Analysis Premier League

ဟက်ထရစ် အကြိမ် ၆၀ နဲ့ မန်ယူနိုက်တက် 3-2 နော့ဝစ်ချ် ပွဲအပြီး ပြောစရာ 7 ချက်

၇ ခါ ထိုင်ရှိခိုးသင့်တဲ့ ကယ်တင်ရှင်ကြီး
ဒီနေ့ပွဲမှာ ရန်းနစ်ခ်ရဲ့ ပေါ့ပျက်ပျက် လူထုတ်ပုံက အသင်းကို တော်တော်လေး အထိနာစေခဲ့ပြီး ပွဲစကတည်းက သိသင့်ချိန်မှာ တစ်ဂိုးပေးလို့ မသိ၊ နှစ်ဂိုးပေးလို့ မသိဘဲနဲ့ တော်တော်ကြာမှ မာတစ်ချ်ကို ထည့်ခဲ့ရတာပါ။ ကွင်းလယ်က လင်ဂါဒင်ညို၊ ဘရူနိုနဲ့ ဗိုင်းရပ်စ်တို့ကလည်း ဘာဖန်တီးရှင်တွေလဲ… အလှဖန်တီးရှင်လား မေးရမယ့်အချိန်မှာ အသင်းကို နိုင်ပွဲရဖို့ ကယ်တင်ခဲ့တဲ့သူကတော့ ကျောနံပတ် ၇ ပိုင်ရှင် ဘိုးတော်ဒိုဖြစ်လို့ မန်ချက်စတာ ယူနိုက်တက်ကို အားပေးသူတွေအနေနဲ့ ၇ နာရီမှာ ၇ ကြိမ် ဦးချပြီး ကျေးဇူးတင်သင့်တာဖြစ်ပါတယ်။

ရန်းနစ်ခ်ရဲ့ ကောင်းလိုက်တဲ့ ခံစစ်
မန်ချက်စတာယူနိုက်တက်ရဲ့ ပြဿနာက ကွင်းလယ်မှာ မြစ်ဖျားခံတယ်ဆိုရင်လည်း ခံစစ်က အရည်အချင်းပြည့်သူတွေ မှန်ရင် ကြံ့ကြံ့ခံ တွန်းလှန်နိုင်ရမယ် မဟုတ်ဘူးလား။ ဒဟေးယားတစ်ယောက်တည်း မပဋာ မြေလူးဖြစ်နေချိန်မှာ ဆရာလေးပါးကတော့ ခပ်အေးအေးပါပဲ။ ဒါလော့က ခံစစ်ကို ဘယ်လို ပြန်ပါရမယ်မှန်း မသိချိန်မှာ မက်ဂွိုင်းယားက ကွင်းဘေးစည်းအထိ လိုက်ဖျက်နေပြီး လင်ဒီလော့ဖ်နဲ့ အဲလက်စ် တဲလက်စ်က ဗဟိုမှာ နေရာယူပြီး ဘယ်ခြမ်းမှာ ကွက်လပ်ကြီး ခင်းပေးထားလိုက်တာကတော့ ပထမပိုင်းပြီးခါနီး ပထမ ချေပဂိုးမှာ သိသာခဲ့သလို ဒုတိယ ချေပဂိုးကလည်း နော့ဝစ်ချ်တို့ ဒီနေရာကပဲ ရယူသွားခဲ့ကြတာပါ။

အကြိမ် ၆၀ နဲ့ အကြိမ် ၃၀
ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဒီနေ့ဟက်ထရစ်ကတော့ ကစားသမားဘဝမှာ အကြိမ် ၆၀ မြောက် ဟက်ထရစ်လည်းဖြစ်ပြီး ဟက်ထရစ် ပြည့်မြောက်စေမယ့် ဖရီးကစ်ဂိုးကတော့ အကြိမ် ၃၀ မြောက် ဖရီးကစ်ဖြစ်ခဲ့တာပါ။ ဒီထဲက ဟက်ထရစ် အကြိမ် ၃၀ ကို သူ့ရဲ့ အသက် ၃၀ မပြည့်ခင်မှာ သွင်းယူခဲ့တာဖြစ်ပြီး ကျန်အကြိမ် ၃၀ ကိုတော့ အသက် ၃၀ ပြည့်ပြီးမှ သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ နှစ်ချို့ဝိုင် ပေါ်တူဂီသားကြီးအနေနဲ့ ဂိုးရှေ့မှာ အဆုံးသတ်ဖို့က သူ့အတွက် ငှက်ပျောသီး အခွံနွှာစားတဲ့ အလုပ်လိုဖြစ်နေပြီး တောင်ပံနှစ်ဖက်နဲ့ သူ့နောက်မှာ တစ်ကိုယ်ကောင်းမဆန်ဘဲ ဂိုးသွင်းပြီး ဟီးရိုးလုပ်ရမှ ကျေနပ်သူတွေ ပါမလာခဲ့ဘူးဆိုရင် ရှေ့လျှောက်လည်း ဟက်ထရစ်တွေ ရနေဦးမှာလို့ ယူဆရပါတယ်။

နည်းပြသစ် ဖြေရှင်းရမယ့် ကွင်းလယ်
နည်းပြသစ်ဖြစ်လာမယ့် အဲရစ် တန်ဟတ်အနေနဲ့ လာမယ့်ရာသီမှာ ကွင်းလယ်ကို ပြန်လည်တည်ဆောက်ရဖို့ ရှိနေပါတယ်။ ပေါ့ဘာ၊ ဖာနန်ဒက်စ်နဲ့ လင်ဂတ်တို့ကို ဒီနေ့ တွဲပေးလိုက်တာက အသင်းရဲ့ ခံစစ်ကို ကြိုက်သလို လုပ်ပါတော့လို့ တစ်ဖက်အသင်းတိုက်စစ်ဆီ ထိုးအပ်လိုက်တဲ့ လုပ်ရပ်ဖြစ်ပြီး အဖျက်ကစားဖို့ ဘယ်သူမှ မပါခဲ့ချိန်မှာ သူ့လက်ထဲ ရောက်ရင် ရွှေဖြစ်နေပြီလို့ ထင်တဲ့ စောင်တလွဲ ရန်းနစ်ခ်ရဲ့ တစ်ယူသန်မှုကိုလည်း မြင်သာစေခဲ့ပါတယ်။ ဘယ်သူလာလာ အလုပ်မဖြစ်တဲ့ ပေါ့ဘာနဲ့ ခြေကျနေပြီဖြစ်တဲ့ မာတစ်ချ်တို့ကို ဒီရာသီကုန်မှာ လမ်းခွဲရဖွယ်ရှိနေပြီး ဗန်ဒဘိခ်သာ အိုင်းယက်စ်ကလို ပြန်ဖြစ်လာခဲ့ရင် ဘယ်သူထွက်ထွက် လွမ်းလောက်စရာမရှိဘူးလို့ပဲ ဆိုရမှာပါ။

နော့ဝစ်ချ်ရဲ့ ကံမလိုက်မှု
ကနေရီတွေအနေနဲ့ ဒီရာသီမှာလည်း တန်းပြန်ဆင်းသွားရင်တော့ သူတို့ရဲ့ တစ်နှစ်တက် တစ်နှစ်ဆင်း ကလင်ဒါကျအရ အံ့ဩစရာမရှိသလို ဒီအသင်းဟာ ပရီးမီးယားလိဂ်နဲ့လည်း ဘယ်လိုမှကို ယှဉ်တွဲနေထိုင်လို့မရတဲ့ အသင်းမျိုးဖြစ်နေခဲ့တာပါ။ ကစားသမားကောင်းတွေကို အသင်းကြီးတွေက အမဲဖျက်ဖို့ မကြာခဏ ကြံစည်နေခဲ့ပေမယ့် တော်တော်များများကို ဆက်ထိန်းနိုင်ခဲ့တဲ့ နော့ဝစ်ချ်ဟာ ဒီရာသီမှာလည်း အဆင့် ၂၀ မှာပဲ ရပ်တည်နေနိုင်ပြီး ဘန်လေကို အနိုင်ယူခဲ့ပေမယ့် မလုံလောက်သေးသလို အိုးလ်ထရက်ဖို့ဒ်မှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အမှတ်လက်မဲ့ပဲဖြစ်ခဲ့တာကြောင့် သူတို့တွေအတွက် ကံကိုပဲ ယိုးမယ်ဖွဲ့ရတော့မှာဖြစ်ပါတယ်။

ဒီသုံးယောက်ကိုပဲ Lock ချလိုက်ပါ
မန်ချက်စတာယူနိုက်တက်တို့ရဲ့ Attacking Trio ဟာ ဒီနေ့ပွဲမှာ ကစားခဲ့တဲ့ သုံးယောက်သာ အစစ်အမှန်ပါပဲ။ ဆန်ချိုဟာ တောင်ပံတွေကနေ ဖန်တီးပေးပို့ဖို့ ပိုမိုအားသန်သလို အီလန်ဂါကတော့ မရပ်မနားပြေးလွှားပြီး နေရာလွတ်တွေ ဖန်တီးပေးဖို့ အားသန်သူဖြစ်ပါတယ်။ ဒီအချိန်မှာ အသက်အရွယ်ကြောင့် သိပ်မပြေးတော့ဘဲ နေရာမှန်မှာ ရှိနေဖို့ အာရုံစိုက်နေတဲ့ ရော်နယ်လ်ဒိုအတွက်တော့ သူတို့နှစ်ယောက်ဟာ အံဝင်ခွင်ကျဖြစ်စေမယ့် အဖော်မွန်တွေဖြစ်ကြပြီး သူတို့ကို ဘယ်သူတွေနဲ့မှ အစားမထိုးတော့ဘဲ ပုံသေအတွဲအဖက်အဖြစ် Lock ချထားသင့်သလို လာမယ့်ပွဲတွေမှာလည်း ပိုကောင်းလာဦးမယ်လို့ ယုံကြည်ရပါတယ်။

ဘယ်သူမှ မသိလိုက်ဘဲ ၃၀၀ ပြည့်တဲ့ ဝေဠုကျော်
ဒီနေ့ပွဲမှာ ပေါ့ဘာအစား လူစားဝင်ကစားခဲ့တဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကတော့ မန်ချက်စတာယူနိုက်တက်အတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၃၀၀ အထိ ကစားခွင့်နဲ့အတူ မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်။ မြန်မာပရိသတ်တွေကြားမှာ ပရဟိတမင်းသားလေး ဝေဠုကျော်လို့ နောက်ပြောင်ခေါ်ဝေါ်ကြတဲ့ အင်္ဂလန်တိုက်စစ်မှူးအနေနဲ့ ဒီစံချိန်ကို အသက် ၂၄ နှစ်နဲ့ ၁၆၇ ရက် အရွယ်မှာ ရရှိခဲ့တာ ဖြစ်ပြီး သူ့ထက် ပိုစောပြီး ရယူနိုင်ခဲ့ကြတာဆိုလို့ ဂျော့ချ် ဘက်စ် (၂၃ နှစ် ၁၄၉ ရက်)နဲ့ ရိုင်ယန် ဂစ် (၂၄ နှစ် ၂၂ ရက်)တို့ နှစ်ဦးသာ ရှိခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၇ ခါ ထိုင္ရွိခိုးသင့္တဲ့ ကယ္တင္ရွင္ႀကီး
ဒီေန႔ပြဲမွာ ရန္းနစ္ခ္ရဲ႕ ေပါ့ပ်က္ပ်က္ လူထုတ္ပုံက အသင္းကို ေတာ္ေတာ္ေလး အထိနာေစခဲ့ၿပီး ပြဲစကတည္းက သိသင့္ခ်ိန္မွာ တစ္ဂိုးေပးလို႔ မသိ၊ ႏွစ္ဂိုးေပးလို႔ မသိဘဲနဲ႔ ေတာ္ေတာ္ၾကာမွ မာတစ္ခ်္ကို ထည့္ခဲ့ရတာပါ။ ကြင္းလယ္က လင္ဂါဒင္ညိဳ၊ ဘ႐ူႏိုနဲ႔ ဗိုင္းရပ္စ္တို႔ကလည္း ဘာဖန္တီးရွင္ေတြလဲ… အလွဖန္တီးရွင္လား ေမးရမယ့္အခ်ိန္မွာ အသင္းကို ႏိုင္ပြဲရဖို႔ ကယ္တင္ခဲ့တဲ့သူကေတာ့ ေက်ာနံပတ္ ၇ ပိုင္ရွင္ ဘိုးေတာ္ဒိုျဖစ္လို႔ မန္ခ်က္စတာ ယူႏိုက္တက္ကို အားေပးသူေတြအေနနဲ႔ ၇ နာရီမွာ ၇ ႀကိမ္ ဦးခ်ၿပီး ေက်းဇူးတင္သင့္တာျဖစ္ပါတယ္။

ရန္းနစ္ခ္ရဲ႕ ေကာင္းလိုက္တဲ့ ခံစစ္
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ျပႆနာက ကြင္းလယ္မွာ ျမစ္ဖ်ားခံတယ္ဆိုရင္လည္း ခံစစ္က အရည္အခ်င္းျပည့္သူေတြ မွန္ရင္ ႀကံ့ႀကံ့ခံ တြန္းလွန္ႏိုင္ရမယ္ မဟုတ္ဘူးလား။ ဒေဟးယားတစ္ေယာက္တည္း မပဋာ ေျမလူးျဖစ္ေနခ်ိန္မွာ ဆရာေလးပါးကေတာ့ ခပ္ေအးေအးပါပဲ။ ဒါေလာ့က ခံစစ္ကို ဘယ္လို ျပန္ပါရမယ္မွန္း မသိခ်ိန္မွာ မက္ဂြိဳင္းယားက ကြင္းေဘးစည္းအထိ လိုက္ဖ်က္ေနၿပီး လင္ဒီေလာ့ဖ္နဲ႔ အဲလက္စ္ တဲလက္စ္က ဗဟိုမွာ ေနရာယူၿပီး ဘယ္ျခမ္းမွာ ကြက္လပ္ႀကီး ခင္းေပးထားလိုက္တာကေတာ့ ပထမပိုင္းၿပီးခါနီး ပထမ ေခ်ပဂိုးမွာ သိသာခဲ့သလို ဒုတိယ ေခ်ပဂိုးကလည္း ေနာ့ဝစ္ခ်္တို႔ ဒီေနရာကပဲ ရယူသြားခဲ့ၾကတာပါ။

အႀကိမ္ ၆၀ နဲ႔ အႀကိမ္ ၃၀
ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ဒီေန႔ဟက္ထရစ္ကေတာ့ ကစားသမားဘဝမွာ အႀကိမ္ ၆၀ ေျမာက္ ဟက္ထရစ္လည္းျဖစ္ၿပီး ဟက္ထရစ္ ျပည့္ေျမာက္ေစမယ့္ ဖရီးကစ္ဂိုးကေတာ့ အႀကိမ္ ၃၀ ေျမာက္ ဖရီးကစ္ျဖစ္ခဲ့တာပါ။ ဒီထဲက ဟက္ထရစ္ အႀကိမ္ ၃၀ ကို သူ႔ရဲ႕ အသက္ ၃၀ မျပည့္ခင္မွာ သြင္းယူခဲ့တာျဖစ္ၿပီး က်န္အႀကိမ္ ၃၀ ကိုေတာ့ အသက္ ၃၀ ျပည့္ၿပီးမွ သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။ ႏွစ္ခ်ိဳ႕ဝိုင္ ေပၚတူဂီသားႀကီးအေနနဲ႔ ဂိုးေရွ႕မွာ အဆုံးသတ္ဖို႔က သူ႔အတြက္ ငွက္ေပ်ာသီး အခြံႏႊာစားတဲ့ အလုပ္လိုျဖစ္ေနၿပီး ေတာင္ပံႏွစ္ဖက္နဲ႔ သူ႔ေနာက္မွာ တစ္ကိုယ္ေကာင္းမဆန္ဘဲ ဂိုးသြင္းၿပီး ဟီး႐ိုးလုပ္ရမွ ေက်နပ္သူေတြ ပါမလာခဲ့ဘူးဆိုရင္ ေရွ႕ေလွ်ာက္လည္း ဟက္ထရစ္ေတြ ရေနဦးမွာလို႔ ယူဆရပါတယ္။

နည္းျပသစ္ ေျဖရွင္းရမယ့္ ကြင္းလယ္
နည္းျပသစ္ျဖစ္လာမယ့္ အဲရစ္ တန္ဟတ္အေနနဲ႔ လာမယ့္ရာသီမွာ ကြင္းလယ္ကို ျပန္လည္တည္ေဆာက္ရဖို႔ ရွိေနပါတယ္။ ေပါ့ဘာ၊ ဖာနန္ဒက္စ္နဲ႔ လင္ဂတ္တို႔ကို ဒီေန႔ တြဲေပးလိုက္တာက အသင္းရဲ႕ ခံစစ္ကို ႀကိဳက္သလို လုပ္ပါေတာ့လို႔ တစ္ဖက္အသင္းတိုက္စစ္ဆီ ထိုးအပ္လိုက္တဲ့ လုပ္ရပ္ျဖစ္ၿပီး အဖ်က္ကစားဖို႔ ဘယ္သူမွ မပါခဲ့ခ်ိန္မွာ သူ႔လက္ထဲ ေရာက္ရင္ ေ႐ႊျဖစ္ေနၿပီလို႔ ထင္တဲ့ ေစာင္တလြဲ ရန္းနစ္ခ္ရဲ႕ တစ္ယူသန္မႈကိုလည္း ျမင္သာေစခဲ့ပါတယ္။ ဘယ္သူလာလာ အလုပ္မျဖစ္တဲ့ ေပါ့ဘာနဲ႔ ေျခက်ေနၿပီျဖစ္တဲ့ မာတစ္ခ်္တို႔ကို ဒီရာသီကုန္မွာ လမ္းခြဲရဖြယ္ရွိေနၿပီး ဗန္ဒဘိခ္သာ အိုင္းယက္စ္ကလို ျပန္ျဖစ္လာခဲ့ရင္ ဘယ္သူထြက္ထြက္ လြမ္းေလာက္စရာမရွိဘူးလို႔ပဲ ဆိုရမွာပါ။

ေနာ့ဝစ္ခ်္ရဲ႕ ကံမလိုက္မႈ
ကေနရီေတြအေနနဲ႔ ဒီရာသီမွာလည္း တန္းျပန္ဆင္းသြားရင္ေတာ့ သူတို႔ရဲ႕ တစ္ႏွစ္တက္ တစ္ႏွစ္ဆင္း ကလင္ဒါက်အရ အံ့ဩစရာမရွိသလို ဒီအသင္းဟာ ပရီးမီးယားလိဂ္နဲ႔လည္း ဘယ္လိုမွကို ယွဥ္တြဲေနထိုင္လို႔မရတဲ့ အသင္းမ်ိဳးျဖစ္ေနခဲ့တာပါ။ ကစားသမားေကာင္းေတြကို အသင္းႀကီးေတြက အမဲဖ်က္ဖို႔ မၾကာခဏ ႀကံစည္ေနခဲ့ေပမယ့္ ေတာ္ေတာ္မ်ားမ်ားကို ဆက္ထိန္းႏိုင္ခဲ့တဲ့ ေနာ့ဝစ္ခ်္ဟာ ဒီရာသီမွာလည္း အဆင့္ ၂၀ မွာပဲ ရပ္တည္ေနႏိုင္ၿပီး ဘန္ေလကို အႏိုင္ယူခဲ့ေပမယ့္ မလုံေလာက္ေသးသလို အိုးလ္ထရက္ဖို႔ဒ္မွာ ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ အမွတ္လက္မဲ့ပဲျဖစ္ခဲ့တာေၾကာင့္ သူတို႔ေတြအတြက္ ကံကိုပဲ ယိုးမယ္ဖြဲ႕ရေတာ့မွာျဖစ္ပါတယ္။

ဒီသုံးေယာက္ကိုပဲ Lock ခ်လိုက္ပါ
မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ Attacking Trio ဟာ ဒီေန႔ပြဲမွာ ကစားခဲ့တဲ့ သုံးေယာက္သာ အစစ္အမွန္ပါပဲ။ ဆန္ခ်ိဳဟာ ေတာင္ပံေတြကေန ဖန္တီးေပးပို႔ဖို႔ ပိုမိုအားသန္သလို အီလန္ဂါကေတာ့ မရပ္မနားေျပးလႊားၿပီး ေနရာလြတ္ေတြ ဖန္တီးေပးဖို႔ အားသန္သူျဖစ္ပါတယ္။ ဒီအခ်ိန္မွာ အသက္အ႐ြယ္ေၾကာင့္ သိပ္မေျပးေတာ့ဘဲ ေနရာမွန္မွာ ရွိေနဖို႔ အာ႐ုံစိုက္ေနတဲ့ ေရာ္နယ္လ္ဒိုအတြက္ေတာ့ သူတို႔ႏွစ္ေယာက္ဟာ အံဝင္ခြင္က်ျဖစ္ေစမယ့္ အေဖာ္မြန္ေတြျဖစ္ၾကၿပီး သူတို႔ကို ဘယ္သူေတြနဲ႔မွ အစားမထိုးေတာ့ဘဲ ပုံေသအတြဲအဖက္အျဖစ္ Lock ခ်ထားသင့္သလို လာမယ့္ပြဲေတြမွာလည္း ပိုေကာင္းလာဦးမယ္လို႔ ယုံၾကည္ရပါတယ္။

ဘယ္သူမွ မသိလိုက္ဘဲ ၃၀၀ ျပည့္တဲ့ ေဝဠဳေက်ာ္
ဒီေန႔ပြဲမွာ ေပါ့ဘာအစား လူစားဝင္ကစားခဲ့တဲ့ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကေတာ့ မန္ခ်က္စတာယူႏိုက္တက္အတြက္ ၿပိဳင္ပြဲစုံမွာ ပြဲေပါင္း ၃၀၀ အထိ ကစားခြင့္နဲ႔အတူ မွတ္တမ္းဝင္သြားခဲ့တာျဖစ္ပါတယ္။ ျမန္မာပရိသတ္ေတြၾကားမွာ ပရဟိတမင္းသားေလး ေဝဠဳေက်ာ္လို႔ ေနာက္ေျပာင္ေခၚေဝၚၾကတဲ့ အဂၤလန္တိုက္စစ္မႉးအေနနဲ႔ ဒီစံခ်ိန္ကို အသက္ ၂၄ ႏွစ္နဲ႔ ၁၆၇ ရက္ အ႐ြယ္မွာ ရရွိခဲ့တာ ျဖစ္ၿပီး သူ႔ထက္ ပိုေစာၿပီး ရယူႏိုင္ခဲ့ၾကတာဆိုလို႔ ေဂ်ာ့ခ်္ ဘက္စ္ (၂၃ ႏွစ္ ၁၄၉ ရက္)နဲ႔ ႐ိုင္ယန္ ဂစ္ (၂၄ ႏွစ္ ၂၂ ရက္)တို႔ ႏွစ္ဦးသာ ရွိခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.