Premier League

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ ဆက္စပ္သတင္းမ်ား တစ္ေန႔တာ စုစည္းမွဳ

ၿပီးခဲ့တဲ့ အဂၤါေန႔အတြက္ ရရွိခဲ့တဲ့ တစ္ေန႔တာအတြင္း ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ရာသီကုန္မွာ ထိပ္ဆုံးေလးသင္းအတြင္းကို မန္ခ်က္စတာယူႏိုက္တက္ထက္စာရင္ ရွက္ဖီးလ္ဒ္ယူႏိုက္တက္၊ ၀ုလ္ဗ္စ္နဲ႔ ေနာက္ဆံုး အာဆင္နယ္အသင္းေတာင္ ပိုၿပီး၀င္ႏိုင္ေျခရွိတယ္လို႔ စပါးစ္နည္းျပ ဟိုေဆး ေမာ္ရင္ဟိုက ေ၀ဖန္လိုက္ပါတယ္။

– ကိုရိုးနာဗိုင္းရပ္စ္နဲ႔ ပတ္သက္လို႔ ေလွာင္ေျပာင္ခဲ့တဲ့ ဗီဒီယိုကလစ္ကို တင္ခဲ့လို႔ စပါးကြင္းလယ္လူ ဒယ္လီ အလီကို အက္ဖ္ေအက စံုစမ္းေနပါတယ္။ သတင္းေတြ အရေတာ့ အလီကို (၁)ပြဲပယ္ဖို႔ ရွိေနၿပီး အက္စတြန္ဗီလာနဲ႔ ပြဲကို လြဲေခ်ာ္ဖြယ္ရွိေနပါတယ္။

– ဖီနာဘာခ်ီအသင္းမွာ ေျခစြမ္းျပေနၿပီး ပြဲ ၂၀ မွာ ၁၂ ဂိုးအထိ သြင္းယူထားတဲ့ ကိုဆိုဗိုိတုိက္စစ္မွဴး ဗီဒက္ မူရီက်ီကို လာဇီယိုနဲ႔ အၿပိဳင္ေခၚယူဖို႔ စပါးစ္အသင္းက ႀကိဳးစားေနၿပီး အရပ္အေမာင္းျမင့္မားစြာနဲ႔ တိုးတုိးတိုက္တိုက္ ကစားႏုိင္သူလို႔ သိရွိရပါတယ္။

-လာမယ့္ေႏြရာသီေစ်းကြက္မွာ ေပါင္သန္း(၁၂၀)အထိ အသံုးျပဳဖို႔ ျပင္ဆင္ေနတဲ့ စပါးစ္အသင္းဟာ ဘုန္းေမာက္ေနာက္ခံလူ နာသန္ ေအကီနဲ႔ လက္စတာစီးတီး ဘယ္ေနာက္ခံလူ ဘန္ ေခ်းလ္၀ဲလ္တို႔ကို ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။

-စာခ်ဳပ္သစ္ကို လက္ရွိအခ်ိန္အထိ မရရွိေသးဘဲ စပါးကေန ထြက္ဖို႔ ေသခ်ာသေလာက္ရွိေနတဲ့ အသက္ ၃၂ ႏွစ္အရြယ္ ေနာက္ခံလူ ယန္ ဗာတြန္ဂန္ကို ေအဂ်က္ဇ္အသင္းက ျပန္လည္ေခၚယူဖို႔ နီးစပ္ေနပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ အင်္ဂါနေ့အတွက် ရရှိခဲ့တဲ့ တစ်နေ့တာအတွင်း တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ရာသီကုန်မှာ ထိပ်ဆုံးလေးသင်းအတွင်းကို မန်ချက်စတာယူနိုက်တက်ထက်စာရင် ရှက်ဖီးလ်ဒ်ယူနိုက်တက်၊ ဝုလ်ဗ်စ်နဲ့ နောက်ဆုံး အာဆင်နယ်အသင်းတောင် ပိုပြီးဝင်နိုင်ခြေရှိတယ်လို့ စပါးစ်နည်းပြ ဟိုဆေး မော်ရင်ဟိုက ဝေဖန်လိုက်ပါတယ်။

– ကိုရိုးနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ လှောင်ပြောင်ခဲ့တဲ့ ဗီဒီယိုကလစ်ကို တင်ခဲ့လို့ စပါးကွင်းလယ်လူ ဒယ်လီ အလီကို အက်ဖ်အေက စုံစမ်းနေပါတယ်။ သတင်းတွေ အရတော့ အလီကို (၁)ပွဲပယ်ဖို့ ရှိနေပြီး အက်စတွန်ဗီလာနဲ့ ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။

– ဖီနာဘာချီအသင်းမှာ ခြေစွမ်းပြနေပြီး ပွဲ ၂၀ မှာ ၁၂ ဂိုးအထိ သွင်းယူထားတဲ့ ကိုဆိုဗိုတိုက်စစ်မှူး ဗီဒက် မူရီကျီကို လာဇီယိုနဲ့ အပြိုင်ခေါ်ယူဖို့ စပါးစ်အသင်းက ကြိုးစားနေပြီး အရပ်အမောင်းမြင့်မားစွာနဲ့ တိုးတိုးတိုက်တိုက် ကစားနိုင်သူလို့ သိရှိရပါတယ်။

-လာမယ့်နွေရာသီဈေးကွက်မှာ ပေါင်သန်း(၁၂၀)အထိ အသုံးပြုဖို့ ပြင်ဆင်နေတဲ့ စပါးစ်အသင်းဟာ ဘုန်းမောက်နောက်ခံလူ နာသန် အေကီနဲ့ လက်စတာစီးတီး ဘယ်နောက်ခံလူ ဘန် ချေးလ်ဝဲလ်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

-စာချုပ်သစ်ကို လက်ရှိအချိန်အထိ မရရှိသေးဘဲ စပါးကနေ ထွက်ဖို့ သေချာသလောက်ရှိနေတဲ့ အသက် ၃၂ နှစ်အရွယ် နောက်ခံလူ ယန် ဗာတွန်ဂန်ကို အေဂျက်ဇ်အသင်းက ပြန်လည်ခေါ်ယူဖို့ နီးစပ်နေပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.