Match Report Premier League

ဖော်စတာရဲ့ လက်စွမ်းပြမှုမှာ ဂိုးမသွင်းနိုင်ဘဲ ဆောက်သမ်တန်ဆီ ရှုံးရပြန်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ လာကာဇက်ကို ကိုဗစ်ဖြစ်နေတာကြောင့် ချန်လှပ်ထားခဲ့သလို တိုက်စစ်မှာ နကီးတီးယားကို သုံးခဲ့ပြီး သူ့နောက်က မာတီနယ်လီ၊ အော်ဒီဂွါဒ်နဲ့ ဆာကာတို့ကို လိုက်ပါကစားခိုင်းခဲ့သလို ကွင်းလယ်မှာ ချာကာနဲ့ ဆမ်ဘီ လိုကွန်ဂါတို့ကို နေရာချခဲ့ချိန်မှာ ခံစစ်မှာတော့ ရမ်းစ်ဒေးလ်၊ ဆီးဒရစ်၊ ဘန်ဝှိုက်၊ ဂါဘရီယယ်လ်နဲ့ နူနို တာဗာရက်စ်တို့ကို ပြန်တွဲကစားစေခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဆောက်သမ်တန်တို့ကတော့ ဂိုးသမား ဖော်စတာ၊ ခံစစ်မှာ ဘက်ဒ်နာရက်ခ်၊ လီယန်ကို၊ ဗယ်လာရီ၊ ဝေါ်လ်ကာ-ပီတာစ်နဲ့ ပယ်ရိုတို့ကို နေရာချခဲ့ပြီး ကွင်းလယ်မှာတော့ ဝါ့ဒ်-ပရောက်စ်၊ ရိုမီယူတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ စတူးဝပ် အမ်းစ်ထရောင်း၊ ဘရိုယာနဲ့ အယ်လ်ယူနူစီတို့ကို ပွဲထွက်ကစားစေခဲ့တာပါ။

နကီးတီးယားရဲ့ ခြေနုတ်ခြေသိမ်း သွက်တဲ့ ပုံစံက လူအိုကြီး လာကာဇက် အထောင်ကစားတာထက် အများကြီး သာလွန်ခဲ့သလို အာဆင်နယ်တို့ သွက်လက်တဲ့ ကစားကွက်နဲ့ ကစားနိုင်ခဲ့ပြီး အာတီတာကတော့ တာဗာရက်စ်ကို ဘောလုံးဆုံးရှုံးချိန်တွေမှာ ကာကွယ်ပေးနိုင်ဖို့ ဆာကာကို ဘယ်ခြမ်းမှာ နေရာချခဲ့ပြီး မာတီနယ်လီကို ညာခြမ်းမှာ Inverted မဟုတ်ဘဲ Traditional Winger တွေအဖြစ် အသုံးပြုလာခဲ့ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ နကီးတီးယား ထိုးဖောက်လာခဲ့ပြီး ညာခြမ်းကို ချပေးရာမှာ မာတီနယ်လီက အကွက်မြင်မြင် ပေးပို့ခဲ့ပေမယ့် ဘယ်ခြမ်းကနေ ပြေးပိတ်တဲ့ ဆာကာရဲ့ အတွေးအခေါ်က ကလေးဆန်ခဲ့ပြီး အနီးတိုင်ခြေကို ပိတ်သွင်းရမယ့်အစား ဂိုးပေါက်တည့်ပြီးရော ကန်ခဲ့တာကြောင့် အရပ် ၆ ပေခွဲရှိတဲ့ ဂိုးသမား ဖော်စတာ ပုတ်ထုတ်တာခံခဲ့ရပြီး အပိုင်အဖွင့်ဂိုး ဆုံးရှုံးခဲ့ရတာပါ။

အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းနီးပါး ရယူကစားနိုင်ခဲ့ချိန်မှာ ဆောက်သမ်တန်တို့ကတော့ တန်ပြန်တိုက်စစ်၊ အမြင့်ဘောတွေနဲ့ အားကိုးထိုးဖောက်သွားခဲ့ပြီး ပွဲချိန် ၂၆ မိနစ်မှာ လက်ပစ်ဘောကနေ ကျလာတဲ့ ဘောလုံးကို ကွင်းလယ်လူ အမ်းစ်ထရောင်း ကန်သွင်းခဲ့တာကို ရမ်းစ်ဒေးလ် ကာကွယ်ခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်တို့အနေနဲ့ ဆောက်သမ်တန်အသင်းကိုတင် ယှဉ်ပြိုင်ရတာ မဟုတ်သလို ကြိုက်သလိုချ အဝါမပေးတဲ့ ဒိုင်လူကြီး ပီတာ ဘန့်ခ်စ်ရဲ့ ညစ်ပတ်မှုကိုလည်း ရင်ဆိုင်ခဲ့ရပြီး ဆီးဒရစ်လို အသင်းဟောင်းဘက် ဖရီးကစ်တွေကို ကန်ချင်သလို လျှောက်ကန်တဲ့သူမျိုးကိုလည်း အသင်းထဲမှာ ထားပြီး ကစားခဲ့ရတာကတော့ စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ ဆောက်သမ်တန်ကို အထင်သေးသလိုလိုနဲ့ ဖရီးကစ်တွေ တည်ကန်ဘောကို ဖောဖောသီသီ ခွင့်ပြုနေတဲ့ အာဆင်နယ်တို့ အထိနာသွားခဲ့ပြီး ဖရီးကစ်ကနေ ရခဲ့တဲ့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ထပ်ပြီး လူကျွံထောင်ချောက်နဲ့ ပေါ့ဆခဲ့ပြန်တဲ့ ဧည့်သည် တွေရဲ့ ခံစစ်ကို အယ်လ်ယူနူစီက ဖောက်ထွက်ပြီး ချိုးပေးတာကို နောက်ပြန်မဆင်းရသေးတဲ့ ဘက်ဒ်နာရက်ခ်က အနီးကပ်ကန်သွင်းပြီး ဦးဆောင်ဂိုး ရယူသွားခဲ့ပါတယ်။

ပထမပိုင်းမှာတော့ ဆောက်သမ်တန်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့အနေနဲ့ နည်းစနစ်ကျကျ မကစားနိုင်ဘဲဖြစ်နေခဲ့သလို တစ်ဖက်ဂိုးသမားရဲ့ အရပ်အမောင်းနဲ့ အားသာချက်ကို နားမလည်တဲ့ ဖြတ်တင်ဘောတွေကလည်း စိတ်ပျက်စရာပဲဖြစ်ခဲ့ပြီး ဆာကာကလည်း အော်ဒီဂွါဒ်နဲ့ နေရာယူပုံတွေမှာ နားလည်မှု နည်းနေခဲ့တာပါ။

ပွဲချိန် မိနစ် ၆၀ မှာ စမစ်ရိုး ဝင်လာခဲ့ပေမယ့် ထိုးဖောက်ပုံကတော့ လှေကြီးထိုး ရိုးရိုးကနေ တက်မလာခဲ့ဘဲ Blind Side Run မတတ်တဲ့ အာဆင်နယ်တို့ တစ်ဖက်ခံစစ်ကို မထိုးနှက်နိုင်သလို ညာခြမ်းက ဘယ်သန်နှစ်ယောက်ကလည်း အတွင်းဆွဲပြီး ကန်တဲ့ တစ်ပေါက်ပဲ ရတာကြောင့် ဂိုးရဖို့ ခက်နေခဲ့ကြပြီး ဆောက်သမ်တန်တို့ကတော့ ပိတ်ကစားနေခဲ့ပါတယ်။

အာဆင်နယ်တို့ရဲ့ တည်ကန်ဘောတွေကတော့ ဒီနေ့မှာ စုတ်ချာလွန်းနေခဲ့ပြီး ပွဲချိန်မိနစ် ၇၀ မှာတော့ တာဗာရက်စ်အစား ပေပေဝင်လာပြီး ဖောင်ဖျက်တိုက်ခဲ့သလို တစ်မိနစ်အကြာမှာ ချာကာတင်ပေးတာကို အိုင်ဗရီကို့စ်သားက လေထဲမှာ နောက်ပြန်ပိတ်ခဲ့ပေမယ့် တိုင်ဘေးကပဲ ထွက်သွားခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာလည်း စမစ်ရိုးရဲ့ အနီးကပ်ကန်ချက်က ထိချက်ပျော့ခဲ့လို့ ဂိုးသမား ဖော်စတာပဲ ပုတ်ထုတ်သွားခဲ့တာပါ။

ဒီနေ့မှာ အာတီတာရဲ့ အသင်းအနေနဲ့ ဘာလိုအပ်နေသလဲ မေးလာရင်တော့ တည်ငြိမ်မှုနဲ့ ပါးနပ်မှုလို့ပဲ ဆိုရမှာဖြစ်ပြီး တိုက်စစ်မှာရော ခံစစ်မှာပါ အခြေအနေအပေါ် မှန်မှန်ကန်ကန် မသုံးသပ်နိုင်မှုတွေ များနေခဲ့သလို ပွဲချိန် ၈၁ မိနစ်မှာ လူကြားထဲက ချပေးတာကို ဆာကာက အနီးကပ် ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဖော်စတာတည့်တည့်ပဲ ရောက်သွားခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာလည်း ချာကာရဲ့ ကန်ချက်ကို သွေးအေးလှတဲ့ ဆောက်သမ်တန်ဂိုးသမား ဖော်စတာပဲ ကာကွယ်ခဲ့ရသလို အသင်းရဲ့ ညာခြမ်းတိုက်စစ်ကတော့ အခြေအနေကို မသုံးသပ်နိုင်ဘဲ ဧရိယာအပြင်ကနေ ကန်သွင်းပြီး ဖြုန်းတီးနေခဲ့တဲ့ အသင်းခေါင်းဆောင်လက်ပတ်နဲ့ အော်ဒီဂွါဒ်နဲ့ ကစားကွက်ဘေး ရောက်နေတဲ့ ဆာကာတို့ကြောင့် ဆိုးဆိုးရွားရွားပဲ ဖြစ်နေခဲ့တာပါ။

အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှု ၇၆ ရာခိုင်နှုန်းနဲ့ ကွင်းတစ်ဝက် ဖိကစားနေခဲ့ပေမယ့် အမှားလုံးဝမရှိတဲ့ ဆောက်သမ်တန်ခံစစ်ကိုတော့ မကျော်နိုင်ခဲ့တာကြောင့် လူစားလဲဖို့ လူပါ မကျန်တော့ချိန်မှာ ဂိုးမသွင်းတတ်တဲ့ အာတီတာရဲ့ လူတွေအနေနဲ့ ပွဲချိန်အပြည့်မှာတော့ စိန့်မေရီမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဒူးထောက်လက်မြှောက်ခဲ့ရပြန်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် အဆင် ၄ အတွက် ရှေ့က တော့တင်ဟမ်စပါးစ်တို့ ရှုံးထားတဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘဲ နောက်ထပ် ရှုံးပွဲတစ်ပွဲသာ ထပ်တိုးခဲ့ရပြီး အာတီတာရဲ့ ကူကယ်ရာမဲ့ အာဆင်နယ်တို့အနေနဲ့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ အရှုံးနဲ့ အဆင့် ၅ ကိုပါ မန်ချက်စတာယူနိုက်တက်ဆီ လွှဲပေးလိုက်ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ လာကာဇက္ကို ကိုဗစ္ျဖစ္ေနတာေၾကာင့္ ခ်န္လွပ္ထားခဲ့သလို တိုက္စစ္မွာ နကီးတီးယားကို သုံးခဲ့ၿပီး သူ႔ေနာက္က မာတီနယ္လီ၊ ေအာ္ဒီဂြါဒ္နဲ႔ ဆာကာတို႔ကို လိုက္ပါကစားခိုင္းခဲ့သလို ကြင္းလယ္မွာ ခ်ာကာနဲ႔ ဆမ္ဘီ လိုကြန္ဂါတို႔ကို ေနရာခ်ခဲ့ခ်ိန္မွာ ခံစစ္မွာေတာ့ ရမ္းစ္ေဒးလ္၊ ဆီးဒရစ္၊ ဘန္ဝႈိက္၊ ဂါဘရီယယ္လ္နဲ႔ ႏူႏို တာဗာရက္စ္တို႔ကို ျပန္တြဲကစားေစခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ေဆာက္သမ္တန္တို႔ကေတာ့ ဂိုးသမား ေဖာ္စတာ၊ ခံစစ္မွာ ဘက္ဒ္နာရက္ခ္၊ လီယန္ကို၊ ဗယ္လာရီ၊ ေဝၚလ္ကာ-ပီတာစ္နဲ႔ ပယ္႐ိုတို႔ကို ေနရာခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဝါ့ဒ္-ပေရာက္စ္၊ ႐ိုမီယူတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ စတူးဝပ္ အမ္းစ္ထေရာင္း၊ ဘ႐ိုယာနဲ႔ အယ္လ္ယူႏူစီတို႔ကို ပြဲထြက္ကစားေစခဲ့တာပါ။

နကီးတီးယားရဲ႕ ေျခႏုတ္ေျခသိမ္း သြက္တဲ့ ပုံစံက လူအိုႀကီး လာကာဇက္ အေထာင္ကစားတာထက္ အမ်ားႀကီး သာလြန္ခဲ့သလို အာဆင္နယ္တို႔ သြက္လက္တဲ့ ကစားကြက္နဲ႔ ကစားႏိုင္ခဲ့ၿပီး အာတီတာကေတာ့ တာဗာရက္စ္ကို ေဘာလုံးဆုံးရႈံးခ်ိန္ေတြမွာ ကာကြယ္ေပးႏိုင္ဖို႔ ဆာကာကို ဘယ္ျခမ္းမွာ ေနရာခ်ခဲ့ၿပီး မာတီနယ္လီကို ညာျခမ္းမွာ Inverted မဟုတ္ဘဲ Traditional Winger ေတြအျဖစ္ အသုံးျပဳလာခဲ့ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန နကီးတီးယား ထိုးေဖာက္လာခဲ့ၿပီး ညာျခမ္းကို ခ်ေပးရာမွာ မာတီနယ္လီက အကြက္ျမင္ျမင္ ေပးပို႔ခဲ့ေပမယ့္ ဘယ္ျခမ္းကေန ေျပးပိတ္တဲ့ ဆာကာရဲ႕ အေတြးအေခၚက ကေလးဆန္ခဲ့ၿပီး အနီးတိုင္ေျခကို ပိတ္သြင္းရမယ့္အစား ဂိုးေပါက္တည့္ၿပီးေရာ ကန္ခဲ့တာေၾကာင့္ အရပ္ ၆ ေပခြဲရွိတဲ့ ဂိုးသမား ေဖာ္စတာ ပုတ္ထုတ္တာခံခဲ့ရၿပီး အပိုင္အဖြင့္ဂိုး ဆုံးရႈံးခဲ့ရတာပါ။

အာဆင္နယ္တို႔ ေဘာလုံးပိုင္ဆိုင္မႈ ၇၀ ရာခိုင္ႏႈန္းနီးပါး ရယူကစားႏိုင္ခဲ့ခ်ိန္မွာ ေဆာက္သမ္တန္တို႔ကေတာ့ တန္ျပန္တိုက္စစ္၊ အျမင့္ေဘာေတြနဲ႔ အားကိုးထိုးေဖာက္သြားခဲ့ၿပီး ပြဲခ်ိန္ ၂၆ မိနစ္မွာ လက္ပစ္ေဘာကေန က်လာတဲ့ ေဘာလုံးကို ကြင္းလယ္လူ အမ္းစ္ထေရာင္း ကန္သြင္းခဲ့တာကို ရမ္းစ္ေဒးလ္ ကာကြယ္ခဲ့ရပါတယ္။

ဒီေန႔ပြဲမွာ အာဆင္နယ္တို႔အေနနဲ႔ ေဆာက္သမ္တန္အသင္းကိုတင္ ယွဥ္ၿပိဳင္ရတာ မဟုတ္သလို ႀကိဳက္သလိုခ် အဝါမေပးတဲ့ ဒိုင္လူႀကီး ပီတာ ဘန႔္ခ္စ္ရဲ႕ ညစ္ပတ္မႈကိုလည္း ရင္ဆိုင္ခဲ့ရၿပီး ဆီးဒရစ္လို အသင္းေဟာင္းဘက္ ဖရီးကစ္ေတြကို ကန္ခ်င္သလို ေလွ်ာက္ကန္တဲ့သူမ်ိဳးကိုလည္း အသင္းထဲမွာ ထားၿပီး ကစားခဲ့ရတာကေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ေဆာက္သမ္တန္ကို အထင္ေသးသလိုလိုနဲ႔ ဖရီးကစ္ေတြ တည္ကန္ေဘာကို ေဖာေဖာသီသီ ခြင့္ျပဳေနတဲ့ အာဆင္နယ္တို႔ အထိနာသြားခဲ့ၿပီး ဖရီးကစ္ကေန ရခဲ့တဲ့ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ထပ္ၿပီး လူကြၽံေထာင္ေခ်ာက္နဲ႔ ေပါ့ဆခဲ့ျပန္တဲ့ ဧည့္သည္ ေတြရဲ႕ ခံစစ္ကို အယ္လ္ယူႏူစီက ေဖာက္ထြက္ၿပီး ခ်ိဳးေပးတာကို ေနာက္ျပန္မဆင္းရေသးတဲ့ ဘက္ဒ္နာရက္ခ္က အနီးကပ္ကန္သြင္းၿပီး ဦးေဆာင္ဂိုး ရယူသြားခဲ့ပါတယ္။

ပထမပိုင္းမွာေတာ့ ေဆာက္သမ္တန္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာလည္း အာဆင္နယ္တို႔အေနနဲ႔ နည္းစနစ္က်က် မကစားႏိုင္ဘဲျဖစ္ေနခဲ့သလို တစ္ဖက္ဂိုးသမားရဲ႕ အရပ္အေမာင္းနဲ႔ အားသာခ်က္ကို နားမလည္တဲ့ ျဖတ္တင္ေဘာေတြကလည္း စိတ္ပ်က္စရာပဲျဖစ္ခဲ့ၿပီး ဆာကာကလည္း ေအာ္ဒီဂြါဒ္နဲ႔ ေနရာယူပုံေတြမွာ နားလည္မႈ နည္းေနခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၆၀ မွာ စမစ္႐ိုး ဝင္လာခဲ့ေပမယ့္ ထိုးေဖာက္ပုံကေတာ့ ေလွႀကီးထိုး ႐ိုး႐ိုးကေန တက္မလာခဲ့ဘဲ Blind Side Run မတတ္တဲ့ အာဆင္နယ္တို႔ တစ္ဖက္ခံစစ္ကို မထိုးႏွက္ႏိုင္သလို ညာျခမ္းက ဘယ္သန္ႏွစ္ေယာက္ကလည္း အတြင္းဆြဲၿပီး ကန္တဲ့ တစ္ေပါက္ပဲ ရတာေၾကာင့္ ဂိုးရဖို႔ ခက္ေနခဲ့ၾကၿပီး ေဆာက္သမ္တန္တို႔ကေတာ့ ပိတ္ကစားေနခဲ့ပါတယ္။

အာဆင္နယ္တို႔ရဲ႕ တည္ကန္ေဘာေတြကေတာ့ ဒီေန႔မွာ စုတ္ခ်ာလြန္းေနခဲ့ၿပီး ပြဲခ်ိန္မိနစ္ ၇၀ မွာေတာ့ တာဗာရက္စ္အစား ေပေပဝင္လာၿပီး ေဖာင္ဖ်က္တိုက္ခဲ့သလို တစ္မိနစ္အၾကာမွာ ခ်ာကာတင္ေပးတာကို အိုင္ဗရီကို႔စ္သားက ေလထဲမွာ ေနာက္ျပန္ပိတ္ခဲ့ေပမယ့္ တိုင္ေဘးကပဲ ထြက္သြားခဲ့ၿပီး ပြဲခ်ိန္ ၇၃ မိနစ္မွာလည္း စမစ္႐ိုးရဲ႕ အနီးကပ္ကန္ခ်က္က ထိခ်က္ေပ်ာ့ခဲ့လို႔ ဂိုးသမား ေဖာ္စတာပဲ ပုတ္ထုတ္သြားခဲ့တာပါ။

ဒီေန႔မွာ အာတီတာရဲ႕ အသင္းအေနနဲ႔ ဘာလိုအပ္ေနသလဲ ေမးလာရင္ေတာ့ တည္ၿငိမ္မႈနဲ႔ ပါးနပ္မႈလို႔ပဲ ဆိုရမွာျဖစ္ၿပီး တိုက္စစ္မွာေရာ ခံစစ္မွာပါ အေျခအေနအေပၚ မွန္မွန္ကန္ကန္ မသုံးသပ္ႏိုင္မႈေတြ မ်ားေနခဲ့သလို ပြဲခ်ိန္ ၈၁ မိနစ္မွာ လူၾကားထဲက ခ်ေပးတာကို ဆာကာက အနီးကပ္ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ေဖာ္စတာတည့္တည့္ပဲ ေရာက္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာလည္း ခ်ာကာရဲ႕ ကန္ခ်က္ကို ေသြးေအးလွတဲ့ ေဆာက္သမ္တန္ဂိုးသမား ေဖာ္စတာပဲ ကာကြယ္ခဲ့ရသလို အသင္းရဲ႕ ညာျခမ္းတိုက္စစ္ကေတာ့ အေျခအေနကို မသုံးသပ္ႏိုင္ဘဲ ဧရိယာအျပင္ကေန ကန္သြင္းၿပီး ျဖဳန္းတီးေနခဲ့တဲ့ အသင္းေခါင္းေဆာင္လက္ပတ္နဲ႔ ေအာ္ဒီဂြါဒ္နဲ႔ ကစားကြက္ေဘး ေရာက္ေနတဲ့ ဆာကာတို႔ေၾကာင့္ ဆိုးဆိုး႐ြား႐ြားပဲ ျဖစ္ေနခဲ့တာပါ။

အာဆင္နယ္တို႔ ေဘာလုံးပိုင္ဆိုင္မႈ ၇၆ ရာခိုင္ႏႈန္းနဲ႔ ကြင္းတစ္ဝက္ ဖိကစားေနခဲ့ေပမယ့္ အမွားလုံးဝမရွိတဲ့ ေဆာက္သမ္တန္ခံစစ္ကိုေတာ့ မေက်ာ္ႏိုင္ခဲ့တာေၾကာင့္ လူစားလဲဖို႔ လူပါ မက်န္ေတာ့ခ်ိန္မွာ ဂိုးမသြင္းတတ္တဲ့ အာတီတာရဲ႕ လူေတြအေနနဲ႔ ပြဲခ်ိန္အျပည့္မွာေတာ့ စိန႔္ေမရီမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဒူးေထာက္လက္ေျမႇာက္ခဲ့ရျပန္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ အဆင္ ၄ အတြက္ ေရွ႕က ေတာ့တင္ဟမ္စပါးစ္တို႔ ရႈံးထားတဲ့ အခြင့္အေရးကို အသုံးမခ်ႏိုင္ခဲ့ဘဲ ေနာက္ထပ္ ရႈံးပြဲတစ္ပြဲသာ ထပ္တိုးခဲ့ရၿပီး အာတီတာရဲ႕ ကူကယ္ရာမဲ့ အာဆင္နယ္တို႔အေနနဲ႔ ေနာက္ဆုံး ၅ ပြဲမွာ ၄ ပြဲ အရႈံးနဲ႔ အဆင့္ ၅ ကိုပါ မန္ခ်က္စတာယူႏိုက္တက္ဆီ လႊဲေပးလိုက္ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.