Carabao & FA Premier League

ပဲလေ့စ်နဲ့ ကစားရမယ့် အက်ဖ်အေဆီမီးပွဲမှာ ချဲလ်ဆီးတိုက်စစ်ကို ဘယ်သူဦးဆောင်လာမှာလဲ

ချဲလ်ဆီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မကြာသေးမီက တိုးတက်မှုတွေ ရှိလာခဲ့တဲ့ လူကာကူးအစား တီမို ဗာနာက ပွဲထွက်ပါဝင်ကစားပေးလိမ့်မယ်လို့ အရိပ်အမြွက် ပြသခဲ့ပါတယ်။

လွန်ခဲ့တဲ့ရက်သတ္တပတ်တွေတုန်းကဆိုရင် ချဲလ်ဆီးတိုက်စစ်ကို ဘယ်သူဦးဆောင်လာမလဲလို့ မေးရင် အဖြေက ခိုင် ဟာဗတ်ဇ်ပဲ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံး ၂ ပွဲမှာ တီမို ဗာနာက ချက်ချင်းဆိုသလိုပဲ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိနေပြီး ဂိုးတွေ သွင်းယူပေးနေတာကြောင့် နည်းပြ တူဟယ်အတွက် ရွေးရခက်တဲ့ အခြေအနေဆိုက်နေပြီဖြစ်ပါတယ်။

ဆောက်သမ်တန်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ တီမို ဗာနာဟာ နည်းပြ တူဟယ်ကိုသာမကဘဲ အမြဲတမ်း ၎င်းရဲ့ ခြေစွမ်းကို ပြစ်တင်ဝေဖန်ခဲ့ကြတဲ့ ရီယို ဖာဒီနန်နဲ့ ဂျိုး ကိုးတို့ကိုတောင် အထင်ကြီးအောင် လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ အရင်အပတ်က တီမို ဗာနာအကြောင်း ပြောခဲ့ကြတယ်။ သူ့ကန်ချက်က အဲဒီနေ့ကဆို ၃ ကြိမ်လောက် တိုင်ထိခဲ့တယ်။ အဲဒီတော့ သူ နည်းနည်း ယုံကြည်ချက် ပြန်ရလာခဲ့ပြီး ဒီပွဲမှာတော့ အရင်လတွေတုန်းက ပွဲစဉ်အနည်းငယ်မှာ ကစားခဲ့တဲ့ ကစားသမားမျိုးနဲ့ မတူတော့ပါဘူး”

“သူက ဒီနေ့ အရမ်းကို တောက်ပနေခဲ့တယ်လို့ တွေးမိခဲ့တယ်။ သူက သောမတ်စ် တူဟယ် သူ့ကို လုပ်ဖို့ ပြောထားတဲ့အတိုင်း ဝင်လာပြီး လုပ်မယ်ဆိုတာ ကျွန်တော် သေချာပါတယ်။ သူ ပြိုင်ဘက်တွေကို အလုပ်များစေခဲ့ပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုလည်း ရရှိခဲ့ပါတယ်”လို့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲအပြီးမှာ ဖာဒီနန်က BT Sport မှာ ပြောကြားခဲ့ပါတယ်။

“သူ ဝင်လာပြီး ဒီဟာကို လုပ်နိုင်တာက သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ချီးကျူးရမှာပါ။ ဘာလို့လဲဆိုတော့ ပထမအကျော့တုန်းက သူ့ရဲ့ တိုက်စစ်ဆင်ပုံကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီး ပျော့တိပျော့ဖတ် ဖြစ်နေတာကို တွေ့ခဲ့ရလို့ပါ။ ဒါပေမယ့် ဒီအကျော့မှာတော့ ဘယ်ချဲလ်ဆီးပရိသတ်မှ သူ့ကို အပြစ်မမြင်နိုင်တော့ပါဘူး”

“ဘာလို့လဲဆိုတော့ သူက ခြေကုန်ထုတ်ကန်နေပြီး ဒီညနေ ချဲလ်ဆီးရှပ်နဲ့ သူ့ကို မြင်တွေ့ခဲ့ရတာက ကျွန်တော် မြင်ဖူးသမျှထဲ အကောင်းဆုံးပဲမို့လို့ပါ”လို့ ဂျိုးကိုးကလည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရှိအချိန်မှာ ၎င်းရဲ့ ချဲလ်ဆီးကစားသမားဘဝ အကောင်းဆုံးပုံစံကို စတင်မြင်တွေ့နေရပြီဖြစ်ပြီး လာမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ချန်လှပ်ခြင်းခံရမယ်ဆိုရင် တော်တော်လေး အံ့အားသင့်စရာ ဖြစ်လာမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ပွဲစဉ်တုန်းကအတိုင်း တိုက်စစ်မှာ ဗာနာ၊ မေဆန် မောင့်နဲ့ ဟာဗတ်ဇ်တို့ ပြန်လည်ပွဲထွက်လာဖွယ်ရှိနေပြီး လူကာကူ ပြန်လည်ပါဝင်နိုင်ဖို့ကတော့ ဖြစ်နိုင်ဖွယ် မရှိသေးတာဖြစ်ပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းရဲ့ အသင်းစံချိန်တင်ခေါ်ယူမှုဟာ ပဲလေ့စ်နဲ့ပွဲအတွက် အချိန်ကိုက် လေ့ကျင့်ရေး ပြန်လည်ပြုလုပ်နေခဲ့ပြီး ယခုအပတ် ဝင်ဘလေမှာ ကစားပေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယမ်တိုက်စစ်မှူးအနေနဲ့ ဗာနာနဲ့အတူ ပွဲထွက်လာမလားဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့်လည်း ချဲလ်ဆီးအသင်းက လူမှုကွန်ရက်မှာ လူကာကူးကို ချန်လှပ်ခဲ့မယ်ဆိုတာ အရိပ်အမြွက် ပြသခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ တရားဝင်တွစ်တာ စာမျက်နှာမှာ လာမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် ဗာနာ ပုံနဲ့အတူ “အမ်းမရိတ်စ် အက်ဖ်အေဖလားကို အာရုံစိုက်ပါ”ဆိုတဲ့စာကို ရေးသားပြီး တင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းဟာ ခရစၥတယ္ပဲေလ့စ္နဲ႔ ကစားရမယ့္ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာ မၾကာေသးမီက တိုးတက္မႈေတြ ရွိလာခဲ့တဲ့ လူကာကူးအစား တီမို ဗာနာက ပြဲထြက္ပါဝင္ကစားေပးလိမ့္မယ္လို႔ အရိပ္အႁမြက္ ျပသခဲ့ပါတယ္။

လြန္ခဲ့တဲ့ရက္သတၱပတ္ေတြတုန္းကဆိုရင္ ခ်ဲလ္ဆီးတိုက္စစ္ကို ဘယ္သူဦးေဆာင္လာမလဲလို႔ ေမးရင္ အေျဖက ခိုင္ ဟာဗတ္ဇ္ပဲ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ဆုံး ၂ ပြဲမွာ တီမို ဗာနာက ခ်က္ခ်င္းဆိုသလိုပဲ ပုံမွန္ေျခစြမ္း ျပန္လည္ရရွိေနၿပီး ဂိုးေတြ သြင္းယူေပးေနတာေၾကာင့္ နည္းၿပ တူဟယ္အတြက္ ေရြးရခက္တဲ့ အေျခအေနဆိုက္ေနၿပီျဖစ္ပါတယ္။

ေဆာက္သမ္တန္၊ ရီးရဲလ္မက္ဒရစ္တို႔နဲ႔ ကစားခဲ့တဲ့ပြဲစဥ္ေတြမွာ ၃ ဂိုးအထိ သြင္းယူေပးနိုင္ခဲ့တဲ့ တီမို ဗာနာဟာ နည္းၿပ တူဟယ္ကိုသာမကဘဲ အျမဲတမ္း ၎ရဲ့ ေျခစြမ္းကို ျပစ္တင္ေဝဖန္ခဲ့ၾကတဲ့ ရီယို ဖာဒီနန္နဲ႔ ဂ်ိဳး ကိုးတို႔ကိုေတာင္ အထင္ႀကီးေအာင္ လုပ္ျပနိုင္ခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ အရင္အပတ္က တီမို ဗာနာအေၾကာင္း ေျပာခဲ့ၾကတယ္။ သူ႔ကန္ခ်က္က အဲဒီေန႔ကဆို ၃ ႀကိမ္ေလာက္ တိုင္ထိခဲ့တယ္။ အဲဒီေတာ့ သူ နည္းနည္း ယုံၾကည္ခ်က္ ျပန္ရလာခဲ့ၿပီး ဒီပြဲမွာေတာ့ အရင္လေတြတုန္းက ပြဲစဥ္အနည္းငယ္မွာ ကစားခဲ့တဲ့ ကစားသမားမ်ိဳးနဲ႔ မတူေတာ့ပါဘူး”

“သူက ဒီေန႔ အရမ္းကို ေတာက္ပေနခဲ့တယ္လို႔ ေတြးမိခဲ့တယ္။ သူက ေသာမတ္စ္ တူဟယ္ သူ႔ကို လုပ္ဖို႔ ေျပာထားတဲ့အတိုင္း ဝင္လာၿပီး လုပ္မယ္ဆိုတာ ကၽြန္ေတာ္ ေသခ်ာပါတယ္။ သူ ၿပိဳင္ဘက္ေတြကို အလုပ္မ်ားေစခဲ့ၿပီး သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈလည္း ရရွိခဲ့ပါတယ္”လို႔ ရီးရဲလ္မက္ဒရစ္နဲ႔ပြဲအၿပီးမွာ ဖာဒီနန္က BT Sport မွာ ေျပာၾကားခဲ့ပါတယ္။

“သူ ဝင္လာၿပီး ဒီဟာကို လုပ္နိုင္တာက သူ႔ရဲ့ ကိုယ္ရည္ကိုယ္ေသြးကို ခ်ီးက်ဴးရမွာပါ။ ဘာလို႔လဲဆိုေတာ့ ပထမအေက်ာ့တုန္းက သူ႔ရဲ့ တိုက္စစ္ဆင္ပုံကို ကၽြန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ရၿပီး ေပ်ာ့တိေပ်ာ့ဖတ္ ျဖစ္ေနတာကို ေတြ႕ခဲ့ရလို႔ပါ။ ဒါေပမယ့္ ဒီအေက်ာ့မွာေတာ့ ဘယ္ခ်ဲလ္ဆီးပရိသတ္မွ သူ႔ကို အျပစ္မျမင္နိုင္ေတာ့ပါဘူး”

“ဘာလို႔လဲဆိုေတာ့ သူက ေျခကုန္ထုတ္ကန္ေနၿပီး ဒီညေန ခ်ဲလ္ဆီးရွပ္နဲ႔ သူ႔ကို ျမင္ေတြ႕ခဲ့ရတာက ကၽြန္ေတာ္ ျမင္ဖူးသမၽွထဲ အေကာင္းဆုံးပဲမို႔လို႔ပါ”လို႔ ဂ်ိဳးကိုးကလည္း ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ လက္ရွိအခ်ိန္မွာ ၎ရဲ့ ခ်ဲလ္ဆီးကစားသမားဘဝ အေကာင္းဆုံးပုံစံကို စတင္ျမင္ေတြ႕ေနရၿပီျဖစ္ၿပီး လာမယ့္ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲစဥ္အတြက္ ပြဲထြက္လူစာရင္းမွာ ခ်န္လွပ္ျခင္းခံရမယ္ဆိုရင္ ေတာ္ေတာ္ေလး အံ့အားသင့္စရာ ျဖစ္လာမွာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အိမ္ကြင္းမွာ အနိုင္ရခဲ့တဲ့ပြဲစဥ္တုန္းကအတိုင္း တိုက္စစ္မွာ ဗာနာ၊ ေမဆန္ ေမာင့္နဲ႔ ဟာဗတ္ဇ္တို႔ ျပန္လည္ပြဲထြက္လာဖြယ္ရွိေနၿပီး လူကာကူ ျပန္လည္ပါဝင္နိုင္ဖို႔ကေတာ့ ျဖစ္နိုင္ဖြယ္ မရွိေသးတာျဖစ္ပါတယ္။ The Sun ရဲ့ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအသင္းရဲ့ အသင္းစံခ်ိန္တင္ေခၚယူမႈဟာ ပဲေလ့စ္နဲ႔ပြဲအတြက္ အခ်ိန္ကိုက္ ေလ့က်င့္ေရး ျပန္လည္ျပဳလုပ္ေနခဲ့ၿပီး ယခုအပတ္ ဝင္ဘေလမွာ ကစားေပးနိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။

ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးအေနနဲ႔ ဗာနာနဲ႔အတူ ပြဲထြက္လာမလားဆိုတာကို ေစာင့္ၾကည့္ရဦးမွာျဖစ္ေပမယ့္လည္း ခ်ဲလ္ဆီးအသင္းက လူမႈကြန္ရက္မွာ လူကာကူးကို ခ်န္လွပ္ခဲ့မယ္ဆိုတာ အရိပ္အႁမြက္ ျပသခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ့ တရားဝင္တြစ္တာ စာမ်က္ႏွာမွာ လာမယ့္ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မတိုင္ခင္ ဗာနာ ပုံနဲ႔အတူ “အမ္းမရိတ္စ္ အက္ဖ္ေအဖလားကို အာ႐ုံစိုက္ပါ”ဆိုတဲ့စာကို ေရးသားၿပီး တင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.