International

ရုရှားကို ကမ္ဘာ့ဘောလုံးလောကမှာ ပြန်လည်ကြိုဆိုဖို့အတွက် စဉ်းစားနေတဲ့ ဖီဖာ

ဖီဖာဥက္ကဌ အင်ဖန်တီနိုက ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုတွေကို အဆုံးသတ်လိုက်တာနဲ့တပြိုင်နက် ရုရှားအသင်းတွေအနေနဲ့ ကမ္ဘာ့ဘောလုံးလောကမှာ ပြန်လည်ကြိုဆိုခြင်းခံရမယ်လို့ ကြေညာခဲ့ပါတယ်။

“နောက်ထပ်တစ်ကြိမ် ဘောလုံးကစားဖို့ ပထမဆုံးနေ့ဆိုတာ ရှိလာပါလိမ့်မယ်”လို့ အင်ဖန်တီနိုက ယခုနှစ် ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပမယ့် ကာတာမှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့အစည်း ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီကနေ Order of Friendship ဆုကို ချီးမြှင့်ခြင်းခံခဲ့ရတဲ့ အင်ဖန်တီနိုက ယူကရိန်းကနေ ထွက်ပေါ်လာတဲ့ သတင်းတွေကြောင့် စိတ်မကောင်းဖြစ်မိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ရုရှားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက ပိတ်ပင်တားမြစ်ထားခဲ့တာမျိုးမရှိတာကြောင့် ညီလာခံမှာ ရုရှားဘက်က ကိုယ်စားလှယ်တွေ ရှိနေခဲ့တာက မှန်ကန်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံအသင်းနဲ့ ကလပ်အသင်းသတွေဟာ ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရပေမယ့် အင်ဖန်တီနိုက ရုရှားဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ စကားဝိုင်း ဆွေးနွေးမှုတွေ ဆက်လက်ထိန်းသိမ်းထားဖို့က အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။

“အခုဖြစ်နေတာတွေအတွက် ကျွန်တော် အရမ်းကို ဝမ်းနည်းရပြီး အားလုံးအတိုင်းပဲ ကျွန်တော် စိတ်မကောင်းဖြစ်ခဲ့မိပါတယ်။ ကျွန်တော်တို့ ရုရှားနဲ့ ရုရှားအသင်းတွေကို ဆိုင်းငံ့ထားခဲ့ပါတယ်။ အဲဒါက လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက ဘောလုံးကို ချစ်မြတ်နိုးတဲ့သူတွေဖြစ်နေလို့ပါ။ ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ရပြီး အခု ကျွန်တော်တို့ ရန်လိုမှုတွေကို ရပ်တန့်နိုင်ပြီး ငြိမ်းချမ်းရေးလေး နည်းနည်းလောက် ယူဆောင်ပေးနိုင်ဖို့ စောင့်မျှော်နေပါတယ်”

“ရုရှားအပေါ် ဆုံးဖြတ်ချက်တွေက ချမှတ်ခဲ့ပြီးပါပြီ။ ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ အားကစားခုံသမာဓိရုံးကို ဆုံးဖြတ်ချက်အတွက် အယူခံဝင်ခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဆွေးနွေးမှုရလဒ်တွေကို စောင့်ဆိုင်းနေပါတယ်။ နောက်ဘာဆက်ဖြစ်လာမလဲ ကျွန်တော်တို့ စောင့်ကြည့်မှာပါ။ ကျွန်တော်ကတော့ ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ ရိုးရိုးသားသားပဲ မျှော်လင့်ပြီး နောက်ထပ်တစ်ကြိမ် ကျွန်တော်တို့ ဘောလုံးကစားရမယ့် ပထမဆုံးနေ့ရှိလာမှာပါ။ ဘာလို့လဲဆိုတော့ အဲဒါက ဒီနိုင်ငံမှာ လိုအပ်နေတဲ့အရာလို့ ကျွန်တော် ထင်လို့ပါ”

“ရုရှားက အခြား ဘောလုံးအဖွဲ့ချုပ်တွေလိုမျိုး ဖီဖာရဲ့ ဆိုင်းငံ့ခြင်းကို မခံခဲ့ရတဲ့ ဘောလုံးအဖွဲ့ချုပ်ဖြစ်ပြီး ဒီညီလာခံမှာလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ ၂၀၁၈ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကာတာနိုင်ငံက နိုဝင်ဘာနဲ့ ဒီဇင်ဘာလတို့မှာ ယှဉ်ပြိုင်ကစားသွားမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။

ကာတာအနေနဲ့ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်သင့်လားဆိုတာကို ဖီဖာက ဘယ်အချက်တွေပေါ် မူတည်ပြီး စဉ်းစားတာလဲဆိုတာကို လက်ရှိအချိန်မှာ မေးခွန်းတွေ မြင့်တက်နေပြီး ဒီဆုံးဖြတ်ချက်ကို ဆပ်ဘလတ္တာ ဥက္ကဌဖြစ်နေချိန်အတွင်းမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

“ကာတာ ကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်ခဲ့တာ အခုဆိုရင် ၁၂ နှစ်ရှိပါပြီ။ ဒီကိစ္စတွေဖြစ်ပျက်ခဲ့တဲ့အချိန်မှာ ကျွန်တော်က ဖီဖာနဲ့ ဝေးကွာနေတဲ့အချိန်ပါ”လို့ အဲဒီအချိန်တုန်းက ယူအီးအက်ဖ်အေ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေခဲ့တဲ့ အင်ဖန်တီနိုက ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ အခုဆိုရင် မတူညီတဲ့ ကမ်းလှမ်းမှုလုပ်ငန်းစဉ်တွေကို သတ်မှတ်ထားပြီး အဲဒါက တော်တော်လေးကို ထူးခြားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် အရင်တုန်းက ပြုပြင်ပြောင်းလဲဖို့ ပြောခဲ့ပါတယ်။ အဲဒါက ဆက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ရှိနေလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အဲဒါက ပွင့်လင်းပြီး မြင်သာမှု ရှိရပါမယ်။ အဲဒါက ပရော်ဖက်ရှင်နယ်အလုပ်တစ်ခုဖြစ်ပြီး တစ်စုံတယောက်အတွက် ခင်ဗျား မဲပေးတဲ့အခါမှာ ဘာကြောင့် မဲပေးလဲဆိုတာကို ခင်ဗျား သိမှာပါ။ ဒါက ၂၀၂၆ အမျိုးသား ကမ္ဘာ့ဖလားနဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားအတွက် ဖြစ်ခဲ့တဲ့အရာပါ”

“ဒီလို ဆုံးဖြတ်ချက်တွေမှာတောင် အမှန်တရားကို အခြေခံတဲ့ မဲထက် နိုင်ငံရေးအရ မဲပေးတာတွေကို ကျွန်တော်တို့ မြင်တွေ့နေရပါသေးတယ်။ အဲဒါက ပြိုင်ပွဲရဲ့ တစ်စိတ်တပိုင်းလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ကာတာ ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်က ချမှတ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ အကောင်းဆုံးကမ္ဘာ့ဖလားကို ကာတာမှာ ကျင်းပသွားမှာာဖြစ်ပြီး ဘယ်လိုကိစ္စမျိုးအတွက်မှ နောက်ပြန်မဆုတ်ပါဘူး။ ကျွန်တော်တို့ ရှေ့ဆက်သွားသင့်ပြီး ဘာတွေဖြစ်ပျက်မလဲဆိုတာကို ကြည့်သင့်ပါတယ်။ ဒီနိုင်ငံမှာ လုပ်သားတွေရဲ့ အခွင့်အရေးနဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲတွေအားလုံးနဲ့ ရှေ့အနာဂတ်မှာ ဖြစ်လာမယ့်အပြောင်းအလဲတွေဟာ ကမ္ဘာ့ဖလားကို အဲဒီမှာ ကျင်းပဖို့ စီစဉ်သူမပါဝင်ဘဲ တူညီတဲ့ မြန်နှုန်းအတိုင်း ကျိန်းသေပေါက် ဖြစ်မလာနိုင်တာ ဒါမှမဟုတ် မဖြစ်ပျက်လာနိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ရုရှားအသင်းဟာ အုပ်စုအသေး ၄ သင်းထဲမှာ ပိုလန်နဲ့ ယှဉ်ပြိုင်ကစားဖို့ ကျရောက်နေခဲ့တာဖြစ်ပြီး အဲဒီအုပ်စုအနိုင်ရရှိသူဟာ ယခုလာမယ့်ဆောင်းရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်နေရာ ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရုရှားဟာ ပါဝင်ကစားခွင့် ဆိုင်းငံ့ခြင်းခံခဲ့ရတာကြောင့် ဘယ်လို ဆက်လက် လုပ်ဆောင်မလဲဆိုတာကို ဖီဖာက ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီဖြစ်ပြီး ပိုလန်အသင်းကို ဗိုလ်လုပွဲ တက်ရောက်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဖီဖာဟာ စကော့တလန်နဲ့ ကစားရမယ့်ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ ယူကရိန်းရဲ့ တောင်းဆိုမှုကိုလည်း လက်ခံခဲ့ပြီး အဲဒီအုပ်စုအငယ်ထဲက ဆီမီးဖိုင်နယ်နဲ့ နောက်ဆုံးပွဲစဉ်တွေကို ဇွန်လမှာ ကစားဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဝေးလ်အသင်းဟာ အုပ်စုငယ် ဗိုလ်လုပွဲကို ကစားဖို့အတွက် လာမယ့် ဇွန်လအထိ စောင့်ဆိုင်းရတော့မှာဖြစ်ပြီး ရုရှားဟာ ဖီဖာရဲ့ ဆိုင်းငံ့ခြင်းခံရမှုကို အားကစားခုံသမာဓိရုံးကို အယူခံဝင်ဖို့ မျှော်မှန်းခြင်းခံထားရပြီး အဲဒီဆုံးဖြတ်ချက်ဟာ လက်ရှိ သို့မဟုတ် အနာဂတ်မှာ ပြုလုပ်မယ့် ဘယ်လိုအပြောင်းအလဲမျိုးကို မဆို ပြောင်းလဲနိုင်ပေမယ့်လည်း လက်ရှိမှာတော့ အဖြေမထွက်ပေါ်သေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖီဖာဥကၠဌ အင္ဖန္တီနိုက ႐ုရွားအေနနဲ႔ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈေတြကို အဆုံးသတ္လိုက္တာနဲ႔တၿပိဳင္နက္ ႐ုရွားအသင္းေတြအေနနဲ႔ ကမၻာ့ေဘာလုံးေလာကမွာ ျပန္လည္ႀကိဳဆိုျခင္းခံရမယ္လို႔ ေၾကညာခဲ့ပါတယ္။

“ေနာက္ထပ္တစ္ႀကိမ္ ေဘာလုံးကစားဖို႔ ပထမဆုံးေန႔ဆိုတာ ရွိလာပါလိမ့္မယ္”လို႔ အင္ဖန္တီနိုက ယခုႏွစ္ ကမၻာ့ဖလားကို အိမ္ရွင္အျဖစ္ က်င္းပမယ့္ ကာတာမွာ ျပဳလုပ္ခဲ့တဲ့ ကမၻာ့ေဘာလုံးအဖြဲ႕အစည္း ညီလာခံမွာ ေျပာၾကားခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္မွာ ႐ုရွား သမၼတ ဗလာဒီမာ ပူတင္ဆီကေန Order of Friendship ဆုကို ခ်ီးျမႇင့္ျခင္းခံခဲ့ရတဲ့ အင္ဖန္တီနိုက ယူကရိန္းကေန ထြက္ေပၚလာတဲ့ သတင္းေတြေၾကာင့္ စိတ္မေကာင္းျဖစ္မိခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ႐ုရွားနိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ကို ဖီဖာက ပိတ္ပင္တားျမစ္ထားခဲ့တာမ်ိဳးမရွိတာေၾကာင့္ ညီလာခံမွာ ႐ုရွားဘက္က ကိုယ္စားလွယ္ေတြ ရွိေနခဲ့တာက မွန္ကန္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ႐ုရွားနိုင္ငံအသင္းနဲ႔ ကလပ္အသင္းသေတြဟာ ဖီဖာနဲ႔ ယူအီးအက္ဖ္ေအတို႔က က်င္းပတဲ့ ၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္ျခင္းခံခဲ့ရေပမယ့္ အင္ဖန္တီနိုက ႐ုရွားေဘာလုံးအဖြဲ႕ခ်ဳပ္ တာဝန္ရွိသူေတြနဲ႔ စကားဝိုင္း ေဆြးေႏြးမႈေတြ ဆက္လက္ထိန္းသိမ္းထားဖို႔က အေရးႀကီးတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“အခုျဖစ္ေနတာေတြအတြက္ ကၽြန္ေတာ္ အရမ္းကို ဝမ္းနည္းရၿပီး အားလုံးအတိုင္းပဲ ကၽြန္ေတာ္ စိတ္မေကာင္းျဖစ္ခဲ့မိပါတယ္။ ကၽြန္ေတာ္တို႔ ႐ုရွားနဲ႔ ႐ုရွားအသင္းေတြကို ဆိုင္းငံ့ထားခဲ့ပါတယ္။ အဲဒါက လြယ္ကူတဲ့ ဆုံးျဖတ္ခ်က္ေတာ့မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒါက ေဘာလုံးကို ခ်စ္ျမတ္နိုးတဲ့သူေတြျဖစ္ေနလို႔ပါ။ ကၽြန္ေတာ္တို႔ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ခဲ့ရၿပီး အခု ကၽြန္ေတာ္တို႔ ရန္လိုမႈေတြကို ရပ္တန႔္နိုင္ၿပီး ၿငိမ္းခ်မ္းေရးေလး နည္းနည္းေလာက္ ယူေဆာင္ေပးနိုင္ဖို႔ ေစာင့္ေမၽွာ္ေနပါတယ္”

“႐ုရွားအေပၚ ဆုံးျဖတ္ခ်က္ေတြက ခ်မွတ္ခဲ့ၿပီးပါၿပီ။ ႐ုရွားေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ အားကစားခုံသမာဓိ႐ုံးကို ဆုံးျဖတ္ခ်က္အတြက္ အယူခံဝင္ခဲ့ပါတယ္။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ ေဆြးေႏြးမႈရလဒ္ေတြကို ေစာင့္ဆိုင္းေနပါတယ္။ ေနာက္ဘာဆက္ျဖစ္လာမလဲ ကၽြန္ေတာ္တို႔ ေစာင့္ၾကည့္မွာပါ။ ကၽြန္ေတာ္ကေတာ့ ပဋိပကၡေတြ အဆုံးသတ္နိုင္ဖို႔ ရိုးရိုးသားသားပဲ ေမၽွာ္လင့္ၿပီး ေနာက္ထပ္တစ္ႀကိမ္ ကၽြန္ေတာ္တို႔ ေဘာလုံးကစားရမယ့္ ပထမဆုံးေန႔ရွိလာမွာပါ။ ဘာလို႔လဲဆိုေတာ့ အဲဒါက ဒီနိုင္ငံမွာ လိုအပ္ေနတဲ့အရာလို႔ ကၽြန္ေတာ္ ထင္လို႔ပါ”

“႐ုရွားက အျခား ေဘာလုံးအဖြဲ႕ခ်ဳပ္ေတြလိုမ်ိဳး ဖီဖာရဲ့ ဆိုင္းငံ့ျခင္းကို မခံခဲ့ရတဲ့ ေဘာလုံးအဖြဲ႕ခ်ဳပ္ျဖစ္ၿပီး ဒီညီလာခံမွာလည္း ပါဝင္တက္ေရာက္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ႐ုရွားနိုင္ငံဟာ ၂၀၁၈ ကမၻာ့ဖလားကို အိမ္ရွင္အျဖစ္ ေအာင္ေအာင္ျမင္ျမင္နဲ႔ က်င္းပနိုင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ကာတာနိုင္ငံက နိုဝင္ဘာနဲ႔ ဒီဇင္ဘာလတို႔မွာ ယွဥ္ၿပိဳင္ကစားသြားမယ့္ ကမၻာ့ဖလားပြဲစဥ္ေတြကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပသြားမွာျဖစ္ပါတယ္။

ကာတာအေနနဲ႔ ကမၻာ့ဖလားအိမ္ရွင္ျဖစ္သင့္လားဆိုတာကို ဖီဖာက ဘယ္အခ်က္ေတြေပၚ မူတည္ၿပီး စဥ္းစားတာလဲဆိုတာကို လက္ရွိအခ်ိန္မွာ ေမးခြန္းေတြ ျမင့္တက္ေနၿပီး ဒီဆုံးျဖတ္ခ်က္ကို ဆပ္ဘလတၱာ ဥကၠဌျဖစ္ေနခ်ိန္အတြင္းမွာ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

“ကာတာ ကမၻာ့ဖလားနဲ႔ ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့တာ အခုဆိုရင္ ၁၂ ႏွစ္ရွိပါၿပီ။ ဒီကိစၥေတြျဖစ္ပ်က္ခဲ့တဲ့အခ်ိန္မွာ ကၽြန္ေတာ္က ဖီဖာနဲ႔ ေဝးကြာေနတဲ့အခ်ိန္ပါ”လို႔ အဲဒီအခ်ိန္တုန္းက ယူအီးအက္ဖ္ေအ အေထြေထြအတြင္းေရးမႉးအျဖစ္ ေဆာင္ရြက္ေနခဲ့တဲ့ အင္ဖန္တီနိုက ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ အခုဆိုရင္ မတူညီတဲ့ ကမ္းလွမ္းမႈလုပ္ငန္းစဥ္ေတြကို သတ္မွတ္ထားၿပီး အဲဒါက ေတာ္ေတာ္ေလးကို ထူးျခားတယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ကၽြန္ေတာ္ အရင္တုန္းက ျပဳျပင္ေျပာင္းလဲဖို႔ ေျပာခဲ့ပါတယ္။ အဲဒါက ဆက္ၿပီး ျပဳျပင္ေျပာင္းလဲမႈေတြ ရွိေနလိမ့္မယ္လို႔ ကၽြန္ေတာ္ ေမၽွာ္လင့္ပါတယ္။ အဲဒါက ပြင့္လင္းၿပီး ျမင္သာမႈ ရွိရပါမယ္။ အဲဒါက ပေရာ္ဖက္ရွင္နယ္အလုပ္တစ္ခုျဖစ္ၿပီး တစ္စုံတေယာက္အတြက္ ခင္ဗ်ား မဲေပးတဲ့အခါမွာ ဘာေၾကာင့္ မဲေပးလဲဆိုတာကို ခင္ဗ်ား သိမွာပါ။ ဒါက ၂၀၂၆ အမ်ိဳးသား ကမၻာ့ဖလားနဲ႔ ၂၀၂၃ အမ်ိဳးသမီး ကမၻာ့ဖလားအတြက္ ျဖစ္ခဲ့တဲ့အရာပါ”

“ဒီလို ဆုံးျဖတ္ခ်က္ေတြမွာေတာင္ အမွန္တရားကို အေျခခံတဲ့ မဲထက္ နိုင္ငံေရးအရ မဲေပးတာေတြကို ကၽြန္ေတာ္တို႔ ျမင္ေတြ႕ေနရပါေသးတယ္။ အဲဒါက ၿပိဳင္ပြဲရဲ့ တစ္စိတ္တပိုင္းလည္း ျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္။ ကာတာ ကမၻာ့ဖလားနဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္က ခ်မွတ္ခဲ့ၿပီးပါၿပီ။ ကၽြန္ေတာ္တို႔ အေကာင္းဆုံးကမၻာ့ဖလားကို ကာတာမွာ က်င္းပသြားမွာာျဖစ္ၿပီး ဘယ္လိုကိစၥမ်ိဳးအတြက္မွ ေနာက္ျပန္မဆုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ေရွ႕ဆက္သြားသင့္ၿပီး ဘာေတြျဖစ္ပ်က္မလဲဆိုတာကို ၾကည့္သင့္ပါတယ္။ ဒီနိုင္ငံမွာ လုပ္သားေတြရဲ့ အခြင့္အေရးနဲ႔ လူ႔အခြင့္အေရးနဲ႔ပတ္သက္လို႔ ျဖစ္ပ်က္ခဲ့တဲ့ အေျပာင္းအလဲေတြအားလုံးနဲ႔ ေရွ႕အနာဂတ္မွာ ျဖစ္လာမယ့္အေျပာင္းအလဲေတြဟာ ကမၻာ့ဖလားကို အဲဒီမွာ က်င္းပဖို႔ စီစဥ္သူမပါဝင္ဘဲ တူညီတဲ့ ျမန္ႏႈန္းအတိုင္း က်ိန္းေသေပါက္ ျဖစ္မလာနိုင္တာ ဒါမွမဟုတ္ မျဖစ္ပ်က္လာနိုင္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

႐ုရွားအသင္းဟာ အုပ္စုအေသး ၄ သင္းထဲမွာ ပိုလန္နဲ႔ ယွဥ္ၿပိဳင္ကစားဖို႔ က်ေရာက္ေနခဲ့တာျဖစ္ၿပီး အဲဒီအုပ္စုအနိုင္ရရွိသူဟာ ယခုလာမယ့္ေဆာင္းရာသီ ကမၻာ့ဖလားၿပိဳင္ပြဲမွာ တစ္ေနရာ ရရွိမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ႐ုရွားဟာ ပါဝင္ကစားခြင့္ ဆိုင္းငံ့ျခင္းခံခဲ့ရတာေၾကာင့္ ဘယ္လို ဆက္လက္ လုပ္ေဆာင္မလဲဆိုတာကို ဖီဖာက ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့ၿပီျဖစ္ၿပီး ပိုလန္အသင္းကို ဗိုလ္လုပြဲ တက္ေရာက္ခြင့္ေပးလိုက္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဖီဖာဟာ စေကာ့တလန္နဲ႔ ကစားရမယ့္ပြဲစဥ္ကို ေရႊ႕ဆိုင္းေပးဖို႔ ယူကရိန္းရဲ့ ေတာင္းဆိုမႈကိုလည္း လက္ခံခဲ့ၿပီး အဲဒီအုပ္စုအငယ္ထဲက ဆီမီးဖိုင္နယ္နဲ႔ ေနာက္ဆုံးပြဲစဥ္ေတြကို ဇြန္လမွာ ကစားဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။ ေဝးလ္အသင္းဟာ အုပ္စုငယ္ ဗိုလ္လုပြဲကို ကစားဖို႔အတြက္ လာမယ့္ ဇြန္လအထိ ေစာင့္ဆိုင္းရေတာ့မွာျဖစ္ၿပီး ႐ုရွားဟာ ဖီဖာရဲ့ ဆိုင္းငံ့ျခင္းခံရမႈကို အားကစားခုံသမာဓိ႐ုံးကို အယူခံဝင္ဖို႔ ေမၽွာ္မွန္းျခင္းခံထားရၿပီး အဲဒီဆုံးျဖတ္ခ်က္ဟာ လက္ရွိ သို႔မဟုတ္ အနာဂတ္မွာ ျပဳလုပ္မယ့္ ဘယ္လိုအေျပာင္းအလဲမ်ိဳးကို မဆို ေျပာင္းလဲနိုင္ေပမယ့္လည္း လက္ရွိမွာေတာ့ အေျဖမထြက္ေပၚေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.