Premier League

ရာသီကုန္မွာ အသင္းကို ႀကီးႀကီးမားမား ေျပာင္းလဲသြားမယ့္ မန္စီးတီး

မန္ခ်က္စတာစီးတီးအသင္းနည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ ရာသီကုန္မွာ သူ႕ရဲ႕အသင္းကို ႀကီးႀကီးမားမား အေျပာင္းအလဲလုပ္သြားမွာ ျဖစ္တယ္လို႔ အသင္းသားေတြကို သတိေပးေျပာၾကားထားခဲ့ၿပီး အနာဂတ္အတြက္ ဆုံးျဖတ္ခ်က္ေတြကို ရင္ဆုိင္ၾကရမွာျဖစ္တယ္လုိ႔လည္း ႀကဳိတင္ အသိေပးထားခဲ့ပါတယ္။

ဦးေဆာင္သူ လီဗာပူးလ္ကို ပြဲစဥ္ ၂၅ မွာ တစ္ပြဲေလ်ာ့ကစားထားေပမယ့္ ၂၂ မွတ္အထိ ျပတ္က်န္ေနတဲ့ အျဖစ္မ်ဳိးဟာ မန္စီးတီးအသင္းလို ေအာင္ျမင္မွဳေတြကို ရွာေဖြေနတဲ့ အသင္းမ်ဳိးအတြက္ေတာ့ လက္ခံႏုိင္စရာလည္း မဟုတ္ခဲ့ဘဲ ရာသီကုန္မွာ စြမ္းေဆာင္ရည္နည္းပါးတဲ့ ကစားသမားေတြကို ရွင္းထုတ္သြားဖြယ္ရွိေနပါတယ္။

ဂြါဒီယိုလာရဲ႕ ျပန္လည္သုံးသပ္သြားဖို႔ ရွိေနတဲ့ ကစားသမားစာရင္းမွာ ပါဝင္ေနသူေတြကေတာ့ တုိက္စစ္မွဴး ဂါဘရီယယ္လ္ ဂ်ီးဆပ္စ္နဲ႔ ေနာက္ခံလူေတြ ျဖစ္ၾကတဲ့ ဂၽြန္စတုန္းစ္၊ ဂ်ဳိအာအို ကန္ဆယ္လို၊ နီကိုလတ္စ္ ေအာ့တာမန္ဒီနဲ႔ အန္ဟဲလီညဳိတုိ႔ ျဖစ္ၾကၿပီး ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးကိုလည္း ဘုိင္ယန္နဲ႔ မန္စီးတီးကို ျပတ္ျပတ္သားသားေရြးခ်ယ္ဖို႔ ဖိအားေပးသြားႏုိင္ေၾကာင္းလည္း တြက္ဆရပါတယ္။

အသင္းပုိင္ရွင္ေတြနဲ႔ တာဝန္ရွိသူေတြရဲ႕ ေထာက္ခံမွဳကိုေတာ့ ဂြါဒီယိုလာအေနနဲ႔ အျပည့္အဝ ရရွိထားၿပီး ဒီရာသီမွာ ေျခေခ်ာ္လက္ေခ်ာ္ျဖစ္တဲ့ အျဖစ္မ်ဳိး ထပ္မံျဖစ္ပြားျခင္း မရွိေအာင္ စြမ္းေဆာင္ရည္ ပုံမွန္မရွိတဲ့ ကစားသမားေတြကို ရွင္းထုတ္သြားဖို႔ ရွိေနသလို ကစားသမားေတြအေနနဲ႔ ရာသီကုန္မွာ သမၼာက်မ္းစာထဲက တရားစီရင္ရာေန႔ကို ႀကဳံၾကရလိမ့္မယ္လို႔ ေမရာသတင္းဌာနက ေရးသားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: SKY SPORTS & MIRROR
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ ရာသီကုန်မှာ သူ့ရဲ့အသင်းကို ကြီးကြီးမားမား အပြောင်းအလဲလုပ်သွားမှာ ဖြစ်တယ်လို့ အသင်းသားတွေကို သတိပေးပြောကြားထားခဲ့ပြီး အနာဂတ်အတွက် ဆုံးဖြတ်ချက်တွေကို ရင်ဆိုင်ကြရမှာဖြစ်တယ်လို့လည်း ကြိုတင် အသိပေးထားခဲ့ပါတယ်။

ဦးဆောင်သူ လီဗာပူးလ်ကို ပွဲစဉ် ၂၅ မှာ တစ်ပွဲလျော့ကစားထားပေမယ့် ၂၂ မှတ်အထိ ပြတ်ကျန်နေတဲ့ အဖြစ်မျိုးဟာ မန်စီးတီးအသင်းလို အောင်မြင်မှုတွေကို ရှာဖွေနေတဲ့ အသင်းမျိုးအတွက်တော့ လက်ခံနိုင်စရာလည်း မဟုတ်ခဲ့ဘဲ ရာသီကုန်မှာ စွမ်းဆောင်ရည်နည်းပါးတဲ့ ကစားသမားတွေကို ရှင်းထုတ်သွားဖွယ်ရှိနေပါတယ်။

ဂွါဒီယိုလာရဲ့ ပြန်လည်သုံးသပ်သွားဖို့ ရှိနေတဲ့ ကစားသမားစာရင်းမှာ ပါဝင်နေသူတွေကတော့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျီးဆပ်စ်နဲ့ နောက်ခံလူတွေ ဖြစ်ကြတဲ့ ဂျွန်စတုန်းစ်၊ ဂျိုအာအို ကန်ဆယ်လို၊ နီကိုလတ်စ် အော့တာမန်ဒီနဲ့ အန်ဟဲလီညိုတို့ ဖြစ်ကြပြီး တောင်ပံကစားသမား လီရွိုင်း ဆာနေးကိုလည်း ဘိုင်ယန်နဲ့ မန်စီးတီးကို ပြတ်ပြတ်သားသားရွေးချယ်ဖို့ ဖိအားပေးသွားနိုင်ကြောင်းလည်း တွက်ဆရပါတယ်။

အသင်းပိုင်ရှင်တွေနဲ့ တာဝန်ရှိသူတွေရဲ့ ထောက်ခံမှုကိုတော့ ဂွါဒီယိုလာအနေနဲ့ အပြည့်အဝ ရရှိထားပြီး ဒီရာသီမှာ ခြေချော်လက်ချော်ဖြစ်တဲ့ အဖြစ်မျိုး ထပ်မံဖြစ်ပွားခြင်း မရှိအောင် စွမ်းဆောင်ရည် ပုံမှန်မရှိတဲ့ ကစားသမားတွေကို ရှင်းထုတ်သွားဖို့ ရှိနေသလို ကစားသမားတွေအနေနဲ့ ရာသီကုန်မှာ သမ္မာကျမ်းစာထဲက တရားစီရင်ရာနေ့ကို ကြုံကြရလိမ့်မယ်လို့ မေရာသတင်းဌာနက ရေးသားခဲ့ကြောင်း သိရှိရပါတယ်။

REF: SKY SPORTS & MIRROR
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.