Match Report Premier League

အာ႐ုံမ်ားေနတဲ့ အာဆင္နယ္ကို ဗီလာတုိ႔ အႏုိင္ယူၿပီး တန္းမဆင္းရဖို႔ အေျခအေနေကာင္းလာ

အာဆင္နယ္အသင္းကေတာ့ အက္စတန္ဗီလာအသင္းကို အေဝးကြင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ အရွဳံးေပးလုိက္ရၿပီး သူတုိ႔အေနနဲ႔ အာ႐ုံမ်ားေနတဲ့ ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလားၾကားက ဇေဝဇဝါ အေတြးအေခၚေတြကို အိမ္ရွင္ဗီလိန္ေတြက အမွားအယြင္းမခံတဲ့ ကစားဟန္နဲ႔ အဆင့္ ၁၇ ေနရာမွာ ရပ္တည္ဖို႔ အခြင့္အေရးကို ရယူသြားႏုိင္ခဲ့ပါတယ္။

ပြဲစကတည္းက ၃-၄-၃ နဲ႔ ၄-၃-၃ မကြဲသလို ၄-၄-၂ လုိ႔လည္း ဆုိလုိ႔မရတဲ့ ဟန္ခ်က္မညီတဲ့ လူစာရင္းကို နည္းျပ အာတီတာက အိုးနင္းခြက္နင္း ခင္းက်င္းခဲ့ၿပီး ကြင္းလယ္မွာလည္း ႏွစ္ေယာက္သာ အဓိက ကစားရတဲ့ ကစားကြက္မွာ အဖ်က္ကလြဲလို႔ ဘာမွ မလုပ္တတ္တဲ့ ေတာ္ရဲရားကို ထည့္သြင္းထားတာကေတာ့ ဒါနီ စီဘာေယာ့စ္တစ္ေယာက္တည္း ႐ုန္းကန္ရဖို႔ ျဖစ္ခဲ့ပါတယ္။

အာဆင္နယ္တုိ႔ တိုက္စစ္လမ္းေၾကာင္းေတြ ေပ်ာက္ဆုံးေနခဲ့သလို ညာေတာင္ပံကစားသမားအျဖစ္ ဘယ္သူမွ မကစားခ်ိန္မွာ ေနာက္ခံလူ ဆီးဒရစ္က ေရွ႕အထိ တက္ေထာက္ေနရၿပီး ဟာကြက္ေတြမ်ားတဲ့ ကစားဟန္က ဗီလာတုိက္စစ္ ညံ့ဖ်င္းေနခဲ့လုိ႔သာ သက္သာခဲ့တာျဖစ္သလို ကစားကြက္ကလဲ ဖ႐ုိဖရဲျဖစ္ေနခဲ့တာပါ။

ဒီေန႔ပြဲမွာ ဖိကစားေနတဲ့ အာဆင္နယ္တုိ႔ ဂိုးမသြင္းႏုိင္ခ်ိန္မွာ မိမိရရ အခြင့္ေကာင္းယူႏုိင္ခဲ့တာကေတာ့ အိမ္ရွင္ ဗီလာတုိ႔ပဲျဖစ္ၿပီး ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ေနာက္ခံလူ တုိင္႐ုန္းမင္းစ္က ေခါင္းတုိက္ခ်ေပးရာမွာ အီဂ်စ္ေတာင္ပံကစားသမား ထေရဇီေဂးက အျပင္းကန္သြင္းယူခဲ့ရာမွာ ဧည့္သည္ဂိုးသမား မာတီနက္ဇ္ လွဳပ္ေတာင္မလွဳပ္လုိက္ရဘဲ ဂိုးဝင္သြားခဲ့တာလည္းျဖစ္ပါတယ္။

ထေရဇီေဂးကေတာ့ ၿပီးခဲ့တဲ့ လန္ဒန္သားေတြျဖစ္တဲ့ ခရစၥတယ္လ္ ပဲေလ့စ္အသင္းကို အႏိုင္ရရွိခဲ့တဲ့ ပြဲမွာလည္း အႏုိင္ဂိုးႏွစ္ဂိုးစလုံးကို သြင္းယူေပးခဲ့သူျဖစ္ၿပီး ဒီေန႔ပြဲမွာလည္း အာဆင္နယ္အသင္းကို ဂိုးသြင္းယူႏုိင္ခဲ့သလို ၿခိမ္းေျခာက္မွဳေတြ ျပဳလုပ္ေနႏုိင္ခဲ့တာျဖစ္ၿပီး ပထမပုိင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ဗီလာတုိ႔ကို ဦးေဆာင္ေစႏုိင္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ ေတာ္ရဲရားအစား ခ်ာကာကို ထည့္ၿပီး အာဆင္နယ္တုိ႔ အေျပာင္းအလဲလုပ္ေပမယ့္ ေတာင္ပံေတြကို ေသေသခ်ာခ်ာ နည္းစနစ္ပုိင္းအရ ေနရာခ်ထားျခင္း မရွိခဲ့တဲ့ အသင္းတုိက္စစ္က ဘာမွျဖစ္မလာခဲ့ဘဲ ပုိမိုမွားယြင္းတဲ့ လူစားလဲမွဳေတြျဖစ္တဲ့ ေဒးဗစ္ လူးဝစ္ဇ္ေနရာမွာ ေပေပ၊ ဆာကာေနရာမွာ တီယာနီနဲ႔ ဆီးဒရစ္ေနရာမွာ ဝီေလာ့ခ္ဆိုတာေတြကေတာ့ ဟာသဆန္ဆန္ ေဖ်ာ္ေျဖမွဳေတြလုိ႔ပဲ ျမင္မိပါတယ္။

ဒီလိုနဲ႔ ဒါနီ စီဘာေယာ့စ္နဲ႔ တီယာနီတုိ႔ရဲ႕ ႐ုန္းအားနဲ႔ ေဘာလုံးေပးပို႔မွဳေတြကို လိုက္လံတြဲဖက္ႏုိင္ျခင္းမရွိတဲ့ အာဆင္နယ္တုိက္စစ္က အူဘာမီယန္း၊ လာကာဇက္၊ နကီးတီးယားတုိ႔ရဲ႕ ေျခပ်က္မွဳနဲ႔ အလုပ္မျဖစ္ေတာ့ဘဲ ပြဲခ်ိန္ ၇၆ မိနစ္မွာ နကီးတီးယား ေထာင့္ကန္ေဘာက ေခါင္းတုိက္ခြင့္ တုိင္ထိသြားခဲ့တာ တစ္ခုပဲ ေျပာစရာျဖစ္ခဲ့ပါတယ္။

ဗီလာတုိ႔ကေတာ့ ခံစစ္ကို က်စ္က်စ္လ်စ္လ်စ္ ပိတ္ဆုိ႔ကစားသြားခဲ့ၿပီး ပါးပါးနပ္နပ္ အဖ်က္ကစားသြားႏုိင္ခဲ့သလို တန္ျပန္တုိက္စစ္နဲ႔ပဲ ျပန္လည္ရင္ဆုိင္ခဲ့ရာမွာ ဂရီးလစ္ရွ္ရဲ႕ ေကာင္တာကေန ထုိးေပးတဲ့ ေဘာလုံးကုိ ဂိုးသမား မာတီနက္ဇ္ ေနရာယူပဲ လြဲေနတာကို လူစားဝင္တုိက္စစ္မွဴး ေဒးဗစ္ ဝင္ေအာင္မကန္ႏုိင္ခဲ့လို႔ တစ္ဂိုးနစ္နာခဲ့ရပါတယ္။

ေနာက္ပုိင္းမွာေတာ့ တုိက္စစ္မွာ လူမ်ားၿပီး ပြဲမစည္တဲ့ အာဆင္နယ္တုိ႔ ဘာမွထပ္ၿပီး မလုပ္ႏုိင္ခဲ့ဘဲ ဝတ္ဖို႔ဒ္ရဲ႕ အရွဳံးေၾကာင့္ တန္းဆင္းဇုန္ကေန စိတ္အားထက္သန္စြာ ႐ုန္းေနခဲ့တဲ့ ဗီလာကို အရွဳံးေပးခဲ့ရၿပီး ယူ႐ိုပါလိဂ္ဝင္ခြင့္ကို လႊင့္ပစ္ခဲ့ၿပီျဖစ္သလို ဗီလာတုိ႔ကေတာ့ လာမယ့္ရာသီပိတ္ပြဲစဥ္မွာ သေရတစ္မွတ္ထက္ ပုိရဖို႔ မလြယ္တဲ့ ဝတ္ဖို႔ဒ္နဲ႔ ဘုန္းေမာက္တုိ႔ေၾကာင့္ ဝက္စ္ဟမ္းကို သေရကန္ႏုိင္ခဲ့ရင္ တန္းမဆင္းရဖို႔ အခြင့္အေရးကို လက္ရွိ ရပ္တည္မွဳျဖစ္တဲ့ အဆင့္ ၁၇ ေနရာက ရယူႏုိင္မွာလည္းျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းကတော့ အက်စတန်ဗီလာအသင်းကို အဝေးကွင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ အရှုံးပေးလိုက်ရပြီး သူတို့အနေနဲ့ အာရုံများနေတဲ့ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားကြားက ဇဝေဇဝါ အတွေးအခေါ်တွေကို အိမ်ရှင်ဗီလိန်တွေက အမှားအယွင်းမခံတဲ့ ကစားဟန်နဲ့ အဆင့် ၁၇ နေရာမှာ ရပ်တည်ဖို့ အခွင့်အရေးကို ရယူသွားနိုင်ခဲ့ပါတယ်။

ပွဲစကတည်းက ၃-၄-၃ နဲ့ ၄-၃-၃ မကွဲသလို ၄-၄-၂ လို့လည်း ဆိုလို့မရတဲ့ ဟန်ချက်မညီတဲ့ လူစာရင်းကို နည်းပြ အာတီတာက အိုးနင်းခွက်နင်း ခင်းကျင်းခဲ့ပြီး ကွင်းလယ်မှာလည်း နှစ်ယောက်သာ အဓိက ကစားရတဲ့ ကစားကွက်မှာ အဖျက်ကလွဲလို့ ဘာမှ မလုပ်တတ်တဲ့ တော်ရဲရားကို ထည့်သွင်းထားတာကတော့ ဒါနီ စီဘာယော့စ်တစ်ယောက်တည်း ရုန်းကန်ရဖို့ ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်တို့ တိုက်စစ်လမ်းကြောင်းတွေ ပျောက်ဆုံးနေခဲ့သလို ညာတောင်ပံကစားသမားအဖြစ် ဘယ်သူမှ မကစားချိန်မှာ နောက်ခံလူ ဆီးဒရစ်က ရှေ့အထိ တက်ထောက်နေရပြီး ဟာကွက်တွေများတဲ့ ကစားဟန်က ဗီလာတိုက်စစ် ညံ့ဖျင်းနေခဲ့လို့သာ သက်သာခဲ့တာဖြစ်သလို ကစားကွက်ကလဲ ဖရိုဖရဲဖြစ်နေခဲ့တာပါ။

ဒီနေ့ပွဲမှာ ဖိကစားနေတဲ့ အာဆင်နယ်တို့ ဂိုးမသွင်းနိုင်ချိန်မှာ မိမိရရ အခွင့်ကောင်းယူနိုင်ခဲ့တာကတော့ အိမ်ရှင် ဗီလာတို့ပဲဖြစ်ပြီး ပွဲချိန် ၂၇ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ နောက်ခံလူ တိုင်ရုန်းမင်းစ်က ခေါင်းတိုက်ချပေးရာမှာ အီဂျစ်တောင်ပံကစားသမား ထရေဇီဂေးက အပြင်းကန်သွင်းယူခဲ့ရာမှာ ဧည့်သည်ဂိုးသမား မာတီနက်ဇ် လှုပ်တောင်မလှုပ်လိုက်ရဘဲ ဂိုးဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ထရေဇီဂေးကတော့ ပြီးခဲ့တဲ့ လန်ဒန်သားတွေဖြစ်တဲ့ ခရစ္စတယ်လ် ပဲလေ့စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာလည်း အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့သူဖြစ်ပြီး ဒီနေ့ပွဲမှာလည်း အာဆင်နယ်အသင်းကို ဂိုးသွင်းယူနိုင်ခဲ့သလို ခြိမ်းခြောက်မှုတွေ ပြုလုပ်နေနိုင်ခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဗီလာတို့ကို ဦးဆောင်စေနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ တော်ရဲရားအစား ချာကာကို ထည့်ပြီး အာဆင်နယ်တို့ အပြောင်းအလဲလုပ်ပေမယ့် တောင်ပံတွေကို သေသေချာချာ နည်းစနစ်ပိုင်းအရ နေရာချထားခြင်း မရှိခဲ့တဲ့ အသင်းတိုက်စစ်က ဘာမှဖြစ်မလာခဲ့ဘဲ ပိုမိုမှားယွင်းတဲ့ လူစားလဲမှုတွေဖြစ်တဲ့ ဒေးဗစ် လူးဝစ်ဇ်နေရာမှာ ပေပေ၊ ဆာကာနေရာမှာ တီယာနီနဲ့ ဆီးဒရစ်နေရာမှာ ဝီလော့ခ်ဆိုတာတွေကတော့ ဟာသဆန်ဆန် ဖျော်ဖြေမှုတွေလို့ပဲ မြင်မိပါတယ်။

ဒီလိုနဲ့ ဒါနီ စီဘာယော့စ်နဲ့ တီယာနီတို့ရဲ့ ရုန်းအားနဲ့ ဘောလုံးပေးပို့မှုတွေကို လိုက်လံတွဲဖက်နိုင်ခြင်းမရှိတဲ့ အာဆင်နယ်တိုက်စစ်က အူဘာမီယန်း၊ လာကာဇက်၊ နကီးတီးယားတို့ရဲ့ ခြေပျက်မှုနဲ့ အလုပ်မဖြစ်တော့ဘဲ ပွဲချိန် ၇၆ မိနစ်မှာ နကီးတီးယား ထောင့်ကန်ဘောက ခေါင်းတိုက်ခွင့် တိုင်ထိသွားခဲ့တာ တစ်ခုပဲ ပြောစရာဖြစ်ခဲ့ပါတယ်။

ဗီလာတို့ကတော့ ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် ပိတ်ဆို့ကစားသွားခဲ့ပြီး ပါးပါးနပ်နပ် အဖျက်ကစားသွားနိုင်ခဲ့သလို တန်ပြန်တိုက်စစ်နဲ့ပဲ ပြန်လည်ရင်ဆိုင်ခဲ့ရာမှာ ဂရီးလစ်ရှ်ရဲ့ ကောင်တာကနေ ထိုးပေးတဲ့ ဘောလုံးကို ဂိုးသမား မာတီနက်ဇ် နေရာယူပဲ လွဲနေတာကို လူစားဝင်တိုက်စစ်မှူး ဒေးဗစ် ဝင်အောင်မကန်နိုင်ခဲ့လို့ တစ်ဂိုးနစ်နာခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ တိုက်စစ်မှာ လူများပြီး ပွဲမစည်တဲ့ အာဆင်နယ်တို့ ဘာမှထပ်ပြီး မလုပ်နိုင်ခဲ့ဘဲ ဝတ်ဖို့ဒ်ရဲ့ အရှုံးကြောင့် တန်းဆင်းဇုန်ကနေ စိတ်အားထက်သန်စွာ ရုန်းနေခဲ့တဲ့ ဗီလာကို အရှုံးပေးခဲ့ရပြီး ယူရိုပါလိဂ်ဝင်ခွင့်ကို လွှင့်ပစ်ခဲ့ပြီဖြစ်သလို ဗီလာတို့ကတော့ လာမယ့်ရာသီပိတ်ပွဲစဉ်မှာ သရေတစ်မှတ်ထက် ပိုရဖို့ မလွယ်တဲ့ ဝတ်ဖို့ဒ်နဲ့ ဘုန်းမောက်တို့ကြောင့် ဝက်စ်ဟမ်းကို သရေကန်နိုင်ခဲ့ရင် တန်းမဆင်းရဖို့ အခွင့်အရေးကို လက်ရှိ ရပ်တည်မှုဖြစ်တဲ့ အဆင့် ၁၇ နေရာက ရယူနိုင်မှာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.