Match Report Premier League UCL&UEL

comeback နိုင်ပွဲနဲ့ ပထမဆုံးအကြိမ် ဥရောပဆီမီးဖိုင်နယ်အဆင့် တက်လှမ်းနိုင်ခဲ့တဲ့ လက်စတာစီးတီး

လက်စတာစီးတီးအသင်းဟာ ကြာသပတေးနေ့ညက ယူရိုပါကွန်းဖရင့်လိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဟော်လန်မှာ အစကောင်းခဲ့ပေမယ့်လည်း ဘရန်ဒန် ရော့ဂျားစ်ရဲ့အသင်းဟာ ယူရီ တီရယ်မန်းစ်ရဲ့ အမှားကနေတဆင့် ဇာဟာဗီရဲ့ အပြစ်ပေးခြင်းကို ခံခဲ့ရတာကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းဟာ ဟာဗေး ဘန်းစ်နဲ့ ပတ်စ်ဆန် ဒါကာတို့ကနေတဆင့် အခွင့်အရေးကောင်းအချို့ ရရှိခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ၇၇ မိနစ်မှာ လူစားဝင်လာတဲ့ အယိုဇီ ပီးရက်ဇ်က ဂျိမ်းစ် မက်ဒီဆင်ကို ဂိုးဖန်တီးပေးလိုက်ချိန်မှာ ချေပဂိုး ပြန်လည်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် ၂ မိနစ်သာ ကျန်တော့ချိန်မှာ ရီကာဒို ပါရဲရားက ပတ်ဆန် ဒါကာရဲ့ ဂိုးကန်သွင်းမှုကို ပီအက်စ်ဗွီဂိုးသမား ပုတ်ထုတ်လိုက်လို့ လျှံထွက်လာတဲ့ဘောလုံးကို အဆုံးသတ်ကန်သွင်းယူပြီး အဝေးကွင်းပရိသတ်တွေကို ဝရုန်းသုန်းကား ဖြစ်စေခဲ့တာဖြစ်ပါတယ်။ ရော့ဂျားစ်ရဲ့အသင်းဟာ လက်ရှိမှာတော့ ကြာသပတေးနေ့ညမှာ ဘိုဒို ဂလင့်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ မော်ရင်ညိုရဲ့ ရိုးမားအသင်းနဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းဟာ ကြာသပတေးနေ့ညက ပွဲချိန်အများစုမှာ အိမ်ရှင် ပီအက်စ်ဗွီကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့်လည်း နောက်ဆုံး အဆုံးသတ်ရမယ့်အချိန်မှာ အာရုံစူးစိုက်မှု ကင်းမဲ့ခဲ့တာကြောင့် ထင်သလောက် ဂိုးမပြတ်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဗွီအသင်းအတွက် မာရီယို ဂတ်ဇဲနဲ့ မူရို ဂျူနီယာတို့ရဲ့ အပိုင်ဂိုးကန်သွင်းချက်တွေကို ကက်စ်ပါ ရှမိုက်ကယ် ကာကွယ်ခဲ့ရပြီး ၂၅ မိနစ်မှာ ဧည့်သည်အသင်းဆီကို အကောင်းဆုံးအခွင့်အရေးတွေ ပေးခဲ့ရတာဖြစ်ပါတယ်။

အီယန်နာချိုက ဘန်းစ်ကို ဂိုးဖန်တီးပေးခဲ့ပေမယ့်လည်း လက်စတာစီးတီး ကျောနံပါတ် ၇ ဟာ လွတ်နေတဲ့ ဂျိမ်းစ် မက်ဒီဆင်ကို ထိုးပေးလို့ ရခဲ့ပေမယ့်လည်း တိုက်ရိုက်ကန်သွင်းယူခဲ့ရာမှာ ဘေးကို ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။ ဟာဗေး ဘန်းစ်နဲ့ လက်စတာစီးတီးအသင်းတို့ဟာ နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ အဲဒီ လွဲချော်မှုအတွက် ပြန်လည် ပေးဆပ်ခဲ့ရပြီး တီရယ်မန်းစ်ရဲ့ နောက်ပြန်ပေးပို့မှုက ဂတ်ဇဲဆီကို ရောက်သွားခဲ့ရာမှာ ဂျာမန်ကွင်းလယ်ကစားသမားက ညာတောင်ပံက ဇာဟာဗီဆီကို ထိုးပေးခဲ့တာဖြစ်ပါတယ်။

ဇာဟာဗီက ရှမိုက်ကယ် ဘယ်လိုမှ မကာကွယ်နိုင်အောင် အပြင်းကန်သွင်းယူသွားပြီး အိမ်ရှင် ပီအက်စ်ဗွီတို့ အဖွင့်ဂိုး စတင် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းဟာ ချက်ချင်း ပြန်လည်ချေပနိုင်လုနီးပါးအခြေအနေ ဖြစ်ခဲ့ပြီး မက်ဒီဆင်ရဲ့ လူထိပြီး လမ်းကြောင်းပြောင်းသွားတဲ့ ကန်ချက်ဟာ ဂျော်ဒန် တီဇီရဲ့ ဂိုးစည်းပေါ်ကနေ နောက်ပြန်ကန်ချက်နဲ့ ရှင်းထုတ်ခြင်းခံခဲ့ရသလို တီရယ်မန်းစ်ရဲ့ ညာတောင်ပံကနေ ဖြတ်တင်ပေးပို့မှုကို တီမိုသီ ကတ်စ်တာညပ် ခေါင်းတိုက်ခဲ့ရာမှာ ဘေးကို ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။

၇၇ မိနစ်မှာ ရီကာဒို ပါရဲရားက ညာတောင်ပံက အယိုဇီ ပီးရက်ဇ်ကို ဘောလုံးပေးပို့ခဲ့ပြီး အယိုဇီ ပီးရက်ဇ်က ပီအက်စ်ဗွီ နောက်ခံလူကို တစ်ချက်ခေါက်ပြီး ပင်နယ်တီဧရိယာထဲ ပြေးဝင်လာတဲ့ မက်ဒီဆင်ကို ခင်းပေးခဲ့ရာမှာ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်က အမှားအယွင်းမရှိ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းအတွက် အရေးကြီးတဲ့ နောက်ကျအနိုင်ဂိုးကို ၈၈ မိနစ်မှာ ပတ်ဆန် ဒါကာက ဘယ်တောင်ပံကနေတဆင့် ပေးပို့လိုက်တဲ့ ဘောလုံးကို ကန်သွင်းယူခဲ့ရာမှာ ပီအက်စ်ဗွီ ဂိုးသမားက ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး ပြန်ထွက်လာတဲ့ဘောလုံးကို ရီကာဒို ပါရဲရားက ပိတ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းဟာ တနင်္ဂနွေနေ့မှာ နယူးကာဆယ်လ် ယူနိုက်တက်ရဲ့ စိန့် ဂျိမ်းစ်ပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ပြီး ၃ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ရှေ့ဆက်နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လက္စတာစီးတီးအသင္းဟာ ၾကာသပေတးေန႔ညက ယူရိုပါကြန္းဖရင့္လိဂ္ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ၂-၁ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းသြားနိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေဟာ္လန္မွာ အစေကာင္းခဲ့ေပမယ့္လည္း ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ့အသင္းဟာ ယူရီ တီရယ္မန္းစ္ရဲ့ အမွားကေနတဆင့္ ဇာဟာဗီရဲ့ အျပစ္ေပးျခင္းကို ခံခဲ့ရတာေၾကာင့္ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ပါတယ္။ လက္စတာစီးတီးအသင္းဟာ ဟာေဗး ဘန္းစ္နဲ႔ ပတ္စ္ဆန္ ဒါကာတို႔ကေနတဆင့္ အခြင့္အေရးေကာင္းအခ်ိဳ႕ ရရွိခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ၇၇ မိနစ္မွာ လူစားဝင္လာတဲ့ အယိုဇီ ပီးရက္ဇ္က ဂ်ိမ္းစ္ မက္ဒီဆင္ကို ဂိုးဖန္တီးေပးလိုက္ခ်ိန္မွာ ေခ်ပဂိုး ျပန္လည္ရရွိသြားခဲ့တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ ၂ မိနစ္သာ က်န္ေတာ့ခ်ိန္မွာ ရီကာဒို ပါရဲရားက ပတ္ဆန္ ဒါကာရဲ့ ဂိုးကန္သြင္းမႈကို ပီအက္စ္ဗြီဂိုးသမား ပုတ္ထုတ္လိုက္လို႔ လၽွံထြက္လာတဲ့ေဘာလုံးကို အဆုံးသတ္ကန္သြင္းယူၿပီး အေဝးကြင္းပရိသတ္ေတြကို ဝ႐ုန္းသုန္းကား ျဖစ္ေစခဲ့တာျဖစ္ပါတယ္။ ေရာ့ဂ်ားစ္ရဲ့အသင္းဟာ လက္ရွိမွာေတာ့ ၾကာသပေတးေန႔ညမွာ ဘိုဒို ဂလင့္ကို ၄-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ ေမာ္ရင္ညိဳရဲ့ ရိုးမားအသင္းနဲ႔ ဆီမီးဖိုင္နယ္အဆင့္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာ ျဖစ္ပါတယ္။

လက္စတာစီးတီးအသင္းဟာ ၾကာသပေတးေန႔ညက ပြဲခ်ိန္အမ်ားစုမွာ အိမ္ရွင္ ပီအက္စ္ဗြီကို လႊမ္းမိုးထားနိုင္ခဲ့ေပမယ့္လည္း ေနာက္ဆုံး အဆုံးသတ္ရမယ့္အခ်ိန္မွာ အာ႐ုံစူးစိုက္မႈ ကင္းမဲ့ခဲ့တာေၾကာင့္ ထင္သေလာက္ ဂိုးမျပတ္ခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဗြီအသင္းအတြက္ မာရီယို ဂတ္ဇဲနဲ႔ မူရို ဂ်ဴနီယာတို႔ရဲ့ အပိုင္ဂိုးကန္သြင္းခ်က္ေတြကို ကက္စ္ပါ ရွမိုက္ကယ္ ကာကြယ္ခဲ့ရၿပီး ၂၅ မိနစ္မွာ ဧည့္သည္အသင္းဆီကို အေကာင္းဆုံးအခြင့္အေရးေတြ ေပးခဲ့ရတာျဖစ္ပါတယ္။

အီယန္နာခ်ိဳက ဘန္းစ္ကို ဂိုးဖန္တီးေပးခဲ့ေပမယ့္လည္း လက္စတာစီးတီး ေက်ာနံပါတ္ ၇ ဟာ လြတ္ေနတဲ့ ဂ်ိမ္းစ္ မက္ဒီဆင္ကို ထိုးေပးလို႔ ရခဲ့ေပမယ့္လည္း တိုက္ရိုက္ကန္သြင္းယူခဲ့ရာမွာ ေဘးကို ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။ ဟာေဗး ဘန္းစ္နဲ႔ လက္စတာစီးတီးအသင္းတို႔ဟာ ေနာက္ထပ္ မိနစ္အနည္းငယ္အၾကာမွာ အဲဒီ လြဲေခ်ာ္မႈအတြက္ ျပန္လည္ ေပးဆပ္ခဲ့ရၿပီး တီရယ္မန္းစ္ရဲ့ ေနာက္ျပန္ေပးပို႔မႈက ဂတ္ဇဲဆီကို ေရာက္သြားခဲ့ရာမွာ ဂ်ာမန္ကြင္းလယ္ကစားသမားက ညာေတာင္ပံက ဇာဟာဗီဆီကို ထိုးေပးခဲ့တာျဖစ္ပါတယ္။

ဇာဟာဗီက ရွမိုက္ကယ္ ဘယ္လိုမွ မကာကြယ္နိုင္ေအာင္ အျပင္းကန္သြင္းယူသြားၿပီး အိမ္ရွင္ ပီအက္စ္ဗြီတို႔ အဖြင့္ဂိုး စတင္ ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ လက္စတာစီးတီးအသင္းဟာ ခ်က္ခ်င္း ျပန္လည္ေခ်ပနိုင္လုနီးပါးအေျခအေန ျဖစ္ခဲ့ၿပီး မက္ဒီဆင္ရဲ့ လူထိၿပီး လမ္းေၾကာင္းေျပာင္းသြားတဲ့ ကန္ခ်က္ဟာ ေဂ်ာ္ဒန္ တီဇီရဲ့ ဂိုးစည္းေပၚကေန ေနာက္ျပန္ကန္ခ်က္နဲ႔ ရွင္းထုတ္ျခင္းခံခဲ့ရသလို တီရယ္မန္းစ္ရဲ့ ညာေတာင္ပံကေန ျဖတ္တင္ေပးပို႔မႈကို တီမိုသီ ကတ္စ္တာညပ္ ေခါင္းတိုက္ခဲ့ရာမွာ ေဘးကို ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။

၇၇ မိနစ္မွာ ရီကာဒို ပါရဲရားက ညာေတာင္ပံက အယိုဇီ ပီးရက္ဇ္ကို ေဘာလုံးေပးပို႔ခဲ့ၿပီး အယိုဇီ ပီးရက္ဇ္က ပီအက္စ္ဗြီ ေနာက္ခံလူကို တစ္ခ်က္ေခါက္ၿပီး ပင္နယ္တီဧရိယာထဲ ေျပးဝင္လာတဲ့ မက္ဒီဆင္ကို ခင္းေပးခဲ့ရာမွာ အဂၤလန္ကြင္းလယ္ၾကယ္ပြင့္က အမွားအယြင္းမရွိ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

လက္စတာစီးတီးအသင္းအတြက္ အေရးႀကီးတဲ့ ေနာက္က်အနိုင္ဂိုးကို ၈၈ မိနစ္မွာ ပတ္ဆန္ ဒါကာက ဘယ္ေတာင္ပံကေနတဆင့္ ေပးပို႔လိုက္တဲ့ ေဘာလုံးကို ကန္သြင္းယူခဲ့ရာမွာ ပီအက္စ္ဗြီ ဂိုးသမားက ပုတ္ထုတ္ကာကြယ္နိုင္ခဲ့ၿပီး ျပန္ထြက္လာတဲ့ေဘာလုံးကို ရီကာဒို ပါရဲရားက ပိတ္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

လက္စတာစီးတီးအသင္းဟာ တနဂၤေႏြေန႔မွာ နယူးကာဆယ္လ္ ယူနိုက္တက္ရဲ့ စိန႔္ ဂ်ိမ္းစ္ပါ့ခ္ကို သြားေရာက္ယွဥ္ၿပိဳင္ၿပီး ၃ ပြဲဆက္ ရႈံးပြဲမရွိ စံခ်ိန္ကို ေရွ႕ဆက္နိုင္ဖို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.