Match Report Premier League

ရော်နယ်လ်ဒိုရဲ့ ဟက်ထရစ်နဲ့ နော့ဝစ်ချ်ကို အနိုင်ယူပြီး အဆင့် ၅ ရောက်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဒီနေ့မှာတော့ ခံစစ်မှာ ဂိုးသမား ဒဟေးယား၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ အဲလက်စ် တဲလက်စ်နဲ့ ဒါလော့တို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ ပေါ့ဘာ၊ လင်ဂတ်နဲ့ ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆန်ချို၊ အီလန်ဂါနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ ကစားလာခဲ့ကြပါတယ်။

နော့ဝစ်ချ်စီးတီးတို့ကတော့ ခံစစ်မှာ ဂိုးသမား ကရူးလ်၊ ဟန်လီ၊ ဂစ်ဘ်ဆန်၊ ဘိုင်ရမ်နဲ့ ဂျန်နူလစ်တို့ တွဲဖက်ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ မက္ကလင်း၊ နော်မန်း၊ ဒိုဝဲလ်၊ လီးမေလူးနဲ့ ရာရှီကာတို့ စုဖွဲ့အထိုင်ချခဲ့ကြသလို အဝေးကွင်း အိုးလ်ထရက်ဖို့ဒ်မှာတော့ တိုက်စစ်ကို ပူကီတစ်ယောက်တည်းကို အထောင်ထားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃ မိနစ်မှာကတည်းက ကွင်းလယ်အဖျက်ကစားသမားစစ်စစ် မပါတဲ့ ယူနိုက်တက်တို့ ထိုးဖောက်ကန်သွင်းခံခဲ့ရသလို ပူကီရဲ့ ကန်ချက်ကို ဒဟေးယား ကာကွယ်နိုင်ခဲ့လို့သာ သက်သာခဲ့ရပြီး ပွဲချိန် ၄ မိနစ်မှာတော့ အဲလက်စ် တဲလက်စ်ရဲ့ ဖြတ်တင်ဘောကို အီလန်ဂါ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမား ကရူးလ်တည့်တည့်ပဲ ရောက်သွားခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာတော့ မန်ချက်စတာယူနိုက်တက်တို့ အဖွင့်ဂိုး စရခဲ့ပြီး ဆရာလိုလို ဘာလိုလိုနဲ့ ဘောလုံးကိုင်ထားတဲ့ နောက်ခံလူ ဂစ်ဘ်ဆန်ဆီက ဘောလုံးဖြတ်ယူသွားခဲ့တဲ့ အီလန်ဂါက ညာတောင်ပံကနေ ခင်းပေးတာကို ရော်နယ်လ်ဒိုအနေနဲ့ အေးအေးဆေးဆေး အနီးကပ် ကန်သွင်းခွင့်နဲ့အတူ သူ့အတွက် ဒီရာသီမှာ ၁၃ ဂိုးမြောက်ကို ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

လင်ဂတ်၊ ဖာနန်ဒက်စ်၊ ပေါ့ဘာတို့ရဲ့ ကွင်းလယ်က ဖန်တီးမှုရော အဖျက်ပိုင်းမှာပါ သိပ်ပြီး အားရစရာတော့ မရှိခဲ့ဘဲ တောင်ပံတွေကိုပဲ မှီခိုနေခဲ့ရသလို အခွင့်အရေးတွေကို မဖန်တီးနိုင်ခဲ့ဘဲ တိုက်စစ်သမားတွေကလည်း ဖြုန်းတီးမှုတွေ များနေခဲ့လို့ အဖွင့်ဂိုးရှင် ပေါ်တူဂီသားကြီးတောင် စိတ်ပျက်ခဲ့ရသေးတာပါ။

ပွဲချိန် ၃၂ မိနစ်မှာတော့ ယူနိုက်တက်တို့ ဒုတိယဦးဆောင်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လင်ဂတ်ရဲ့ ကန်ချက်ကနေ ရတဲ့ ထောင့်ကန်ဘောကို ညာခြမ်းကနေ အဲလက်စ် တဲလက်စ်က ကန်တင်ပေးခဲ့ရာမှာ ရော်နယ်လ်ဒိုက သူ့ကို လိုက်ကပ်ဖျက်ဖို့ ကြိုးစားတဲ့ နော့ဝစ်ချ်နောက်ခံလူ ဂစ်ဘ်ဆန်ထက် ပိုမြင့်အောင်ခုန်ပြီး ခေါင်းတိုက်သွင်းခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ကွင်းလယ်အဖျက်သမား မရှိတဲ့ ယူနိုက်တက်တို့ခံစစ်ကတော့ တော်တော်ဆိုးဆိုးဖြစ်ခဲ့ပြီး နော့ဝစ်ချ်တို့ တိုက်စစ်ပိုင်းက အသုံးမကျလို့သာ ဒဟေးယား အသည်းအသန်မဖြစ်ခဲ့ရချိန်မှာ နောက်တန်းကို ဦးဆောင်မယ့်သူလည်း ပျောက်ဆုံးနေခဲ့ပြီး တိုက်စစ်ကလည်း ရော်နယ်လ်ဒိုတစ်ယောက်တည်း အားကိုးနဲ့ ကစားနေခဲ့တာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ နော့ဝစ်ချ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ကြပြီး ဘယ်ခြမ်းကနေ ပူကီက ဂျန်နူလစ်နဲ့ အပေးအယူလုပ်ပြီး ဖြတ်တင်ပေးခဲ့ရာမှာ တောင်ပံခံစစ်မှာ ဘယ်သူမှ မရှိတဲ့ ကွက်လပ်ကို အခွင့်ကောင်းယူပြီး ကွင်းလယ်လူ ဒိုဝဲလ်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး တစ်မိနစ်မှာတော့ လင်ဂတ် နောက်ပေါက်နဲ့ ချပေးတဲ့ ဘောလုံးကို ရော်နယ်လ်ဒို ကန်တာ ဘေးထွက်သွားခဲ့သလို ပွဲချိန် မိနစ် ၅၀ မှာတော့ ထောင့်ကန်ဘောကနေ ပေါ့ဘာ၊ မက်ဂွိုင်းယားတို့ မကန်နိုင်ဘဲ ပြန်ထွက်လာတကို လင်ဂတ် ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ကရူးလ်ဆီ ခပ်ပျော့ပျော့ပဲ ရောက်သွားခဲ့တာပါ။

ပွဲချိန် ၅၂ မိနစ်မှာတော့ နော့ဝစ်ချ်တို့ သရေရစေမယ့် ဒုတိယ ချေပဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ပထမဂိုးရှင် ဒိုဝဲလ်က ကွင်းလယ်ကနေ ဆွဲပြေးလာခဲ့ပြီး လူကျွံဘောဖမ်းတာ အချိုးမပြေတဲ့ ယူနိုက်တက်ခံစစ်ရဲ့ စုဖွဲ့မှုကြားကနေ ညာခြမ်းကို ထိုးပေးခဲ့ရာမှာ ပူကီက ဒဟေးယားရဲ့ ဘယ်ဘက် ထောင့်ကျဉ်းထဲ ကန်သွင်းပြီး နှစ်ဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ပူကီ ခေါင်းတိုက်ချပေးတာကို ရာရှီကာ ကန်ချက်က ကောင်းခဲ့ပေမယ့် ဒဟေးယား ပုတ်ထုတ်ခဲ့ရပြီး နည်းပြ ရန်းနစ်ခ်အတွက်တော့ သူ့ခံစစ် ဘယ်လောက်ဆိုးရွားနေတယ်ဆိုတာကို အမှန်အကန် မြင်ခဲ့ရသလို ပွဲချိန် မိနစ် ၆၀ မှာ ထောင့်ကန်ဘောကနေ ရော်နယ်လ်ဒို ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးသမားတည့်တည့်ပဲ ရောက်သွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ အပြောင်းအလဲလုပ်ခဲ့ပြီး ခံစစ်ကို ကာကွယ်ဖို့ လင်ဂတ်အစား မာတစ်ချ်ကို ထည့်ခဲ့သလို တိုက်စစ်ကို အားဖြည့်ဖို့အတွက်တော့ အဲလက်စ် တဲလက်စ်အစား ရက်ရှ်ဖို့ဒ်နဲ့ ပေါ့ဘာအစား မာတာတို့ကို ထည့်သွင်းခဲ့ပြီး နော့ဝစ်ချ်ဘက်ကတော့ မက္ကလင်းနဲ့ ဒိုဝဲလ်တို့အစား ဂီးလ်မိုးနဲ့ ပလာချက်တာတို့ကို ထည့်သွင်းခဲ့တာပါ။

ပွဲချိန် ၇၆ မိနစ်မှာတော့ ယူနိုက်တက်တို့ အနိုင်ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ နော့ဝစ်ချ်ဂိုးဧရိယာထိပ်မှာ ရတဲ့ ဖရီးကစ်ကနေ ရော်နယ်လ်ဒိုကပဲ တန်းစီထားတဲ့ ကိုယ့်အသင်းဖော်ရဲ့ ငုံ့ပေးလိုက်ချိန်မှာ ကွက်တိကန်သွင်းခဲ့တာကို ခန္ဓာကိုယ် ကြီးမားလေးလံတဲ့ ဂိုးသမား ကရူးလ် ကာကွယ်ဖို့ နောက်ကျနေခဲ့လို့ သူ့ရဲ့ ကစားသမားဘဝ အကြိမ် ၃၀ မြောက် ဖရီးကစ်ကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဟက်ထရစ်ကတော့ သူ့ရဲ့ ကစားသမားဘဝ အကြိမ် ၆၀ မြောက် ဟက်ထရစ်လည်းဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ ဒီရာသီမှာ ၂၆ ပွဲ ကစားပြီး ၁၅ ဂိုးရယူနိုင်ခဲ့သလို ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့ကို သုံးဂိုး-နှစ်ဂိုးနဲ့ အောင်ပွဲခံစေခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို အာဆင်နယ်ဆီကနေ လက်လွှဲရယူစေနိုင်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


နော့ဝစ်ခ်ျစီးတီးတို့ကတော့ ခံစစ်မှာ ဂိုးသမား ကရူးလ်၊ ဟန်လီ၊ ဂစ်ဘ်ဆန်၊ ဘိုင်ရမ်နဲ့ ဂျန်နူလစ်တို့ တွဲဖက်ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ မက္ကလင်း၊ နော်မန်း၊ ဒိုဝဲလ်၊ လီးမေလူးနဲ့ ရာရှီကာတို့ စုဖွဲ့အထိုင်ချခဲ့ကြသလို အဝေးကွင်း အိုးလ်ထရက်ဖို့ဒ်မှာတော့ တိုက်စစ်ကို ပူကီတစ်ယောက်တည်းကို အထောင်ထားခဲ့တာဖြစ်ပါတယ်။




ပွဲချိန် ၃၂ မိနစ်မှာတော့ ယူနိုက်တက်တို့ ဒုတိယဦးဆောင်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လင်ဂတ်ရဲ့ ကန်ချက်ကနေ ရတဲ့ ထောင့်ကန်ဘောကို ညာခြမ်းကနေ အဲလက်စ် တဲလက်စ်က ကန်တင်ပေးခဲ့ရာမှာ ရော်နယ်လ်ဒိုက သူ့ကို လိုက်ကပ်ဖျက်ဖို့ ကြိုးစားတဲ့ နော့ဝစ်ခ်ျနောက်ခံလူ ဂစ်ဘ်ဆန်ထက် ပိုမြင့်အောင်ခုန်ပြီး ခေါင်းတိုက်သွင်းခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ကွင်းလယ်အဖျက်သမား မရှိတဲ့ ယူနိုက်တက်တို့ခံစစ်ကတော့ တော်တော်ဆိုးဆိုးဖြစ်ခဲ့ပြီး နော့ဝစ်ခ်ျတို့ တိုက်စစ်ပိုင်းက အသုံးမကျလို့သာ ဒဟေးယား အသည်းအသန်မဖြစ်ခဲ့ရချိန်မှာ နောက်တန်းကို ဦးဆောင်မယ့်သူလည်း ပျောက်ဆုံးနေခဲ့ပြီး တိုက်စစ်ကလည်း ရော်နယ်လ်ဒိုတစ်ယောက်တည်း အားကိုးနဲ့ ကစားနေခဲ့တာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ နော့ဝစ်ခ်ျတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ကြပြီး ဘယ်ခြမ်းကနေ ပူကီက ဂျန်နူလစ်နဲ့ အပေးအယူလုပ်ပြီး ဖြတ်တင်ပေးခဲ့ရာမှာ တောင်ပံခံစစ်မှာ ဘယ်သူမှ မရှိတဲ့ ကွက်လပ်ကို အခွင့်ကောင်းယူပြီး ကွင်းလယ်လူ ဒိုဝဲလ်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။


ပွဲချိန် ၅၂ မိနစ်မှာတော့ နော့ဝစ်ခ်ျတို့ သရေရစေမယ့် ဒုတိယ ချေပဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ပထမဂိုးရှင် ဒိုဝဲလ်က ကွင်းလယ်ကနေ ဆွဲပြေးလာခဲ့ပြီး လူကျွံဘောဖမ်းတာ အချိုးမပြေတဲ့ ယူနိုက်တက်ခံစစ်ရဲ့ စုဖွဲ့မှုကြားကနေ ညာခြမ်းကို ထိုးပေးခဲ့ရာမှာ ပူကီက ဒဟေးယားရဲ့ ဘယ်ဘက် ထောင့်ကျဉ်းထဲ ကန်သွင်းပြီး နှစ်ဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။


ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ အပြောင်းအလဲလုပ်ခဲ့ပြီး ခံစစ်ကို ကာကွယ်ဖို့ လင်ဂတ်အစား မာတစ်ခ်ျကို ထည့်ခဲ့သလို တိုက်စစ်ကို အားဖြည့်ဖို့အတွက်တော့ အဲလက်စ် တဲလက်စ်အစား ရက်ရှ်ဖို့ဒ်နဲ့ ပေါ့ဘာအစား မာတာတို့ကို ထည့်သွင်းခဲ့ပြီး နော့ဝစ်ခ်ျဘက်ကတော့ မက္ကလင်းနဲ့ ဒိုဝဲလ်တို့အစား ဂီးလ်မိုးနဲ့ ပလာချက်တာတို့ကို ထည့်သွင်းခဲ့တာပါ။

ပွဲချိန် ၇၆ မိနစ်မှာတော့ ယူနိုက်တက်တို့ အနိုင်ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ နော့ဝစ်ခ်ျဂိုးဧရိယာထိပ်မှာ ရတဲ့ ဖရီးကစ်ကနေ ရော်နယ်လ်ဒိုကပဲ တန်းစီထားတဲ့ ကိုယ့်အသင်းဖော်ရဲ့ ငုံ့ပေးလိုက်ချိန်မှာ ကွက်တိကန်သွင်းခဲ့တာကို ခန္ဓာကိုယ် ကြီးမားလေးလံတဲ့ ဂိုးသမား ကရူးလ် ကာကွယ်ဖို့ နောက်ကျနေခဲ့လို့ သူ့ရဲ့ ကစားသမားဘဝ အကြိမ် ၃၀ မြောက် ဖရီးကစ်ကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.