Premier League Transfer News

နွေရာသီမှာ ဇီယက်ခ်ျကို ခေါ်ယူဖို့ ချဲလ်ဆီး သဘောတူညီနိုင်ခဲ့

ဆောင်းရာသီမှာ ငွေမသုံးလို့ ဝေဖန်ခံနေခဲ့ရတဲ့ ချဲလ်ဆီးအသင်းဟာ အေဂျက်စ်အသင်းရဲ့ တောင်ပံကစားသမား ဟာကင်မ် ဇီယက်ခ်ျကို နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ကြိုတင်သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။


အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇီယက်ခ်ျဟာ တောင်ပံကစားသမားတစ်ဦးအဖြစ်သာမကဘဲ တိုက်စစ်မှူးနောက်က ကွင်းလယ်ဖန်တီးရှင်အဖြစ်ပါ ကစားနိုင်သူဖြစ်ပြီး အေဂျက်စ်အသင်းမှာ ဂိုးသွင်းမှုနဲ့ ဖန်တီးမှု မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ လာရောက်ကစားချင်ပြီး အိုဇေးလ်နဲ့အတူ တွဲကစားချင်တယ်လို့ အသံထွက်ခဲဖူးတဲ့ ဇီယက်ခ်ျကို ကလပ်အသင်းချင်းကြား သဘောတူညီနိုင်ခဲ့ပေမယ့် ကစားသမားနဲ့တော့ တစ်စုံတစ်ရာ မဆွေးနွေးရသေးကြောင်းလည်း သိရပြီး သူ့ကို စည်းရုံးရဦးမှာလည်းဖြစ်ပါတယ်။

ဇီယက်ခ်ျဟာ အေဂျက်စ်အသင်းရဲ့ နောက်ဆုံးနှစ်ရာသီမှာ အသင်းအတွက် အဓိကကျတဲ့ ကြိုးကိုင်သူလည်းဖြစ်ခဲ့ပြီး ပွဲပေါင်း ၇၈ ပွဲမှာ ၂၉ ဂိုး သွင်းယူကာ ၄၅ ဂိုး ဖန်တီးပေးထားနိုင်ခဲ့သလို နယ်သာလန်ပထမတန်းရဲ့ ဖန်တီးမှုနဲ့ တစ်ဦးချင်းဆုတွေကိုလည်း အမြောက်အမြား ရယူထားနိုင်ခဲ့သူဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL & METRO
KIZARNO
SPORTS A2Z.

UNICODE: ဆောင်းရာသီမှာ ငွေမသုံးလို့ ဝေဖန်ခံနေခဲ့ရတဲ့ ချဲလ်ဆီးအသင်းဟာ အေဂျက်စ်အသင်းရဲ့ တောင်ပံကစားသမား ဟာကင်မ် ဇီယက်ချ်ကို နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ကြိုတင်သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အသင်းရဲ့ ငွေမသုံးမှုအပေါ် ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်ရဲ့ စိတ်ပျက်မှုကို ပြသခဲ့အပြီးမှာ ဒီလို လက်မြန်ခြေမြန်လုပ်ဆောင်နေတယ်လို့ ယူဆရပြီး ဒီမော်ရိုကိုတောင်ပံကစားသမားအတွက် အေဂျက်စ်အသင်းထံကို ယူရို ၄၅ သန်း(ပေါင် ၃၇.၈ သန်း)ပေးချေဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇီယက်ချ်ဟာ တောင်ပံကစားသမားတစ်ဦးအဖြစ်သာမကဘဲ တိုက်စစ်မှူးနောက်က ကွင်းလယ်ဖန်တီးရှင်အဖြစ်ပါ ကစားနိုင်သူဖြစ်ပြီး အေဂျက်စ်အသင်းမှာ ဂိုးသွင်းမှုနဲ့ ဖန်တီးမှု မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ လာရောက်ကစားချင်ပြီး အိုဇေးလ်နဲ့အတူ တွဲကစားချင်တယ်လို့ အသံထွက်ခဲဖူးတဲ့ ဇီယက်ချ်ကို ကလပ်အသင်းချင်းကြား သဘောတူညီနိုင်ခဲ့ပေမယ့် ကစားသမားနဲ့တော့ တစ်စုံတစ်ရာ မဆွေးနွေးရသေးကြောင်းလည်း သိရပြီး သူ့ကို စည်းရုံးရဦးမှာလည်းဖြစ်ပါတယ်။

ဇီယက်ချ်ဟာ အေဂျက်စ်အသင်းရဲ့ နောက်ဆုံးနှစ်ရာသီမှာ အသင်းအတွက် အဓိကကျတဲ့ ကြိုးကိုင်သူလည်းဖြစ်ခဲ့ပြီး ပွဲပေါင်း ၇၈ ပွဲမှာ ၂၉ ဂိုး သွင်းယူကာ ၄၅ ဂိုး ဖန်တီးပေးထားနိုင်ခဲ့သလို နယ်သာလန်ပထမတန်းရဲ့ ဖန်တီးမှုနဲ့ တစ်ဦးချင်းဆုတွေကိုလည်း အမြောက်အမြား ရယူထားနိုင်ခဲ့သူဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL & METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.