Match Report Premier League

အဆင့္ ၃ ကို ေရာက္လာခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ စိတ္ပူရဆဲ ယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ တျခားအသင္းေတြ ပြဲက်ပ္ေနခ်ိန္မွာ အိုးလ္ထရက္ဖို႔ဒ္ႏုိင္ပြဲနဲ႔အတူ ျပတ္ျပတ္သားသား အသာစီး ရယူမယ့္ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားရဲ႕ အစီအစဥ္ေတြဟာ ကစားပုံမသပ္ရပ္တဲ့ ခံစစ္ပုိင္းနဲ႔ နားလည္ရခက္တဲ့ ေပါ့ဘာတုိ႔ေၾကာင့္ အဆင့္ ၃ မွာ ရပ္တည္ႏုိင္ခဲ့ေပမယ့္ စိတ္မခ်စရာပဲျဖစ္ခဲ့ရၿပီး သေရတစ္မွတ္ရခဲ့တဲ့ ဝက္စ္ဟမ္းကေတာ့ တန္းဆင္းဇုန္ကေန လြတ္ေျမာက္ခဲ့ၿပီျဖစ္ပါတယ္။

ေဘာလုံးကစားရာမွာ ကြင္းလယ္က စတင္တဲ့ေခတ္ ေပ်ာက္ကြယ္သြားၿပီးေနာက္ပုိင္း Build Up Play အတြက္ ခံစစ္ကစားသမားေတြအားလုံး တည္တည္ၿငိမ္ၿငိမ္နဲ႔ တာဝန္ကိုယ္စီယူဖို႔ အေရးပါလာတဲ့ ေခတ္မွာ ဆုိးလ္ရွားရဲ႕ ယူႏုိက္တက္ေနာက္ခံလူေတြကေတာ့ မက္ဂြဳိင္းယားကလြဲလို႔ ေတာ္ေတာ္ေလး မျပည့္ဝေသးတာကို ျမင္ရၿပီး သူတုိ႔ရဲ႕ အမွားေတြက ကြင္းလယ္က မာတစ္ခ်္နဲ႔ ေပါ့ဘာတုိ႔ရဲ႕ ေျခစြမ္းကိုပါ ထိခုိက္ေစခဲ့ပါတယ္။

အထူးသျဖင့္ ဘရန္ဒန္ ဝီလီယမ္စ္ကို ယုံစားေနတဲ့ ဆုိးလ္ရွားရဲ႕ ဘယ္ျခမ္းက အရင္ပြဲေတြလို မထက္ျမက္ခဲ့ဘဲ အေတြ႕အႀကဳံ ႏုနယ္လြန္းၿပီး ပြဲကို မဖတ္တတ္တဲ့ အဂၤလန္လူငယ္ဟာ ဘယ္ေတာင္ပံမွာ သူနဲ႔ တြဲဖက္ခဲ့ၾကရတဲ့ တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္ကို စိတ္ပ်က္ေစခဲ့တာျဖစ္သလို ဒီေနရာမွာ ဒါေလာ့ကို သုံးၿပီး ဖိုဆူမန္ဆာနဲ႔ ဘယ္ညာေျပာင္းကစားခဲ့ရင္လို႔လည္း အေတြးပြားမိေစပါတယ္။

ဖိုဆူမန္ဆားကို သုံးခဲ့ေပမယ့္ အနားေပးထားခဲ့တဲ့ ဝန္ဘစ္ဆာကာအစား ညာျခမ္းမွာထားၿပီး ကစားခဲ့တာကေတာ့ ခံစစ္မွာ ဖ်က္ႏုိင္ခဲ့ေပမယ့္ တုိက္စစ္ပံ့ပုိးမွဳ အားနည္းခဲ့ၿပီး ကြင္းလယ္နဲ႔ 3M တုိက္စစ္ေတြကပဲ ကစားကြက္ေဖာ္ဖို႔ ႐ုန္းေနခဲ့ရသလို အေထာင္တုိက္စစ္မွဴးစစ္စစ္ မပါဘဲ ေတာင္ပံကို ပိုအားသန္တဲ့ သူတုိ႔သုံးေယာက္ကလည္း မရွဳံးဖို႔ကိုပဲ အဓိက ျပင္ဆင္လာခဲ့တဲ့ ဝက္စ္ဟမ္းတုိ႔ အႀကဳိက္ ျဖစ္ေနခဲ့တာပါ။

ပြဲအစ သုံးမိနစ္အတြင္း ဂိုးေပါက္ကို ႏွစ္ႀကိမ္တည့္ခဲ့တဲ့ ယူႏုိက္တက္တုိက္စစ္ကေတာ့ အပုိင္ကန္သြင္းခြင့္ မဟုတ္တာရယ္ ဂိုးသမား ဖာဘီယန္စကီး တည္ၿငိမ္ေနတာရယ္ေၾကာင့္ ဂိုးမရခဲ့ဘဲ အသင္းရဲ႕ တုိက္စစ္ပုိင္းကေတာ့ ႐ုန္းကန္ခဲ့ရသလို ဖာနန္ဒက္စ္ ေျခစြမ္းမျပႏုိင္တာကလည္း တုိက္စစ္ကို ခ်ဳပ္မိေစခဲ့သလို ပင္နယ္တီဧရိယာထဲက တြဲလုံးေတြလည္း ျဖစ္မလာခဲ့ဘဲ အေဝးကန္ခ်က္ေတြနဲ႔သာ တုိက္စစ္ဆင္ေနခဲ့ပါတယ္။

ဝက္စ္ဟမ္းကေတာ့ တုိက္စစ္ဆင္လာတုိင္း အေတြ႕ႀကဳံနည္းတဲ့ ဝီလီယမ္စ္နဲ႔ ဖိုဆူမန္ဆာတုိ႔ကိုပဲ ဖိအားေပးခဲ့သလို ဘိုဝင္ရဲ႕ ညာေတာင္ပံသာ ဒီထက္ပုိၿပီး ဖိဖိစီးစီးကစားခဲ့ရင္ ယူႏုိက္တက္တုိ႔ ဒီထက္ ဒုကၡေရာက္ဖို႔ ရွိေပမယ့္ နည္းျပေဟာင္း ေဒးဗစ္ မြဳိက္စ္ကေတာ့ သေရတစ္မွတ္ကိုပဲ ပစ္မွတ္ထားခဲ့တာေၾကာင့္ သက္သာခဲ့ရၿပီး ဒီေန႔ပြဲမွာ ေနာက္ခံလူ လင္ဒီေလာ့ဖ္ရဲ႕ ႀကံ့ခိုင္မွဳကပါ ေမးခြန္းထုတ္စရာျဖစ္ခဲ့ပါတယ္။

ဒဏ္ရာေၾကာင့္ လုခ္ေရွာ ပါမလာတာဟာ တုိက္စစ္မွာ ရက္ရွ္ဖို႔ဒ္ကို တာဝန္ပိေစခဲ့သလို ခံစစ္မွာလည္း မာတစ္ခ်္ကို ဝန္ပုိေစခဲ့တာေၾကာင့္ ေပါ့ဘာကပါ လိုက္ၿပီး ကူကစားေနရတာကေတာ့ ေနာက္ပုိင္းပြဲေတြမွာ ယူႏုိက္တက္ရဲ႕ ဖန္တီးမွဳအား ထိုးက်သြားေစတဲ့ အခ်က္လည္းျဖစ္ၿပီး ဝက္စ္ဟမ္းရဲ႕ ဖိအားေပးမွဳေတြကို မၾကာခဏ ခံေနခဲ့ရတဲ့ ခံစစ္ပုိင္းကလည္း တည္ၿငိမ္တဲ့ ေဘာလုံးေပးပို႔မွဳေတြ ရွားပါးလာခဲ့တာပါ။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ယူႏိုက္တက္ဂိုးဧရိယာထိပ္က ဖရီးကစ္ကို ဒက္ကလန္ ႐ိုက္စ္ အျပင္းကန္သြင္းရာမွာ မ်က္ႏွာဆီ လာခဲ့တဲ့ ေဘာလုံးကို ေပါ့ဘာ လက္နဲ႔ ပုတ္ထုတ္လိုက္မိလို႔ ပင္နယ္တီအျဖစ္ VAR နဲ႔ ဒိုင္လူႀကီး ေပါလ္ တီယာနီက အတည္ျပဳေပးခဲ့ရၿပီး ဒီျဖစ္ရပ္မွာ ေပါ့ဘာဟာ မ်က္ႏွာကို မွန္တယ္လုိ႔ ဟန္ေဆာင္လုိက္တဲ့ သူ႕ရဲ႕ လုပ္ရပ္က နားလည္ဖို႔ ခက္ခဲခဲ့သလို VAR ေခတ္မွာေတာ့ ျငင္းကြယ္လုိ႔လည္း မရႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ဒီအခြင့္အေရးကိုေတာ့ ပရီးမီးယားလိဂ္ Restart မွာ ဝက္စ္ဟမ္းအတြက္ ဂိုးေတြ ဆက္တုိက္သြင္းယူေနခဲ့တဲ့ ကြင္းလယ္တုိက္စစ္သမား အန္တုိနီယိုက တည္တည္ၿငိမ္ၿငိမ္နဲ႔ ဒေဟးယားကို လွည့္စားၿပီး အဆုံးသတ္ႏုိင္ခဲ့လို႔ ပထမပိုင္းကို ဝက္စ္ဟမ္းတုိ႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ဖိုဆူမန္ဆားအစား ဝန္ဘစ္ဆာကာကို လဲၿပီးတဲ့ေနာက္ ယူႏိုက္တက္တုိ႔ ဖိကစားလာခဲ့ၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ဝက္စ္ဟမ္း ဧရိယာအစပ္မွာ ေဘာလုံးကို ဂရင္းဝုဒ္နဲ႔ မာစီယယ္လ္တုိ႔ ႏွစ္ႀကိမ္ႏွစ္ခါ ဝမ္းတူး႐ိုက္ၿပီးမွ ဂိုးဧရိယာထဲမွာ လြတ္သြားခဲ့တဲ့ ၁၈ ႏွစ္သားက သူ႕ရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္မွာ Double Figure ဂဏန္းႏွစ္လုံး ျဖစ္ေစတဲ့ ၁၀ ဂိုးေျမာက္ဂိုးကို အျပင္းကန္သြင္းၿပီး ေခ်ပႏုိင္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ယူႏုိက္တက္တုိ႔ သေရတစ္မွတ္ကို ဦးတည္ေနခဲ့တဲ့ ဝက္စ္ဟမ္းရဲ႕ ခံစစ္ပိတ္ၿပီး ေကာင္တာကစားဟန္မွာ ႐ုန္းကန္ခဲ့ရၿပီး ဝီလီယမ္စ္ရဲ႕ ဘက္ျခမ္းက ခ်န္ပီယံရွစ္ ေရာ့ဘင္လို႔ ေခၚတဲ့ ဘိုဝင္ရဲ႕ ဖိအားေပးမွဳေတြက ဒေဟးယားနဲ႔ ေနာက္တန္းကို အလုပ္မ်ားေစခဲ့ၿပီး ဆိုးလ္ရွားရဲ႕ လူစားလဲဖို႔ တြန္႔ဆုတ္ေနပုံေတြကလည္း ပြဲရလဒ္အတြက္ အက်ဳိးသက္ေရာက္မွဳ မျဖစ္ေစႏုိင္ခဲ့တာပါ။

ေစာေစာစီးစီး အီဂါလိုကို လူစားထည့္သြင္းသင့္ခဲ့ခ်ိန္မွာ ပြဲခ်ိန္ ၈၅ မိနစ္အထိ ေစာင့္ေနခဲ့တာက သူ႕ကို ဘာလုပ္ဖို႔ အငွားနဲ႔ ေခၚထားတာလဲလို႔ ေမးခြန္းထုတ္ခ်င္စရာလည္းျဖစ္ခဲ့ၿပီး Restart ေနာက္ပုိင္းမွာေတာ့ အသင္းငယ္ေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာသာ ေျခစြမ္းထက္တဲ့ ေပါ့ဘာအေနနဲ႔ ခံစစ္မွာ အလုပ္မ်ားေနတဲ့ မာတစ္ခ်္ေၾကာင့္ စိတ္ႀကဳိက္ကစားခြင့္မရခဲ့တဲ့အခါမွာ ဆုိးလ္ရွားမွာေတာ့ Plan B လည္း ရွိမေနခဲ့တာျဖစ္ပါတယ္။

မိနစ္ကိုးဆယ္ျပည့္ခ်ိန္မွာ တစ္ဂိုးစီသာ သေရက်ခဲ့တဲ့ ပြဲစဥ္ေၾကာင့္ ယူႏုိက္တက္တို႔ ဂိုးကြာျခားခ်က္အသာနဲ႔ အဆင့္ ၃ ကို တက္လွမ္းႏုိင္ခဲ့ေပမယ့္ စိတ္ခ်ရျခင္းေတာ့ မရွိေသးဘဲ ဒီေန႔ပုံစံဟာ လက္စတာကြင္းမွာ ထိုးႏွက္ခံရႏုိင္တဲ့ ပုံစံလည္းျဖစ္ေနတာေၾကာင့္ လုခ္ေရွာသာ အခ်ိန္မီ ျပန္ေကာင္းမလာခဲ့ရင္ ဆုိးလ္ရွားအေနနဲ႔ ဒီတုိင္းဆက္သြားလုိ႔ေတာ့ မရေတာ့တာလည္းျဖစ္ပါတယ္။

တစ္ဖက္မွာ လီဗာပူးလ္ကို ရွဳံးနိမ့္ခဲ့တဲ့ ခ်ဲလ္ဆီးရဲ႕ ရလဒ္ေၾကာင့္ ဒီေနရာကို ေရာက္ရွိလာခဲ့ေပမယ့္ ေနာက္ဆုံးပြဲစဥ္ေတြမွာ ကိုယ့္လိုပဲ ခ်န္ပီယံလိဂ္ဝင္ခြင့္ ႐ုန္းေနတဲ့ လက္စတာကို ဘယ္လိုကစားမလဲဆုိတဲ့ အေျဖမရွိရင္ေတာ့ ယူႏုိက္တက္တို႔ အထိနာဖို႔ ရွိေနၿပီး အိမ္ကြင္းမွာ အခြင့္အေရး မယူႏုိင္မွဳနဲ႔အတူ ေနာက္ဆုံးပြဲမွာ ႐ုန္းကန္ရဦးမွာျဖစ္ၿပီး သေရနဲ႔ အႏုိင္ရလဒ္ေတြကို ရယူႏုိင္ဖို႔ ဆိုးလ္ရွားေျဖဆုိရမယ့္ ပုစာၦက ပိုမိုခက္ခဲသြားခဲ့ၿပီျဖစ္ေၾကာင္း သုံးသပ္လုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တခြားအသင်းတွေ ပွဲကျပ်နေချိန်မှာ အိုးလ်ထရက်ဖို့ဒ်နိုင်ပွဲနဲ့အတူ ပြတ်ပြတ်သားသား အသာစီး ရယူမယ့် နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ အစီအစဉ်တွေဟာ ကစားပုံမသပ်ရပ်တဲ့ ခံစစ်ပိုင်းနဲ့ နားလည်ရခက်တဲ့ ပေါ့ဘာတို့ကြောင့် အဆင့် ၃ မှာ ရပ်တည်နိုင်ခဲ့ပေမယ့် စိတ်မချစရာပဲဖြစ်ခဲ့ရပြီး သရေတစ်မှတ်ရခဲ့တဲ့ ဝက်စ်ဟမ်းကတော့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ဘောလုံးကစားရာမှာ ကွင်းလယ်က စတင်တဲ့ခေတ် ပျောက်ကွယ်သွားပြီးနောက်ပိုင်း Build Up Play အတွက် ခံစစ်ကစားသမားတွေအားလုံး တည်တည်ငြိမ်ငြိမ်နဲ့ တာဝန်ကိုယ်စီယူဖို့ အရေးပါလာတဲ့ ခေတ်မှာ ဆိုးလ်ရှားရဲ့ ယူနိုက်တက်နောက်ခံလူတွေကတော့ မက်ဂွိုင်းယားကလွဲလို့ တော်တော်လေး မပြည့်ဝသေးတာကို မြင်ရပြီး သူတို့ရဲ့ အမှားတွေက ကွင်းလယ်က မာတစ်ချ်နဲ့ ပေါ့ဘာတို့ရဲ့ ခြေစွမ်းကိုပါ ထိခိုက်စေခဲ့ပါတယ်။

အထူးသဖြင့် ဘရန်ဒန် ဝီလီယမ်စ်ကို ယုံစားနေတဲ့ ဆိုးလ်ရှားရဲ့ ဘယ်ခြမ်းက အရင်ပွဲတွေလို မထက်မြက်ခဲ့ဘဲ အတွေ့အကြုံ နုနယ်လွန်းပြီး ပွဲကို မဖတ်တတ်တဲ့ အင်္ဂလန်လူငယ်ဟာ ဘယ်တောင်ပံမှာ သူနဲ့ တွဲဖက်ခဲ့ကြရတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်ကို စိတ်ပျက်စေခဲ့တာဖြစ်သလို ဒီနေရာမှာ ဒါလော့ကို သုံးပြီး ဖိုဆူမန်ဆာနဲ့ ဘယ်ညာပြောင်းကစားခဲ့ရင်လို့လည်း အတွေးပွားမိစေပါတယ်။

ဖိုဆူမန်ဆားကို သုံးခဲ့ပေမယ့် အနားပေးထားခဲ့တဲ့ ဝန်ဘစ်ဆာကာအစား ညာခြမ်းမှာထားပြီး ကစားခဲ့တာကတော့ ခံစစ်မှာ ဖျက်နိုင်ခဲ့ပေမယ့် တိုက်စစ်ပံ့ပိုးမှု အားနည်းခဲ့ပြီး ကွင်းလယ်နဲ့ 3M တိုက်စစ်တွေကပဲ ကစားကွက်ဖော်ဖို့ ရုန်းနေခဲ့ရသလို အထောင်တိုက်စစ်မှူးစစ်စစ် မပါဘဲ တောင်ပံကို ပိုအားသန်တဲ့ သူတို့သုံးယောက်ကလည်း မရှုံးဖို့ကိုပဲ အဓိက ပြင်ဆင်လာခဲ့တဲ့ ဝက်စ်ဟမ်းတို့ အကြိုက် ဖြစ်နေခဲ့တာပါ။

ပွဲအစ သုံးမိနစ်အတွင်း ဂိုးပေါက်ကို နှစ်ကြိမ်တည့်ခဲ့တဲ့ ယူနိုက်တက်တိုက်စစ်ကတော့ အပိုင်ကန်သွင်းခွင့် မဟုတ်တာရယ် ဂိုးသမား ဖာဘီယန်စကီး တည်ငြိမ်နေတာရယ်ကြောင့် ဂိုးမရခဲ့ဘဲ အသင်းရဲ့ တိုက်စစ်ပိုင်းကတော့ ရုန်းကန်ခဲ့ရသလို ဖာနန်ဒက်စ် ခြေစွမ်းမပြနိုင်တာကလည်း တိုက်စစ်ကို ချုပ်မိစေခဲ့သလို ပင်နယ်တီဧရိယာထဲက တွဲလုံးတွေလည်း ဖြစ်မလာခဲ့ဘဲ အဝေးကန်ချက်တွေနဲ့သာ တိုက်စစ်ဆင်နေခဲ့ပါတယ်။

ဝက်စ်ဟမ်းကတော့ တိုက်စစ်ဆင်လာတိုင်း အတွေ့ကြုံနည်းတဲ့ ဝီလီယမ်စ်နဲ့ ဖိုဆူမန်ဆာတို့ကိုပဲ ဖိအားပေးခဲ့သလို ဘိုဝင်ရဲ့ ညာတောင်ပံသာ ဒီထက်ပိုပြီး ဖိဖိစီးစီးကစားခဲ့ရင် ယူနိုက်တက်တို့ ဒီထက် ဒုက္ခရောက်ဖို့ ရှိပေမယ့် နည်းပြဟောင်း ဒေးဗစ် မွိုက်စ်ကတော့ သရေတစ်မှတ်ကိုပဲ ပစ်မှတ်ထားခဲ့တာကြောင့် သက်သာခဲ့ရပြီး ဒီနေ့ပွဲမှာ နောက်ခံလူ လင်ဒီလော့ဖ်ရဲ့ ကြံ့ခိုင်မှုကပါ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

ဒဏ်ရာကြောင့် လုခ်ရှော ပါမလာတာဟာ တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်ကို တာဝန်ပိစေခဲ့သလို ခံစစ်မှာလည်း မာတစ်ချ်ကို ဝန်ပိုစေခဲ့တာကြောင့် ပေါ့ဘာကပါ လိုက်ပြီး ကူကစားနေရတာကတော့ နောက်ပိုင်းပွဲတွေမှာ ယူနိုက်တက်ရဲ့ ဖန်တီးမှုအား ထိုးကျသွားစေတဲ့ အချက်လည်းဖြစ်ပြီး ဝက်စ်ဟမ်းရဲ့ ဖိအားပေးမှုတွေကို မကြာခဏ ခံနေခဲ့ရတဲ့ ခံစစ်ပိုင်းကလည်း တည်ငြိမ်တဲ့ ဘောလုံးပေးပို့မှုတွေ ရှားပါးလာခဲ့တာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ ယူနိုက်တက်ဂိုးဧရိယာထိပ်က ဖရီးကစ်ကို ဒက်ကလန် ရိုက်စ် အပြင်းကန်သွင်းရာမှာ မျက်နှာဆီ လာခဲ့တဲ့ ဘောလုံးကို ပေါ့ဘာ လက်နဲ့ ပုတ်ထုတ်လိုက်မိလို့ ပင်နယ်တီအဖြစ် VAR နဲ့ ဒိုင်လူကြီး ပေါလ် တီယာနီက အတည်ပြုပေးခဲ့ရပြီး ဒီဖြစ်ရပ်မှာ ပေါ့ဘာဟာ မျက်နှာကို မှန်တယ်လို့ ဟန်ဆောင်လိုက်တဲ့ သူ့ရဲ့ လုပ်ရပ်က နားလည်ဖို့ ခက်ခဲခဲ့သလို VAR ခေတ်မှာတော့ ငြင်းကွယ်လို့လည်း မရနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအခွင့်အရေးကိုတော့ ပရီးမီးယားလိဂ် Restart မှာ ဝက်စ်ဟမ်းအတွက် ဂိုးတွေ ဆက်တိုက်သွင်းယူနေခဲ့တဲ့ ကွင်းလယ်တိုက်စစ်သမား အန်တိုနီယိုက တည်တည်ငြိမ်ငြိမ်နဲ့ ဒဟေးယားကို လှည့်စားပြီး အဆုံးသတ်နိုင်ခဲ့လို့ ပထမပိုင်းကို ဝက်စ်ဟမ်းတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ဖိုဆူမန်ဆားအစား ဝန်ဘစ်ဆာကာကို လဲပြီးတဲ့နောက် ယူနိုက်တက်တို့ ဖိကစားလာခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ ဝက်စ်ဟမ်း ဧရိယာအစပ်မှာ ဘောလုံးကို ဂရင်းဝုဒ်နဲ့ မာစီယယ်လ်တို့ နှစ်ကြိမ်နှစ်ခါ ဝမ်းတူးရိုက်ပြီးမှ ဂိုးဧရိယာထဲမှာ လွတ်သွားခဲ့တဲ့ ၁၈ နှစ်သားက သူ့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ Double Figure ဂဏန်းနှစ်လုံး ဖြစ်စေတဲ့ ၁၀ ဂိုးမြောက်ဂိုးကို အပြင်းကန်သွင်းပြီး ချေပနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ သရေတစ်မှတ်ကို ဦးတည်နေခဲ့တဲ့ ဝက်စ်ဟမ်းရဲ့ ခံစစ်ပိတ်ပြီး ကောင်တာကစားဟန်မှာ ရုန်းကန်ခဲ့ရပြီး ဝီလီယမ်စ်ရဲ့ ဘက်ခြမ်းက ချန်ပီယံရှစ် ရော့ဘင်လို့ ခေါ်တဲ့ ဘိုဝင်ရဲ့ ဖိအားပေးမှုတွေက ဒဟေးယားနဲ့ နောက်တန်းကို အလုပ်များစေခဲ့ပြီး ဆိုးလ်ရှားရဲ့ လူစားလဲဖို့ တွန့်ဆုတ်နေပုံတွေကလည်း ပွဲရလဒ်အတွက် အကျိုးသက်ရောက်မှု မဖြစ်စေနိုင်ခဲ့တာပါ။

စောစောစီးစီး အီဂါလိုကို လူစားထည့်သွင်းသင့်ခဲ့ချိန်မှာ ပွဲချိန် ၈၅ မိနစ်အထိ စောင့်နေခဲ့တာက သူ့ကို ဘာလုပ်ဖို့ အငှားနဲ့ ခေါ်ထားတာလဲလို့ မေးခွန်းထုတ်ချင်စရာလည်းဖြစ်ခဲ့ပြီး Restart နောက်ပိုင်းမှာတော့ အသင်းငယ်တွေနဲ့ တွေ့ဆုံချိန်မှာသာ ခြေစွမ်းထက်တဲ့ ပေါ့ဘာအနေနဲ့ ခံစစ်မှာ အလုပ်များနေတဲ့ မာတစ်ချ်ကြောင့် စိတ်ကြိုက်ကစားခွင့်မရခဲ့တဲ့အခါမှာ ဆိုးလ်ရှားမှာတော့ Plan B လည်း ရှိမနေခဲ့တာဖြစ်ပါတယ်။

မိနစ်ကိုးဆယ်ပြည့်ချိန်မှာ တစ်ဂိုးစီသာ သရေကျခဲ့တဲ့ ပွဲစဉ်ကြောင့် ယူနိုက်တက်တို့ ဂိုးကွာခြားချက်အသာနဲ့ အဆင့် ၃ ကို တက်လှမ်းနိုင်ခဲ့ပေမယ့် စိတ်ချရခြင်းတော့ မရှိသေးဘဲ ဒီနေ့ပုံစံဟာ လက်စတာကွင်းမှာ ထိုးနှက်ခံရနိုင်တဲ့ ပုံစံလည်းဖြစ်နေတာကြောင့် လုခ်ရှောသာ အချိန်မီ ပြန်ကောင်းမလာခဲ့ရင် ဆိုးလ်ရှားအနေနဲ့ ဒီတိုင်းဆက်သွားလို့တော့ မရတော့တာလည်းဖြစ်ပါတယ်။

တစ်ဖက်မှာ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးရဲ့ ရလဒ်ကြောင့် ဒီနေရာကို ရောက်ရှိလာခဲ့ပေမယ့် နောက်ဆုံးပွဲစဉ်တွေမှာ ကိုယ့်လိုပဲ ချန်ပီယံလိဂ်ဝင်ခွင့် ရုန်းနေတဲ့ လက်စတာကို ဘယ်လိုကစားမလဲဆိုတဲ့ အဖြေမရှိရင်တော့ ယူနိုက်တက်တို့ အထိနာဖို့ ရှိနေပြီး အိမ်ကွင်းမှာ အခွင့်အရေး မယူနိုင်မှုနဲ့အတူ နောက်ဆုံးပွဲမှာ ရုန်းကန်ရဦးမှာဖြစ်ပြီး သရေနဲ့ အနိုင်ရလဒ်တွေကို ရယူနိုင်ဖို့ ဆိုးလ်ရှားဖြေဆိုရမယ့် ပုစ္ဆာက ပိုမိုခက်ခဲသွားခဲ့ပြီဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.