Premier League

ပြဲစဥ္ဇယားသာခ်ိန္မွာ အမွားမခံဘဲ ကစားရမယ့္ ယူႏုိက္တက္နဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္တုိက္ပြဲ အလားအလာ

မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ခ်ဲလ္ဆီးနဲ႔ပြဲက လူထုတ္ပုံနဲ႔ ဂိုးသမား ေဒးဗစ္ ဒေဟးယားတုိ႔ရဲ႕ အမွားေတြကေတာ့ ဒီရာသီမွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ကို အထိနာသြားေစႏုိင္တဲ့ အားနည္းခ်က္ေတြ ျဖစ္ေနခဲ့ၿပီး နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ေတာ့ လက္က်န္ပြဲစဥ္ဇယားက ကိုယ့္ဘက္မွာ ရွိေနခ်ိန္မွာ အမွားထပ္မလုပ္ဘဲ ဖိဖိစီးစီးကစားရဖို႔ ရွိေနပါတယ္။

လာမယ့္ ဗုဒၶဟူးေန႔ညမွာ အိမ္ကြင္း အုိးလ္ထရက္ဖို႔ဒ္မွာ တန္းဆင္းဇုန္ကေန လြတ္ဖို႔ ေသခ်ာသေလာက္ရွိလာတဲ့ ဝက္စ္ဟမ္းနဲ႔ ကစားရမယ့္ ပြဲအျပင္ ရာသီပိတ္ပြဲအျဖစ္ ကင္းပါဝါကြင္းမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ၿပဳိင္ဘက္ လက္စတာနဲ႔ ေတြ႕ဆုံရာမွာေတာ့ သူတုိ႔ကို အဆင့္ ၄ ျပင္ပကို တြန္းထုတ္ႏုိင္ဖို႔က အေရးႀကီးေနပါတယ္။

အဆင့္ ၃ မွာ ၆၃ မွတ္နဲ႔ ရပ္တည္ေနတဲ့ ခ်ဲလ္ဆီးကေတာ့ လက္က်န္ပြဲစဥ္ေတြအရ အေဝးကြင္းမွာ လီဗာပူးလ္၊ အိမ္ကြင္းမွာ ဝုလ္ဗ္စ္တုိ႔နဲ႔ ေတြ႕ဆုံေနသလို ႏွစ္ပြဲစလုံးႏုိင္ရင္ ၆၉ မွတ္ ရမွာျဖစ္ၿပီး မေမွ်ာ္လင့္ဘဲ ဒီႏွစ္ပြဲစလုံးကို ရွဳံးခဲ့ရင္ေတာင္မွ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ လက္စတာကို အႏုိင္ယူခဲ့ရင္ အဆင့္ ၄ ေနရာကေန ခ်န္ပီယံလိဂ္ ဝင္ခြင့္ရွိမွာျဖစ္ပါတယ္။

ဒီလိုမဟုတ္ဘဲ မန္ခ်က္စတာသားေတြအေနနဲ႔ အေဝးကြင္းမွာ သေရက်ခ်ိန္မွာ လက္က်န္ႏွစ္ပြဲဆီက ခ်ဲလ္ဆီးတို႔ တစ္မွတ္မွ မရခဲ့ဘူးဆုိရင္ေတာ့ ဂိုးကြာျခားခ်က္အရ လက္စတာကို ဖယ္ေပးရမွာျဖစ္ေနလို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို မမီႏုိင္ေတာ့တဲ့ ဝုလ္ဗ္တုိ႔ဆီက သူတုိ႔ အနည္းဆုံး တစ္မွတ္ရွာေဖြသြားဖို႔ ရွိေနပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ လက္ရွိ တုိက္စစ္အင္အား Fire Power အရေတာ့ အိမ္ကြင္းမွာ တန္းဆင္းဇုန္က လြတ္ဖို႔ လက္က်န္ႏွစ္ပြဲမွာ ၁၄ ဂိုးေပးၿပီး မရွဳံးရင္ရေနၿပီျဖစ္တဲ့ ဝက္စ္ဟမ္းကို အႏုိင္ကစားႏုိင္စြမ္း ရွိေနသလို ပြဲစဥ္ ၃၇ အၿပီးမွာ ၆၅ မွတ္ ရယူႏုိင္ေျခရွိေနၿပီး ဒီပြဲၿပီးရင္ေတာ့ ကင္းပါဝါမွာ ၆၅ မွတ္နဲ႔ ရာသီသိမ္းႏုိင္ဖို႔ ႀကဳိးစားမယ့္ ဘရန္ဒန္ ေရာ့ဂ်ားစ္နဲ႔ ေတြ႕မယ့္ပြဲက အေရးပါလာမွာျဖစ္ပါတယ္။

လက္ရွိအသင္းမွာေတာ့ အားအနည္းဆုံးျဖစ္ေနတာကေတာ့ ၄ ေယာက္တန္း ဘယ္ေနာက္ခံလူေနရာမွာ ေကာင္းေကာင္းမကစားတတ္တဲ့ ဘရန္ဒန္ ဝီလီယမ္စ္ျဖစ္ေနၿပီး ဆုိးလ္ရွားအေနနဲ႔ သူ႕ကို ထပ္မယုံၾကည္ေတာ့ဘဲ လုခ္ေရွာ ျပန္မလာႏုိင္ေသးရင္ေတာ့ ပဲေလ့စ္နဲ႔ ပြဲကလိုပဲ ဖိုဆူမန္ဆာကို ဘယ္ျခမ္းမွာ ထားကစားသင့္ပါတယ္။

တကယ္လို႔ ေနာက္ဆုံးပြဲစဥ္ကို ကစားၿပီးလို႔ ခ်ဲလ္ဆီးက ႏွစ္မွတ္ထပ္ရမယ္ဆိုရင္ ၆၅ မွတ္၊ ယူႏုိက္တက္ကို လက္စတာသာ ကင္းပါဝါကြင္းမွာ အႏိုင္ရရွိခဲ့မယ္ရင္ ႏွစ္သင္းစလုံး ၆၅ မွတ္ဆုိရင္ ဂိုးကြာျခားခ်က္အရ လက္ရွိအခ်ိန္အထိ +၁၃ သာ ရွိေသးတဲ့ လမ္းပတ္တုိ႔အဖြဲ႕ အထိနာဖို႔ ရွိပါတယ္။

လက္က်န္ပြဲစဥ္ေတြက ခ်ဲလ္ဆီးနဲ႔ လက္စတာအတြက္ သိပ္ၿပီး မလွပခ်ိန္မွာ သရဲနီေတြအေနနဲ႔ အမွားမခံဘဲ ဝက္စ္ဟမ္းနဲ႔ အိမ္ကြင္းပြဲမွာ ရမွတ္ သုံးမွတ္ကို သိမ္းပုိက္ထားႏုိင္ဖို႔ကေတာ့ ဆုိးလ္ရွားနဲ႔ အသင္းသားေတြအတြက္ အဓိက ရည္မွန္းခ်က္ျဖစ္ေနၿပီး ဒီပြဲမွာ လိုခ်င္တဲ့အတုိင္းျဖစ္ခဲ့ရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို အဆင့္ ၃ ေနရာက ရယူႏုိင္ဖို႔ မ်ားသလို အေဝးကြင္းမွာ လက္စတာကို မရွဳံးရင္ ေအာင္ပြဲခံႏုိင္ၿပီလည္းျဖစ္လို႔ ပရိသတ္ေတြ ေမွ်ာ္လင့္ရင္ခုန္ႏုိင္ဖို႔ တြက္ခ်က္ေဖာ္ျပေပးလုိက္ပါတယ္။

KIZARNO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အနေနဲ့ ချဲလ်ဆီးနဲ့ပွဲက လူထုတ်ပုံနဲ့ ဂိုးသမား ဒေးဗစ် ဒဟေးယားတို့ရဲ့ အမှားတွေကတော့ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ကို အထိနာသွားစေနိုင်တဲ့ အားနည်းချက်တွေ ဖြစ်နေခဲ့ပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့တော့ လက်ကျန်ပွဲစဉ်ဇယားက ကိုယ့်ဘက်မှာ ရှိနေချိန်မှာ အမှားထပ်မလုပ်ဘဲ ဖိဖိစီးစီးကစားရဖို့ ရှိနေပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ တန်းဆင်းဇုန်ကနေ လွတ်ဖို့ သေချာသလောက်ရှိလာတဲ့ ဝက်စ်ဟမ်းနဲ့ ကစားရမယ့် ပွဲအပြင် ရာသီပိတ်ပွဲအဖြစ် ကင်းပါဝါကွင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက် လက်စတာနဲ့ တွေ့ဆုံရာမှာတော့ သူတို့ကို အဆင့် ၄ ပြင်ပကို တွန်းထုတ်နိုင်ဖို့က အရေးကြီးနေပါတယ်။

အဆင့် ၃ မှာ ၆၃ မှတ်နဲ့ ရပ်တည်နေတဲ့ ချဲလ်ဆီးကတော့ လက်ကျန်ပွဲစဉ်တွေအရ အဝေးကွင်းမှာ လီဗာပူးလ်၊ အိမ်ကွင်းမှာ ဝုလ်ဗ်စ်တို့နဲ့ တွေ့ဆုံနေသလို နှစ်ပွဲစလုံးနိုင်ရင် ၆၉ မှတ် ရမှာဖြစ်ပြီး မမျှော်လင့်ဘဲ ဒီနှစ်ပွဲစလုံးကို ရှုံးခဲ့ရင်တောင်မှ မန်ချက်စတာယူနိုက်တက်အနေနဲ့ လက်စတာကို အနိုင်ယူခဲ့ရင် အဆင့် ၄ နေရာကနေ ချန်ပီယံလိဂ် ဝင်ခွင့်ရှိမှာဖြစ်ပါတယ်။

ဒီလိုမဟုတ်ဘဲ မန်ချက်စတာသားတွေအနေနဲ့ အဝေးကွင်းမှာ သရေကျချိန်မှာ လက်ကျန်နှစ်ပွဲဆီက ချဲလ်ဆီးတို့ တစ်မှတ်မှ မရခဲ့ဘူးဆိုရင်တော့ ဂိုးကွာခြားချက်အရ လက်စတာကို ဖယ်ပေးရမှာဖြစ်နေလို့ ချန်ပီယံလိဂ်ဝင်ခွင့်ကို မမီနိုင်တော့တဲ့ ဝုလ်ဗ်တို့ဆီက သူတို့ အနည်းဆုံး တစ်မှတ်ရှာဖွေသွားဖို့ ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ လက်ရှိ တိုက်စစ်အင်အား Fire Power အရတော့ အိမ်ကွင်းမှာ တန်းဆင်းဇုန်က လွတ်ဖို့ လက်ကျန်နှစ်ပွဲမှာ ၁၄ ဂိုးပေးပြီး မရှုံးရင်ရနေပြီဖြစ်တဲ့ ဝက်စ်ဟမ်းကို အနိုင်ကစားနိုင်စွမ်း ရှိနေသလို ပွဲစဉ် ၃၇ အပြီးမှာ ၆၅ မှတ် ရယူနိုင်ခြေရှိနေပြီး ဒီပွဲပြီးရင်တော့ ကင်းပါဝါမှာ ၆၅ မှတ်နဲ့ ရာသီသိမ်းနိုင်ဖို့ ကြိုးစားမယ့် ဘရန်ဒန် ရော့ဂျားစ်နဲ့ တွေ့မယ့်ပွဲက အရေးပါလာမှာဖြစ်ပါတယ်။

လက်ရှိအသင်းမှာတော့ အားအနည်းဆုံးဖြစ်နေတာကတော့ ၄ ယောက်တန်း ဘယ်နောက်ခံလူနေရာမှာ ကောင်းကောင်းမကစားတတ်တဲ့ ဘရန်ဒန် ဝီလီယမ်စ်ဖြစ်နေပြီး ဆိုးလ်ရှားအနေနဲ့ သူ့ကို ထပ်မယုံကြည်တော့ဘဲ လုခ်ရှော ပြန်မလာနိုင်သေးရင်တော့ ပဲလေ့စ်နဲ့ ပွဲကလိုပဲ ဖိုဆူမန်ဆာကို ဘယ်ခြမ်းမှာ ထားကစားသင့်ပါတယ်။

တကယ်လို့ နောက်ဆုံးပွဲစဉ်ကို ကစားပြီးလို့ ချဲလ်ဆီးက နှစ်မှတ်ထပ်ရမယ်ဆိုရင် ၆၅ မှတ်၊ ယူနိုက်တက်ကို လက်စတာသာ ကင်းပါဝါကွင်းမှာ အနိုင်ရရှိခဲ့မယ်ရင် နှစ်သင်းစလုံး ၆၅ မှတ်ဆိုရင် ဂိုးကွာခြားချက်အရ လက်ရှိအချိန်အထိ +၁၃ သာ ရှိသေးတဲ့ လမ်းပတ်တို့အဖွဲ့ အထိနာဖို့ ရှိပါတယ်။

လက်ကျန်ပွဲစဉ်တွေက ချဲလ်ဆီးနဲ့ လက်စတာအတွက် သိပ်ပြီး မလှပချိန်မှာ သရဲနီတွေအနေနဲ့ အမှားမခံဘဲ ဝက်စ်ဟမ်းနဲ့ အိမ်ကွင်းပွဲမှာ ရမှတ် သုံးမှတ်ကို သိမ်းပိုက်ထားနိုင်ဖို့ကတော့ ဆိုးလ်ရှားနဲ့ အသင်းသားတွေအတွက် အဓိက ရည်မှန်းချက်ဖြစ်နေပြီး ဒီပွဲမှာ လိုချင်တဲ့အတိုင်းဖြစ်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်ကို အဆင့် ၃ နေရာက ရယူနိုင်ဖို့ များသလို အဝေးကွင်းမှာ လက်စတာကို မရှုံးရင် အောင်ပွဲခံနိုင်ပြီလည်းဖြစ်လို့ ပရိသတ်တွေ မျှော်လင့်ရင်ခုန်နိုင်ဖို့ တွက်ချက်ဖော်ပြပေးလိုက်ပါတယ်။

KIZARNO
PHOTOS CREDIT TO OWNERS
SPORTS A2Z.