La Liga Premier League Transfer News

ဟန္ဒါဆန္ရဲ႕ အနာဂတ္အတြက္ စဥ္းစားရေတာ့မယ့္ မန္ခ်က္စတာယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ရွက္ဖီးလ္ဒ္ယူႏုိက္တက္အသင္းဆီ အငွားခ်ထားတဲ့ သူတုိ႔ရဲ႕ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္အတြက္ အနာဂတ္ကို စတင္အဆုံးအျဖတ္ေပးရမယ့္အခ်ိန္ကို ေရာက္လာၿပီျဖစ္ၿပီး ဒီကစားသမားရဲ႕ လက္စြမ္းအရ သေဘာက်ေနတဲ့ အသင္းေတြ မ်ားျပားေနခ်ိန္မွာ စာခ်ဳပ္ခ်ဳပ္ၿပီး ေနရာေပးဖို႔နဲ႔ ေရာင္းခ်သြားဖို႔ကို စဥ္းစားရေတာ့မွာပဲျဖစ္ပါတယ္။

လက္ရွိမွာ တစ္ပတ္လုပ္ခ ေပါင္သုံးေသာင္းခြဲရရွိေနတဲ့ အသက္ ၂၃ ႏွစ္အရြယ္ အဂၤလန္ဂိုးသမားဟာ လက္ေရြးစင္အသင္းႀကီးမွာေတာ့ အရန္အျဖစ္သာ ေရြးခ်ယ္ခံရေသးသူျဖစ္ေပမယ့္ မၾကာခင္အခ်ိန္တြင္းမွာ ေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္နဲ႔ နစ္ခ္ ပုပ္တုိ႔ရဲ႕ ေနရာေတြကို ယွဥ္ၿပဳိင္လုယူသြားဖြယ္ရွိေနသလို ခ်ဲလ္ဆီး၊ ပီအက္စ္ဂ်ီနဲ႔ ဥေရာပအသင္းႀကီးရဲ႕ စိတ္ဝင္စားမွဳကိုလည္း ရရွိေနခဲ့ပါတယ္။

ဟန္ဒါဆန္အေနနဲ႔ လာမယ့္ရာသီမွာ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ နံပါတ္တစ္ေနရာကို ပစ္မွတ္ထားေနၿပီး လစာေငြကိုလည္း လက္ရွိႏွဳန္းထားထက္ သုံးဆအနည္းဆုံး ေပါင္တစ္သိန္းေက်ာ္ အလိုရွိေနတယ္လုိ႔ သိရၿပီး နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားနဲ႔ တာဝန္ရွိသူေတြအတြက္ေတာ့ ေသေသခ်ာခ်ာ စဥ္းစားရမယ့္ အေျခအေနကိုလည္း ေရာက္ရွိလာခဲ့ပါတယ္။

ဒေဟးယားရဲ႕ ပထမေနရာကို တရားဝင္ေတာင္းဆုိထားတဲ့ အဂၤလန္သားကို လာမယ့္ရာသီမွာ အုိးလ္ထရက္ဖို႔ဒ္ရဲ႕ ဦးစားေပးအျဖစ္ ထားရွိဖို႔ကေတာ့ သိပ္ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ မဟုတ္ႏုိင္ဘဲ အမွားမ်ားေနတဲ့ စပိန္သားကို ေရာင္းခ်မယ္ဆုိရင္ အသင္းေဟာင္း အက္သလက္တီကိုက ျပန္လည္ေခၚယူဖို႔ ျဖစ္ႏိုင္ေျခလည္း ရွိေနပါတယ္။

ေနာက္ဆုံးသတင္းေတြအရေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဟန္ဒါဆန္အတြက္ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းခုနစ္ေသာင္းအထိ ေပးေခ်သြားဖို႔ ျပင္ဆင္ထားတယ္လုိ႔ ဆိုၿပီး ယူႏုိက္တက္အေနနဲ႔ သူ႕ကို မေရာင္းခ်ဘဲ အသင္းမွာ ေနရာေပးမယ္ဆုိရင္ေတာ့ အေနာက္လန္ဒန္သားေတြအေနနဲ႔ တီကိုရဲ႕ ယန္ ေအာ့ဘ္လက္ကို ေခၚယူဖြယ္ရွိၿပီး ဒေဟးယားကေတာ့ ဒီကြက္လပ္အတြက္ အစားထိုးဝင္ေရာက္ႏုိင္ဖြယ္ရွိတဲ့ သုံးဦးသုံးဖလွယ္ အေျပာင္းအေရႊ႕ကို ျမင္ရဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းဆီ အငှားချထားတဲ့ သူတို့ရဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်အတွက် အနာဂတ်ကို စတင်အဆုံးအဖြတ်ပေးရမယ့်အချိန်ကို ရောက်လာပြီဖြစ်ပြီး ဒီကစားသမားရဲ့ လက်စွမ်းအရ သဘောကျနေတဲ့ အသင်းတွေ များပြားနေချိန်မှာ စာချုပ်ချုပ်ပြီး နေရာပေးဖို့နဲ့ ရောင်းချသွားဖို့ကို စဉ်းစားရတော့မှာပဲဖြစ်ပါတယ်။

လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင်သုံးသောင်းခွဲရရှိနေတဲ့ အသက် ၂၃ နှစ်အရွယ် အင်္ဂလန်ဂိုးသမားဟာ လက်ရွေးစင်အသင်းကြီးမှာတော့ အရန်အဖြစ်သာ ရွေးချယ်ခံရသေးသူဖြစ်ပေမယ့် မကြာခင်အချိန်တွင်းမှာ ဂျော်ဒန် ပစ်ခ်ဖို့ဒ်နဲ့ နစ်ခ် ပုပ်တို့ရဲ့ နေရာတွေကို ယှဉ်ပြိုင်လုယူသွားဖွယ်ရှိနေသလို ချဲလ်ဆီး၊ ပီအက်စ်ဂျီနဲ့ ဥရောပအသင်းကြီးရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိနေခဲ့ပါတယ်။

ဟန်ဒါဆန်အနေနဲ့ လာမယ့်ရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နံပါတ်တစ်နေရာကို ပစ်မှတ်ထားနေပြီး လစာငွေကိုလည်း လက်ရှိနှုန်းထားထက် သုံးဆအနည်းဆုံး ပေါင်တစ်သိန်းကျော် အလိုရှိနေတယ်လို့ သိရပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားနဲ့ တာဝန်ရှိသူတွေအတွက်တော့ သေသေချာချာ စဉ်းစားရမယ့် အခြေအနေကိုလည်း ရောက်ရှိလာခဲ့ပါတယ်။

ဒဟေးယားရဲ့ ပထမနေရာကို တရားဝင်တောင်းဆိုထားတဲ့ အင်္ဂလန်သားကို လာမယ့်ရာသီမှာ အိုးလ်ထရက်ဖို့ဒ်ရဲ့ ဦးစားပေးအဖြစ် ထားရှိဖို့ကတော့ သိပ်ခက်ခဲတဲ့ ဆုံးဖြတ်ချက် မဟုတ်နိုင်ဘဲ အမှားများနေတဲ့ စပိန်သားကို ရောင်းချမယ်ဆိုရင် အသင်းဟောင်း အက်သလက်တီကိုက ပြန်လည်ခေါ်ယူဖို့ ဖြစ်နိုင်ခြေလည်း ရှိနေပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ ချဲလ်ဆီးအသင်းအနေနဲ့ ဟန်ဒါဆန်အတွက် တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းခုနစ်သောင်းအထိ ပေးချေသွားဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပြီး ယူနိုက်တက်အနေနဲ့ သူ့ကို မရောင်းချဘဲ အသင်းမှာ နေရာပေးမယ်ဆိုရင်တော့ အနောက်လန်ဒန်သားတွေအနေနဲ့ တီကိုရဲ့ ယန် အော့ဘ်လက်ကို ခေါ်ယူဖွယ်ရှိပြီး ဒဟေးယားကတော့ ဒီကွက်လပ်အတွက် အစားထိုးဝင်ရောက်နိုင်ဖွယ်ရှိတဲ့ သုံးဦးသုံးဖလှယ် အပြောင်းအရွှေ့ကို မြင်ရဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.