Carabao & FA Match Report Premier League

ပရီးမီးယားလိဂ်မှာ မနိုင်ပေမယ့် မန်စီးတီးကို အက်ဖ်အေမှာ ဝုန်းလိုက်တဲ့ လီဗာပူးလ်

မန်ချက်စတာစီးတီးတို့အနေနဲ့ ဒီနေ့ပွဲမှာ ဖလားပွဲဂိုးသမား စတက်ဖင်၊ ခံစစ်မှာ စတုန်းစ်၊ အာကေ၊ ကန်ဆယ်လိုနဲ့ ဇင်ချန်ကိုတို့ကို ပွဲထွက် ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဒီဘရိုင်းနား မပါဝင်နိုင်ချိန်မှာ ဖိုဒန်၊ ဖာနန်ဒင်ညိုနဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ ဂျေဆူးစ်၊ စတာလင်နဲ့ ဂရီးလစ်ရှ်တို့နဲ့ ခင်းကျင်းခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်တို့ကတော့ လူစုံထုတ်လာခဲ့ပြီး ဂိုးသမား အယ်လစ်ဆန်၊ ဗန်ဒိုက်၊ ကိုနာတေ၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို ခံစစ်မှာ ခင်းကျင်းခဲ့သလို ကွင်းလယ်မှာတော့ ကီတာ၊ ဖာဘင်ညိုနဲ့ သီယာဂိုတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆာလား၊ မာနေးနဲ့ လူးဝစ် ဒီယက်ဇ်တို့ကို ပွဲထုတ်ခဲ့တာပါ။

ပွဲချိန် ၉ မိနစ်မှာ လီဗာပူးလ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ပြီး ဘယ်ထောင့်ကန်ဘောကို နောက်ခံလူ ရောဘတ်ဆန်က ကန်တင်ပေးရာမှာ ကိုနာတေက သူ့ကို ကပ်ထားတဲ့ ဂရီးလစ်ရှ်ကို ခွာထွက်ပြီး မန်စီးတီးနောက်ခံလူ အာကေနဲ့ ခေါင်းယှဉ်တိုက်သွင်းယူခဲ့ရာမှာ ဂိုးသမား စတက်ဖင် လက်ပေါ်ကနေ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့ မန်စီးတီးတို့ရဲ့ ဒဏ်ရာတွေကြောင့် ယုံကြည်မှု ပျောက်နေတဲ့ ပုံစံကတော့ သူ့တပည့် အာတီတာ ကိုင်တွယ်နေတဲ့ အာဆင်နယ်နဲ့ အနည်းငယ် ဆင်တူနေပြီး ကစားနေကျ မဟုတ်တဲ့ ဂရီးလစ်ရှ်က တွဲလုံးတွေနဲ့ ဆုံးဖြတ်ချက်တွေမှာ အသုံးချတတ်ဖို့ နှေးကွေးနေခဲ့သလို ပွဲစစချင်းမှာ တစ်သင်းလုံး တော်တော်လေး အထနှေးနေခဲ့တာပါ။

ပွဲချိန် ၁၇ မိနစ်မှာတော့ လီဗာပူးလ်တို့ ဒုတိယဂိုး ထပ်ရသွားခဲ့ပြီး ဒီဂိုးကိုတော့ ခံစစ်က ဂျွန်စတုန်းစ် နောက်ပြန်ပေးတဲ့ ဘောလုံးကို စောစောစီးစီး ပြန်မဖြန့်နိုင်ခဲ့ဘဲ နှစ်ချက်သုံးချက်လောက် ထိန်းချင်နေတဲ့ ဂိုးသမား စတက်ဖင်ရဲ့ ခြေထဲကနေ Pressing လိုက်တက်လာခဲ့တဲ့ မာနေးက လျှောထိုးပြီး လုလုကန်ကန် သွင်းယူခဲ့လို့ မန်စီးတီးတို့ စောစောစီးစီးမှာ နှစ်ဂိုးရှုံးနေခဲ့ပါတယ်။

ပထမပိုင်းကို လီဗာပူးလ်တို့ကပဲ စိုးမိုးထားနိုင်ခဲ့ပြီး ဒီယက်ဇ်၊ ရောဘတ်ဆန်၊ သီယာဂိုတို့ရဲ့ ဘယ်ခြမ်းက သုံးပွင့်ဆိုင်တွဲလုံးကို စီးတီးတို့ ကာကွယ်နိုင်ဖို့ ခက်နေခဲ့သလို လူမစုံတဲ့ အချိန်မှာ အရန်တွေကို အဆင်သင့် လုပ်မထားမှုက သူတို့ကို နစ်နာစေခဲ့ပြီး ဒါကလည်း အာဆင်နယ်နဲ့တော့ အနည်းနဲ့ အများ တူနေသေးတာဖြစ်ပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာတော့ လီဗာပူးလ်တို့ပဲ တတိယဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဘယ်ခြမ်းကနေ တိုက်စစ်ဆင်လာခဲ့ပြီး သီယာဂိုက အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ဝမ်းတူးရိုက်ပြီး ညာခြမ်းကို တင်ပေးရာမှာ တစ်ယောက်တည်း လွတ်နေခဲ့တဲ့ မာနေးက ညာဘက်ထောင့်ကျဉ်းထဲကို Volley ကန်သွင်းယူခဲ့ပြီး ခပ်ပိန်းပိန်းဂိုးသမား စတက်ဖင်ကို အနိုင်ယူသွားခဲ့တာပါ။

ဂွါဒီယိုလာကတော့ ဒီလို ဘောင်မဝင် တန်းမဝင် ဂိုးသမားကို ဘာထည့်လုပ်တာလဲလို့ မေးရမလိုဖြစ်နေခဲ့ပြီး အမေရိကန်သားဟာ ဂိုးရှေ့မှာ လျင်မြန်သွက်လက်မှု မရှိသလို ခြေနုတ်ခြေသိမ်းလည်း လေးနေခဲ့ပြီး ပထမဂိုးနဲ့ တတိယဂိုးတွေမှာ သူ့ရဲ့ လေးလံမှုက သိသာလွန်းသလို ဒီနေ့ပွဲရဲ့ ပထမပိုင်းကတော့ ဝင်ဘလီမှာ မန်စီးတီးတို့ အလှူလာပေးသလိုဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စအပြီးမှာတော့ လီဗာပူးလ်တို့ အထနှေးနေမှုကို အခွင့်ကောင်းယူပြီး ပွဲချိန် ၄၇ မိနစ်မှာ မန်စီးတီးတို့ ချေပဂိုးတစ်ဂိုး ပြန်သွင်းယူနိုင်ခဲ့သလို ညာခြမ်းကနေ တစ်ကိုယ်တော်ခြေစွမ်းနဲ့ ထိုးဖောက်သွားခဲ့တဲ့ ဂျေဆူးစ်က တစ်နိုင်ငံတည်းသား ဖာဘင်ညိုကို လိမ်ပြီးမှ ဧရိယာထဲမှာ ခင်းပေးတာကို ဂရီးလစ်ရှ်က ဘယ်ခြေနဲ့ ထောင့်ကျဉ်းထဲကို လှမ်းပိတ်ပြီး သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

မန်စီးတီးတို့အနေနဲ့ ပထမပိုင်းကလိုမျိုး ခပ်ထုံထုံ မဟုတ်တော့ဘဲ ဒုတိယပိုင်းမှာ ပိုမိုတိုက်စစ်ဆင်နိုင်ခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာ ဂျေဆူးစ် ကန်ခွင့်ရခဲ့ပေမယ့် ဗန်ဒိုက်က နောက်ကနေ မထိတထိ တွန်းပြီး ပါးပါးနပ်နပ် နှောင့်ယှက်သွားခဲ့သလို လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး အခွင့်အရေး ထပ်ရတဲ့ ဘရာဇီးလ်တိုက်စစ်မှူးအနေနဲ့ အသုံးကျရင် ဒုတိယချေပဂိုးနဲ့ ထပ်ပြီး နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာ ဇင်ချန်ကို ဂိုးသမားဆီ ခေါင်းတိုက်ပြီးပေးတာကို ဆာလား လိုက်မီသွားခဲ့ပေမယ့် Chipping ကန်ချက်က ဂိုးဘေးပိုက်ထဲမှာပဲ အဆုံးသတ်သွားခဲ့သလို ပွဲချိန် ၇၃ မိနစ်မှာတော့ လီဗာပူးလ်တို့ ကီတာအစား ဟန်ဒါဆန်ကို ထည့်ပြီး ထိန်းကစားဖို့ ကြံခဲ့ပြီး သူတို့ရဲ့ တိုက်စစ်ပိုင်းကတော့ ကျဆင်းစပြုလာခဲ့တာပါ။

ပွဲချိန် ၈၃ မိနစ်မှာ စီးတီးတို့ဘက်က ဂျေဆူးစ်အစား မာရက်ဇ်ကို လဲခဲ့သလို လီဗာပူးလ်တို့ဘက်ကတော့ မာနေးအစား ဂျိုတာ၊ လူးဝစ် ဒီယက်ဇ်အစား ဖာမီနိုတို့ကို ပွဲချိန် ၈၅ မိနစ်မှာ လဲကစားသွားခဲ့ပြီး ပွဲချိန် ၈၇ မိနစ်မှာတော့ သီယာဂိုအစား ကားတစ်ဂျုံးစ်ကို ထည့်ကစားပြီး ကွင်းလယ်မှာ ကစားအားအတွက် ပြင်ဆင်သွားခဲ့ချိန်မှာ ဆက်ကစားခွင့်ရတဲ့ ဆာလားကတော့ အခွင့်အရေးတွေကို ဖြုန်းတီးနေခဲ့ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ မန်စီးတီးတို့ ဒုတိယ ချေပဂိုးကို ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ရောဘတ်ဆန်ကို ညာခြမ်းက ကျော်ဖြတ်သွားခဲ့တဲ့ မာရက်ဇ်က အယ်လစ်ဆန်ရဲ့ ပေါင်ကြားက အနိမ့်ဘောကန်သွင်းရာမှာ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဘယ်ခြမ်းက လိုက်ပါလာတဲ့ ဘာနာဒို ဆေးလ်ဗားက အနီးကပ်ပိတ်သွင်းပြီး ရယူသွားနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဖာနန်ဒင်ညို၊ မာရက်ဇ်တို့ရဲ့ ကန်ချက်တွေက ဂိုးပေါက်လွဲချော်ခဲ့သလို စတာလင်ရဲ့ အနီးကပ် အခွင့်အရေးကလည်း ဂိုးသမား အယ်လစ်ဆန်တည့်တည့်ကိုပဲ ကန်မိခဲ့တာကြောင့် ပွဲချိန်အပြည့်မှာ လီဗာပူးလ်တို့က မန်စီးတီးတို့ကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ယူသွားခဲ့ပြီး နှစ် ၁၅၀ ပြည့် အက်ဖ်အေဖလားရဲ့ နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ဒီေန႔ပြဲမွာ ဖလားပြဲဂိုးသမား စတက္ဖင္၊ ခံစစ္မွာ စတုန္းစ္၊ အာေက၊ ကန္ဆယ္လိုနဲ႔ ဇင္ခ်န္ကိုတို႔ကို ပြဲထြက္ ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒီဘ႐ိုင္းနား မပါဝင္ႏိုင္ခ်ိန္မွာ ဖိုဒန္၊ ဖာနန္ဒင္ညိဳနဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို တြဲဖက္ေပးခဲ့သလို တိုက္စစ္မွာေတာ့ ေဂ်ဆူးစ္၊ စတာလင္နဲ႔ ဂရီးလစ္ရွ္တို႔နဲ႔ ခင္းက်င္းခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္တို႔ကေတာ့ လူစုံထုတ္လာခဲ့ၿပီး ဂိုးသမား အယ္လစ္ဆန္၊ ဗန္ဒိုက္၊ ကိုနာေတ၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ကို ခံစစ္မွာ ခင္းက်င္းခဲ့သလို ကြင္းလယ္မွာေတာ့ ကီတာ၊ ဖာဘင္ညိဳနဲ႔ သီယာဂိုတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာလား၊ မာေနးနဲ႔ လူးဝစ္ ဒီယက္ဇ္တို႔ကို ပြဲထုတ္ခဲ့တာပါ။

ပြဲခ်ိန္ ၉ မိနစ္မွာ လီဗာပူးလ္တို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၿပီး ဘယ္ေထာင့္ကန္ေဘာကို ေနာက္ခံလူ ေရာဘတ္ဆန္က ကန္တင္ေပးရာမွာ ကိုနာေတက သူ႔ကို ကပ္ထားတဲ့ ဂရီးလစ္ရွ္ကို ခြာထြက္ၿပီး မန္စီးတီးေနာက္ခံလူ အာေကနဲ႔ ေခါင္းယွဥ္တိုက္သြင္းယူခဲ့ရာမွာ ဂိုးသမား စတက္ဖင္ လက္ေပၚကေန ဝင္သြားခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕ မန္စီးတီးတို႔ရဲ႕ ဒဏ္ရာေတြေၾကာင့္ ယုံၾကည္မႈ ေပ်ာက္ေနတဲ့ ပုံစံကေတာ့ သူ႔တပည့္ အာတီတာ ကိုင္တြယ္ေနတဲ့ အာဆင္နယ္နဲ႔ အနည္းငယ္ ဆင္တူေနၿပီး ကစားေနက် မဟုတ္တဲ့ ဂရီးလစ္ရွ္က တြဲလုံးေတြနဲ႔ ဆုံးျဖတ္ခ်က္ေတြမွာ အသုံးခ်တတ္ဖို႔ ေႏွးေကြးေနခဲ့သလို ပြဲစစခ်င္းမွာ တစ္သင္းလုံး ေတာ္ေတာ္ေလး အထေႏွးေနခဲ့တာပါ။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ဒုတိယဂိုး ထပ္ရသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ခံစစ္က ဂြၽန္စတုန္းစ္ ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ေစာေစာစီးစီး ျပန္မျဖန႔္ႏိုင္ခဲ့ဘဲ ႏွစ္ခ်က္သုံးခ်က္ေလာက္ ထိန္းခ်င္ေနတဲ့ ဂိုးသမား စတက္ဖင္ရဲ႕ ေျခထဲကေန Pressing လိုက္တက္လာခဲ့တဲ့ မာေနးက ေလွ်ာထိုးၿပီး လုလုကန္ကန္ သြင္းယူခဲ့လို႔ မန္စီးတီးတို႔ ေစာေစာစီးစီးမွာ ႏွစ္ဂိုးရႈံးေနခဲ့ပါတယ္။

ပထမပိုင္းကို လီဗာပူးလ္တို႔ကပဲ စိုးမိုးထားႏိုင္ခဲ့ၿပီး ဒီယက္ဇ္၊ ေရာဘတ္ဆန္၊ သီယာဂိုတို႔ရဲ႕ ဘယ္ျခမ္းက သုံးပြင့္ဆိုင္တြဲလုံးကို စီးတီးတို႔ ကာကြယ္ႏိုင္ဖို႔ ခက္ေနခဲ့သလို လူမစုံတဲ့ အခ်ိန္မွာ အရန္ေတြကို အဆင္သင့္ လုပ္မထားမႈက သူတို႔ကို နစ္နာေစခဲ့ၿပီး ဒါကလည္း အာဆင္နယ္နဲ႔ေတာ့ အနည္းနဲ႔ အမ်ား တူေနေသးတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ပဲ တတိယဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းကေန တိုက္စစ္ဆင္လာခဲ့ၿပီး သီယာဂိုက အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ညာျခမ္းကို တင္ေပးရာမွာ တစ္ေယာက္တည္း လြတ္ေနခဲ့တဲ့ မာေနးက ညာဘက္ေထာင့္က်ဥ္းထဲကို Volley ကန္သြင္းယူခဲ့ၿပီး ခပ္ပိန္းပိန္းဂိုးသမား စတက္ဖင္ကို အႏိုင္ယူသြားခဲ့တာပါ။

ဂြါဒီယိုလာကေတာ့ ဒီလို ေဘာင္မဝင္ တန္းမဝင္ ဂိုးသမားကို ဘာထည့္လုပ္တာလဲလို႔ ေမးရမလိုျဖစ္ေနခဲ့ၿပီး အေမရိကန္သားဟာ ဂိုးေရွ႕မွာ လ်င္ျမန္သြက္လက္မႈ မရွိသလို ေျခႏုတ္ေျခသိမ္းလည္း ေလးေနခဲ့ၿပီး ပထမဂိုးနဲ႔ တတိယဂိုးေတြမွာ သူ႔ရဲ႕ ေလးလံမႈက သိသာလြန္းသလို ဒီေန႔ပြဲရဲ႕ ပထမပိုင္းကေတာ့ ဝင္ဘလီမွာ မန္စီးတီးတို႔ အလႉလာေပးသလိုျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စအၿပီးမွာေတာ့ လီဗာပူးလ္တို႔ အထေႏွးေနမႈကို အခြင့္ေကာင္းယူၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာ မန္စီးတီးတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္သြင္းယူႏိုင္ခဲ့သလို ညာျခမ္းကေန တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ထိုးေဖာက္သြားခဲ့တဲ့ ေဂ်ဆူးစ္က တစ္ႏိုင္ငံတည္းသား ဖာဘင္ညိဳကို လိမ္ၿပီးမွ ဧရိယာထဲမွာ ခင္းေပးတာကို ဂရီးလစ္ရွ္က ဘယ္ေျခနဲ႔ ေထာင့္က်ဥ္းထဲကို လွမ္းပိတ္ၿပီး သုံးဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

မန္စီးတီးတို႔အေနနဲ႔ ပထမပိုင္းကလိုမ်ိဳး ခပ္ထုံထုံ မဟုတ္ေတာ့ဘဲ ဒုတိယပိုင္းမွာ ပိုမိုတိုက္စစ္ဆင္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာ ေဂ်ဆူးစ္ ကန္ခြင့္ရခဲ့ေပမယ့္ ဗန္ဒိုက္က ေနာက္ကေန မထိတထိ တြန္းၿပီး ပါးပါးနပ္နပ္ ေႏွာင့္ယွက္သြားခဲ့သလို လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး အခြင့္အေရး ထပ္ရတဲ့ ဘရာဇီးလ္တိုက္စစ္မႉးအေနနဲ႔ အသုံးက်ရင္ ဒုတိယေခ်ပဂိုးနဲ႔ ထပ္ၿပီး နီးစပ္ခဲ့ေသးတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာ ဇင္ခ်န္ကို ဂိုးသမားဆီ ေခါင္းတိုက္ၿပီးေပးတာကို ဆာလား လိုက္မီသြားခဲ့ေပမယ့္ Chipping ကန္ခ်က္က ဂိုးေဘးပိုက္ထဲမွာပဲ အဆုံးသတ္သြားခဲ့သလို ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ကီတာအစား ဟန္ဒါဆန္ကို ထည့္ၿပီး ထိန္းကစားဖို႔ ႀကံခဲ့ၿပီး သူတို႔ရဲ႕ တိုက္စစ္ပိုင္းကေတာ့ က်ဆင္းစျပဳလာခဲ့တာပါ။

ပြဲခ်ိန္ ၈၃ မိနစ္မွာ စီးတီးတို႔ဘက္က ေဂ်ဆူးစ္အစား မာရက္ဇ္ကို လဲခဲ့သလို လီဗာပူးလ္တို႔ဘက္ကေတာ့ မာေနးအစား ဂ်ိဳတာ၊ လူးဝစ္ ဒီယက္ဇ္အစား ဖာမီႏိုတို႔ကို ပြဲခ်ိန္ ၈၅ မိနစ္မွာ လဲကစားသြားခဲ့ၿပီး ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ သီယာဂိုအစား ကားတစ္ဂ်ဳံးစ္ကို ထည့္ကစားၿပီး ကြင္းလယ္မွာ ကစားအားအတြက္ ျပင္ဆင္သြားခဲ့ခ်ိန္မွာ ဆက္ကစားခြင့္ရတဲ့ ဆာလားကေတာ့ အခြင့္အေရးေတြကို ျဖဳန္းတီးေနခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ မန္စီးတီးတို႔ ဒုတိယ ေခ်ပဂိုးကို ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ေရာဘတ္ဆန္ကို ညာျခမ္းက ေက်ာ္ျဖတ္သြားခဲ့တဲ့ မာရက္ဇ္က အယ္လစ္ဆန္ရဲ႕ ေပါင္ၾကားက အနိမ့္ေဘာကန္သြင္းရာမွာ ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဘယ္ျခမ္းက လိုက္ပါလာတဲ့ ဘာနာဒို ေဆးလ္ဗားက အနီးကပ္ပိတ္သြင္းၿပီး ရယူသြားႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဖာနန္ဒင္ညိဳ၊ မာရက္ဇ္တို႔ရဲ႕ ကန္ခ်က္ေတြက ဂိုးေပါက္လြဲေခ်ာ္ခဲ့သလို စတာလင္ရဲ႕ အနီးကပ္ အခြင့္အေရးကလည္း ဂိုးသမား အယ္လစ္ဆန္တည့္တည့္ကိုပဲ ကန္မိခဲ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာ လီဗာပူးလ္တို႔က မန္စီးတီးတို႔ကို သုံးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ယူသြားခဲ့ၿပီး ႏွစ္ ၁၅၀ ျပည့္ အက္ဖ္ေအဖလားရဲ႕ ေနာက္ဆုံးဗိုလ္လုပြဲအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.