလွယ္ျခင္းခံခဲ့ရၿပီး ပရီးမီးယားလိဂ္ဆုဖလားအတြက္ အေရးႀကီးတဲ့ပြဲစဥ္မွာ လန္းလန္းဆန္းဆန္း ကစားနိုင္ေအာင္ အနားေပးခဲ့တာျဖစ္ပါတယ္။ မန္စီးတီးအသင္းက ေနာက္ဆုံးမိနစ္မွာ ေနာက္ထပ္ေခ်ပဂိုး တစ္ဂိုး သြင္းယူနိုင္ခဲ့ေပမယ့္လည္း ပထမပိုင္းကတည္းက ၃ ဂိုးအထိ သြင္းယူထားတာေၾကာင့္ ကေလာ့ပ္အတြက္ေတာ့ အျပဳံးေတာင္ မပ်က္ခဲ့ဘဲ အရန္ခုံက ကစားသမားေတြရဲ့ အရည္အေသြးကို အသုံးျပဳၿပီး မန္စီးတီးရဲ့ ေတာက္ေလၽွာက္ တိုက္စစ္ဆင္မႈကို ကိုင္တြယ္ေျဖရွင္းနိုင္ခဲ့တာကို ျပဳံးျပဳံးႀကီး ထိုင္ၾကည့္ေနခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.