Premier League

၂၃.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလဆန္း ၄ ရက္၊ ၾကာသပေတးေန႔။

၂၃.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလဆန္း ၄ ရက္၊ ၾကာသပေတးေန႔၊ အၿမိတၱစုတ္၊ သမားျဖဴ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ညေန ၁၈:၀၂ အထိ တိထီ ၃ လုံး။ ေက်ာ္လွ်င္ ၄ လုံး။ ၃ လုံးတြင္ အၿမိတၱယုဂ္၊ ထာဝရရွင္သန္ေအာင္ျမင္ေစလိုေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ ၄ လုံးတြင္ မတယုဂ္၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ညေန ၁၈:၄၂ အထိ မာဃနကၡတ္။ ေက်ာ္လွ်င္ ျပဳဗၺဖလဂုဏီနကၡတ္။ မြန္းလြဲ ၁၃:၀၀ အထိ ဗ်ာတိပါတယုဂ္၊ ႐ုတ္တရက္ ထိခိုက္မိျခင္း၊ ကံဆုိးတတ္ျခင္း၊ ထိန္ခ်န္သိုဝွက္ အ႐ူးလုပ္ခံရျခင္း၊ သတိႀကီးႀကီးထား၍ ဂ႐ုတစိုက္ သြားလာေနထုိင္ပါ။ ေက်ာ္လွ်င္ ဝီရိယယုဂ္၊ ႀကဳိးစားမွဳ အရာထင္ျခင္း၊ အလိုႀကီးျခင္း၊ ေကာင္းရာေကာင္းေၾကာင္းလုပ္ကိုင္က ဆႏၵအတုိင္း ျပည့္စုံလိမ့္မည္။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၇:၁၃ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္း ေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ညေန ၁၈:၀၂ အထိ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏိုင္။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ညေန ၁၈:၀၂ အထိ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မုိးျပာေရာင္။ ေက်ာ္လွ်င္ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၃.၇.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၄ ရက်၊ ကြာသပတေးနေ့၊ အမြိတ္တစုတ်၊ သမားဖြူ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ညနေ ၁၈:၀၂ အထိ တိထီ ၃ လုံး။ ကျော်လျှင် ၄ လုံး။ ၃ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ၄ လုံးတွင် မတယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၈:၄၂ အထိ မာဃနက္ခတ်။ ကျော်လျှင် ပြုဗ္ဗဖလဂုဏီနက္ခတ်။ မွန်းလွဲ ၁၃:၀၀ အထိ ဗျာတိပါတယုဂ်၊ ရုတ်တရက် ထိခိုက်မိခြင်း၊ ကံဆိုးတတ်ခြင်း၊ ထိန်ချန်သိုဝှက် အရူးလုပ်ခံရခြင်း၊ သတိကြီးကြီးထား၍ ဂရုတစိုက် သွားလာနေထိုင်ပါ။ ကျော်လျှင် ဝီရိယယုဂ်၊ ကြိုးစားမှု အရာထင်ခြင်း၊ အလိုကြီးခြင်း၊ ကောင်းရာကောင်းကြောင်းလုပ်ကိုင်က ဆန္ဒအတိုင်း ပြည့်စုံလိမ့်မည်။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၇:၁၃ အထိ တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ညနေ ၁၈:၀၂ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ညနေ ၁၈:၀၂ အထိ အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။ ကျော်လျှင် အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)