Match Report Premier League

အေဝးကြင္းမွာ ဂိုးျပတ္အႏိုင္ယူၿပီး ဝတ္ဖို႔ဒ္ကို တန္းဆင္းဇုန္ထဲ တြန္းခ်ခဲ့တဲ့ မန္စီးတီး

မန္ခ်က္စတာစီးတီးအသင္းကေတာ့ သူတုိ႔ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ဂုဏ္သိကၡာအတြက္ နည္းနည္းမွ အထိအခိုက္မခံဘဲ ကစားျပေနၿပီး ဒီေန႔မွာ လုံးဝအမွတ္မလိုတဲ့ အခ်ိန္မွာေတာင္မွ ေလးဂိုး-ဂိုးမရွိရလဒ္နဲ႔ ျပတ္ျပတ္သားသားႏုိင္ယူခဲ့သလို အိမ္ရွင္ဝတ္ဖို႔ဒ္တုိ႔ကို တန္းဆင္းဇုန္ အဆင့္ ၁၈ ကို ပုိ႔ေဆာင္သြားခဲ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ လူစုံနီးပါး ထုတ္ကစားလာခဲ့တဲ့ မန္စီးတီးအသင္းအေနနဲ႔ ေဂ်ဆူးစ္ကို ပြဲတုိင္းသုံးေနခဲ့ေပမယ့္ ကစားသမားကေတာ့ ဂိုးသြင္းယူႏိုင္ျခင္းမရွိဘဲ လာဘ္မေကာင္းဘဲျဖစ္ေနခဲ့လို႔ ထုံးစံအတုိင္းပဲ ေတာင္ပံနဲ႔ ကြင္းလယ္ကစားသမားေတြကပဲ ဂိုးေတြ သြင္းယူသြားရတာျဖစ္ပါတယ္။

ပထမပုိင္း ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ဧည့္သည္ မန္စီးတီးတုိ႔ အဖြင့္ဂိုးကို စတင္သြင္းယူႏိုင္ခဲ့ၿပီး ညာေတာင္ပံက ေနာက္ခံလူ ေဝၚလ္ကာရဲ႕ အနိမ့္ေဘာ ျဖတ္တင္မွဳကို စတာလင္က ဝတ္ဖို႔ဒ္ဂိုးဧရိယာအတြင္းမွာ ေကာင္းမြန္တိက်တဲ့ ထိန္းသိမ္းမွဳနဲ႔အတူ အျပင္းကန္သြင္းယူႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ ဖိုဒန္ ထိုးေပးလုိက္တာကို ဂိုးဧရိယာထဲ ရသြားခဲ့တဲ့ စတာလင္က တစ္ဖက္ေနာက္ခံလူ ကာဘာဆီလီကို ေခါက္လုိက္ခ်ိန္မွာ ပါးနပ္မွဳ လုံးဝမရွိတဲ့ ကြင္းလယ္လူ ဝီလ္ဟယူးခ်္က ေနာက္က ေျခခ်ိတ္လုိက္မိတာေၾကာင့္ ပင္နယ္တီရခဲ့ၿပီး အဂၤလန္ေရွ႕တန္းလူကပဲ မိနစ္ ၄၀ မွာ ကိုယ္တုိင္ကန္ၿပီး ဂိုးသမားပုတ္ထုတ္တာကို ျပန္ပိတ္သြင္းႏုိင္ခဲ့လို႔ ေရႊဖိနပ္ဆုအတြက္ ၁၉ ဂိုး စုေဆာင္းႏုိင္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာ ဒီဘ႐ိုင္းနားအေနနဲ႔ သူ႕ရဲ႕ ဖန္တီးမွဳစံခ်ိန္သစ္ တင္ႏုိင္မယ့္ အပုိင္အခြင့္အေရး ႏွစ္လုံးေလာက္ ဖန္တီးေပးခဲ့ေပမယ့္ စတာလင္က ေခ်ာ္ကန္ခဲ့လို႔ ပ်က္ျပယ္ခဲ့ရၿပီး ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ စတာလင္ ကန္သြင္းရာကေန ျပန္ထြက္လာတာကို လူငယ္ကစားသမား ဖိုဒန္က ပိတ္သြင္းၿပီး တတိယဂိုး ရယူခဲ့ပါတယ္။

ဒီဂိုးရအၿပီးမွာေတာ့ အခ်ိန္ေပးထားတာ မ်ားသြားၿပီျဖစ္တဲ့ စတာလင္ရဲ႕ ဟက္ထရစ္ရႏုိင္ဖို႔ အခြင့္အေရးကို ဂြါဒီယိုလာက ကန္႔သတ္ခဲ့ၿပီး မာရက္ဇ္နဲ႔ လူစားလဲခဲ့လို႔ အဂၤလန္သားရဲ႕ မ်က္ႏွာမွာ အလိုမက်မွဳတခ်ဳိ႕ ျမင္ခဲ့ရေပမယ့္ ေပးထားခဲ့တဲ့ အခ်ိန္၊ အခြင့္အေရးအရ ကစားသမားကိုယ္တုိင္ရဲ႕ အဆုံးသတ္မွဳပုိင္းေၾကာင့္သာ ဒီေလာက္နဲ႔ ေက်နပ္ခဲ့ရတာျဖစ္ၿပီး နည္းျပရဲ႕ အလြန္ေတာ့ မဟုတ္ဘူးလို႔လည္း ျမင္မိပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဂိုးဧရိယာထိပ္ ညာျခမ္းကေန ရရွိတဲ့ ဖရီးကစ္ကို ဒီဘ႐ိုင္းနား ကန္တင္ေပးရာကေန လူကၽြံေဘာဖမ္းဖို႔ ႀကဳိးစားတဲ့ ဝတ္ဖို႔ဒ္ေနာက္တန္းကို ေနာက္ခံလူ လာေပါ့တ္က ျဖတ္ေက်ာ္ေျပးထြက္ၿပီး ေခါင္းတုိက္သြင္းယူခဲ့ရာမွာ ဂိုးသမား ေဖာ္စတာ ဟန္ခ်က္ပ်က္ေနခဲ့လို႔ မကာကြယ္ႏုိင္ခဲ့ဘဲ စတုတၳနဲ႔ ေနာက္ဆုံးဂိုးကို ခြင့္ျပဳခဲ့ရၿပီး ဘယ္လ္ဂ်ီယမ္သားအတြက္ေတာ့ ဖန္တီးမွဳ ၁၉ ႀကိမ္ေျမာက္လည္းျဖစ္လာခဲ့ပါတယ္။

ဒီပြဲရလဒ္နဲ႔ သြင္းဂိုးေတြေၾကာင့္ မန္စီးတီးတုိ႔ အဆင့္ ၂ ေနရာမွာ သြင္းဂိုး ၉၇ ဂိုးနဲ႔ ရမွတ္ ၇၈ မွတ္ကို စုေဆာင္းႏုိင္ခဲ့ၿပီျဖစ္ၿပီး ဝတ္ဖို႔ဒ္ကေတာ့ ဂိုးကြာျခားခ်က္ အႏုတ္ ၂၇၊ ရမွတ္ ၃၄ မွတ္နဲ႔ တန္းဆင္းဇုန္ အဆင့္ ၁၈ ကို ဆင္းေပးခဲ့ရၿပီး လာမယ့္ပြဲစဥ္မွာ အာဆင္နယ္နဲ႔ အမ္းမရိတ္မွာ ေတြ႕ဆုံေနမွဳကို တစ္မွတ္ထက္ပုိၿပီး ရယူႏုိင္ျခင္း မရွိခဲ့ရင္ေတာ့ ပရီးမီးယားလိဂ္ကို ႏွဳတ္ဆက္ရဖို႔ ရွိေနၿပီျဖစ္ေၾကာင္း သုံးသပ္လုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းကတော့ သူတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဂုဏ်သိက္ခာအတွက် နည်းနည်းမှ အထိအခိုက်မခံဘဲ ကစားပြနေပြီး ဒီနေ့မှာ လုံးဝအမှတ်မလိုတဲ့ အချိန်မှာတောင်မှ လေးဂိုး-ဂိုးမရှိရလဒ်နဲ့ ပြတ်ပြတ်သားသားနိုင်ယူခဲ့သလို အိမ်ရှင်ဝတ်ဖို့ဒ်တို့ကို တန်းဆင်းဇုန် အဆင့် ၁၈ ကို ပို့ဆောင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ လူစုံနီးပါး ထုတ်ကစားလာခဲ့တဲ့ မန်စီးတီးအသင်းအနေနဲ့ ဂျေဆူးစ်ကို ပွဲတိုင်းသုံးနေခဲ့ပေမယ့် ကစားသမားကတော့ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ လာဘ်မကောင်းဘဲဖြစ်နေခဲ့လို့ ထုံးစံအတိုင်းပဲ တောင်ပံနဲ့ ကွင်းလယ်ကစားသမားတွေကပဲ ဂိုးတွေ သွင်းယူသွားရတာဖြစ်ပါတယ်။

ပထမပိုင်း ပွဲချိန် ၃၁ မိနစ်မှာတော့ ဧည့်သည် မန်စီးတီးတို့ အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီး ညာတောင်ပံက နောက်ခံလူ ဝေါ်လ်ကာရဲ့ အနိမ့်ဘော ဖြတ်တင်မှုကို စတာလင်က ဝတ်ဖို့ဒ်ဂိုးဧရိယာအတွင်းမှာ ကောင်းမွန်တိကျတဲ့ ထိန်းသိမ်းမှုနဲ့အတူ အပြင်းကန်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာတော့ ဖိုဒန် ထိုးပေးလိုက်တာကို ဂိုးဧရိယာထဲ ရသွားခဲ့တဲ့ စတာလင်က တစ်ဖက်နောက်ခံလူ ကာဘာဆီလီကို ခေါက်လိုက်ချိန်မှာ ပါးနပ်မှု လုံးဝမရှိတဲ့ ကွင်းလယ်လူ ဝီလ်ဟယူးချ်က နောက်က ခြေချိတ်လိုက်မိတာကြောင့် ပင်နယ်တီရခဲ့ပြီး အင်္ဂလန်ရှေ့တန်းလူကပဲ မိနစ် ၄၀ မှာ ကိုယ်တိုင်ကန်ပြီး ဂိုးသမားပုတ်ထုတ်တာကို ပြန်ပိတ်သွင်းနိုင်ခဲ့လို့ ရွှေဖိနပ်ဆုအတွက် ၁၉ ဂိုး စုဆောင်းနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဒီဘရိုင်းနားအနေနဲ့ သူ့ရဲ့ ဖန်တီးမှုစံချိန်သစ် တင်နိုင်မယ့် အပိုင်အခွင့်အရေး နှစ်လုံးလောက် ဖန်တီးပေးခဲ့ပေမယ့် စတာလင်က ချော်ကန်ခဲ့လို့ ပျက်ပြယ်ခဲ့ရပြီး ပွဲချိန် ၆၃ မိနစ်မှာတော့ စတာလင် ကန်သွင်းရာကနေ ပြန်ထွက်လာတာကို လူငယ်ကစားသမား ဖိုဒန်က ပိတ်သွင်းပြီး တတိယဂိုး ရယူခဲ့ပါတယ်။

ဒီဂိုးရအပြီးမှာတော့ အချိန်ပေးထားတာ များသွားပြီဖြစ်တဲ့ စတာလင်ရဲ့ ဟက်ထရစ်ရနိုင်ဖို့ အခွင့်အရေးကို ဂွါဒီယိုလာက ကန့်သတ်ခဲ့ပြီး မာရက်ဇ်နဲ့ လူစားလဲခဲ့လို့ အင်္ဂလန်သားရဲ့ မျက်နှာမှာ အလိုမကျမှုတချို့ မြင်ခဲ့ရပေမယ့် ပေးထားခဲ့တဲ့ အချိန်၊ အခွင့်အရေးအရ ကစားသမားကိုယ်တိုင်ရဲ့ အဆုံးသတ်မှုပိုင်းကြောင့်သာ ဒီလောက်နဲ့ ကျေနပ်ခဲ့ရတာဖြစ်ပြီး နည်းပြရဲ့ အလွန်တော့ မဟုတ်ဘူးလို့လည်း မြင်မိပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ ဂိုးဧရိယာထိပ် ညာခြမ်းကနေ ရရှိတဲ့ ဖရီးကစ်ကို ဒီဘရိုင်းနား ကန်တင်ပေးရာကနေ လူကျွံဘောဖမ်းဖို့ ကြိုးစားတဲ့ ဝတ်ဖို့ဒ်နောက်တန်းကို နောက်ခံလူ လာပေါ့တ်က ဖြတ်ကျော်ပြေးထွက်ပြီး ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဂိုးသမား ဖော်စတာ ဟန်ချက်ပျက်နေခဲ့လို့ မကာကွယ်နိုင်ခဲ့ဘဲ စတုတ္ထနဲ့ နောက်ဆုံးဂိုးကို ခွင့်ပြုခဲ့ရပြီး ဘယ်လ်ဂျီယမ်သားအတွက်တော့ ဖန်တီးမှု ၁၉ ကြိမ်မြောက်လည်းဖြစ်လာခဲ့ပါတယ်။

ဒီပွဲရလဒ်နဲ့ သွင်းဂိုးတွေကြောင့် မန်စီးတီးတို့ အဆင့် ၂ နေရာမှာ သွင်းဂိုး ၉၇ ဂိုးနဲ့ ရမှတ် ၇၈ မှတ်ကို စုဆောင်းနိုင်ခဲ့ပြီဖြစ်ပြီး ဝတ်ဖို့ဒ်ကတော့ ဂိုးကွာခြားချက် အနုတ် ၂၇၊ ရမှတ် ၃၄ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ ကို ဆင်းပေးခဲ့ရပြီး လာမယ့်ပွဲစဉ်မှာ အာဆင်နယ်နဲ့ အမ်းမရိတ်မှာ တွေ့ဆုံနေမှုကို တစ်မှတ်ထက်ပိုပြီး ရယူနိုင်ခြင်း မရှိခဲ့ရင်တော့ ပရီးမီးယားလိဂ်ကို နှုတ်ဆက်ရဖို့ ရှိနေပြီဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.