Analysis Premier League

ဘီလူးစီးတဲ့ ဆောက်သမ်တန် 1-0 အာဆင်နယ်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

အလှူတော် မင်္ဂလာ အာဆင်နာ
ဒဏ်ရာ အနာတရတွေနဲ့ အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး ပြီးခဲ့တဲ့ အပတ်က စိန့်မေရီမှာပဲ ချဲလ်ဆီးကို ခြောက်ဂိုး-ဂိုးမရှိနဲ့ ရှုံးခဲ့တဲ့ ဆောက်သမ်တန်ကို နိုင်ပွဲလက်ဆောင်ပြန်ပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲကလည်း ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက် ဘရိုက်တန်ကို လပ်ကီးတင်ပေးခဲ့သလို တောင်ပိုင်းကမ်းခြေက ပင်လယ်စင်ရော်တွေကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ စပါးစ်ကို မြောက်လန်ဒန်မှာ နောက်တစ်ပွဲဆက်နိုင်သွားခဲ့တာက ထူးခြားမှုတစ်ရပ်လည်းဖြစ်ခဲ့တာပါ။

ပွဲမတိုင်ခင် မြင်းခွာရွက် စားခဲ့ကြတာလား
မြင်းခွာရွက်ကတော့ မြန်မာဆေးပညာမှာ သွေးတိုးကျပြီး ကျန်းမာရေးအတွက် ကောင်းတယ်လို့ ဆိုကြပါတယ်။ အာဆင်နယ်တို့ ပြီးခဲ့တဲ့ ရလဒ်ဆိုးတွေကြောင့် သွေးတိုးနေခဲ့လို့ ဒီနေ့ပွဲမတိုင်ခင် မြင်းခွာရွက် စားလာကြတာလားတော့ မသိပါဘူး။ ပိတ်ကစားနေခဲ့တဲ့ ဆောက်သမ်တန်ခံစစ်ကို ဘယ်လို ထိုးဖောက်ရမယ်မှန်း မသိဘဲ ဘယ်ကနေ ညာ၊ ညာကနေ ဘယ် မြင်းခွာပုံနဲ့ ဘောလုံးပတ်ပေးနေခဲ့တာကို တွေ့ရပြီး တိုက်စစ်မှာလည်း တွဲလုံးတွေနဲ့ ထိုးဖောက်ရမယ့်အစား တောင်ပြေးမြောက်ပြေးဖြစ်နေခဲ့သလို အရေးကြုံချိန်မှာ လက်ရှိလူတွေက သုံးစားမရဘူးဆိုတာ ပေါ်သွားခဲ့တာပါ။

ပြီးပြီးရော ဆာကာနဲ့ ပတ်သက်တဲ့ ရှုံးပွဲ
ပွဲပန်းနေတယ်ဆိုရင် ခွင့်လွှတ်ပေးလို့ရပေမယ့် ပွဲကို ပြီးစလွယ်ကစားမယ်ဆိုရင်တော့ ခွင့်လွှတ်ပေးဖို့ မလွယ်ပါဘူး။ အာဆင်နယ်ဆိုတာ ဒီရာသီမှာ အင်မတန်မှာ သွင်းဂိုးတွေ ရှားပါးတဲ့ အသင်းဖြစ်လို့ အခွင့်အရေးတွေကို အသုံးချတတ်ဖို့က အရေးပါလှပါတယ်။ ပွဲချိန် ၁၇ မိနစ်မှာ မာတီနယ်လီရဲ့ အကောင်းဆုံး ပေးပို့မှုကို တိုင်ခြေဆီ သပ်သပ်ရပ်ရပ် ပိတ်သွင်းရမယ့်အစား ဂိုးပေါက်တည့်ရင် တော်ပြီဆိုတဲ့ ပြီးပြီးရော ပုံစံနဲ့ ကန်သွင်းခဲ့တဲ့ နိုင်ဂျီးရီးယားနွယ်ဖွားလေးဟာ လက်ကျန်ပွဲချိန်တွေမှာလည်း ညာခြမ်းမှာ စည်းကြပ်ဒိုင်နဲ့ နီးနီးကပ်ကပ် တရားဆွေးနွေးနေခဲ့တာကြောင့် အင်္ဂလန်မှာ အရွေးခံအပြီးမှာ ဆရာပိုဆန်လာခဲ့ချိန်မှာ နောက်ပွဲတွေမှာ အပိုးကျိုးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ဘီလူးစီးသွားတဲ့ ဆောက်သမ်တန်
ဆောက်သမ်တန်အသင်းရဲ့ ဒီနေ့နိုင်ပွဲမှာတော့ ဘီလူးစီးသွားတယ်လို့ ပြောရလောက်အောင် ဘီလူးလောက်ရှိတဲ့ ဂိုးသမားကြီး ဖရေဆာ ဖော်စတာနဲ့ နောက်ခံလူ ယန် ဘက်ဒ်နာရက်ခ်တို့က အရေးပါခဲ့တာပါ။ ပွဲချိန် ၄၄ မိနစ်မှာ အနီးကပ်ကန်ချက်နဲ့ ပိုလန်နောက်ခံလူက ဂိုးသွင်းယူပေးခဲ့သလို အင်္ဂလန်ဂိုးသမားကြီးကတော့ သူ့ရဲ့ ၆ ပေခွဲရှိတဲ့ အရပ်အမောင်းနဲ့ အာဆင်နယ်တို့ရဲ့ ဖြတ်တင်ဘောမှန်သမျှကို သူ့နား ကပ်လာတာနဲ့ ဆွဲစားနေခဲ့ပြီး အပိုင်ဂိုးနဲ့ အနီးကပ်ကန်သွင်းချက် ၄-၅ ကြိမ်ကိုလည်း ကာကွယ်ပေးသွားခဲ့တာဖြစ်လို့ စိန့်သူတော်စင်တွေ ဘီလူးစီးတယ်ဆိုရင် သိပ်မမှားနိုင်ခဲ့ပါဘူး။

တစ်ယောက်ယောက်တော့ ပြုတ်မှဖြစ်တော့မယ့် ဂန်းနားများ
အာဆင်နယ်အသင်းရဲ့ ကွင်းတွင်းက စွမ်းဆောင်ရည်က မြက်ခင်းထဲကို ဝင်ကစားခွင့် မရှိသူတွေနဲ့ပဲ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ အရန်အင်အား တောင့်တောင့်တင်းတင်းမရှိတာကနေ စလိုက်တဲ့ ဇာတ်လမ်းမှာ သူတို့တွေရဲ့ ပွဲထွက်နဲ့ အရန်ကစားသမား ခြေစွမ်းကွာဟ လွန်းတာကို ညှိမယူနိုင်ဘဲ အနားပေးလို့ မရတော့တဲ့ လူစာရင်းကိုချည်း သုံးခဲ့ရာမှာ တိုမီယာစု၊ တီယာနီနဲ့ ပါတေးတို့ ဆက်တိုက်ဆိုသလိုပဲ ဂီလာနဖြစ်သွားခဲ့ကြတာပါ။ ဒီအတွက် Plan B မရှိတဲ့ နည်းပြ အာတီတာကိုပဲ ထုတ်မလား၊ အပြောင်းအရွှေ့ဈေးကွက်မှာ $သုံးမကျတဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးကိုပဲ ထုတ်မလားတော့ စောင့်ကြည့်ရမှာဖြစ်ပြီး နွေမှာ တစ်ယောက်တော့ လစ်မှ ဂန်းနားတွေရဲ့ အနာဂတ်က ကောင်းစားလာမှာပါ။

လီနိုကို နေရာပြန်ပေးသင့်ပြီလား
ရာသီအစက စွမ်းစွမ်းတမံ ကာကွယ်မှုတွေနဲ့ အသင်းရလဒ် မကောင်းပေမယ့်လည်း လက်စွမ်းကတော့ မညံ့ခဲ့တဲ့ ရမ်းစ်ဒေးလ်ဟာ လက်ရှိမှာတော့ ပေါပေါပဲပဲ ဂိုးတွေနဲ့ပဲ Clean Sheet မရဘဲ ပျော်မွေ့နေခဲ့တာပါ။ ဂိုးပေးရရင် ဂိုးများများသွင်းရမှာဖြစ်ပြီး ဂိုးများများ မသွင်းနိုင်ရင်တော့ ဂိုးမပေးရဖို့ ကြိုးစားရမှာဖြစ်တယ်ဆိုတဲ့ Variation ရှိနေတဲ့ အာဆင်နယ်မှာ ဘယ်ဘက်ကမှ အလုပ်မဖြစ်ဘဲ တစ်ဂိုးလောက်နဲ့ ရှုံးပြီး အမှတ်တွေ ပျောက်တာများနေခဲ့ပါပြီ။ ဒါကြောင့် ဂိုးသွင်းနိုင်သူ မရှိဘူး သေချာရင်တော့ နောက်ကနေ အရောင်းအဝယ်များနေတဲ့ ခံစစ်က အပေါက်စောင့်ကို လီနိုနဲ့ အစားထိုးကြည့်ဖို့ အချိန်တန်ပြီလို့ ယူဆရပါတယ်။

ကိုဗစ်မဖြစ်ဘဲ အနံ့ပျောက်သွားကြသူများ
လာကာဇက်ကို ပွဲမတိုင်ခင်မှာ ကိုဗစ်ကြောင့် ချန်လှပ်ခဲ့ရတဲ့ အာဆင်နယ်တို့ကတော့ သူတို့ကိုယ်တိုင် ကိုဗစ်မဖြစ်ဘဲ အနံ့ပျောက်သွားတယ်လို့ ဆိုရလောက်အောင် ဖြစ်ခဲ့ကြပါတယ်။ ပျောက်သွားတဲ့ အနံ့ကတော့ ချန်ပီယံလိဂ်အနံ့ပဲဖြစ်ပြီး ချဲလ်ဆီးက ၆ ဂိုးသွင်းတဲ့ ဆောက်သမ်တန်ကို တစ်ဂိုးမှ မရခဲ့ချိန်မှာ အဆင့် ၅ နေရာကပါ မန်ချက်စတာယူနိုက်တက်ကို ဖယ်ပေးလိုက်ရတာဖြစ်ပြီး ရှေ့လျှောက်တွေ့ဦးမယ့် ချဲလ်ဆီး၊ မန်ယူနိုက်တက်၊ စပါးစ်တို့နဲ့ ပွဲတွေမှာ သရေရရင်တောင် ကံကောင်းလို့ ဆိုရတော့မယ့် ခြေစွမ်းနဲ့ ယူရိုပါလိဂ်တောင် အနိုင်နိုင်လို့ သုံးသပ်ရတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အလႉေတာ္ မဂၤလာ အာဆင္နာ
ဒဏ္ရာ အနာတရေတြနဲ႔ အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာလည္း တိုက္တိုက္ဆိုင္ဆိုင္ပဲ ေနာက္ဆုံး ၆ ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ဆုံးေနၿပီး ၿပီးခဲ့တဲ့ အပတ္က စိန႔္ေမရီမွာပဲ ခ်ဲလ္ဆီးကို ေျခာက္ဂိုး-ဂိုးမရွိနဲ႔ ရႈံးခဲ့တဲ့ ေဆာက္သမ္တန္ကို ႏိုင္ပြဲလက္ေဆာင္ျပန္ေပးခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ပြဲကလည္း ၇ ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ ဘ႐ိုက္တန္ကို လပ္ကီးတင္ေပးခဲ့သလို ေတာင္ပိုင္းကမ္းေျခက ပင္လယ္စင္ေရာ္ေတြကေတာ့ တိုက္တိုက္ဆိုင္ဆိုင္ပဲ စပါးစ္ကို ေျမာက္လန္ဒန္မွာ ေနာက္တစ္ပြဲဆက္ႏိုင္သြားခဲ့တာက ထူးျခားမႈတစ္ရပ္လည္းျဖစ္ခဲ့တာပါ။

ပြဲမတိုင္ခင္ ျမင္းခြာ႐ြက္ စားခဲ့ၾကတာလား
ျမင္းခြာ႐ြက္ကေတာ့ ျမန္မာေဆးပညာမွာ ေသြးတိုးက်ၿပီး က်န္းမာေရးအတြက္ ေကာင္းတယ္လို႔ ဆိုၾကပါတယ္။ အာဆင္နယ္တို႔ ၿပီးခဲ့တဲ့ ရလဒ္ဆိုးေတြေၾကာင့္ ေသြးတိုးေနခဲ့လို႔ ဒီေန႔ပြဲမတိုင္ခင္ ျမင္းခြာ႐ြက္ စားလာၾကတာလားေတာ့ မသိပါဘူး။ ပိတ္ကစားေနခဲ့တဲ့ ေဆာက္သမ္တန္ခံစစ္ကို ဘယ္လို ထိုးေဖာက္ရမယ္မွန္း မသိဘဲ ဘယ္ကေန ညာ၊ ညာကေန ဘယ္ ျမင္းခြာပုံနဲ႔ ေဘာလုံးပတ္ေပးေနခဲ့တာကို ေတြ႕ရၿပီး တိုက္စစ္မွာလည္း တြဲလုံးေတြနဲ႔ ထိုးေဖာက္ရမယ့္အစား ေတာင္ေျပးေျမာက္ေျပးျဖစ္ေနခဲ့သလို အေရးႀကဳံခ်ိန္မွာ လက္ရွိလူေတြက သုံးစားမရဘူးဆိုတာ ေပၚသြားခဲ့တာပါ။

ၿပီးၿပီးေရာ ဆာကာနဲ႔ ပတ္သက္တဲ့ ရႈံးပြဲ
ပြဲပန္းေနတယ္ဆိုရင္ ခြင့္လႊတ္ေပးလို႔ရေပမယ့္ ပြဲကို ၿပီးစလြယ္ကစားမယ္ဆိုရင္ေတာ့ ခြင့္လႊတ္ေပးဖို႔ မလြယ္ပါဘူး။ အာဆင္နယ္ဆိုတာ ဒီရာသီမွာ အင္မတန္မွာ သြင္းဂိုးေတြ ရွားပါးတဲ့ အသင္းျဖစ္လို႔ အခြင့္အေရးေတြကို အသုံးခ်တတ္ဖို႔က အေရးပါလွပါတယ္။ ပြဲခ်ိန္ ၁၇ မိနစ္မွာ မာတီနယ္လီရဲ႕ အေကာင္းဆုံး ေပးပို႔မႈကို တိုင္ေျခဆီ သပ္သပ္ရပ္ရပ္ ပိတ္သြင္းရမယ့္အစား ဂိုးေပါက္တည့္ရင္ ေတာ္ၿပီဆိုတဲ့ ၿပီးၿပီးေရာ ပုံစံနဲ႔ ကန္သြင္းခဲ့တဲ့ ႏိုင္ဂ်ီးရီးယားႏြယ္ဖြားေလးဟာ လက္က်န္ပြဲခ်ိန္ေတြမွာလည္း ညာျခမ္းမွာ စည္းၾကပ္ဒိုင္နဲ႔ နီးနီးကပ္ကပ္ တရားေဆြးေႏြးေနခဲ့တာေၾကာင့္ အဂၤလန္မွာ အေ႐ြးခံအၿပီးမွာ ဆရာပိုဆန္လာခဲ့ခ်ိန္မွာ ေနာက္ပြဲေတြမွာ အပိုးက်ိဳးဖို႔ လိုအပ္ေနၿပီျဖစ္ပါတယ္။

ဘီလူးစီးသြားတဲ့ ေဆာက္သမ္တန္
ေဆာက္သမ္တန္အသင္းရဲ႕ ဒီေန႔ႏိုင္ပြဲမွာေတာ့ ဘီလူးစီးသြားတယ္လို႔ ေျပာရေလာက္ေအာင္ ဘီလူးေလာက္ရွိတဲ့ ဂိုးသမားႀကီး ဖေရဆာ ေဖာ္စတာနဲ႔ ေနာက္ခံလူ ယန္ ဘက္ဒ္နာရက္ခ္တို႔က အေရးပါခဲ့တာပါ။ ပြဲခ်ိန္ ၄၄ မိနစ္မွာ အနီးကပ္ကန္ခ်က္နဲ႔ ပိုလန္ေနာက္ခံလူက ဂိုးသြင္းယူေပးခဲ့သလို အဂၤလန္ဂိုးသမားႀကီးကေတာ့ သူ႔ရဲ႕ ၆ ေပခြဲရွိတဲ့ အရပ္အေမာင္းနဲ႔ အာဆင္နယ္တို႔ရဲ႕ ျဖတ္တင္ေဘာမွန္သမွ်ကို သူ႔နား ကပ္လာတာနဲ႔ ဆြဲစားေနခဲ့ၿပီး အပိုင္ဂိုးနဲ႔ အနီးကပ္ကန္သြင္းခ်က္ ၄-၅ ႀကိမ္ကိုလည္း ကာကြယ္ေပးသြားခဲ့တာျဖစ္လို႔ စိန႔္သူေတာ္စင္ေတြ ဘီလူးစီးတယ္ဆိုရင္ သိပ္မမွားႏိုင္ခဲ့ပါဘူး။

တစ္ေယာက္ေယာက္ေတာ့ ျပဳတ္မွျဖစ္ေတာ့မယ့္ ဂန္းနားမ်ား
အာဆင္နယ္အသင္းရဲ႕ ကြင္းတြင္းက စြမ္းေဆာင္ရည္က ျမက္ခင္းထဲကို ဝင္ကစားခြင့္ မရွိသူေတြနဲ႔ပဲ တိုက္႐ိုက္သက္ဆိုင္ေနပါတယ္။ အရန္အင္အား ေတာင့္ေတာင့္တင္းတင္းမရွိတာကေန စလိုက္တဲ့ ဇာတ္လမ္းမွာ သူတို႔ေတြရဲ႕ ပြဲထြက္နဲ႔ အရန္ကစားသမား ေျခစြမ္းကြာဟ လြန္းတာကို ညႇိမယူႏိုင္ဘဲ အနားေပးလို႔ မရေတာ့တဲ့ လူစာရင္းကိုခ်ည္း သုံးခဲ့ရာမွာ တိုမီယာစု၊ တီယာနီနဲ႔ ပါေတးတို႔ ဆက္တိုက္ဆိုသလိုပဲ ဂီလာနျဖစ္သြားခဲ့ၾကတာပါ။ ဒီအတြက္ Plan B မရွိတဲ့ နည္းျပ အာတီတာကိုပဲ ထုတ္မလား၊ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ $သုံးမက်တဲ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးကိုပဲ ထုတ္မလားေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ေႏြမွာ တစ္ေယာက္ေတာ့ လစ္မွ ဂန္းနားေတြရဲ႕ အနာဂတ္က ေကာင္းစားလာမွာပါ။

လီႏိုကို ေနရာျပန္ေပးသင့္ၿပီလား
ရာသီအစက စြမ္းစြမ္းတမံ ကာကြယ္မႈေတြနဲ႔ အသင္းရလဒ္ မေကာင္းေပမယ့္လည္း လက္စြမ္းကေတာ့ မညံ့ခဲ့တဲ့ ရမ္းစ္ေဒးလ္ဟာ လက္ရွိမွာေတာ့ ေပါေပါပဲပဲ ဂိုးေတြနဲ႔ပဲ Clean Sheet မရဘဲ ေပ်ာ္ေမြ႕ေနခဲ့တာပါ။ ဂိုးေပးရရင္ ဂိုးမ်ားမ်ားသြင္းရမွာျဖစ္ၿပီး ဂိုးမ်ားမ်ား မသြင္းႏိုင္ရင္ေတာ့ ဂိုးမေပးရဖို႔ ႀကိဳးစားရမွာျဖစ္တယ္ဆိုတဲ့ Variation ရွိေနတဲ့ အာဆင္နယ္မွာ ဘယ္ဘက္ကမွ အလုပ္မျဖစ္ဘဲ တစ္ဂိုးေလာက္နဲ႔ ရႈံးၿပီး အမွတ္ေတြ ေပ်ာက္တာမ်ားေနခဲ့ပါၿပီ။ ဒါေၾကာင့္ ဂိုးသြင္းႏိုင္သူ မရွိဘူး ေသခ်ာရင္ေတာ့ ေနာက္ကေန အေရာင္းအဝယ္မ်ားေနတဲ့ ခံစစ္က အေပါက္ေစာင့္ကို လီႏိုနဲ႔ အစားထိုးၾကည့္ဖို႔ အခ်ိန္တန္ၿပီလို႔ ယူဆရပါတယ္။

ကိုဗစ္မျဖစ္ဘဲ အနံ႔ေပ်ာက္သြားၾကသူမ်ား
လာကာဇက္ကို ပြဲမတိုင္ခင္မွာ ကိုဗစ္ေၾကာင့္ ခ်န္လွပ္ခဲ့ရတဲ့ အာဆင္နယ္တို႔ကေတာ့ သူတို႔ကိုယ္တိုင္ ကိုဗစ္မျဖစ္ဘဲ အနံ႔ေပ်ာက္သြားတယ္လို႔ ဆိုရေလာက္ေအာင္ ျဖစ္ခဲ့ၾကပါတယ္။ ေပ်ာက္သြားတဲ့ အနံ႔ကေတာ့ ခ်န္ပီယံလိဂ္အနံ႔ပဲျဖစ္ၿပီး ခ်ဲလ္ဆီးက ၆ ဂိုးသြင္းတဲ့ ေဆာက္သမ္တန္ကို တစ္ဂိုးမွ မရခဲ့ခ်ိန္မွာ အဆင့္ ၅ ေနရာကပါ မန္ခ်က္စတာယူႏိုက္တက္ကို ဖယ္ေပးလိုက္ရတာျဖစ္ၿပီး ေရွ႕ေလွ်ာက္ေတြ႕ဦးမယ့္ ခ်ဲလ္ဆီး၊ မန္ယူႏိုက္တက္၊ စပါးစ္တို႔နဲ႔ ပြဲေတြမွာ သေရရရင္ေတာင္ ကံေကာင္းလို႔ ဆိုရေတာ့မယ့္ ေျခစြမ္းနဲ႔ ယူ႐ိုပါလိဂ္ေတာင္ အႏိုင္ႏိုင္လို႔ သုံးသပ္ရေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.