Match Report Premier League

သြင္းဂိုး ၈ ဂိုးကို တဝႀကီး ၾကည့္ခဲ့ရေပမယ့္ ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ စိတ္ပ်က္ခဲ့ရတဲ့ပြဲ

လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ အန္းဖီးလ္မွာ ယွဥ္ၿပဳိင္ကစားခဲ့တဲ့ ပြဲစဥ္မွာေတာ့ သြင္းဂိုး ၈ ဂိုးကို တဝႀကီး ၾကည့္ခဲ့ရေပမယ့္ ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ေတာ့ အားမလိုအားမရျဖစ္မွဳေတြနဲ႔အတူ ဂိုးသြင္းေျခစြမ္းျပၿပီး ဆုဖလားနဲ႔ ေအာင္ပြဲခံဖို႔ ဖြင့္ကစားခဲ့တဲ့ ခ်န္ပီယံရဲ႕ အိမ္ကြင္းအားေအာက္မွာ ၃ ပြဲဆက္တုိက္ ရပ္တည္ခဲ့တဲ့ အဆင့္ ၃ ေနရာကေန ဆင္းေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ ႏွစ္သင္းစလုံး လူစုံထုတ္ကစားခဲ့ၾကၿပီး အျပန္အလွန္တုိက္စစ္ဖြင့္ကစားခဲ့ၾကရာမွာ ခံစစ္ပုိေကာင္းတဲ့ လီဗာပူးလ္တုိ႔က ဒီေန႔ပြဲစဥ္ရဲ႕ အႏုိင္ရလဒ္ကို ထုတ္ယူသြားႏုိင္ခဲ့တာျဖစ္ၿပီး ငါးဂိုးသြင္းႏုိင္ခဲ့ေပမယ့္ ဆာလားနဲ႔ မာေနးတုိ႔ ဂိုးမသြင္းႏုိင္ခဲ့တာကေတာ့ ဂိုးသြင္းဘုရင္ဆုအတြက္ လက္ေလွ်ာ့လုိက္ရၿပီဆုိတဲ့ အဓိပၸါယ္လည္းျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာ အိမ္ရွင္ လီဗာပူးလ္တုိ႔ အဖြင့္ဂိုး စတင္သြင္းယူႏုိင္ခဲ့ၿပီး ခ်ဲလ္ဆီးရဲ႕ ဝီလီယန္ ေဘာလုံးပ်က္တာကေန အနားမွာ အဆင္သင့္ ရွိေနတဲ့ နာဘီ ကီတာက အတြင္းကို ဆြဲဝင္ၿပီး အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးဘားတန္းနဲ႔ ရွပ္ထၿပီး ဝင္သြားခဲ့တာကို ဂိုးသမား ကီပါ အငိုက္မိခဲ့ၿပီး ကာကြယ္ဖို႔ ေနာက္က်သြားခဲ့လုိ႔ ဂိုးေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ ခ်ဲလ္ဆီးဂိုးဧရိယာထိပ္မွာ ရရွိခဲ့တဲ့ ဖရီးကစ္ကို ေနာက္ခံလူ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က တုိက္႐ိုက္ကန္သြင္းၿပီး သူ႕ရဲ႕ ကစားသမားဘဝ ဒုတိယေျမာက္ ဖရီးကစ္ဂိုးကို ရယူသြားခဲ့ရာမွာေတာ့ ဂိုးသမား ကီပါတစ္ေယာက္ လူတံတုိင္းနဲ႔ ကြယ္ေနတာေၾကာင့္ မလွဳပ္ႏုိင္ခဲ့ဘဲ ထပ္မံခြင့္ျပဳခဲ့ရပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ေရာဘတ္ဆန္တင္ေပးတဲ့ ေထာင့္ကန္ေဘာကို ဂ်ီ႐ူး ရွင္းထုတ္ရာမွာ ေရွ႕မွာ ရွိေနတဲ့ ေဂ်ာ္ဂ်င္ညဳိနဲ႔ လက္ႏွစ္ႀကိမ္ ထိခဲ့ၿပီး ဒါကို ဆာလားနဲ႔ ဗန္ဒိုက္တုိ႔ ဝိုင္းဝန္းေအာ္ဟစ္ခဲ့လို႔ ခ်ဲလ္ဆီးခံစစ္ကစားသမားေတြ ေၾကာင္ေနတုန္းမွာပဲ သူ႕ေရွ႕ကို က်လာတဲ့ ေဘာလုံးကို ဗိုင္နယ္လ္ဒြမ္က ကန္သြင္းခဲ့ၿပီး တတိယဂိုး ရယူသြားႏုိင္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ခ်ဲလ္ဆီးဘယ္ျခမ္းက ထိုးေဖာက္လာခဲ့ၿပီး အလြန္ဆို ေနာက္ေပါက္နဲ႔ ခ်ေပးတဲ့ ေဘာလုံးကို ဝီလီယန္ ကန္သြင္းခဲ့ရာမွာ သူ႕ကန္ခ်က္ကို ကာကြယ္ဖို႔ ေျပးသြားခဲ့တဲ့ ဗန္ဒိုက္ေၾကာင့္ မာကင္လြတ္သြားခဲ့တဲ့ ဂ်ီ႐ူးက ဂိုးသမား အယ္လီဆန္ ပုတ္ထုတ္လို႔ ျပန္က်လာတာကို ေလွ်ာထိုးပိတ္သြင္းၿပီး ေခ်ပဂိုးတစ္ဂိုးရယူႏုိင္ခဲ့လို႔ သုံးဂိုး-တစ္ဂိုးနဲ႔ ပထမပုိင္းၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပုိင္းအစမွာေတာ့ အပုိင္အခြင့္အေရးကို ဆာလား ေဘးေခ်ာ္ကန္ပစ္ခဲ့ၿပီး သူ႕ရဲ႕ ေရႊဖိနပ္အခြင့္အေရးကို ျဖဳန္းတီးခဲ့အၿပီးမွာေတာ့ ပြဲခ်ိန္ ၅၅ မိနစ္မွာ ညာေတာင္ပံက အလက္ဇန္းဒါး-အာႏုိးလ္ဒ္ရဲ႕ ျဖတ္တင္ေဘာကို ဖာမီႏိုက လူကပ္ပုံညံ့တဲ့ အက္ဇ္ပီလီေကြတာနဲ႔ ဇူးမားတုိ႔ ႏွစ္ေယာက္ၾကားကေန ေျပးဝင္ၿပီး စတုတၳေျမာက္ဂိုးကို ေခါင္းတုိက္သြင္းယူႏုိင္ခဲ့ပါတယ္။

ဆာလားကေတာ့ ခဏခဏျဖဳန္းတီးေနခဲ့တာကိုပဲ ေတြ႕ရၿပီး ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ လူစားဝင္လာခဲ့တဲ့ ပူလီဆစ္ခ်္ရဲ႕ ဘယ္ေတာင္ပံကေန ေနာက္ခံလူ ၃ ေယာက္ၾကားက ေျပးထြက္ၿပီး အနိမ့္ေဘာခ်ဳိးေပးတဲ့ ဖန္တီးေပးမွဳကို ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ သူနဲ႔အတူ ကြင္းထဲ ေရာက္လာခဲ့တဲ့ ေအဘရာဟမ္က ပိတ္သြင္းၿပီး ခ်ဲလ္ဆီးအတြက္ ဒုတိယေခ်ပဂိုးကို ရယူခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ လက္ပစ္ေဘာကို အျမင့္ေျမႇာက္ေပးတာကေန ဘယ္သူနဲ႔မွ မထိဘဲ က်လာတာကို လူစားဝင္ကစားသမားပဲျဖစ္တဲ့ ဟတ္ဒ္ဆန္-အိုဒြဳိင္းက ဆြဲယူသြားခဲ့ၿပီး သူျဖတ္တင္ေပးတာကို ပူလီဆစ္ခ်္က ကာကြယ္ထားတဲ့ ဂ်ဳိးဂိုးမက္ဇ္နဲ႔ အလက္ဇန္းဒါး-အာႏုိးလ္ဒ္တုိ႔ႏွစ္ဦးစလုံးကို လွည့္ထြက္ၿပီး တတိယေျမာက္ ေခ်ပဂိုးကို သြင္းယူခဲ့ပါတယ္။

ဒီဂိုးေၾကာင့္ ခ်ဲလ္ဆီးတုိ႔ အားတက္လာခဲ့ၿပီး အဆင့္ ၃ ေနရာကို ဆက္လက္ထိန္းသိမ္းႏုိင္ဖို႔ တုိက္စစ္ဖိကစားခဲ့တာကေတာ့ သူတုိ႔အတြက္ ရွဳံးနိမ့္သြားေစခဲ့တဲ့ အခ်က္ျဖစ္ၿပီး ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ဂ်ိမ္းစ္ရဲ႕ ဖရီးကစ္ကို လီဗာပူးလ္ေနာက္တန္း ရွင္းထုတ္ခဲ့တာကို ေနာက္ခံလူ ေရာဘတ္ဆန္က ေတာက္ေလွ်ာက္ ဆြဲေျပးသြားခဲ့ၿပီး ျဖတ္တင္ေပးတာကို ခ်ိမ္ဘာလိန္က ပိတ္သြင္းယူခဲ့ၿပီး အိမ္ကြင္းႏုိင္ပြဲကို ေသခ်ာေစခဲ့ပါတယ္။

ဒီဂိုးမွာေတာ့ ေရာဘတ္ဆန္ရဲ႕ တန္ျပန္တုိက္စစ္ကို ေဂ်ာ္ဂ်င္ညဳိ Foul လုပ္တာ မေအာင္ျမင္ခဲ့သလို ခ်ဲလ္ဆီးခံစစ္သမားေတြရဲ႕ ဖ်က္ထုတ္မွဳနဲ႔ ေနရာယူမွဳကလည္း မွားယြင္းေနခဲ့ၿပီး ဒီေန႔ေပးလုိက္ရတဲ့ ၅ ဂိုးစလုံးမွာ သူတုိ႔ေတြဟာ ဂိုးသမား ကီပါကို လုံေလာက္တဲ့ ကာကြယ္မွဳ မေပးႏုိင္ခဲ့တာေၾကာင့္ ေဈးအႀကီးဆုံးဂိုးသမားမွာ နာမည္ပ်က္ခဲ့ရၿပီး ၅ ဂိုးမွာ ၃ ဂိုးကို လွဳပ္ေတာင္မလွဳပ္ႏုိင္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲအၿပီးမွာေတာ့ အိမ္ကြင္း အန္းဖီးလ္ဒ္မွာ လီဗာပူးလ္တုိ႔ သူတုိ႔ရဲ႕ ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆုံးဆုဖလားကို အခမ္းအနားနဲ႔တကြ ေအာင္ပြဲခံ ရယူသြားခဲ့ၿပီး ခ်ဲလ္ဆီးကေတာ့ အဆင့္ ၄ ကို ဆင္းေပးခဲ့ရသလို ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔အတြက္ေတာ့ အဆင့္ ၃ ကို ေရာက္လာတဲ့ မန္ခ်က္စတာ ယူႏုိက္တက္နဲ႔ အဆင့္ ၅ က လက္စတာတုိ႔ရဲ႕ ေတြ႕ဆုံမွဳအေပၚ မူတည္ၿပီး အနည္းဆုံးသေရကေန အႏုိင္ကစားႏိုင္ဖို႔ လိုအပ္ေနၿပီျဖစ္ၿပီး ကစားရခက္တဲ့ ဝုလ္ဗ္စ္နဲ႔ပြဲကို အိမ္ကြင္းမွာ ရလဒ္ေကာင္းရယူႏုိင္ဖို႔ ျပင္ဆင္ထားရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ အန်းဖီးလ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ သွင်းဂိုး ၈ ဂိုးကို တဝကြီး ကြည့်ခဲ့ရပေမယ့် ချဲလ်ဆီးပရိသတ်တွေအတွက်တော့ အားမလိုအားမရဖြစ်မှုတွေနဲ့အတူ ဂိုးသွင်းခြေစွမ်းပြပြီး ဆုဖလားနဲ့ အောင်ပွဲခံဖို့ ဖွင့်ကစားခဲ့တဲ့ ချန်ပီယံရဲ့ အိမ်ကွင်းအားအောက်မှာ ၃ ပွဲဆက်တိုက် ရပ်တည်ခဲ့တဲ့ အဆင့် ၃ နေရာကနေ ဆင်းပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး လူစုံထုတ်ကစားခဲ့ကြပြီး အပြန်အလှန်တိုက်စစ်ဖွင့်ကစားခဲ့ကြရာမှာ ခံစစ်ပိုကောင်းတဲ့ လီဗာပူးလ်တို့က ဒီနေ့ပွဲစဉ်ရဲ့ အနိုင်ရလဒ်ကို ထုတ်ယူသွားနိုင်ခဲ့တာဖြစ်ပြီး ငါးဂိုးသွင်းနိုင်ခဲ့ပေမယ့် ဆာလားနဲ့ မာနေးတို့ ဂိုးမသွင်းနိုင်ခဲ့တာကတော့ ဂိုးသွင်းဘုရင်ဆုအတွက် လက်လျှော့လိုက်ရပြီဆိုတဲ့ အဓိပ္ပါယ်လည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ အိမ်ရှင် လီဗာပူးလ်တို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ချဲလ်ဆီးရဲ့ ဝီလီယန် ဘောလုံးပျက်တာကနေ အနားမှာ အဆင်သင့် ရှိနေတဲ့ နာဘီ ကီတာက အတွင်းကို ဆွဲဝင်ပြီး အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးဘားတန်းနဲ့ ရှပ်ထပြီး ဝင်သွားခဲ့တာကို ဂိုးသမား ကီပါ အငိုက်မိခဲ့ပြီး ကာကွယ်ဖို့ နောက်ကျသွားခဲ့လို့ ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာတော့ ချဲလ်ဆီးဂိုးဧရိယာထိပ်မှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို နောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ဒ်က တိုက်ရိုက်ကန်သွင်းပြီး သူ့ရဲ့ ကစားသမားဘဝ ဒုတိယမြောက် ဖရီးကစ်ဂိုးကို ရယူသွားခဲ့ရာမှာတော့ ဂိုးသမား ကီပါတစ်ယောက် လူတံတိုင်းနဲ့ ကွယ်နေတာကြောင့် မလှုပ်နိုင်ခဲ့ဘဲ ထပ်မံခွင့်ပြုခဲ့ရပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ ရောဘတ်ဆန်တင်ပေးတဲ့ ထောင့်ကန်ဘောကို ဂျီရူး ရှင်းထုတ်ရာမှာ ရှေ့မှာ ရှိနေတဲ့ ဂျော်ဂျင်ညိုနဲ့ လက်နှစ်ကြိမ် ထိခဲ့ပြီး ဒါကို ဆာလားနဲ့ ဗန်ဒိုက်တို့ ဝိုင်းဝန်းအော်ဟစ်ခဲ့လို့ ချဲလ်ဆီးခံစစ်ကစားသမားတွေ ကြောင်နေတုန်းမှာပဲ သူ့ရှေ့ကို ကျလာတဲ့ ဘောလုံးကို ဗိုင်နယ်လ်ဒွမ်က ကန်သွင်းခဲ့ပြီး တတိယဂိုး ရယူသွားနိုင်ခဲ့ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ချဲလ်ဆီးဘယ်ခြမ်းက ထိုးဖောက်လာခဲ့ပြီး အလွန်ဆို နောက်ပေါက်နဲ့ ချပေးတဲ့ ဘောလုံးကို ဝီလီယန် ကန်သွင်းခဲ့ရာမှာ သူ့ကန်ချက်ကို ကာကွယ်ဖို့ ပြေးသွားခဲ့တဲ့ ဗန်ဒိုက်ကြောင့် မာကင်လွတ်သွားခဲ့တဲ့ ဂျီရူးက ဂိုးသမား အယ်လီဆန် ပုတ်ထုတ်လို့ ပြန်ကျလာတာကို လျှောထိုးပိတ်သွင်းပြီး ချေပဂိုးတစ်ဂိုးရယူနိုင်ခဲ့လို့ သုံးဂိုး-တစ်ဂိုးနဲ့ ပထမပိုင်းပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ အပိုင်အခွင့်အရေးကို ဆာလား ဘေးချော်ကန်ပစ်ခဲ့ပြီး သူ့ရဲ့ ရွှေဖိနပ်အခွင့်အရေးကို ဖြုန်းတီးခဲ့အပြီးမှာတော့ ပွဲချိန် ၅၅ မိနစ်မှာ ညာတောင်ပံက အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ဖြတ်တင်ဘောကို ဖာမီနိုက လူကပ်ပုံညံ့တဲ့ အက်ဇ်ပီလီကွေတာနဲ့ ဇူးမားတို့ နှစ်ယောက်ကြားကနေ ပြေးဝင်ပြီး စတုတ္ထမြောက်ဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။

ဆာလားကတော့ ခဏခဏဖြုန်းတီးနေခဲ့တာကိုပဲ တွေ့ရပြီး ပွဲချိန် ၆၁ မိနစ်မှာတော့ လူစားဝင်လာခဲ့တဲ့ ပူလီဆစ်ချ်ရဲ့ ဘယ်တောင်ပံကနေ နောက်ခံလူ ၃ ယောက်ကြားက ပြေးထွက်ပြီး အနိမ့်ဘောချိုးပေးတဲ့ ဖန်တီးပေးမှုကို ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ သူနဲ့အတူ ကွင်းထဲ ရောက်လာခဲ့တဲ့ အေဘရာဟမ်က ပိတ်သွင်းပြီး ချဲလ်ဆီးအတွက် ဒုတိယချေပဂိုးကို ရယူခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ လက်ပစ်ဘောကို အမြင့်မြှောက်ပေးတာကနေ ဘယ်သူနဲ့မှ မထိဘဲ ကျလာတာကို လူစားဝင်ကစားသမားပဲဖြစ်တဲ့ ဟတ်ဒ်ဆန်-အိုဒွိုင်းက ဆွဲယူသွားခဲ့ပြီး သူဖြတ်တင်ပေးတာကို ပူလီဆစ်ချ်က ကာကွယ်ထားတဲ့ ဂျိုးဂိုးမက်ဇ်နဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့နှစ်ဦးစလုံးကို လှည့်ထွက်ပြီး တတိယမြောက် ချေပဂိုးကို သွင်းယူခဲ့ပါတယ်။

ဒီဂိုးကြောင့် ချဲလ်ဆီးတို့ အားတက်လာခဲ့ပြီး အဆင့် ၃ နေရာကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ တိုက်စစ်ဖိကစားခဲ့တာကတော့ သူတို့အတွက် ရှုံးနိမ့်သွားစေခဲ့တဲ့ အချက်ဖြစ်ပြီး ပွဲချိန် ၈၅ မိနစ်မှာတော့ ဂျိမ်းစ်ရဲ့ ဖရီးကစ်ကို လီဗာပူးလ်နောက်တန်း ရှင်းထုတ်ခဲ့တာကို နောက်ခံလူ ရောဘတ်ဆန်က တောက်လျှောက် ဆွဲပြေးသွားခဲ့ပြီး ဖြတ်တင်ပေးတာကို ချိမ်ဘာလိန်က ပိတ်သွင်းယူခဲ့ပြီး အိမ်ကွင်းနိုင်ပွဲကို သေချာစေခဲ့ပါတယ်။

ဒီဂိုးမှာတော့ ရောဘတ်ဆန်ရဲ့ တန်ပြန်တိုက်စစ်ကို ဂျော်ဂျင်ညို Foul လုပ်တာ မအောင်မြင်ခဲ့သလို ချဲလ်ဆီးခံစစ်သမားတွေရဲ့ ဖျက်ထုတ်မှုနဲ့ နေရာယူမှုကလည်း မှားယွင်းနေခဲ့ပြီး ဒီနေ့ပေးလိုက်ရတဲ့ ၅ ဂိုးစလုံးမှာ သူတို့တွေဟာ ဂိုးသမား ကီပါကို လုံလောက်တဲ့ ကာကွယ်မှု မပေးနိုင်ခဲ့တာကြောင့် ဈေးအကြီးဆုံးဂိုးသမားမှာ နာမည်ပျက်ခဲ့ရပြီး ၅ ဂိုးမှာ ၃ ဂိုးကို လှုပ်တောင်မလှုပ်နိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ အိမ်ကွင်း အန်းဖီးလ်ဒ်မှာ လီဗာပူးလ်တို့ သူတို့ရဲ့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးဆုဖလားကို အခမ်းအနားနဲ့တကွ အောင်ပွဲခံ ရယူသွားခဲ့ပြီး ချဲလ်ဆီးကတော့ အဆင့် ၄ ကို ဆင်းပေးခဲ့ရသလို ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်တော့ အဆင့် ၃ ကို ရောက်လာတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အဆင့် ၅ က လက်စတာတို့ရဲ့ တွေ့ဆုံမှုအပေါ် မူတည်ပြီး အနည်းဆုံးသရေကနေ အနိုင်ကစားနိုင်ဖို့ လိုအပ်နေပြီဖြစ်ပြီး ကစားရခက်တဲ့ ဝုလ်ဗ်စ်နဲ့ပွဲကို အိမ်ကွင်းမှာ ရလဒ်ကောင်းရယူနိုင်ဖို့ ပြင်ဆင်ထားရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.