Premier League

တန်ဟက်ဂ်ရဲ့ တောင်းဆိုမှုကြောင့် တုန်လှုပ်ခဲ့ရတဲ့ ယူနိုက်တက်ထိပ်ပိုင်းတာဝန်ရှိသူများ

အဲရစ် တန်ဟက်ဂ်ဟာ အလွတ်သဘော အင်တာဗျူးမှာ အိုးထရက်ဖို့ဒ်ကို မပြောင်းရွှေ့ခင် ကန့်လန့်ကာနောက်ကွယ်က လူတွေကို မြေလှန်ပြောင်းလဲပေးဖို့ တောင်းဆိုခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ အံ့အားသင့်ခဲ့ကြပါတယ်။

ဒတ်ချ်လူမျိုးနည်းပြက မန်ချက်စတာယူနိုက်တက်အသင်းကို တာဝန်ယူကိုင်တွယ်ဖို့ ၃ နှစ် စာချုပ် ချုပ်ဆိုဖို့အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်တယ်လို့ ယုံကြည်ရပြီး ဒတ်ချ်ဖလား ဗိုလ်လုပွဲအပြီးအထိ တရားဝင် ကြေညာမှုမျိုး ရှိလာဦးမှာမဟုတ်သေးတာဖြစ်ပါတယ်။

တန်ဟက်ဂ်က ပြီးခဲ့တဲ့လအတွင်း အမ်စတာဒမ်မှာ မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေနဲ့ အကြိမ်ပေါင်းများစွာ အင်တာဗျူး ဖြေခဲ့ပြီး အထင်ကြီးအောင် လုပ်နိုင်ခဲ့ပေမယ့်လည်း ၎င်းရဲ့ ထင်မြင်ချက်တွေကို မယုံနိုင်လောက်အောင် ပြတ်ပြတ်သားသား ပြောကြားခဲ့တာဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ဘောလုံးဒါရိုက်တာ ဂျွန် မားတက်ဖ်နဲ့ နည်းစနစ်ဒါရိုက်တာ ဒါရင်း ဖလက်ချာတို့ဟာ တန်ဟက်ဂ်က အသင်းနဲ့ ပတ်သက်ပြီး အရာအားလုံးက မှားယွင်းနေတယ်လို့ ခံစားရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် လုံးဝ အံ့အားသင့်တုန်လှုပ်ခဲ့ကြပြီး မန်ချက်စတာကို ပြန်သွားခဲ့ကြတယ်လို့ သိရပါတယ်။

အသင်းလည်ပတ်ပုံက ဘယ်လောက်အထိ ဆိုးရွားနေလဲဆိုတာကို ပြင်းပြင်းထန်ထန် ပြောဆိုခဲ့တဲ့ တန်ဟက်ဂ်က အသင်းရဲ့ ကင်းထောက်နဲ့ ကစားသမားသစ်စုဆောင်းရေး မူဝါဒကို ရည်ရွယ်ပြီး ဒေါသတကြီးနဲ့ ယူနိုက်တက်ရဲ့ ဖွဲ့စည်းပုံလွဲမှားမှုကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။

အလုပ်ရှင်အသစ်တွေနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှု မရှိပုံပေါ်တဲ့ အသက် ၅၂ နှစ်အရွယ် ဒတ်ချ်လူမျိုးနည်းပြဟာ မန်ချက်စတာယူနိုက်တက်ရဲ့ မကြာသေးမီက အပြောင်းအရွှေ့ချဉ်းကပ်ပုံကို တိုက်ခိုက်ခဲ့ပြီး အပြောင်းအလဲတွေ ပြုလုပ်ပေးဖို့အတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

တန်ဟက်ဂ်ဟာ ယူနိုက်တက်က သဘောတူညီမှုအားလုံးအပေါ်မှာ အပြည့်အဝ ထိန်းချုပ်ခွင့်လည်း တောင်းဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း အိုင်းယက်စ်နည်းပြဟာ ပထမဆုံးနဲ့ အစောဆုံးနည်းပြဖြစ်လာချင်တဲ့ ဆန္ဒရှိနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မှားယွင်းနေတယ်လို့ ခံစားခဲ့ရတဲ့အမှားတွေကို နောက်ထပ် ထပ်မဖြစ်လာအောင် ထောက်ပြခဲ့တာဖြစ်ပါတယ်။

တန်ဟက်ဂ်ရဲ့ အင်တာဗျူးဟာ အရမ်းကို ပွင့်လင်းလွန်းတာကြောင့် မားတက်ဖ်နဲ့ ဖလက်ချာတို့ဟာ ၎င်းတို့က မစစ်ဆေးရဘဲ ပြန်အစစ်ဆေးခံလိုက်ရတယ်ဆိုပြီး မှတ်ယူသွားခဲ့ရတာဖြစ်ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြရဲ့ မှတ်ချက်တွေကို ခြုံငုံသုံးသပ်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက် ထိပ်ပိုင်းတာဝန်ရှိသူတွေက အိုင်းယက်စ်နည်းပြရဲ့ စိတ်အားထက်သန်မှု၊ အသင်းအပေါ်ထားရှိတဲ့အမြင်၊ အသင်းရဲ့ ချို့ယွင်းချက်တွေကို ပွင့်ပွင့်လင်းလင်း အကဲဖြတ်မှုတွေက အိုးထရက်ဖို့ဒ်မှာ ဖြစ်နေတဲ့အရာအားလုံးကို ပြောင်းလဲပစ်ဖို့ လိုအပ်တဲ့အရာဖြစ်တယ်လို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

အလုပ်အမှုဆောင်ချုပ် ရစ်ချက် အာနိုးလ်က နောက်ဆက်တွဲအနေနဲ့ အိုင်းယက်စ်နည်းပြနဲ့ တစ်ဦးချင်း တွေ့ဆုံဖို့ အမ်စတာဒမ်ကို လေယာဉ်နဲ့ ထွက်ခွာခဲ့ပြီး တန်ဟက်ဂ်ဟာ ကန့်လန့်ကာနောက်ကွယ်ကအရာတွေကို လှုပ်ခတ်သွားအောင် လုပ်ချင်တဲ့သူဟုတ်၊မဟုတ်ကို ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

အရေးကြီးတာက အသစ်ရောက်လာမယ့် နည်းပြသစ်ဟာ အပြည့်အဝ ထိန်းချုပ်ခွင့်ကို မလိုချင်ပေမယ့် ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ပြဿနာပေါင်းများစွာကို မီးမောင်းထိုးပြမှာဖြစ်ပြီး အသင်းနဲ့ လက်ရှိ ရှိနေတဲ့ ဝန်ထမ်းတွေက အဲဒီကိစ္စတွေကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူပြီးကတည်းက ကစားသမားသစ်ခေါ်ယူဖို့အတွက် ပေါင် ၁ ဘီလီယံသုံးစွဲခဲ့ပြီး မကြာသေးမီက ငွေကို ရေလိုသုံးပြီး ကစားသမားသစ်ခေါ်ယူမှုတွေထဲက အချို့ဟာ အလဟဿဖြစ်ခဲ့တာက ပိုများနေတာဖြစ်ပါတယ်။

တန်ဟက်ဂ်က မန်ချက်စတာယူနိုက်တက်အသင်းက ဘယ်လိုကစားသမားမျိုးကို ပစ်မှတ်ထားရမလဲဆိုတာကို ပြန်လည်သတ်မှတ်ပေးချင်နေတယ်လို့ ယုံကြည်ရပြီး ဥပမာအားဖြင့် ၎င်းရဲ့ ကစားဟန်နဲ့ အံဝင်မယ့် အသက် ၂၃ နှစ်အောက် ကစားသမားတွေကို ပစ်မှတ်ထားရမှာမျိုး စတာတွေကို ပြန်လည်သတ်မှတ်ပေးချင်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဲရစ္ တန္ဟက္ဂ္ဟာ အလြတ္သေဘာ အင္တာဗ်ဴးမွာ အိုးထရက္ဖို႔ဒ္ကို မေျပာင္းေရႊ႕ခင္ ကန႔္လန႔္ကာေနာက္ကြယ္က လူေတြကို ေျမလွန္ေျပာင္းလဲေပးဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ ထိပ္ပိုင္းတာဝန္ရွိသူေတြဟာ အံ့အားသင့္ခဲ့ၾကပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပက မန္ခ်က္စတာယူနိုက္တက္အသင္းကို တာဝန္ယူကိုင္တြယ္ဖို႔ ၃ ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔အတြက္ ႏႈတ္အားျဖင့္ သေဘာတူညီမႈ ရရွိခဲ့ၿပီးျဖစ္တယ္လို႔ ယုံၾကည္ရၿပီး ဒတ္ခ်္ဖလား ဗိုလ္လုပြဲအၿပီးအထိ တရားဝင္ ေၾကညာမႈမ်ိဳး ရွိလာဦးမွာမဟုတ္ေသးတာျဖစ္ပါတယ္။

တန္ဟက္ဂ္က ၿပီးခဲ့တဲ့လအတြင္း အမ္စတာဒမ္မွာ မန္ခ်က္စတာယူနိုက္တက္အသင္းတာဝန္ရွိသူေတြနဲ႔ အႀကိမ္ေပါင္းမ်ားစြာ အင္တာဗ်ဴး ေျဖခဲ့ၿပီး အထင္ႀကီးေအာင္ လုပ္နိုင္ခဲ့ေပမယ့္လည္း ၎ရဲ့ ထင္ျမင္ခ်က္ေတြကို မယုံနိုင္ေလာက္ေအာင္ ျပတ္ျပတ္သားသား ေျပာၾကားခဲ့တာျဖစ္ပါတယ္။

The Sun ရဲ့ ေဖာ္ျပခ်က္အရ ေဘာလုံးဒါရိုက္တာ ဂၽြန္ မားတက္ဖ္နဲ႔ နည္းစနစ္ဒါရိုက္တာ ဒါရင္း ဖလက္ခ်ာတို႔ဟာ တန္ဟက္ဂ္က အသင္းနဲ႔ ပတ္သက္ၿပီး အရာအားလုံးက မွားယြင္းေနတယ္လို႔ ခံစားရေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီးေနာက္ လုံးဝ အံ့အားသင့္တုန္လႈပ္ခဲ့ၾကၿပီး မန္ခ်က္စတာကို ျပန္သြားခဲ့ၾကတယ္လို႔ သိရပါတယ္။

အသင္းလည္ပတ္ပုံက ဘယ္ေလာက္အထိ ဆိုးရြားေနလဲဆိုတာကို ျပင္းျပင္းထန္ထန္ ေျပာဆိုခဲ့တဲ့ တန္ဟက္ဂ္က အသင္းရဲ့ ကင္းေထာက္နဲ႔ ကစားသမားသစ္စုေဆာင္းေရး မူဝါဒကို ရည္ရြယ္ၿပီး ေဒါသတႀကီးနဲ႔ ယူနိုက္တက္ရဲ့ ဖြဲ႕စည္းပုံလြဲမွားမႈကို ေဝဖန္ခဲ့တာျဖစ္ပါတယ္။

အလုပ္ရွင္အသစ္ေတြနဲ႔ပတ္သက္ၿပီး စိတ္ေက်နပ္မႈ မရွိပုံေပၚတဲ့ အသက္ ၅၂ ႏွစ္အရြယ္ ဒတ္ခ်္လူမ်ိဳးနည္းျပဟာ မန္ခ်က္စတာယူနိုက္တက္ရဲ့ မၾကာေသးမီက အေျပာင္းအေရႊ႕ခ်ဥ္းကပ္ပုံကို တိုက္ခိုက္ခဲ့ၿပီး အေျပာင္းအလဲေတြ ျပဳလုပ္ေပးဖို႔အတြက္ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

တန္ဟက္ဂ္ဟာ ယူနိုက္တက္က သေဘာတူညီမႈအားလုံးအေပၚမွာ အျပည့္အဝ ထိန္းခ်ဳပ္ခြင့္လည္း ေတာင္းဆိုခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္လည္း အိုင္းယက္စ္နည္းျပဟာ ပထမဆုံးနဲ႔ အေစာဆုံးနည္းျပျဖစ္လာခ်င္တဲ့ ဆႏၵရွိေနဆဲျဖစ္ၿပီး ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္း မွားယြင္းေနတယ္လို႔ ခံစားခဲ့ရတဲ့အမွားေတြကို ေနာက္ထပ္ ထပ္မျဖစ္လာေအာင္ ေထာက္ျပခဲ့တာျဖစ္ပါတယ္။

တန္ဟက္ဂ္ရဲ့ အင္တာဗ်ဴးဟာ အရမ္းကို ပြင့္လင္းလြန္းတာေၾကာင့္ မားတက္ဖ္နဲ႔ ဖလက္ခ်ာတို႔ဟာ ၎တို႔က မစစ္ေဆးရဘဲ ျပန္အစစ္ေဆးခံလိုက္ရတယ္ဆိုၿပီး မွတ္ယူသြားခဲ့ရတာျဖစ္ပါတယ္။ ဒတ္ခ်္လူမ်ိဳးနည္းျပရဲ့ မွတ္ခ်က္ေတြကို ျခဳံငုံသုံးသပ္ခဲ့ၿပီးေနာက္ မန္ခ်က္စတာယူနိုက္တက္ ထိပ္ပိုင္းတာဝန္ရွိသူေတြက အိုင္းယက္စ္နည္းျပရဲ့ စိတ္အားထက္သန္မႈ၊ အသင္းအေပၚထားရွိတဲ့အျမင္၊ အသင္းရဲ့ ခ်ိဳ႕ယြင္းခ်က္ေတြကို ပြင့္ပြင့္လင္းလင္း အကဲျဖတ္မႈေတြက အိုးထရက္ဖို႔ဒ္မွာ ျဖစ္ေနတဲ့အရာအားလုံးကို ေျပာင္းလဲပစ္ဖို႔ လိုအပ္တဲ့အရာျဖစ္တယ္လို႔ ေနာက္ဆုံးမွာ ဆုံးျဖတ္ခဲ့ၾကပါတယ္။

အလုပ္အမႈေဆာင္ခ်ဳပ္ ရစ္ခ်က္ အာနိုးလ္က ေနာက္ဆက္တြဲအေနနဲ႔ အိုင္းယက္စ္နည္းျပနဲ႔ တစ္ဦးခ်င္း ေတြ႕ဆုံဖို႔ အမ္စတာဒမ္ကို ေလယာဥ္နဲ႔ ထြက္ခြာခဲ့ၿပီး တန္ဟက္ဂ္ဟာ ကန႔္လန႔္ကာေနာက္ကြယ္ကအရာေတြကို လႈပ္ခတ္သြားေအာင္ လုပ္ခ်င္တဲ့သူဟုတ္၊မဟုတ္ကို ဆုံးျဖတ္သြားမယ္လို႔ သိရပါတယ္။

အေရးႀကီးတာက အသစ္ေရာက္လာမယ့္ နည္းျပသစ္ဟာ အျပည့္အဝ ထိန္းခ်ဳပ္ခြင့္ကို မလိုခ်င္ေပမယ့္ ျပင္ဆင္ဖို႔ လိုအပ္ေနတဲ့ ျပႆနာေပါင္းမ်ားစြာကို မီးေမာင္းထိုးျပမွာျဖစ္ၿပီး အသင္းနဲ႔ လက္ရွိ ရွိေနတဲ့ ဝန္ထမ္းေတြက အဲဒီကိစၥေတြကို ေျဖရွင္းနိုင္မယ္လို႔ ေမၽွာ္လင့္ရပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ အနားယူၿပီးကတည္းက ကစားသမားသစ္ေခၚယူဖို႔အတြက္ ေပါင္ ၁ ဘီလီယံသုံးစြဲခဲ့ၿပီး မၾကာေသးမီက ေငြကို ေရလိုသုံးၿပီး ကစားသမားသစ္ေခၚယူမႈေတြထဲက အခ်ိဳ႕ဟာ အလဟႆျဖစ္ခဲ့တာက ပိုမ်ားေနတာျဖစ္ပါတယ္။

တန္ဟက္ဂ္က မန္ခ်က္စတာယူနိုက္တက္အသင္းက ဘယ္လိုကစားသမားမ်ိဳးကို ပစ္မွတ္ထားရမလဲဆိုတာကို ျပန္လည္သတ္မွတ္ေပးခ်င္ေနတယ္လို႔ ယုံၾကည္ရၿပီး ဥပမာအားျဖင့္ ၎ရဲ့ ကစားဟန္နဲ႔ အံဝင္မယ့္ အသက္ ၂၃ ႏွစ္ေအာက္ ကစားသမားေတြကို ပစ္မွတ္ထားရမွာမ်ိဳး စတာေတြကို ျပန္လည္သတ္မွတ္ေပးခ်င္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.