Premier League

ပရီးမီးယားလိဂ်ချန်ပီယံနဲ့ ထိပ်ဆုံး ၄ နေရာကို ဟောကိန်းထုတ်လိုက်တဲ့ စူပါကွန်ပျူတာ

စူပါကွန်ပျူတာက မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်အသင်းတို့ကြား ပရီးမီးယားလိဂ်ဆုဖလား အနိုင်ရရှိမယ့်အသင်းကို ဟောကိန်းထုတ်ခဲ့ပြီး ကြိုးကြာနီတွေရဲ့ အောင်ပွဲဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ဆုဖလားပြိုင်ပွဲဟာ လက်ကျန် ၇ ပွဲသာ ကျန်ရှိတော့တာကြောင့် အဆုံးသတ်ဖို့ နီးစပ်လာနေပြီဖြစ်ပြီး လက်ရှိ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးနဲ့ လီဗာပူးလ်တို့ဟာ ရမှတ် ၁ မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။ ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ဂွါဒီယိုလာရဲ့အသင်းနောက်ကနေ လိုက်နေရပေမယ့်လည်း စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ အခွင့်အရေး ၅၅ ရာခိုင်နှုန်း ရှိနေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါး၊ အဲဗာတန်တို့လို အသင်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေသေးပေမယ့်လည်း စူပါကွန်ပျူတာက မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ဖလား ရရှိနိုင်ခြေက ၄၅ ရာခိုင်နှုန်းသာရှိတယ်လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ကလော့ပ်ရဲ့အသင်းသာ လာမယ့် မေလမှာ ပရီးမီးယားလိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်မယ်ဆိုရင် ယခုရာသီအစောပိုင်းတုန်းက ၁၂ မှတ်ကွာနေရာကနေ အမီလိုက်နိုင်တာကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး comebacks တွေထဲက တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။

စူပါကွန်ပျူတာက အမှန်တော့ ထိပ်ဆုံး ၄ နေရာတစ်ခုလုံးကို ဟောကိန်းထုတ်ခဲ့တာဖြစ်ပြီး အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးအသင်းက ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်ဖို့ ၉၉ ရာခိုင်နှုန်း သေချာတယ်လို့ အဖြေပေးခဲ့တာဖြစ်ပါတယ်။ အဆင့် ၄ နေရာမှာ ပြီးဆုံးမယ့်အသင်းလို့ စူပါကွန်ပျူတာက ဟောကိန်းထုတ်ခဲ့တဲ့အသင်းကတော့ တော့တင်ဟမ်ဟော့စပါးဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ခွင့်ရရှိနိုင်ဖို့ ၅၉ ရာခိုင်နှုန်းအထိ အခွင့်အရေးရှိတယ်လို့ အဖြေပေးခဲ့တာဖြစ်ပါတယ်။

စပါးစ်ရဲ့ မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ်အသင်းကတော့ အဆင့် ၄ နေရာမှာ ပြီးဆုံးဖို့ အခွင့်အရေး ၄၀ ရာခိုင်နှုန်း၊ မန်ချက်စတာယူနိုက်တက်အသင်းက ၂ ရာခိုင်နှုန်းနဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းက ၁ ရာခိုင်နှုန်း အသီးသီး ရှိနေကြတာဖြစ်ပါတယ်။

စပါးစ်ရဲ့ ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်မှုက နည်းပြ အန်တိုနီယို ကွန်တီ တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက် အကျိုးသက်ရောက်မှုကို ပြသနိုင်မှာဖြစ်ပြီး အင်တာမီလန်နည်းပြဟောင်းဟာ မြောက်လန်ဒန်အသင်းကို လုံးဝ ပြုပြင် ပြောင်းလဲပေးနိုင်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မရှိတာဖြစ်ပါတယ်။

စူပါကွန်ပျူတာရဲ့ ပြောကြားချက်အရ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာမှာဖြစ်ပေမယ့်လည်း အများစုအတွက်ကတော့ ၂ သင်းစလုံး ကျန်ရှိနေသေးတဲ့ လက်ကျန်ပွဲစဉ်တွေအရ အဲဒီလို ဖြစ်မလာနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ကလော့ပ်ရဲ့အသင်းဟာ မာဆေးဆိုဒ် ဒါဘီပြိုင်ဘက် အဲဗာတန်၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းအတွက် အခက်အခဲဆုံးပွဲစဉ်တွေကတော့ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ နယူးကာဆယ်လ်ယူနိုက်တက်တို့လောက်သာ ရှိနေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက်က ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ဖရန့်ဖွတ်နဲ့ ရင်ဆိုင်သွားဖို့ အာရုံစိုက်နေမှာဖြစ်ပြီး နယူးကာဆယ်လ်ယူနိုက်တက်ကလည်း မန်စီးတီးနဲ့ ဘယ်လိုမှ ယှဉ်ကစားနိုင်စွမ်း မရှိတဲ့အသင်း ဖြစ်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းဟာ ဥရောပပွဲစဉ်အပေါ်မှာ အာရုံစိုက်နေရဆဲဖြစ်ပြီး ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ဆီမီးဖိုင်နယ်အဆင့်မှာ အနိုင်ယူဖို့ ခက်ခဲတဲ့ တာဝန်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဥရောပဟဲဗီးဝိတ်အသင်း ၂ သင်းဟာ ဆီမီးဖိုင်နယ်မှာ ရေကုန်ရေခမ်း ယှဉ်ပြိုင်ကစားရမယ့်အချိန်မှာ လီဗာပူးလ်အသင်းကတော့ ဗိုလ်စွဲဖို့ ရေပန်းစားခြင်းမရှိတဲ့ ဗီလာရီးရဲလ်အသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်အသင်းတို့ဟာ ယနေ့ညနေမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားကြဦးမှာဖြစ်ပြီး မန်စီးတီးကလည်း ဖလား ၃ လုံးဖြစ်လာဖို့ ပစ်မှတ်ထားနေသလို လီဗာပူးလ်ကလည်း လာမယ့်မေလမှာ ဖလား ၄ လုံးဖြစ်လာဖို့ ပစ်မှတ်ထားနေမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စူပါကြန္ပ်ဴတာက မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္အသင္းတို႔ၾကား ပရီးမီးယားလိဂ္ဆုဖလား အနိုင္ရရွိမယ့္အသင္းကို ေဟာကိန္းထုတ္ခဲ့ၿပီး ႀကိဳးၾကာနီေတြရဲ့ ေအာင္ပြဲျဖစ္လိမ့္မယ္လို႔ ခန႔္မွန္းခဲ့ပါတယ္။

ဆုဖလားၿပိဳင္ပြဲဟာ လက္က်န္ ၇ ပြဲသာ က်န္ရွိေတာ့တာေၾကာင့္ အဆုံးသတ္ဖို႔ နီးစပ္လာေနၿပီျဖစ္ၿပီး လက္ရွိ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ဟာ ရမွတ္ ၁ မွတ္သာ ကြာဟေနတာျဖစ္ပါတယ္။ ယာဂန္ ကေလာ့ပ္ရဲ့အသင္းဟာ ဂြါဒီယိုလာရဲ့အသင္းေနာက္ကေန လိုက္ေနရေပမယ့္လည္း စူပါကြန္ပ်ဴတာရဲ့ တြက္ခ်က္မႈအရ လီဗာပူးလ္အသင္းက ပရီးမီးယားလိဂ္ဖလားကို ရရွိဖို႔ အခြင့္အေရး ၅၅ ရာခိုင္ႏႈန္း ရွိေနတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ မန္ခ်က္စတာယူနိုက္တက္၊ ေတာ့တင္ဟမ္ေဟာ့စပါး၊ အဲဗာတန္တို႔လို အသင္းေတြနဲ႔ ရင္ဆိုင္ရဖို႔ ရွိေနေသးေပမယ့္လည္း စူပါကြန္ပ်ဴတာက မန္စီးတီးရဲ့ ပရီးမီးယားလိဂ္ဖလား ရရွိနိုင္ေျခက ၄၅ ရာခိုင္ႏႈန္းသာရွိတယ္လို႔ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။ တကယ္လို႔ ကေလာ့ပ္ရဲ့အသင္းသာ လာမယ့္ ေမလမွာ ပရီးမီးယားလိဂ္ဆုဖလားကို ကိုင္ေျမႇာက္နိုင္မယ္ဆိုရင္ ယခုရာသီအေစာပိုင္းတုန္းက ၁၂ မွတ္ကြာေနရာကေန အမီလိုက္နိုင္တာေၾကာင့္ ပရီးမီးယားလိဂ္သမိုင္းမွာ အေကာင္းဆုံး comebacks ေတြထဲက တစ္ခု ျဖစ္လာမွာျဖစ္ပါတယ္။

စူပါကြန္ပ်ဴတာက အမွန္ေတာ့ ထိပ္ဆုံး ၄ ေနရာတစ္ခုလုံးကို ေဟာကိန္းထုတ္ခဲ့တာျဖစ္ၿပီး အဆင့္ ၃ ေနရာမွာ ရပ္တည္ေနတဲ့ ခ်ဲလ္ဆီးအသင္းက ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးနိုင္ဖို႔ ၉၉ ရာခိုင္ႏႈန္း ေသခ်ာတယ္လို႔ အေျဖေပးခဲ့တာျဖစ္ပါတယ္။ အဆင့္ ၄ ေနရာမွာ ၿပီးဆုံးမယ့္အသင္းလို႔ စူပါကြန္ပ်ဴတာက ေဟာကိန္းထုတ္ခဲ့တဲ့အသင္းကေတာ့ ေတာ့တင္ဟမ္ေဟာ့စပါးျဖစ္ၿပီး လာမယ့္ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ဝင္ခြင့္ရရွိနိုင္ဖို႔ ၅၉ ရာခိုင္ႏႈန္းအထိ အခြင့္အေရးရွိတယ္လို႔ အေျဖေပးခဲ့တာျဖစ္ပါတယ္။

စပါးစ္ရဲ့ ေျမာက္လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္အသင္းကေတာ့ အဆင့္ ၄ ေနရာမွာ ၿပီးဆုံးဖို႔ အခြင့္အေရး ၄၀ ရာခိုင္ႏႈန္း၊ မန္ခ်က္စတာယူနိုက္တက္အသင္းက ၂ ရာခိုင္ႏႈန္းနဲ႔ ဝက္စ္ဟမ္းယူနိုက္တက္အသင္းက ၁ ရာခိုင္ႏႈန္း အသီးသီး ရွိေနၾကတာျဖစ္ပါတယ္။

စပါးစ္ရဲ့ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးနိုင္မႈက နည္းၿပ အန္တိုနီယို ကြန္တီ တာဝန္ယူကိုင္တြယ္ခဲ့ၿပီးေနာက္ အက်ိဳးသက္ေရာက္မႈကို ျပသနိုင္မွာျဖစ္ၿပီး အင္တာမီလန္နည္းျပေဟာင္းဟာ ေျမာက္လန္ဒန္အသင္းကို လုံးဝ ျပဳျပင္ ေျပာင္းလဲေပးနိုင္ခဲ့တယ္ဆိုတာ သံသယျဖစ္စရာ မရွိတာျဖစ္ပါတယ္။

စူပါကြန္ပ်ဴတာရဲ့ ေျပာၾကားခ်က္အရ လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္လာမွာျဖစ္ေပမယ့္လည္း အမ်ားစုအတြက္ကေတာ့ ၂ သင္းစလုံး က်န္ရွိေနေသးတဲ့ လက္က်န္ပြဲစဥ္ေတြအရ အဲဒီလို ျဖစ္မလာနိုင္တာ ျဖစ္ေကာင္းျဖစ္နိုင္ပါလိမ့္မယ္။ ကေလာ့ပ္ရဲ့အသင္းဟာ မာေဆးဆိုဒ္ ဒါဘီၿပိဳင္ဘက္ အဲဗာတန္၊ မန္ခ်က္စတာယူနိုက္တက္တို႔နဲ႔ ရင္ဆိုင္ရဦးမွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးအသင္းအတြက္ အခက္အခဲဆုံးပြဲစဥ္ေတြကေတာ့ ဝက္စ္ဟမ္းယူနိုက္တက္နဲ႔ နယူးကာဆယ္လ္ယူနိုက္တက္တို႔ေလာက္သာ ရွိေနတာျဖစ္ပါတယ္။

ဝက္စ္ဟမ္းယူနိုက္တက္က ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္အဆင့္မွာ ဖရန႔္ဖြတ္နဲ႔ ရင္ဆိုင္သြားဖို႔ အာ႐ုံစိုက္ေနမွာျဖစ္ၿပီး နယူးကာဆယ္လ္ယူနိုက္တက္ကလည္း မန္စီးတီးနဲ႔ ဘယ္လိုမွ ယွဥ္ကစားနိုင္စြမ္း မရွိတဲ့အသင္း ျဖစ္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးအသင္းဟာ ဥေရာပပြဲစဥ္အေပၚမွာ အာ႐ုံစိုက္ေနရဆဲျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာ အေအာင္ျမင္ဆုံးျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းကို ဆီမီးဖိုင္နယ္အဆင့္မွာ အနိုင္ယူဖို႔ ခက္ခဲတဲ့ တာဝန္နဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ဥေရာပဟဲဗီးဝိတ္အသင္း ၂ သင္းဟာ ဆီမီးဖိုင္နယ္မွာ ေရကုန္ေရခမ္း ယွဥ္ၿပိဳင္ကစားရမယ့္အခ်ိန္မွာ လီဗာပူးလ္အသင္းကေတာ့ ဗိုလ္စြဲဖို႔ ေရပန္းစားျခင္းမရွိတဲ့ ဗီလာရီးရဲလ္အသင္းနဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္အသင္းတို႔ဟာ ယေန႔ညေနမွာ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ေတြ႕ဆုံယွဥ္ၿပိဳင္သြားၾကဦးမွာျဖစ္ၿပီး မန္စီးတီးကလည္း ဖလား ၃ လုံးျဖစ္လာဖို႔ ပစ္မွတ္ထားေနသလို လီဗာပူးလ္ကလည္း လာမယ့္ေမလမွာ ဖလား ၄ လုံးျဖစ္လာဖို႔ ပစ္မွတ္ထားေနမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.