Analysis Premier League

အက်ဖ်အေဖလား ဆီမီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ

မန်ချက်စတာစီးတီး-လီဗာပူးလ်
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲကိုတော့ နှစ်ဂိုးစီသရေလို့ မှန်းခဲ့တာ မှန်သွားပါပြီ။ ဒါပေမယ့် ဒီနေ့အတွက်တော့ လီဗာပူးလ်ဘက်က အနည်းငယ် သာလွန်နေမယ်လို့ ထင်ပါတယ်။ ချန်ပီယံလိဂ်မှာ မန်စီးတီးတို့အနေနဲ့ မက်ဒရစ်မှာ အက်သလက်တီကိုနဲ့ ပွဲကြမ်းတစ်ပွဲကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရချိန်မှာ လီဗာပူးလ်ကတော့ ခရီးသွားမထားရပါဘူး။ မန်စီးတီးဘက်က ဒီဘရိုင်းနားနဲ့ ဝေါ်လ်ကာတို့ ပါဝင်နိုင်ဖို့ မရှိချိန်မှာ ဆာလား၊ မာနေးနဲ့ ဖာဘင်ညိုတို့ကို အနားပေးခွင့်ရခဲ့တဲ့ လီဗာပူးလ်တို့ ဂိုးပိုသွင်းပြီး နိုင်သွားပါလိမ့်မယ်။ (မန်စီးတီး 1-2 လီဗာပူးလ်)

ချဲလ်ဆီး-ခရစ္စတယ်လ်ပဲလေ့စ်
ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ နောက်တစ်ဆင့်တက်ခဲ့သင့်တာက သူတို့ပါ။ သူတို့က ပိုကောင်းခဲ့သလို အမှားတွေကြောင့်သာ ချန်ပီယံလိဂ်ကနေ လှည့်ပြန်ခဲ့ရတာလည်းဖြစ်ပါတယ်။ တီမို ဗာနာရဲ့ ဂိုးတွေကို မြင်တွေ့နေရပြီး ဆောက်သမ်တန်နဲ့ပွဲမှာ သူက ပထမပိုင်းတင် ငါးဂိုးလောက် ရဖို့သင့်ခဲ့တာပါ။ သူ့ရဲ့ ဂိုးသွင်းခြေ တွေ့နေတဲ့ ပုံစံ၊ ဟာဗတ်ဇ်၊ မေဆန်မောင့်တို့နဲ့ တွဲဖက်မယ့် သုံးယောက်တွဲ တိုက်စစ်က ဒီနေ့ပွဲမှာ အရေးပါတယ်။ ပဲလေ့စ်အတွက် အသင်းဟောင်းနဲ့တွေ့မှာကြောင့် ဂါလာဂါ ကစားခွင့်မရချိန်မှာ ဘာမှ လုပ်ပြနိုင်တော့မယ် မထင်ပါဘူး။ ချဲလ်ဆီးအနိုင်ပါ။ (ချဲလ်ဆီး 3-0 ပဲလေ့စ်)

တော့တင်ဟမ်ဟော့စပါးစ်-ဘရိုက်တန်
ပြီးခဲ့တဲ့ အပတ်က မြောက်လန်ဒန်မှာ အာဆင်နယ်ကို ဘရိုက်တန်တို့ မင်သက်မိစေခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ ထပ်ဖြစ်ဖို့ မရှိပါဘူး။ စပါးစ်တို့ အနေနဲ့ ဒီနေ့ပွဲမှာ အခက်အခဲတချို့ကို ကျော်ဖြတ်ကောင်း ကျော်ဖြတ်ရနိုင်ပေမယ့် နိုင်ဖို့ကတော့ သေချာသလောက်ပါပဲ။ စပါးစ်ကိုတော့ လူတွေက ဘယ်လို ခန့်မှန်းရမလဲ ခက်နေကြပါတယ်။ ဗီလာနဲ့ပွဲမှာဆိုရင် သူတို့ရဲ့ ပထမပိုင်းပုံစံက နိုင်ပွဲနဲ့ မထိုက်တန်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့နိုင်ခဲ့ပြီး အဆင့် ၄ ပြိုင်ပွဲကို ဦးဆောင်နေတော့ ဒီအကြောင်း ပြန်ပြောဖို့ မလိုတော့သလို ရှေ့လျှောက် ပွဲမကျပ်ခင် ဒီနေ့ပွဲကို နိုင်ထားမှ ဖြစ်ပါမယ်။ (စပါးစ် 2-1 ဘရိုက်တန်)

မန်ချက်စတာယူနိုက်တက်-နော့ဝစ်ချ်စီးတီး
ဒီနေ့ပွဲကိုတော့ ယူနိုက်တက်တို့ အလွယ်တကူ နိုင်သွားမယ် ထင်ပါတယ်။ အဲဗာတန်ကို ရှုံးခဲ့တာကတော့ မဖြစ်သင့်ဘူးလို့ ထင်မိပေမယ့် လောလောဆယ်တော့ သူတို့ရဲ့ စိတ်ပျက်စရာ ပုံစံကို နော့ဝစ်ချ်အပေါ် နိုင်ပွဲနဲ့ ခဏလောက် နှစ်သိမ့်နိုင်ကြမှာပါ။ ကနေရီတွေကတော့ ဘန်လေကို နိုင်ခဲ့တာ အသိအမှတ်ပြုလို့ ရပါတယ်။ ယူနိုက်တက်တို့အနေနဲ့ သူတို့ကို အနိုင်ယူချင်ရင် ကစားသမားတွေကိုတော့ အနားပေးလို့ မရဘဲ အကောင်းဆုံးလူတွေကို ဆက်ပြီး ပွဲထုတ်ရမှာပါ။ နောက်တစ်ပွဲက လီဗာပူးလ်နဲ့မို့ အမှတ်လျော့ဖို့ သေချာနေလို့ အာရုံစိုက် ကစားပါလိမ့်မယ်။ (မန်ယူနိုက်တက် 3-0 နော့ဝစ်ချ်)

ဝတ်ဖို့ဒ်-ဘရန့်ဖို့ဒ်
ဘရန့်ဖို့ဒ်ကတော့ ရလဒ်ဆိုးတွေကို ရပ်တန့်ပြီး နိုင်ပွဲဆက်နေတာပါ။ သူတို့တွေအနေနဲ့ ဝတ်ဖို့ဒ်နဲ့ တနင်္ဂနွေနေ့ပွဲမှာလည်း အဝေးကွင်းမှာ ရလဒ်ကောင်းဦးမယ်လို့ ထင်ပါတယ်။ လူတွေကတော့ အဲရစ်ဆန်ကို သဘောကျနေကြပြီး အသင်းတွေကတော့ သူ့ကို လိုက်နေကြပါပြီ။ သူ့အတွက် ဘောလုံးပြန်ကစားနိုင်တာဟာ အကောင်းဆုံးရနိုင်တာပဲလို့ ထင်ခဲ့ပေမယ့် ဒီလိုမျိုး အသင်းကြီးပစ်မှတ် ပြန်ဖြစ်မယ်ဆိုတာမျိုး ထင်မထားမိလို့ အံ့ဩရပါတယ်။ ဝတ်ဖို့ဒ်တို့အနေနဲ့ ပြီးခဲ့တဲ့ အပတ်က လိဒ်စ်ကိုလည်း ရှုံးထားခဲ့တော့ ဒီနေ့ပွဲကလည်း သူတို့အတွက် မဟုတ်ဘူးလို့ပဲ ပြောရပါလိမ့်ဦးမယ်။ (ဝတ်ဖို့ဒ် 1-3 ဘရန့်ဖို့ဒ်)

အာဆင်နယ်-ဆောက်သမ်တန်
ဆောက်သမ်တန်တို့က ရလဒ်တွေ ဆက်တိုက်ဆိုးနေပြီး ပြန်ကောင်းဖို့ ကြိုးစားနေချိန်မှာ ဘရိုက်တန်နောက်ကို လိုက်လာနိုင်မလားတော့ စိတ်ဝင်စားစရာပါ။ ဒါပေမယ့် အလားတူပဲ အာဆင်နယ်တို့ကလည်း ရလဒ်ဆိုးတွေကနေ ပြန်လည်ရုန်းထွက်ဖို့ ရှိနေပါတယ်။ လာကာဇက် ပါမလာရင် သူတို့တိုက်စစ်က ပိုကောင်းလိမ့်မယ်လို့ ထင်ရပြီး ဆောက်သမ်တန်တို့ကလည်း ခံစစ်ကစားမှာ မဟုတ်လို့ အာဆင်နယ်တို့ အခွင့်အရေးယူနိုင်ပါလိမ့်မယ်။ အာတီတာအနေနဲ့ လူငယ်တွေကို နေရာပေးပြီး နိုင်ပွဲရယူနိုင်မှာပါ။ (အာဆင်နယ် 3-1 ဆောက်သမ်တန်)

နယူးကာဆယ်လ်ယူနိုက်တက်-လက်စတာစီးတီး
ယူရိုပါ ကွန်ဖရင့်လိဂ်မှာ ဆီမီးတက်ခဲ့ပြီဖြစ်တဲ့ လက်စတာတို့အနေနဲ့ ဒီနေ့မှာတော့ လူအနည်းငယ် ချွေတာသွားမလား စောင့်ကြည့်ရမှာပါ။ နယူးကာဆယ်လ်ကတော့ အက်ဒီဟောင်းလက်ထဲမှာ အတော်လေး တည်ငြိမ်နေခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် ဖွင့်ကစားကြပြီး အပြန်အလှန်သွင်းဂိုးတွေကို တွေ့မြင်ရမယ့် ပွဲကောင်းတစ်ပွဲကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကျင်းပကြပါလိမ့်မယ်။ နှစ်သင်းစလုံး ကြိုးစားကစားကြရင်း တစ်ယောက်တစ်မှတ်ခွဲယူကြမယ့် သရေပွဲလို့ဆိုရင် မျှတနိုင်မှာပါ။ (နယူးကာဆယ်လ် 2-2 လက်စတာ)

ဝက်စ်ဟမ်းယူနိုက်တက်-ဘန်လေ
ဘန်လေက ဒီပွဲကို အနိုင်ရဖို့ လိုအပ်နေချိန်မှာ နည်းပြ ရှောင်ဒိုက်ချ်ကို ဆယ်နှစ်နီးပါးအကြာမှာ လမ်းခွဲလိုက်ပြီးတော့ ဘယ်လို ပွဲထွက်လာမလဲ စောင့်ကြည့်ရပါလိမ့်မယ်။ ပြီးခဲ့တဲ့ ပွဲကလည်း နော့ဝစ်ချ်ကို ရှုံးခဲ့တော့ သူတို့တွေမှာ နိုင်လိုစိတ်ရော ရှိသေးလားလို့ မေးချင်မိတာပါ။ အကောင်းဆုံး ကစားသမားတွေကို ပွဲထုတ်လာနိုင်ပေမယ့် ခြေတက်နေသလို ယူရိုပါလိဂ် ဆီမီးဖိုင်နယ်တက်သွားတာကြောင့် စိတ်ဓာတ်တက်ကြွနေမယ့် ဝက်စ်ဟမ်းကို ဘာမှ လုပ်နိုင်မယ် မထင်လို့ နိုင်ပွဲကတော့ အိမ်ရှင်တွေ ဘက်မှာပါ။ (ဝက်စ်ဟမ်း 2-0 ဘန်လေ)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီး-လီဗာပူးလ္
ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲကိုေတာ့ ႏွစ္ဂိုးစီသေရလို႔ မွန္းခဲ့တာ မွန္သြားပါၿပီ။ ဒါေပမယ့္ ဒီေန႔အတြက္ေတာ့ လီဗာပူးလ္ဘက္က အနည္းငယ္ သာလြန္ေနမယ္လို႔ ထင္ပါတယ္။ ခ်န္ပီယံလိဂ္မွာ မန္စီးတီးတို႔အေနနဲ႔ မက္ဒရစ္မွာ အက္သလက္တီကိုနဲ႔ ပြဲၾကမ္းတစ္ပြဲကို ခက္ခက္ခဲခဲ ျဖတ္ေက်ာ္ခဲ့ရခ်ိန္မွာ လီဗာပူးလ္ကေတာ့ ခရီးသြားမထားရပါဘူး။ မန္စီးတီးဘက္က ဒီဘ႐ိုင္းနားနဲ႔ ေဝၚလ္ကာတို႔ ပါဝင္ႏိုင္ဖို႔ မရွိခ်ိန္မွာ ဆာလား၊ မာေနးနဲ႔ ဖာဘင္ညိဳတို႔ကို အနားေပးခြင့္ရခဲ့တဲ့ လီဗာပူးလ္တို႔ ဂိုးပိုသြင္းၿပီး ႏိုင္သြားပါလိမ့္မယ္။ (မန္စီးတီး 1-2 လီဗာပူးလ္)

ခ်ဲလ္ဆီး-ခရစၥတယ္လ္ပဲေလ့စ္
ရီးရဲလ္မက္ဒရစ္နဲ႔ပြဲမွာ ေနာက္တစ္ဆင့္တက္ခဲ့သင့္တာက သူတို႔ပါ။ သူတို႔က ပိုေကာင္းခဲ့သလို အမွားေတြေၾကာင့္သာ ခ်န္ပီယံလိဂ္ကေန လွည့္ျပန္ခဲ့ရတာလည္းျဖစ္ပါတယ္။ တီမို ဗာနာရဲ႕ ဂိုးေတြကို ျမင္ေတြ႕ေနရၿပီး ေဆာက္သမ္တန္နဲ႔ပြဲမွာ သူက ပထမပိုင္းတင္ ငါးဂိုးေလာက္ ရဖို႔သင့္ခဲ့တာပါ။ သူ႔ရဲ႕ ဂိုးသြင္းေျခ ေတြ႕ေနတဲ့ ပုံစံ၊ ဟာဗတ္ဇ္၊ ေမဆန္ေမာင့္တို႔နဲ႔ တြဲဖက္မယ့္ သုံးေယာက္တြဲ တိုက္စစ္က ဒီေန႔ပြဲမွာ အေရးပါတယ္။ ပဲေလ့စ္အတြက္ အသင္းေဟာင္းနဲ႔ေတြ႕မွာေၾကာင့္ ဂါလာဂါ ကစားခြင့္မရခ်ိန္မွာ ဘာမွ လုပ္ျပႏိုင္ေတာ့မယ္ မထင္ပါဘူး။ ခ်ဲလ္ဆီးအႏိုင္ပါ။ (ခ်ဲလ္ဆီး 3-0 ပဲေလ့စ္)

ေတာ့တင္ဟမ္ေဟာ့စပါးစ္-ဘ႐ိုက္တန္
ၿပီးခဲ့တဲ့ အပတ္က ေျမာက္လန္ဒန္မွာ အာဆင္နယ္ကို ဘ႐ိုက္တန္တို႔ မင္သက္မိေစခဲ့ေပမယ့္ ဒီေန႔ပြဲမွာေတာ့ ထပ္ျဖစ္ဖို႔ မရွိပါဘူး။ စပါးစ္တို႔ အေနနဲ႔ ဒီေန႔ပြဲမွာ အခက္အခဲတခ်ိဳ႕ကို ေက်ာ္ျဖတ္ေကာင္း ေက်ာ္ျဖတ္ရႏိုင္ေပမယ့္ ႏိုင္ဖို႔ကေတာ့ ေသခ်ာသေလာက္ပါပဲ။ စပါးစ္ကိုေတာ့ လူေတြက ဘယ္လို ခန႔္မွန္းရမလဲ ခက္ေနၾကပါတယ္။ ဗီလာနဲ႔ပြဲမွာဆိုရင္ သူတို႔ရဲ႕ ပထမပိုင္းပုံစံက ႏိုင္ပြဲနဲ႔ မထိုက္တန္ခဲ့ပါဘူး။ ဒါေပမယ့္ သူတို႔ႏိုင္ခဲ့ၿပီး အဆင့္ ၄ ၿပိဳင္ပြဲကို ဦးေဆာင္ေနေတာ့ ဒီအေၾကာင္း ျပန္ေျပာဖို႔ မလိုေတာ့သလို ေရွ႕ေလွ်ာက္ ပြဲမက်ပ္ခင္ ဒီေန႔ပြဲကို ႏိုင္ထားမွ ျဖစ္ပါမယ္။ (စပါးစ္ 2-1 ဘ႐ိုက္တန္)

မန္ခ်က္စတာယူႏိုက္တက္-ေနာ့ဝစ္ခ်္စီးတီး
ဒီေန႔ပြဲကိုေတာ့ ယူႏိုက္တက္တို႔ အလြယ္တကူ ႏိုင္သြားမယ္ ထင္ပါတယ္။ အဲဗာတန္ကို ရႈံးခဲ့တာကေတာ့ မျဖစ္သင့္ဘူးလို႔ ထင္မိေပမယ့္ ေလာေလာဆယ္ေတာ့ သူတို႔ရဲ႕ စိတ္ပ်က္စရာ ပုံစံကို ေနာ့ဝစ္ခ်္အေပၚ ႏိုင္ပြဲနဲ႔ ခဏေလာက္ ႏွစ္သိမ့္ႏိုင္ၾကမွာပါ။ ကေနရီေတြကေတာ့ ဘန္ေလကို ႏိုင္ခဲ့တာ အသိအမွတ္ျပဳလို႔ ရပါတယ္။ ယူႏိုက္တက္တို႔အေနနဲ႔ သူတို႔ကို အႏိုင္ယူခ်င္ရင္ ကစားသမားေတြကိုေတာ့ အနားေပးလို႔ မရဘဲ အေကာင္းဆုံးလူေတြကို ဆက္ၿပီး ပြဲထုတ္ရမွာပါ။ ေနာက္တစ္ပြဲက လီဗာပူးလ္နဲ႔မို႔ အမွတ္ေလ်ာ့ဖို႔ ေသခ်ာေနလို႔ အာ႐ုံစိုက္ ကစားပါလိမ့္မယ္။ (မန္ယူႏိုက္တက္ 3-0 ေနာ့ဝစ္ခ်္)

ဝတ္ဖို႔ဒ္-ဘရန႔္ဖို႔ဒ္
ဘရန႔္ဖို႔ဒ္ကေတာ့ ရလဒ္ဆိုးေတြကို ရပ္တန႔္ၿပီး ႏိုင္ပြဲဆက္ေနတာပါ။ သူတို႔ေတြအေနနဲ႔ ဝတ္ဖို႔ဒ္နဲ႔ တနဂၤေႏြေန႔ပြဲမွာလည္း အေဝးကြင္းမွာ ရလဒ္ေကာင္းဦးမယ္လို႔ ထင္ပါတယ္။ လူေတြကေတာ့ အဲရစ္ဆန္ကို သေဘာက်ေနၾကၿပီး အသင္းေတြကေတာ့ သူ႔ကို လိုက္ေနၾကပါၿပီ။ သူ႔အတြက္ ေဘာလုံးျပန္ကစားႏိုင္တာဟာ အေကာင္းဆုံးရႏိုင္တာပဲလို႔ ထင္ခဲ့ေပမယ့္ ဒီလိုမ်ိဳး အသင္းႀကီးပစ္မွတ္ ျပန္ျဖစ္မယ္ဆိုတာမ်ိဳး ထင္မထားမိလို႔ အံ့ဩရပါတယ္။ ဝတ္ဖို႔ဒ္တို႔အေနနဲ႔ ၿပီးခဲ့တဲ့ အပတ္က လိဒ္စ္ကိုလည္း ရႈံးထားခဲ့ေတာ့ ဒီေန႔ပြဲကလည္း သူတို႔အတြက္ မဟုတ္ဘူးလို႔ပဲ ေျပာရပါလိမ့္ဦးမယ္။ (ဝတ္ဖို႔ဒ္ 1-3 ဘရန႔္ဖို႔ဒ္)

အာဆင္နယ္-ေဆာက္သမ္တန္
ေဆာက္သမ္တန္တို႔က ရလဒ္ေတြ ဆက္တိုက္ဆိုးေနၿပီး ျပန္ေကာင္းဖို႔ ႀကိဳးစားေနခ်ိန္မွာ ဘ႐ိုက္တန္ေနာက္ကို လိုက္လာႏိုင္မလားေတာ့ စိတ္ဝင္စားစရာပါ။ ဒါေပမယ့္ အလားတူပဲ အာဆင္နယ္တို႔ကလည္း ရလဒ္ဆိုးေတြကေန ျပန္လည္႐ုန္းထြက္ဖို႔ ရွိေနပါတယ္။ လာကာဇက္ ပါမလာရင္ သူတို႔တိုက္စစ္က ပိုေကာင္းလိမ့္မယ္လို႔ ထင္ရၿပီး ေဆာက္သမ္တန္တို႔ကလည္း ခံစစ္ကစားမွာ မဟုတ္လို႔ အာဆင္နယ္တို႔ အခြင့္အေရးယူႏိုင္ပါလိမ့္မယ္။ အာတီတာအေနနဲ႔ လူငယ္ေတြကို ေနရာေပးၿပီး ႏိုင္ပြဲရယူႏိုင္မွာပါ။ (အာဆင္နယ္ 3-1 ေဆာက္သမ္တန္)

နယူးကာဆယ္လ္ယူႏိုက္တက္-လက္စတာစီးတီး
ယူ႐ိုပါ ကြန္ဖရင့္လိဂ္မွာ ဆီမီးတက္ခဲ့ၿပီျဖစ္တဲ့ လက္စတာတို႔အေနနဲ႔ ဒီေန႔မွာေတာ့ လူအနည္းငယ္ ေခြၽတာသြားမလား ေစာင့္ၾကည့္ရမွာပါ။ နယူးကာဆယ္လ္ကေတာ့ အက္ဒီေဟာင္းလက္ထဲမွာ အေတာ္ေလး တည္ၿငိမ္ေနခဲ့ၿပီး တစ္ဖက္နဲ႔တစ္ဖက္ ဖြင့္ကစားၾကၿပီး အျပန္အလွန္သြင္းဂိုးေတြကို ေတြ႕ျမင္ရမယ့္ ပြဲေကာင္းတစ္ပြဲကို စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ က်င္းပၾကပါလိမ့္မယ္။ ႏွစ္သင္းစလုံး ႀကိဳးစားကစားၾကရင္း တစ္ေယာက္တစ္မွတ္ခြဲယူၾကမယ့္ သေရပြဲလို႔ဆိုရင္ မွ်တႏိုင္မွာပါ။ (နယူးကာဆယ္လ္ 2-2 လက္စတာ)

ဝက္စ္ဟမ္းယူႏိုက္တက္-ဘန္ေလ
ဘန္ေလက ဒီပြဲကို အႏိုင္ရဖို႔ လိုအပ္ေနခ်ိန္မွာ နည္းျပ ေရွာင္ဒိုက္ခ်္ကို ဆယ္ႏွစ္နီးပါးအၾကာမွာ လမ္းခြဲလိုက္ၿပီးေတာ့ ဘယ္လို ပြဲထြက္လာမလဲ ေစာင့္ၾကည့္ရပါလိမ့္မယ္။ ၿပီးခဲ့တဲ့ ပြဲကလည္း ေနာ့ဝစ္ခ်္ကို ရႈံးခဲ့ေတာ့ သူတို႔ေတြမွာ ႏိုင္လိုစိတ္ေရာ ရွိေသးလားလို႔ ေမးခ်င္မိတာပါ။ အေကာင္းဆုံး ကစားသမားေတြကို ပြဲထုတ္လာႏိုင္ေပမယ့္ ေျခတက္ေနသလို ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္တက္သြားတာေၾကာင့္ စိတ္ဓာတ္တက္ႂကြေနမယ့္ ဝက္စ္ဟမ္းကို ဘာမွ လုပ္ႏိုင္မယ္ မထင္လို႔ ႏိုင္ပြဲကေတာ့ အိမ္ရွင္ေတြ ဘက္မွာပါ။ (ဝက္စ္ဟမ္း 2-0 ဘန္ေလ)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.