Match Report Premier League

ဝတ္ဖို႔ဒ္တုိ႔ တန္းဆင္းဖို႔ မ်ားသြားခဲ့ၿပီး ဗီလာတုိ႔ တင္က်န္ရစ္ေနႏုိင္တဲ့ အဂၤါေန႔ညပြဲစဥ္မ်ား

အဂၤါေန႔ညအတြက္ ပရီးမီးယားလိဂ္ပြဲစဥ္ ၃၇ ထဲက ပြဲႏွစ္ပြဲကို ကစားအၿပီးမွာေတာ့ မန္ခ်က္စတာစီးတီးကို အိမ္ကြင္းမွာ ရွဳံးခဲ့တဲ့ ဝတ္ဖို႔ဒ္နဲ႔ အာဆင္နယ္ကို အိမ္ကြင္းမွာ အႏုိင္ယူခဲ့တဲ့ အက္စတန္ဗီလာတုိ႔ရဲ႕ လားရာေတြကေတာ့ ဆန္႔က်င္ဘက္ျဖစ္ခဲ့ၿပီး တန္းဆင္းဇုန္အသင္းေတြထဲက ပရီးမီးယားလိဂ္အစဥ္အလာ ပုိရွိတဲ့ ဗီလာတုိ႔ ရွင္သန္ႏုိင္ဖို႔ မ်ားလာခဲ့ပါတယ္။

ဒီေန႔ပြဲစဥ္ေတြအၿပီးမွာေတာ့ တန္းဆင္းဇုန္ရပ္တည္မွဳမွာ ကစားဖို႔ ႏွစ္ပြဲ က်န္ေနေသးတဲ့ အဆင့္ ၁၆ က ဝက္စ္ဟမ္းအသင္းကေတာ့ စာရြက္ေပၚမွာ အတည္မျဖစ္ေသးေပမယ့္ လက္က်န္ပြဲေတြ အကုန္ရွဳံးၿပီး ေအာက္က အသင္းေတြနဲ႔ ပြဲေတြ အားလုံးအၿပီးမွာ ၃၇ မွတ္ခ်င္း တူညီခဲ့ရင္ေတာင္မွ ဂိုးကြာျခားခ်က္ ၁၃ ဂိုးကို လက္ထဲမွာ ေလာေလာဆယ္ ကိုင္ထားႏုိင္တဲ့အတြက္ ဒီအားသာခ်က္နဲ႔ လြတ္ေျမာက္ႏုိင္ဖို႔ ရွိေနၿပီပဲျဖစ္ပါတယ္။

ဗီလာပါ့ခ္မွာ အာဆင္နယ္ကို ႏုိင္ၿပီး အဆင့္ ၁၇ ကို ရမွတ္ ၃၄ မွတ္၊ ဂိုးကြာျခားခ်က္ အႏုတ္ ၂၆ နဲ႔ ရပ္တည္ႏုိင္ခဲ့တဲ့ ဗီလာကေတာ့ လာမယ့္ပြဲစဥ္မွာ ဝက္စ္ဟမ္းနဲ႔ ကစားရမွာျဖစ္လို႔ အႏုိင္ရဖို႔ ျဖစ္ႏုိင္ေျခ ေတာ္ေတာ္ေလး နည္းေနတဲ့ ၿပဳိင္ဘက္ႏွစ္သင္းေၾကာင့္ အနည္းဆုံးသေရတစ္မွတ္ရတာနဲ႔ ပရီးမီးယားလိဂ္မွာ တင္က်န္ဖို႔ အေျခအေနအေကာင္းဆုံးျဖစ္သြားခဲ့ပါတယ္။

အဆင့္ ၁၈ က ဝတ္ဖို႔ဒ္ကေတာ့ ဗီလာဆီ သုံးမွတ္လွဴခဲ့တဲ့ အာဆင္နယ္ကို အမ္းမရိတ္ကြင္းမွာ သြားေရာက္ကစားရမွာျဖစ္ေပမယ့္ ဂုဏ္သိကၡာအရ ေျမာက္လန္ဒန္သားေတြအေနနဲ႔ အိမ္ကြင္းမွာေတာ့ သေရထက္ပုိၿပီး ေလွ်ာ့မေပးႏုိင္လို႔ တစ္မွတ္ရရင္ ကံေကာင္းလို႔ ဆုိရမွာျဖစ္ၿပီး ဒီရလဒ္နဲ႔ဆုိရင္ အမွတ္တူၿပီး ဂိုးတစ္ဂိုးသာေနတဲ့ ဗီလာကို ေက်ာ္ႏုိင္ဖို႔ လမ္းမရွိဘဲ အႏိုင္ရမွသာ ျဖစ္ႏုိင္မယ့္ သေဘာမွာ ရွိေနပါတယ္။

အဆင့္ ၁၉ က ၃၁ မွတ္ပိုင္ရွင္ ဘုန္းေမာက္ေတာ့ အေဝးကြင္း ဂြတ္ဒီဆန္ပါ့ခ္မွာ အဲဗာတန္ကို သြားေရာက္ကစားရမွာျဖစ္ၿပီး အမွတ္မလိုေပမယ့္ သူကိုယ္တုိင္ရဲ႕ ဂုဏ္သိကၡာေၾကာင့္ အေကာင္းဆုံး ကိုင္တြယ္ေနတဲ့ ထိပ္တန္းနည္းျပ အန္ဆယ္ေလာ့တီေၾကာင့္ အိပ္မက္ဆုိးထဲမွာ နတ္ဆုိးတစ္ပါးနဲ႔သာ ရင္ဆုိင္ရဖို႔ ရွိေနတာေၾကာင့္ သေရထက္ပုိၿပီး ေမွ်ာ္လင့္ဖို႔ မျဖစ္ႏုိင္ဘဲ ဝတ္ဖို႔ဒ္နဲ႔ ဗီလာကို လုိက္မီဖို႔ မလြယ္တာေၾကာင့္ ေနာ့ဝစ္ခ်္နဲ႔အတူ ကံဆုိးဖို႔ အမ်ားဆုံးအသင္းအျဖစ္ ရွိေနေၾကာင္း တန္းဆင္းဇုန္တုိက္ပြဲအတြက္ ေနာက္ဆုံးအေျခအေနကို သုံးသပ္ေဖာ္ျပလုိက္ရပါတယ္။

REF: PREMIER LEAGUE
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အင်္ဂါနေ့ညအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃၇ ထဲက ပွဲနှစ်ပွဲကို ကစားအပြီးမှာတော့ မန်ချက်စတာစီးတီးကို အိမ်ကွင်းမှာ ရှုံးခဲ့တဲ့ ဝတ်ဖို့ဒ်နဲ့ အာဆင်နယ်ကို အိမ်ကွင်းမှာ အနိုင်ယူခဲ့တဲ့ အက်စတန်ဗီလာတို့ရဲ့ လားရာတွေကတော့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ပြီး တန်းဆင်းဇုန်အသင်းတွေထဲက ပရီးမီးယားလိဂ်အစဉ်အလာ ပိုရှိတဲ့ ဗီလာတို့ ရှင်သန်နိုင်ဖို့ များလာခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်တွေအပြီးမှာတော့ တန်းဆင်းဇုန်ရပ်တည်မှုမှာ ကစားဖို့ နှစ်ပွဲ ကျန်နေသေးတဲ့ အဆင့် ၁၆ က ဝက်စ်ဟမ်းအသင်းကတော့ စာရွက်ပေါ်မှာ အတည်မဖြစ်သေးပေမယ့် လက်ကျန်ပွဲတွေ အကုန်ရှုံးပြီး အောက်က အသင်းတွေနဲ့ ပွဲတွေ အားလုံးအပြီးမှာ ၃၇ မှတ်ချင်း တူညီခဲ့ရင်တောင်မှ ဂိုးကွာခြားချက် ၁၃ ဂိုးကို လက်ထဲမှာ လောလောဆယ် ကိုင်ထားနိုင်တဲ့အတွက် ဒီအားသာချက်နဲ့ လွတ်မြောက်နိုင်ဖို့ ရှိနေပြီပဲဖြစ်ပါတယ်။

ဗီလာပါ့ခ်မှာ အာဆင်နယ်ကို နိုင်ပြီး အဆင့် ၁၇ ကို ရမှတ် ၃၄ မှတ်၊ ဂိုးကွာခြားချက် အနုတ် ၂၆ နဲ့ ရပ်တည်နိုင်ခဲ့တဲ့ ဗီလာကတော့ လာမယ့်ပွဲစဉ်မှာ ဝက်စ်ဟမ်းနဲ့ ကစားရမှာဖြစ်လို့ အနိုင်ရဖို့ ဖြစ်နိုင်ခြေ တော်တော်လေး နည်းနေတဲ့ ပြိုင်ဘက်နှစ်သင်းကြောင့် အနည်းဆုံးသရေတစ်မှတ်ရတာနဲ့ ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့ အခြေအနေအကောင်းဆုံးဖြစ်သွားခဲ့ပါတယ်။

အဆင့် ၁၈ က ဝတ်ဖို့ဒ်ကတော့ ဗီလာဆီ သုံးမှတ်လှူခဲ့တဲ့ အာဆင်နယ်ကို အမ်းမရိတ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပေမယ့် ဂုဏ်သိက္ခာအရ မြောက်လန်ဒန်သားတွေအနေနဲ့ အိမ်ကွင်းမှာတော့ သရေထက်ပိုပြီး လျှော့မပေးနိုင်လို့ တစ်မှတ်ရရင် ကံကောင်းလို့ ဆိုရမှာဖြစ်ပြီး ဒီရလဒ်နဲ့ဆိုရင် အမှတ်တူပြီး ဂိုးတစ်ဂိုးသာနေတဲ့ ဗီလာကို ကျော်နိုင်ဖို့ လမ်းမရှိဘဲ အနိုင်ရမှသာ ဖြစ်နိုင်မယ့် သဘောမှာ ရှိနေပါတယ်။

အဆင့် ၁၉ က ၃၁ မှတ်ပိုင်ရှင် ဘုန်းမောက်တော့ အဝေးကွင်း ဂွတ်ဒီဆန်ပါ့ခ်မှာ အဲဗာတန်ကို သွားရောက်ကစားရမှာဖြစ်ပြီး အမှတ်မလိုပေမယ့် သူကိုယ်တိုင်ရဲ့ ဂုဏ်သိက္ခာကြောင့် အကောင်းဆုံး ကိုင်တွယ်နေတဲ့ ထိပ်တန်းနည်းပြ အန်ဆယ်လော့တီကြောင့် အိပ်မက်ဆိုးထဲမှာ နတ်ဆိုးတစ်ပါးနဲ့သာ ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် သရေထက်ပိုပြီး မျှော်လင့်ဖို့ မဖြစ်နိုင်ဘဲ ဝတ်ဖို့ဒ်နဲ့ ဗီလာကို လိုက်မီဖို့ မလွယ်တာကြောင့် နော့ဝစ်ချ်နဲ့အတူ ကံဆိုးဖို့ အများဆုံးအသင်းအဖြစ် ရှိနေကြောင်း တန်းဆင်းဇုန်တိုက်ပွဲအတွက် နောက်ဆုံးအခြေအနေကို သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: PREMIER LEAGUE
PHOTOS CREDIT TO OWNERS
SPORTS A2Z.