Premier League

၂၂.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလဆန္း ၃ ရက္၊ ဗုဒၶဟူးေန႔။

၂၂.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလဆန္း ၃ ရက္၊ ဗုဒၶဟူးေန႔၊ ရက္ရာဇာ၊ မြန္းလြဲျပႆဒါး။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ည ၂၀:၂၁ အထိ တိထီ ၂ လုံး။ ေက်ာ္လွ်င္ ၃ လုံး။ ၂ လုံးတြင္ သိဒၶိယုဂ္ႏွင့္ အဆိပ္ယုဂ္၊ မိမိအလိုရွိေသာ ကိစၥမ်ား၊ အထူးသျဖင့္ အဖ်က္သေဘာ၊ ရန္မ်ားႏွင့္ ရင္ဆုိင္ရမည့္ကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။ ၃ လုံးတြင္ မတယုဂ္ႏွင့္ ေလာင္ကၽြမ္းယုဂ္၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုေသာ၊ အဖ်က္သေဘာေဆာင္ေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ည ၂၀:၁၄ အထိ အႆလိႆနကၡတ္။ ေက်ာ္လွ်င္ မာဃနကၡတ္။ ညေန ၁၅:၅၄ အထိ သိဒၶိယုဂ္၊ ေအာင္ျမင္မွဳရျခင္း၊ အကာအကြယ္ရျခင္း၊ ကၽြမ္းက်င္မွဳျဖင့္ ၿပီးျပည့္စုံေစျခင္းျဖစ္၍ မိမိ ကၽြမ္းက်င္ပိုင္ႏုိင္ေသာအလုပ္အား ေရြးခ်ယ္လုပ္ေဆာင္ပါ။ ေက်ာ္လွ်င္ ဗ်ာတိပါတယုဂ္၊ ႐ုတ္တရက္ ထိခိုက္မိျခင္း၊ ကံဆုိးတတ္ျခင္း၊ ထိန္ခ်န္သိုဝွက္ အ႐ူးလုပ္ခံရျခင္း၊ သတိႀကီးႀကီးထား၍ ဂ႐ုတစိုက္ သြားလာေနထုိင္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၉:၂၅ အထိ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။ ည ၂၀:၂၁ အထိ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသုိင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေတတုလက႐ိုဏ္း၊ စကားေကာင္း ေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ည ၂၀:၂၁ အထိ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။ ေက်ာ္လွ်င္ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မုိးျပာေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၂.၇.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၃ ရက်၊ ဗုဒ္ဓဟူးနေ့၊ ရက်ရာဇာ၊ မွန်းလွဲပြဿဒါး။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ည ၂၀:၂၁ အထိ တိထီ ၂ လုံး။ ကျော်လျှင် ၃ လုံး။ ၂ လုံးတွင် သိဒ္ဓိယုဂ်နှင့် အဆိပ်ယုဂ်၊ မိမိအလိုရှိသော ကိစ္စများ၊ အထူးသဖြင့် အဖျက်သဘော၊ ရန်များနှင့် ရင်ဆိုင်ရမည့်ကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ၃ လုံးတွင် မတယုဂ်နှင့် လောင်ကျွမ်းယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသော၊ အဖျက်သဘောဆောင်သော အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ည ၂၀:၁၄ အထိ အဿလိဿနက္ခတ်။ ကျော်လျှင် မာဃနက္ခတ်။ ညနေ ၁၅:၅၄ အထိ သိဒ္ဓိယုဂ်၊ အောင်မြင်မှုရခြင်း၊ အကာအကွယ်ရခြင်း၊ ကျွမ်းကျင်မှုဖြင့် ပြီးပြည့်စုံစေခြင်းဖြစ်၍ မိမိ ကျွမ်းကျင်ပိုင်နိုင်သောအလုပ်အား ရွေးချယ်လုပ်ဆောင်ပါ။ ကျော်လျှင် ဗျာတိပါတယုဂ်၊ ရုတ်တရက် ထိခိုက်မိခြင်း၊ ကံဆိုးတတ်ခြင်း၊ ထိန်ချန်သိုဝှက် အရူးလုပ်ခံရခြင်း၊ သတိကြီးကြီးထား၍ ဂရုတစိုက် သွားလာနေထိုင်ပါ။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၉:၂၅ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ည ၂၀:၂၁ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ည ၂၀:၂၁ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)