International

ကစားသမားဘဝကနေ အနားယူပြီးနောက် မမှတ်မိလောက်တော့အောင် ပြောင်းလဲသွားတဲ့ကစားသမား ၈ ဦး

ဝက်စ်လီ စနိုက်ဒါကနေ နာဆရီ အဆုံး ကစားသမားအများစုဟာ ၎င်းတို့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘယကနေ အနားယူပြီးနောက်ပိုင်း နေ့စဉ် ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေ ပြုလုပ်လေ့ မရှိကြတော့ဘဲ ကိုယ်ခန္ဓာအလေးချိန်က မယုံနိုင်လောက်အောင် မြင့်တက်ခဲ့ကြပါတယ်။

အချို့ ကစားသမားတွေဆိုရင် ပရိသတ်တွေကတောင် မမှတ်မိနိုင်လောက်အောင် အံ့အားသင့်ဖွယ် ပြောင်းလဲသွားခဲ့ပြီး ကစားသမားဘဝကနေ အနားယူပြီးနောက် စားကောင်းသောက်ကောင်းနဲ့ အရင်တုန်းက ဘယ်လို ပြင်းထန်တဲ့ လေ့ကျင့်မှုမျိုးတွေနဲ့ ကျစ်လစ်တောင့်တင်းတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ခဲ့လဲဆိုတာကို မေ့ထားကြတာဖြစ်ပါတယ်။

အင်တာမီလန်နဲ့ ရီးရဲလ်ကွင်းလယ်ကြယ်ပွင့်ဟောင်း စနိုက်ဒါကို ကစားသမားဘဝကနေ အနားမယူခင်တုန်းက ပုံစံမျိုးထက် ပိုမိုကြီးမားတဲ့ ပုံစံနဲ့ ကွင်းအတွင်းမှာ မြင်တွေ့ခဲ့ရပြီးနောက် ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း နေချင်သလို နေ၊ စားချင်သလိုစားပြီး ခန္ဓာကိုယ်အလွန်အမင်း ဆူဖြိုးလာတဲ့ ကစားသမား ၈ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဝက်စ်လီ စနိုက်ဒါ

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စနိုက်ဒါဟာ အိုင်းယက်စ်၊ အင်တာမီလန်တို့နဲ့အတူ ကောင်းမွန်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့တာကြောင့် ၎င်းရဲ့မျိုးဆက်မှာ အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ရီးရဲလ်မက်ဒရစ်နဲ့လည်း တိုတောင်းတဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ဒတ်ချ် ဂန္တဝင်ကွင်းလယ်ကစားသမားဟာ ယခုအပတ်မှာ ယူကရိန်းစစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖွေဖို့ ချစ်ကြည်ရေးပွဲမှာ ပါဝင်ကစားပေးခဲ့ပြီး ၂၀၁၉ ခုနှစ်တုန်းက အယ်လ်-ဂါရာဖာအတွက် ပွဲ ၃၀ မှာ ၁၉ ဂိုးသွင်းယူပေးခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူခဲ့တဲ့အချိန်တုန်းက ခန္ဓာကိုယ်ထက် တော်တော်လေးကို ဆူဖြိုးနေတာကို မြင်တွေ့ခဲ့ရပါတယ်။

စနိုက်ဒါက တစ်ခါတုန်းက ၎င်းရဲ့ ကစားသမားကို ပြန်ကြည့်ပြီးတော့ “ကျွန်တော်က မက်ဆီ ဒါမှမဟုတ် ရော်နယ်လ်ဒိုလိုမျိုး ဖြစ်နိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုမျိုး ဖြစ်နိုင်တယ်လို့ကို မခံစားခဲ့ပါဘူး။ ညစာစားပွဲမှာ ဝိုင်လေး တစ်ခွက်လောက် သောက်နေရရင် ကျွန်တော့်ဘဝကို ကျွန်တော် ကျေနပ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

၂။ မီဒို

စပါးစ်တိုက်စစ်မှူးဟောင်း မီဒိုဟာ ၎င်းရဲ့ ကစားသမားဘဝ အဆုံးသတ်ပြီးနောက်ပိုင်း ကိုယ်အလေးချိန် တဟုန်ထိုးမြင့်တက်လာပြီးနောက် ၂၀၁၈ ခုနှစ်တုန်းက ၅ လအတွင်းကို ၃၇ ကီလိုဂရမ် အလေးချိန် လျော့ကျအောင် လုပ်နိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက Irish Times ကို “ကျွန်တော့်ကိုယ်အလေးချိန်က ၁၅၀ ကီလိုရှိနေခဲ့ပြီး ကိုက် ၃၀ လောက်ကိုတောင် လမ်းမလျှောက်နိုင်တဲ့အခြေအနေအထိ ရောက်နေခဲ့ပါတယ်။ ကျွန်တော် ဆရာဝန်ကို သွားတွေ့ခဲ့တယ်။ သူက ကျွန်တော့်ကို သွေးစစ်ဖို့ ပြောခဲ့တယ်။ ကျွန်တော် ရလဒ်တွေ ရလာတဲ့အခါမှာ ဆရာဝန်က ကျွန်တော့်ကို စပြီးတော့ ပြောလာတယ်။ ကျွန်တော် ပြောင်းလဲမှ ရတော့မယ်ဆိုတာကို ကျွန်တော် သိခဲ့ပါတယ်။ သူက ကျွန်တော့် သွေးတွင်း ကိုလက်စထရောက ၃၂၀ ရှိနေပြီး ပျမ်းမျှ အများဆုံးက ၂၀၀ ပဲလို့ ပြောခဲ့ပါတယ်။ ကျွန်တော်က ဆီးချိုဖြစ်နိုင်တဲ့အနေအထားလောက်ကို ရောက်နေပြီလို့ ပြောခဲ့ပါတယ်”လို့ မီဒိုက ပြောခဲ့ပါတယ်။

၃။ ဝိန်း ရူနီ

အင်္ဂလန်တသက်တာထိပ်တန်းဂိုးသွင်းရှင် ဝိန်းရူနီက ဒါဘီကောင်တီအသင်း ကစားသမားဘဝကနေ အနားယူပြီး နည်းပြအလုပ်ကို ပြောင်းလဲလုပ်ကိုင်ခဲ့ကတည်းက ကိုယ်အလေးချိန် တက်လာခဲ့တယ်လို့ ယခုအပတ်အစောပိုင်းမှာ ဝန်ခံပြောကြားခဲ့ပါတယ်။ “ဝလာတဲ့နောက်ကွယ်မှာ အကြောင်းအရင်းရှိပါတယ်။ပြီးခဲ့တဲ့ နှစ်မှာ ကျွန်တော် နည်းနည်း ဝိတ်တက်လာခဲ့တာ သိသာပါတယ်။ တစ်မိနစ်အတွင်း ကျွန်တော်နဲ့ ကွက်တိ ဝတ်လို့ရတဲ့ ဝတ်စုံက တစ်ခုပဲ ရှိပါတယ်။ ကျွန်တော် အဲဒီကနေ အပြည့်အဝ အသုံးချရပါမယ်”လို့ ပရီးမီးယားလိဂ် Hall of Fame ထဲ ထည့်သွင်းခံခဲ့ရတုန်းက ဝတ်စုံအတိုင်းပဲ Monday Night Football အစီအစဉ်မှာ ဝတ်ဆင်လာခဲ့ပြီးနောက် ရှင်းလင်းခဲ့ပါတယ်။

၄။ ရိုနယ်လ်ဒို

ဘရာဇီးလ်ဂန္တဝင် ရိုနယ်လ်ဒိုဟာ ၂၀၁၁ ခုနှစ်မှာ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပြီးနောက်ပိုင်း ကိုယ်အလေးချိန် အလွန်အမင်း မြင့်တက်လာခဲ့ပြီနောက် ကိုယ်အလေးချိန်အများဆုံး အန်သိုနီ ဂျိုရွှာထက်တောင်ပိုပြီး အလေးချိန်များခဲ့ဖူးပါတယ်။ ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ ကစားသမားဘဝ နှောင်းပိုင်းကတည်းက ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး ရုန်းကန်နေရမှုကို ဖွင့်ဟခဲ့ပီး တစ်ခါတုန်းက ၎င်းကို ဝိတ်ချပေးနိုင်မယ့် တီဗွီရှိုးမှာတောင် ပါဝင်ခဲ့ပါတယ်။ အရပ် ၆ ပေရှိတဲ့ ဘရာဇီးလ်တိုက်စစ်မှူးဟောင်းဟာ အဲဒီရှိုးအစပိုင်းမှာ ၁၈ စတုံနဲ့ ၆၁ ပေါင်အထိ အလေးချိန်ရှိခဲ့ပြီး နောက်ဆုံးမှာတော့ ၁၅ စတုံနဲ့ ၇၁ ပေါင်အထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

၅။ နေးလ် ရက်ဒစ်ခ်

နေးလ် ရက်ဒစ်ခ်ဟာ ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း မြင့်တက်လာတဲ့ ကိုယ်အလေးချိန်ကို လျှော့ချဖို့အတွက် Harry’s Heroes အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ ခရစ္စတယ် ပဲလေ့စ် ဥက္ကဟောင်း ဆိုင်မွန် ဂျော်ဒန်က ၂၀၀၀ ပြည့်နှစ်တုန်းက ဝက်စ်ဟမ်းကနေ ရက်ဒစ်ခ်ကို ခေါ်ယူခဲ့ချိန်တုန်းက စာချုပ်ထဲမှာတောင် ကိုယ်အလေးချိန်နဲ့ပတ်သက်တဲ့ အချက်ကိုတောင် ထည့်သွင်းချုပ်ဆိုခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ဟာရီ ရက်က်နပ်က ကျွန်တော့်ကို သူ့ရဲ့ စာချုပ်ထဲမှာ ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး အချက်တစ်ချက် ထည့်ချုပ်ဖို့ ပြောခဲ့တယ်။ ၉၈ ကီလို ဒါမှမဟုတ် ဘယ်လောက်လဲမသိတော့ပါဘူး။ တကယ်လို့ သူ အဲဒီအလေးချိန်ထက် ကျော်လွန်သွားရင် သူ့လစာထဲက ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးကောက်ခိုင်းခဲ့ပါတယ်။ အဲဒါက ရက်ဒစ်ခ်ကို ကြံ့ခိုင်နေဖို့ အာရုံစိုက်နေအောင် လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ”လို့ ဂျော်ဒန်က FourFourTwo နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

၆။ နဗီး ဆောက်သော

နဗီး ဆောက်သောဟာ ဘူရီ၊ တော်ကီ ယူနိုက်တက်နဲ့ အဲဗာတန်တို့မှာ ကစားခဲ့တဲ့ကာလတွေအပါအဝင် ၁၉၇၃ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဖြတ်သန်းခဲ့သူဖြစ်ပြီး ဝေးလ်ဂန္တဝင်ဟာ ကွင်းထဲမှာ ဘယ်တုန်းကမှ အပိန်ဆုံး ကစားသမားမဟုတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားဘဝအနားယူဖို့ နီးလာလေ ကိုယ်အလေးချိန် တိုးလာတာကို ထိန်းသိမ်းဖို့ ခက်ခဲလာလေဖြစ်ခဲ့တာဖြစ်ပါတယ်။ ဆောက်သောဟာ ဘောလုံးကစားခြင်းကနေ အနားယူလိုက်ပြီးကတည်းက လူမှုကွန်ရက်ပေါ်မှာ လူသိများတဲ့သူတစ်ယောက် ဖြစ်လာခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် တွစ်တာသုံးရတာကို ကြိုက်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် တစ်ခါမှ မဆုံဖူးတဲ့ လူတွေနဲ့ ထိတွေ့ဆက်ဆံလို့ ရတာကြောင့်ပါ”လို့ ၂၀၁၈ ခုနှစ်တုန်းက The Guardian ကို ပြောကြားခဲ့ပါတယ်။

၇။ အက်ဒရီယာနို

ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး အက်ဒရီယာနိုဟာ ၂၀၁၇ ခုနှစ်တုန်းက ၎င်းရဲ့ အံ့အားသင့်ဖွယ် ကိုယ်အလေးချိန်လျော့ကျသွားမှုကို ပြသခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ ဘောလုံးသမားဘဝကနေ ဒုတိယအကြိမ်အနားယူခဲ့ပြီးနောက် ကိုယ်အလေးချိန် မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက အင်တာမီလန် နည်းပြ ဟိုဆေး မော်ရင်ညိုက “မကြာသေးခင်က သူ ပုံမှန်လေ့ကျင့်ရေးဆင်းနေခဲ့ပြီး နောက်ကျမှ ရောက်လာတာမျိုး မရှိပါဘူး။ သူက ၃ ကီလို၊ ၄ ကီလိုလောက် ဝိတ်တက်နေတယ်ဆိုတာက ရှင်းနေပြီး သူ့မှာ တွန်းတွန်းတိုက်တိုက် ကစားချင်စိတ်နဲ့ ယုံကြည်ချက် ကင်းမဲ့နေခဲ့ပါတယ်။ ဒါပေမယ့် သူသာ အရင်တုန်းကအတိုင်း ဆက်ပြီး အလုပ်လုပ်နေမယ်ဆိုရင် ကျွန်တော်နဲ့ အဆင်ပြေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

၈။ ဆာမီ နာဆရီ

အာဆင်နယ်နဲ့ မန်စီးတီးကွင်းလယ်ကြယ်ပွင့်ဟောင်း နာဆရီဟာ ၂၀၂၀ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူပြီးနောက် ပြီးခဲ့တဲ့နှစ်က ဂန္တဝင်ကစားသမားတွေ ပြန်လည်ဆုံတွေ့တဲ့ ပွဲစဉ်အတွင်းမှာ ဝဖြိုးနေတဲ့ ပုံစံနဲ့ မြင်တွေ့ခဲ့ရပါတယ်။ နာဆရီရဲ့ ချစ်ကြည်ရေးပွဲစဉ်အတွင်းက ကိုယ်ခန္ဓာပုံစံအသစ်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ပရိသတ်တစ်ဦးက တွစ်တာမှာ “ဆာမီ နာဆရီက လက်ရှိမှာ မာဆေးလ်နဲ့အတူ ချစ်ကြည်ရေးပွဲ ကစားပေးပါတယ်။ ကစားသမားဘဝကနေ အနားယူရတာကို ပျော်ရွှင်နေပုံ ပေါ်ပါတယ်”လို့ ရေးသားခဲ့ပြီး နောက်ထပ်တစ်ဦးကလည်းက “ရိုးရိုးသားသားပြောရရင် ဆာမီ နာဆရီရဲ့ ပုံက အတုကြီးလို့တောင် ထင်ခဲ့မိတာ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝက္စ္လီ စနိုက္ဒါကေန နာဆရီ အဆုံး ကစားသမားအမ်ားစုဟာ ၎တို႔ရဲ့ ပေရာ္ဖက္ရွင္နယ္ကစားသမားဘယကေန အနားယူၿပီးေနာက္ပိုင္း ေန႔စဥ္ ျပင္းထန္တဲ့ ေလ့က်င့္ေရးေတြ ျပဳလုပ္ေလ့ မရွိၾကေတာ့ဘဲ ကိုယ္ခႏၶာအေလးခ်ိန္က မယုံနိုင္ေလာက္ေအာင္ ျမင့္တက္ခဲ့ၾကပါတယ္။

အခ်ိဳ႕ ကစားသမားေတြဆိုရင္ ပရိသတ္ေတြကေတာင္ မမွတ္မိနိုင္ေလာက္ေအာင္ အံ့အားသင့္ဖြယ္ ေျပာင္းလဲသြားခဲ့ၿပီး ကစားသမားဘဝကေန အနားယူၿပီးေနာက္ စားေကာင္းေသာက္ေကာင္းနဲ႔ အရင္တုန္းက ဘယ္လို ျပင္းထန္တဲ့ ေလ့က်င့္မႈမ်ိဳးေတြနဲ႔ က်စ္လစ္ေတာင့္တင္းတဲ့ ကိုယ္ခႏၶာကို ပိုင္ဆိုင္ခဲ့လဲဆိုတာကို ေမ့ထားၾကတာျဖစ္ပါတယ္။

အင္တာမီလန္နဲ႔ ရီးရဲလ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း စနိုက္ဒါကို ကစားသမားဘဝကေန အနားမယူခင္တုန္းက ပုံစံမ်ိဳးထက္ ပိုမိုႀကီးမားတဲ့ ပုံစံနဲ႔ ကြင္းအတြင္းမွာ ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ကစားသမားဘဝကေန အနားယူၿပီးေနာက္ပိုင္း ေနခ်င္သလို ေန၊ စားခ်င္သလိုစားၿပီး ခႏၶာကိုယ္အလြန္အမင္း ဆူၿဖိဳးလာတဲ့ ကစားသမား ၈ ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဝက္စ္လီ စနိုက္ဒါ

အသက္ ၃၇ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ စနိုက္ဒါဟာ အိုင္းယက္စ္၊ အင္တာမီလန္တို႔နဲ႔အတူ ေကာင္းမြန္တဲ့ ကစားသမားဘဝကို ပိုင္ဆိုင္ခဲ့တာေၾကာင့္ ၎ရဲ့မ်ိဳးဆက္မွာ အေကာင္းဆုံးကြင္းလယ္ဖန္တီးရွင္ေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ရီးရဲလ္မက္ဒရစ္နဲ႔လည္း တိုေတာင္းတဲ့ ကစားသမားဘဝကို ျဖတ္သန္းခဲ့သူျဖစ္ပါတယ္။ ဒတ္ခ်္ ဂႏၲဝင္ကြင္းလယ္ကစားသမားဟာ ယခုအပတ္မွာ ယူကရိန္းစစ္ေဘးေရွာင္ဒုကၡသည္ေတြအတြက္ ရန္ပုံေငြရွာေဖြဖို႔ ခ်စ္ၾကည္ေရးပြဲမွာ ပါဝင္ကစားေပးခဲ့ၿပီး ၂၀၁၉ ခုႏွစ္တုန္းက အယ္လ္-ဂါရာဖာအတြက္ ပြဲ ၃၀ မွာ ၁၉ ဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ ကစားသမားဘဝကေန အနားယူခဲ့တဲ့အခ်ိန္တုန္းက ခႏၶာကိုယ္ထက္ ေတာ္ေတာ္ေလးကို ဆူၿဖိဳးေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

စနိုက္ဒါက တစ္ခါတုန္းက ၎ရဲ့ ကစားသမားကို ျပန္ၾကည့္ၿပီးေတာ့ “ကၽြန္ေတာ္က မက္ဆီ ဒါမွမဟုတ္ ေရာ္နယ္လ္ဒိုလိုမ်ိဳး ျဖစ္နိုင္ခဲ့ပါတယ္။ ကၽြန္ေတာ္ကေတာ့ အဲဒီလိုမ်ိဳး ျဖစ္နိုင္တယ္လို႔ကို မခံစားခဲ့ပါဘူး။ ညစာစားပြဲမွာ ဝိုင္ေလး တစ္ခြက္ေလာက္ ေသာက္ေနရရင္ ကၽြန္ေတာ့္ဘဝကို ကၽြန္ေတာ္ ေက်နပ္ေနတာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

၂။ မီဒို

စပါးစ္တိုက္စစ္မႉးေဟာင္း မီဒိုဟာ ၎ရဲ့ ကစားသမားဘဝ အဆုံးသတ္ၿပီးေနာက္ပိုင္း ကိုယ္အေလးခ်ိန္ တဟုန္ထိုးျမင့္တက္လာၿပီးေနာက္ ၂၀၁၈ ခုႏွစ္တုန္းက ၅ လအတြင္းကို ၃၇ ကီလိုဂရမ္ အေလးခ်ိန္ ေလ်ာ့က်ေအာင္ လုပ္နိုင္ခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္တုန္းက Irish Times ကို “ကၽြန္ေတာ့္ကိုယ္အေလးခ်ိန္က ၁၅၀ ကီလိုရွိေနခဲ့ၿပီး ကိုက္ ၃၀ ေလာက္ကိုေတာင္ လမ္းမေလၽွာက္နိုင္တဲ့အေျခအေနအထိ ေရာက္ေနခဲ့ပါတယ္။ ကၽြန္ေတာ္ ဆရာဝန္ကို သြားေတြ႕ခဲ့တယ္။ သူက ကၽြန္ေတာ့္ကို ေသြးစစ္ဖို႔ ေျပာခဲ့တယ္။ ကၽြန္ေတာ္ ရလဒ္ေတြ ရလာတဲ့အခါမွာ ဆရာဝန္က ကၽြန္ေတာ့္ကို စၿပီးေတာ့ ေျပာလာတယ္။ ကၽြန္ေတာ္ ေျပာင္းလဲမွ ရေတာ့မယ္ဆိုတာကို ကၽြန္ေတာ္ သိခဲ့ပါတယ္။ သူက ကၽြန္ေတာ့္ ေသြးတြင္း ကိုလက္စထေရာက ၃၂၀ ရွိေနၿပီး ပ်မ္းမၽွ အမ်ားဆုံးက ၂၀၀ ပဲလို႔ ေျပာခဲ့ပါတယ္။ ကၽြန္ေတာ္က ဆီးခ်ိဳျဖစ္နိုင္တဲ့အေနအထားေလာက္ကို ေရာက္ေနၿပီလို႔ ေျပာခဲ့ပါတယ္”လို႔ မီဒိုက ေျပာခဲ့ပါတယ္။

၃။ ဝိန္း ႐ူနီ

အဂၤလန္တသက္တာထိပ္တန္းဂိုးသြင္းရွင္ ဝိန္း႐ူနီက ဒါဘီေကာင္တီအသင္း ကစားသမားဘဝကေန အနားယူၿပီး နည္းျပအလုပ္ကို ေျပာင္းလဲလုပ္ကိုင္ခဲ့ကတည္းက ကိုယ္အေလးခ်ိန္ တက္လာခဲ့တယ္လို႔ ယခုအပတ္အေစာပိုင္းမွာ ဝန္ခံေျပာၾကားခဲ့ပါတယ္။ “ဝလာတဲ့ေနာက္ကြယ္မွာ အေၾကာင္းအရင္းရွိပါတယ္။ၿပီးခဲ့တဲ့ ႏွစ္မွာ ကၽြန္ေတာ္ နည္းနည္း ဝိတ္တက္လာခဲ့တာ သိသာပါတယ္။ တစ္မိနစ္အတြင္း ကၽြန္ေတာ္နဲ႔ ကြက္တိ ဝတ္လို႔ရတဲ့ ဝတ္စုံက တစ္ခုပဲ ရွိပါတယ္။ ကၽြန္ေတာ္ အဲဒီကေန အျပည့္အဝ အသုံးခ်ရပါမယ္”လို႔ ပရီးမီးယားလိဂ္ Hall of Fame ထဲ ထည့္သြင္းခံခဲ့ရတုန္းက ဝတ္စုံအတိုင္းပဲ Monday Night Football အစီအစဥ္မွာ ဝတ္ဆင္လာခဲ့ၿပီးေနာက္ ရွင္းလင္းခဲ့ပါတယ္။

၄။ ရိုနယ္လ္ဒို

ဘရာဇီးလ္ဂႏၲဝင္ ရိုနယ္လ္ဒိုဟာ ၂၀၁၁ ခုႏွစ္မွာ ကစားသမားဘဝကို အဆုံးသတ္ခဲ့ၿပီးေနာက္ပိုင္း ကိုယ္အေလးခ်ိန္ အလြန္အမင္း ျမင့္တက္လာခဲ့ၿပီေနာက္ ကိုယ္အေလးခ်ိန္အမ်ားဆုံး အန္သိုနီ ဂ်ိဳရႊာထက္ေတာင္ပိုၿပီး အေလးခ်ိန္မ်ားခဲ့ဖူးပါတယ္။ ေရာ္နယ္လ္ဒိုဟာ ၎ရဲ့ ကစားသမားဘဝ ေႏွာင္းပိုင္းကတည္းက ကိုယ္အေလးခ်ိန္နဲ႔ပတ္သက္ၿပီး ႐ုန္းကန္ေနရမႈကို ဖြင့္ဟခဲ့ပီး တစ္ခါတုန္းက ၎ကို ဝိတ္ခ်ေပးနိုင္မယ့္ တီဗြီရွိုးမွာေတာင္ ပါဝင္ခဲ့ပါတယ္။ အရပ္ ၆ ေပရွိတဲ့ ဘရာဇီးလ္တိုက္စစ္မႉးေဟာင္းဟာ အဲဒီရွိုးအစပိုင္းမွာ ၁၈ စတုံနဲ႔ ၆၁ ေပါင္အထိ အေလးခ်ိန္ရွိခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ၁၅ စတုံနဲ႔ ၇၁ ေပါင္အထိ က်ဆင္းသြားခဲ့တာျဖစ္ပါတယ္။

၅။ ေနးလ္ ရက္ဒစ္ခ္

ေနးလ္ ရက္ဒစ္ခ္ဟာ ကစားသမားဘဝကေန အနားယူၿပီးေနာက္ပိုင္း ျမင့္တက္လာတဲ့ ကိုယ္အေလးခ်ိန္ကို ေလၽွာ့ခ်ဖို႔အတြက္ Harry’s Heroes အစီအစဥ္မွာ ပါဝင္ခဲ့ပါတယ္။ ခရစၥတယ္ ပဲေလ့စ္ ဥကၠေဟာင္း ဆိုင္မြန္ ေဂ်ာ္ဒန္က ၂၀၀၀ ျပည့္ႏွစ္တုန္းက ဝက္စ္ဟမ္းကေန ရက္ဒစ္ခ္ကို ေခၚယူခဲ့ခ်ိန္တုန္းက စာခ်ဳပ္ထဲမွာေတာင္ ကိုယ္အေလးခ်ိန္နဲ႔ပတ္သက္တဲ့ အခ်က္ကိုေတာင္ ထည့္သြင္းခ်ဳပ္ဆိုခဲ့ရတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ဟာရီ ရက္က္နပ္က ကၽြန္ေတာ့္ကို သူ႔ရဲ့ စာခ်ဳပ္ထဲမွာ ကိုယ္အေလးခ်ိန္နဲ႔ပတ္သက္ၿပီး အခ်က္တစ္ခ်က္ ထည့္ခ်ဳပ္ဖို႔ ေျပာခဲ့တယ္။ ၉၈ ကီလို ဒါမွမဟုတ္ ဘယ္ေလာက္လဲမသိေတာ့ပါဘူး။ တကယ္လို႔ သူ အဲဒီအေလးခ်ိန္ထက္ ေက်ာ္လြန္သြားရင္ သူ႔လစာထဲက ၁၀ ရာခိုင္ႏႈန္းကို ဒဏ္ေၾကးေကာက္ခိုင္းခဲ့ပါတယ္။ အဲဒါက ရက္ဒစ္ခ္ကို ႀကံ့ခိုင္ေနဖို႔ အာ႐ုံစိုက္ေနေအာင္ လုပ္နိုင္တဲ့ တစ္ခုတည္းေသာ နည္းလမ္းပါပဲ”လို႔ ေဂ်ာ္ဒန္က FourFourTwo နဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။

၆။ နဗီး ေဆာက္ေသာ

နဗီး ေဆာက္ေသာဟာ ဘူရီ၊ ေတာ္ကီ ယူနိုက္တက္နဲ႔ အဲဗာတန္တို႔မွာ ကစားခဲ့တဲ့ကာလေတြအပါအဝင္ ၁၉၇၃ ခုႏွစ္ကေန ၂၀၀၂ ခုႏွစ္အထိ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကို ျဖတ္သန္းခဲ့သူျဖစ္ၿပီး ေဝးလ္ဂႏၲဝင္ဟာ ကြင္းထဲမွာ ဘယ္တုန္းကမွ အပိန္ဆုံး ကစားသမားမဟုတ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကစားသမားဘဝအနားယူဖို႔ နီးလာေလ ကိုယ္အေလးခ်ိန္ တိုးလာတာကို ထိန္းသိမ္းဖို႔ ခက္ခဲလာေလျဖစ္ခဲ့တာျဖစ္ပါတယ္။ ေဆာက္ေသာဟာ ေဘာလုံးကစားျခင္းကေန အနားယူလိုက္ၿပီးကတည္းက လူမႈကြန္ရက္ေပၚမွာ လူသိမ်ားတဲ့သူတစ္ေယာက္ ျဖစ္လာခဲ့တာျဖစ္ပါတယ္။ “ကၽြန္ေတာ္ တြစ္တာသုံးရတာကို ႀကိဳက္တယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ တစ္ခါမွ မဆုံဖူးတဲ့ လူေတြနဲ႔ ထိေတြ႕ဆက္ဆံလို႔ ရတာေၾကာင့္ပါ”လို႔ ၂၀၁၈ ခုႏွစ္တုန္းက The Guardian ကို ေျပာၾကားခဲ့ပါတယ္။

၇။ အက္ဒရီယာနို

ဘရာဇီးလ္ဂႏၲဝင္တိုက္စစ္မႉး အက္ဒရီယာနိုဟာ ၂၀၁၇ ခုႏွစ္တုန္းက ၎ရဲ့ အံ့အားသင့္ဖြယ္ ကိုယ္အေလးခ်ိန္ေလ်ာ့က်သြားမႈကို ျပသခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္မွာ ေဘာလုံးသမားဘဝကေန ဒုတိယအႀကိမ္အနားယူခဲ့ၿပီးေနာက္ ကိုယ္အေလးခ်ိန္ ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။ ၂၀၀၉ ခုႏွစ္တုန္းက အင္တာမီလန္ နည္းၿပ ဟိုေဆး ေမာ္ရင္ညိဳက “မၾကာေသးခင္က သူ ပုံမွန္ေလ့က်င့္ေရးဆင္းေနခဲ့ၿပီး ေနာက္က်မွ ေရာက္လာတာမ်ိဳး မရွိပါဘူး။ သူက ၃ ကီလို၊ ၄ ကီလိုေလာက္ ဝိတ္တက္ေနတယ္ဆိုတာက ရွင္းေနၿပီး သူ႔မွာ တြန္းတြန္းတိုက္တိုက္ ကစားခ်င္စိတ္နဲ႔ ယုံၾကည္ခ်က္ ကင္းမဲ့ေနခဲ့ပါတယ္။ ဒါေပမယ့္ သူသာ အရင္တုန္းကအတိုင္း ဆက္ၿပီး အလုပ္လုပ္ေနမယ္ဆိုရင္ ကၽြန္ေတာ္နဲ႔ အဆင္ေျပမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

၈။ ဆာမီ နာဆရီ

အာဆင္နယ္နဲ႔ မန္စီးတီးကြင္းလယ္ၾကယ္ပြင့္ေဟာင္း နာဆရီဟာ ၂၀၂၀ ခုႏွစ္မွာ ကစားသမားဘဝကေန အနားယူၿပီးေနာက္ ၿပီးခဲ့တဲ့ႏွစ္က ဂႏၲဝင္ကစားသမားေတြ ျပန္လည္ဆုံေတြ႕တဲ့ ပြဲစဥ္အတြင္းမွာ ဝၿဖိဳးေနတဲ့ ပုံစံနဲ႔ ျမင္ေတြ႕ခဲ့ရပါတယ္။ နာဆရီရဲ့ ခ်စ္ၾကည္ေရးပြဲစဥ္အတြင္းက ကိုယ္ခႏၶာပုံစံအသစ္ကို ရိုက္ကူးထားတဲ့ ဓာတ္ပုံေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္ ပရိသတ္တစ္ဦးက တြစ္တာမွာ “ဆာမီ နာဆရီက လက္ရွိမွာ မာေဆးလ္နဲ႔အတူ ခ်စ္ၾကည္ေရးပြဲ ကစားေပးပါတယ္။ ကစားသမားဘဝကေန အနားယူရတာကို ေပ်ာ္ရႊင္ေနပုံ ေပၚပါတယ္”လို႔ ေရးသားခဲ့ၿပီး ေနာက္ထပ္တစ္ဦးကလည္းက “ရိုးရိုးသားသားေျပာရရင္ ဆာမီ နာဆရီရဲ့ ပုံက အတုႀကီးလို႔ေတာင္ ထင္ခဲ့မိတာ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.