Analysis International Premier League

ပဲလေ့စ်ကို ဂိုးပြတ်ရှုံးပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ ကို ပြန်မယူနိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ကစားရခက်ပါတယ်ဆိုတဲ့ ပဲလေ့စ်ဆီ သွားမယ်လုပ်တော့မှ တစ်သက်လုံး ကောင်းကျိုးမပေးတဲ့ နိုင်ငံတကာ ပွဲတွေကနေ ထိခိုက်လာတဲ့ တီယာနီ မပါနိုင်တော့လို့ နူနို တာဗာရက်စ်နဲ့ အစားထိုးခဲ့ရသလို ဆီးဒရစ်၊ ဘန်ဝှိုက်၊ ဂါဘရီယယ်လ်တို့နဲ့ ခံစစ်ရဲ့ တည်ငြိမ်မှုကို ထိခိုက်ခဲ့တာကို တွေ့ရသလို ကွင်းလယ်နဲ့ တိုက်စစ်မှာတော့ ချာကာ၊ ပါတေး၊ အော်ဒီဂွါဒ်၊ ဆာကာ၊ စမစ်ရိုးနဲ့ လာကာဇက်တို့ကိုပဲ ပွဲထုတ်ခဲ့ပါတယ်။

အိမ်ရှင် ပဲလေ့စ်တို့ကတော့ တောင့်တင်းတဲ့ လူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ဂွိုင်တာ၊ အန်ဒါဆန်၊ ဂေးဟီ၊ ကလိုင်း၊ မစ်ချဲလ်တို့ ခံစစ်ရှေ့က ရှလု(ပ်)၊ ကူယာတေး၊ ဂါလာဂါတို့ကို ကွင်းလယ်မှာ အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဇာဟာ၊ မာတက်တာနဲ့ အာယူးတို့ ကစားခဲ့ကြပြီး ဗီယာရာကို မျက်စိမှိတ်ပြရင် သုံးမှတ်ရမှာပါလို့ ထင်နေတဲ့ အာဆင်နယ်ဖန်တွေအတွက် ခက်ခဲတဲ့ လူစာရင်းကို ထုတ်သုံးလာခဲ့တာပါ။

အာဆင်နယ်တို့ရဲ့ Defensive Shape က ဆိုးဆိုးရွားရွား ပျက်စီးနေခဲ့ပြီး ဂါဘရီယယ်လ်နဲ့ တာဗာရက်စ်တို့ နှစ်ယောက် နားလည်မှုနည်းချိန်မှာ ပဲလေ့စ်တို့အတွက် ထိုးနှက်စရာဖြစ်ခဲ့ပြီး သူတို့ရဲ့ အဓိက တိုက်စစ်လမ်းကြောင်းဖြစ်တဲ့ ဆာကာ၊ အော်ဒီဂွါဒ်တို့ဘက်မှာတော့ ဗီယာရာက ဘယ်နောက်ခံလူ မစ်ချဲလ်ကို ကူဖို့ ရှလု(ပ်)ကို ကွင်းလယ်မှာ Second Left Back အဖြစ် ထည့်သွင်းခဲ့တာကလည်း လူလည်ကျလွန်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာ တည်ကန်ဘောတွေ ကာကွယ်ပုံ ကောင်းလှပါတယ်ဆိုတဲ့ အာဆင်နယ်တို့ ထိုးနှက်ခံလိုက်ရပြီး ဂါလာဂါ တင်ပေးတာကို ပူပူနွေးနွေး ကလေးအဖေ ဂါဘရီယယ်လ် ခေါင်းမတိုက်နိုင်ဘဲ ချော်သွားခဲ့တာကြောင့် အခွင့်အရေးရသွားခဲ့တဲ့ နောက်ခံလူ အန်ဒါဆန်က ခေါင်းတိုက်ချပေးရာမှာ တိုက်စစ်မှူး မာတက်တာက ကြောင်နေတဲ့ ဘန်ဝှိုက်ရှေ့က ထပ်ဆင့်ခေါင်းတိုက်ပြီး ပဲလေ့စ်တို့အတွက် အဖွင့်ဂိုးကို ရယူသွားနိုင်ခဲ့တာပါ။

ဂိုးပေးလိုက်ရပေမယ့် အာဆင်နယ်တို့ ကစားကွက်တောင် ကောင်းကောင်းတည်မရချိန်မှာ ပဲလေ့စ်တို့ကတော့ ထပ်ဖိကစားပြီး ပွဲချိန် ၂၄ မိနစ်မှာ နောက်ထပ် ဦးဆောင်ဂိုးတစ်ဂိုး သွင်းယူသွားခဲ့သလို အန်ဒါဆန် လျှပ်တစ်ပြက် ပေးပို့တာကို နားလည်မှုနည်းနေတဲ့ တာဗာရက်စ်ကို မယုံဘဲ တက်ဖျက်တဲ့ ဂါဘရီယယ်လ်ဆီက လွတ်သွားတဲ့ ဘောလုံးကို အာယူးက ညာခြမ်းကနေ အတွင်းကို ဆွဲပြီး ဘယ်ခြေနဲ့ သွင်းယူသွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိ ဖြစ်နေခဲ့ပါတယ်။

ဒီနေ့မှာ အာဆင်နယ်ခံစစ်နဲ့ ကွင်းလယ်ကတော့ ရှေ့ရောနောက်ပါ ကွက်လပ်တွေကို လိုက်ဖြည့်နေရတဲ့ တီယာနီ မပါနိုင်ချိန်မှာ ဘာမှ အဖြစ်ရှိအောင် မလုပ်နိုင်ခဲ့တာကို တွေ့ရပြီး အသင်းကြီးနဲ့ အသင်းလတ်တိုင်း အရန်ရှိတဲ့ အစားထိုးစရာ ကစားသမားမျိုး လောက်လောက်လားလား ပိုင်ဆိုင်ထားခြင်း မရှိချိန်မှာ နွေမှာ ပေါချောင်ကောင်း လျှောက်ခေါ်ပြီး ဆောင်းမှာ လူထပ်မရချိန်မှာ တစ်ယောက်ပဲ့တာနဲ့ ပျက်စီးသွားခဲ့ရတာပါ။

အာဆင်နယ်တို့ ဒီနောက်ပိုင်းမှာ ဖိကစားခဲ့ပေမယ့် ဒါက ကောင်းတဲ့ လက္ခဏာတော့ မဖြစ်ခဲ့ဘဲ ပဲလေ့စ်တို့ အားသန်တဲ့ တန်ပြန်တိုက်စစ်ကိုပဲ ဖိတ်ခေါ်သလိုဖြစ်ခဲ့ပြီး ပွဲချိန် ၃၈ မိနစ်မှာ ဇာဟာရဲ့ ပေးပို့မှုကနေ မာတက်တာ ကန်သွင်းခွင့်ရခဲ့ပေမယ့် ရမ်းစ်ဒေးလ် ကာကွယ်နိုင်ခဲ့လို့ သက်သာခဲ့ရသလို တိုက်စစ်ပိုင်းကလည်း အိမ်ရှင်ခံစစ်ကို လုံးဝမကျော်နိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ အမှားများလွန်းတဲ့ နောက်ခံလူ တာဗာရက်စ်အစား မာတီနယ်လီကို ထည့်ခဲ့ချိန်မှာ ချာကာကို တတိယ ဗဟိုခံစစ်အဖြစ် ဆင်းကစားခိုင်းပြီး ၃-၄-၃ ဆန်ဆန် အာဆင်နယ်တို့ ပြောင်းလဲခဲ့သလို ပွဲချိန် ၅၄ မိနစ်မှာ အန်ဒါဆန်ရဲ့ လှည့်စားမှုပါတဲ့ ဖရီးကစ်ကို ရမ်းစ်ဒေးလ် ကာကွယ်ခဲ့ရပြီး ပဲလေ့စ်ရဲ့ ကွင်းလယ်ကတော့ ပါတေး၊ အော်ဒီဂွါဒ်နဲ့ ဆာကာတို့လို့ တိုက်စစ်စတင်ရာ ကစားသမားတွေကို ကောင်းကောင်းပိတ်ဆို့ထားနိုင်ခဲ့တာပါ။

ပွဲချိန် ၆၃ မိနစ်မှာ စမစ်ရိုး အနီးကပ် ပိတ်သွင်းခွင့်ရခဲ့ပေမယ့် အဆင်သင့်မဖြစ်တာကြောင့် ဘောလုံးက ဂိုးသမား ဂွိုင်တာဆီ ခပ်ပျော့ပျော့ပဲ ရောက်သွားခဲ့သလို အာဆင်နယ်တို့ ပွဲချိန် ၆၆ မိနစ်မှာ နကီးတီးယားကို ထပ်ထည့်ခဲ့ပြီး ဝင်ဝင်လာချင်း ဘယ်ခြမ်းကနေ သူချိုးပေးတဲ့ အနိမ့်ဘောက ကောင်းခဲ့ပေမယ့် အော်ဒီဂွါဒ်က ဂိုးရဖို့ အတော်နီးစပ်တဲ့ အခွင့်အရေးကို အဝေးတိုင်ဘက်ကို အနိမ့်ဘော ကန်ရမယ့်အစား အနီးတိုင်ဘေးကိုပဲ ဝိုက်ကန်ပစ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်ခဲ့တဲ့ ဇာဟာကို အော်ဒီဂွါဒ်က ဘောလုံးမထိဘဲ ခြေထောက်ကို ချိတ်မိခဲ့လို့ VAR က လှမ်းပြောခဲ့ရာမှာ ဒိုင်လူကြီး တီယာနီက ပင်နယ်တီ သတ်မှတ်ပေးခဲ့ပြီး ဒီအခွင့်အရေးကိုတော့ ဇာဟာကပဲ ရမ်းစ်ဒေးလ် ဒိုက်ပစ်တာနဲ့ ဆန့်ကျင်ဘက်ကို ကိုယ်တိုင်ကန်သွင်းပြီး အာဆင်နယ်တို့ကို ပြန်လာဖို့ မဖြစ်နိုင်စေတဲ့ ဂိုးကို ရယူပေးခဲ့တာပါ။

ပွဲချိန် ၇၉ မိနစ်မှာ ဘယ်ခြမ်းက ဆာကာ ကန်သွင်းတာနဲ့ ဆက်တိုက်ပိတ်တဲ့ စမစ်ရိုးရဲ့ ကန်ချက်တွေကို ဂိုးသမား ဂွိုင်တာ လက်စွမ်းပြ ပုတ်ထုတ်သွားခဲ့ပြီး ပွဲချိန် ၈၄ မိနစ်မှာတော့ ပဲလေ့စ်ဂိုးရှေ့မှာ ပါတေး ခပ်ကြမ်းကြမ်း ရယူပေးတာကနေ ဂိုးသွားရင်လည်း VAR နဲ့ ပယ်ချခံရနိုင်တဲ့ အခွင့်အရေးကို နကီးတီးယားက အဝေးတိုင်ကို ဝိုက်ကန်သွင်းခဲ့ပေမယ့် ဘားစွန်းထိရုံနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့ အနီးကပ် တိုက်စစ်ဆင်ခွင့်ရတွေကို ပဲလေ့စ်တို့ ခွင့်မပြုတော့ဘဲ ကွင်းလယ်ကသာ ပေးကန်ပြီး ပိတ်ဆို့ ကစားသွားခဲ့တာကြောင့် ပွဲချိန်အပြည့်မှာတော့ ဂိုးကန်သွင်းမှု ၆ ကြိမ်မှာ ၅ ကြိမ်တည့်ခဲ့တဲ့ အိမ်ရှင်တွေက ဘောလုံးပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်း၊ ဂိုးပေါက် ၁၂ ကြိမ်ကန်ရာမှာ ၃ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တဲ့ ဧည့်သည်တွေကို သုံးဂိုး-ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား အနိုင်ယူခဲ့ကြတာပါ။

ဒီပွဲရလဒ်ကြောင့် ပဲလေ့စ်တို့ ဘာမျှော်လင့်ချက်မှာ မရှိပေမယ့် လက်စတာကို ကျော်တက်ပြီး အဆင့် ၉ ဆီ ရောက်လာချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စပါးစ်နဲ့ ပြိုင်ဆိုင်နေတဲ့ အာဆင်နယ်တို့ကတော့ ဂိုးကွာခြားချက်နဲ့ လုယူခံလိုက်ရတဲ့ အဆင့် ၄ နေရာကို ပြန်မယူနိုင်ခဲ့ဘဲ လက်ကျန်တစ်ပွဲ လက်ထဲမှာ ရှိနေတာနဲ့ပဲ ကျေနပ်နေခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ကစားရခက္ပါတယ္ဆိုတဲ့ ပဲေလ့စ္ဆီ သြားမယ္လုပ္ေတာ့မွ တစ္သက္လုံး ေကာင္းက်ိဳးမေပးတဲ့ ႏိုင္ငံတကာ ပြဲေတြကေန ထိခိုက္လာတဲ့ တီယာနီ မပါႏိုင္ေတာ့လို႔ ႏူႏို တာဗာရက္စ္နဲ႔ အစားထိုးခဲ့ရသလို ဆီးဒရစ္၊ ဘန္ဝႈိက္၊ ဂါဘရီယယ္လ္တို႔နဲ႔ ခံစစ္ရဲ႕ တည္ၿငိမ္မႈကို ထိခိုက္ခဲ့တာကို ေတြ႕ရသလို ကြင္းလယ္နဲ႔ တိုက္စစ္မွာေတာ့ ခ်ာကာ၊ ပါေတး၊ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ စမစ္႐ိုးနဲ႔ လာကာဇက္တို႔ကိုပဲ ပြဲထုတ္ခဲ့ပါတယ္။

အိမ္ရွင္ ပဲေလ့စ္တို႔ကေတာ့ ေတာင့္တင္းတဲ့ လူစာရင္းနဲ႔ပဲ ပြဲထြက္လာခဲ့ၿပီး ဂြိဳင္တာ၊ အန္ဒါဆန္၊ ေဂးဟီ၊ ကလိုင္း၊ မစ္ခ်ဲလ္တို႔ ခံစစ္ေရွ႕က ရွလု(ပ္)၊ ကူယာေတး၊ ဂါလာဂါတို႔ကို ကြင္းလယ္မွာ အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဇာဟာ၊ မာတက္တာနဲ႔ အာယူးတို႔ ကစားခဲ့ၾကၿပီး ဗီယာရာကို မ်က္စိမွိတ္ျပရင္ သုံးမွတ္ရမွာပါလို႔ ထင္ေနတဲ့ အာဆင္နယ္ဖန္ေတြအတြက္ ခက္ခဲတဲ့ လူစာရင္းကို ထုတ္သုံးလာခဲ့တာပါ။

အာဆင္နယ္တို႔ရဲ႕ Defensive Shape က ဆိုးဆိုး႐ြား႐ြား ပ်က္စီးေနခဲ့ၿပီး ဂါဘရီယယ္လ္နဲ႔ တာဗာရက္စ္တို႔ ႏွစ္ေယာက္ နားလည္မႈနည္းခ်ိန္မွာ ပဲေလ့စ္တို႔အတြက္ ထိုးႏွက္စရာျဖစ္ခဲ့ၿပီး သူတို႔ရဲ႕ အဓိက တိုက္စစ္လမ္းေၾကာင္းျဖစ္တဲ့ ဆာကာ၊ ေအာ္ဒီဂြါဒ္တို႔ဘက္မွာေတာ့ ဗီယာရာက ဘယ္ေနာက္ခံလူ မစ္ခ်ဲလ္ကို ကူဖို႔ ရွလု(ပ္)ကို ကြင္းလယ္မွာ Second Left Back အျဖစ္ ထည့္သြင္းခဲ့တာကလည္း လူလည္က်လြန္းခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာ တည္ကန္ေဘာေတြ ကာကြယ္ပုံ ေကာင္းလွပါတယ္ဆိုတဲ့ အာဆင္နယ္တို႔ ထိုးႏွက္ခံလိုက္ရၿပီး ဂါလာဂါ တင္ေပးတာကို ပူပူေႏြးေႏြး ကေလးအေဖ ဂါဘရီယယ္လ္ ေခါင္းမတိုက္ႏိုင္ဘဲ ေခ်ာ္သြားခဲ့တာေၾကာင့္ အခြင့္အေရးရသြားခဲ့တဲ့ ေနာက္ခံလူ အန္ဒါဆန္က ေခါင္းတိုက္ခ်ေပးရာမွာ တိုက္စစ္မႉး မာတက္တာက ေၾကာင္ေနတဲ့ ဘန္ဝႈိက္ေရွ႕က ထပ္ဆင့္ေခါင္းတိုက္ၿပီး ပဲေလ့စ္တို႔အတြက္ အဖြင့္ဂိုးကို ရယူသြားႏိုင္ခဲ့တာပါ။

ဂိုးေပးလိုက္ရေပမယ့္ အာဆင္နယ္တို႔ ကစားကြက္ေတာင္ ေကာင္းေကာင္းတည္မရခ်ိန္မွာ ပဲေလ့စ္တို႔ကေတာ့ ထပ္ဖိကစားၿပီး ပြဲခ်ိန္ ၂၄ မိနစ္မွာ ေနာက္ထပ္ ဦးေဆာင္ဂိုးတစ္ဂိုး သြင္းယူသြားခဲ့သလို အန္ဒါဆန္ လွ်ပ္တစ္ျပက္ ေပးပို႔တာကို နားလည္မႈနည္းေနတဲ့ တာဗာရက္စ္ကို မယုံဘဲ တက္ဖ်က္တဲ့ ဂါဘရီယယ္လ္ဆီက လြတ္သြားတဲ့ ေဘာလုံးကို အာယူးက ညာျခမ္းကေန အတြင္းကို ဆြဲၿပီး ဘယ္ေျခနဲ႔ သြင္းယူသြားခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိ ျဖစ္ေနခဲ့ပါတယ္။

ဒီေန႔မွာ အာဆင္နယ္ခံစစ္နဲ႔ ကြင္းလယ္ကေတာ့ ေရွ႕ေရာေနာက္ပါ ကြက္လပ္ေတြကို လိုက္ျဖည့္ေနရတဲ့ တီယာနီ မပါႏိုင္ခ်ိန္မွာ ဘာမွ အျဖစ္ရွိေအာင္ မလုပ္ႏိုင္ခဲ့တာကို ေတြ႕ရၿပီး အသင္းႀကီးနဲ႔ အသင္းလတ္တိုင္း အရန္ရွိတဲ့ အစားထိုးစရာ ကစားသမားမ်ိဳး ေလာက္ေလာက္လားလား ပိုင္ဆိုင္ထားျခင္း မရွိခ်ိန္မွာ ေႏြမွာ ေပါေခ်ာင္ေကာင္း ေလွ်ာက္ေခၚၿပီး ေဆာင္းမွာ လူထပ္မရခ်ိန္မွာ တစ္ေယာက္ပဲ့တာနဲ႔ ပ်က္စီးသြားခဲ့ရတာပါ။

အာဆင္နယ္တို႔ ဒီေနာက္ပိုင္းမွာ ဖိကစားခဲ့ေပမယ့္ ဒါက ေကာင္းတဲ့ လကၡဏာေတာ့ မျဖစ္ခဲ့ဘဲ ပဲေလ့စ္တို႔ အားသန္တဲ့ တန္ျပန္တိုက္စစ္ကိုပဲ ဖိတ္ေခၚသလိုျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၃၈ မိနစ္မွာ ဇာဟာရဲ႕ ေပးပို႔မႈကေန မာတက္တာ ကန္သြင္းခြင့္ရခဲ့ေပမယ့္ ရမ္းစ္ေဒးလ္ ကာကြယ္ႏိုင္ခဲ့လို႔ သက္သာခဲ့ရသလို တိုက္စစ္ပိုင္းကလည္း အိမ္ရွင္ခံစစ္ကို လုံးဝမေက်ာ္ႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ အမွားမ်ားလြန္းတဲ့ ေနာက္ခံလူ တာဗာရက္စ္အစား မာတီနယ္လီကို ထည့္ခဲ့ခ်ိန္မွာ ခ်ာကာကို တတိယ ဗဟိုခံစစ္အျဖစ္ ဆင္းကစားခိုင္းၿပီး ၃-၄-၃ ဆန္ဆန္ အာဆင္နယ္တို႔ ေျပာင္းလဲခဲ့သလို ပြဲခ်ိန္ ၅၄ မိနစ္မွာ အန္ဒါဆန္ရဲ႕ လွည့္စားမႈပါတဲ့ ဖရီးကစ္ကို ရမ္းစ္ေဒးလ္ ကာကြယ္ခဲ့ရၿပီး ပဲေလ့စ္ရဲ႕ ကြင္းလယ္ကေတာ့ ပါေတး၊ ေအာ္ဒီဂြါဒ္နဲ႔ ဆာကာတို႔လို႔ တိုက္စစ္စတင္ရာ ကစားသမားေတြကို ေကာင္းေကာင္းပိတ္ဆို႔ထားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၃ မိနစ္မွာ စမစ္႐ိုး အနီးကပ္ ပိတ္သြင္းခြင့္ရခဲ့ေပမယ့္ အဆင္သင့္မျဖစ္တာေၾကာင့္ ေဘာလုံးက ဂိုးသမား ဂြိဳင္တာဆီ ခပ္ေပ်ာ့ေပ်ာ့ပဲ ေရာက္သြားခဲ့သလို အာဆင္နယ္တို႔ ပြဲခ်ိန္ ၆၆ မိနစ္မွာ နကီးတီးယားကို ထပ္ထည့္ခဲ့ၿပီး ဝင္ဝင္လာခ်င္း ဘယ္ျခမ္းကေန သူခ်ိဳးေပးတဲ့ အနိမ့္ေဘာက ေကာင္းခဲ့ေပမယ့္ ေအာ္ဒီဂြါဒ္က ဂိုးရဖို႔ အေတာ္နီးစပ္တဲ့ အခြင့္အေရးကို အေဝးတိုင္ဘက္ကို အနိမ့္ေဘာ ကန္ရမယ့္အစား အနီးတိုင္ေဘးကိုပဲ ဝိုက္ကန္ပစ္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ထိုးေဖာက္ခဲ့တဲ့ ဇာဟာကို ေအာ္ဒီဂြါဒ္က ေဘာလုံးမထိဘဲ ေျခေထာက္ကို ခ်ိတ္မိခဲ့လို႔ VAR က လွမ္းေျပာခဲ့ရာမွာ ဒိုင္လူႀကီး တီယာနီက ပင္နယ္တီ သတ္မွတ္ေပးခဲ့ၿပီး ဒီအခြင့္အေရးကိုေတာ့ ဇာဟာကပဲ ရမ္းစ္ေဒးလ္ ဒိုက္ပစ္တာနဲ႔ ဆန႔္က်င္ဘက္ကို ကိုယ္တိုင္ကန္သြင္းၿပီး အာဆင္နယ္တို႔ကို ျပန္လာဖို႔ မျဖစ္ႏိုင္ေစတဲ့ ဂိုးကို ရယူေပးခဲ့တာပါ။

ပြဲခ်ိန္ ၇၉ မိနစ္မွာ ဘယ္ျခမ္းက ဆာကာ ကန္သြင္းတာနဲ႔ ဆက္တိုက္ပိတ္တဲ့ စမစ္႐ိုးရဲ႕ ကန္ခ်က္ေတြကို ဂိုးသမား ဂြိဳင္တာ လက္စြမ္းျပ ပုတ္ထုတ္သြားခဲ့ၿပီး ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ပဲေလ့စ္ဂိုးေရွ႕မွာ ပါေတး ခပ္ၾကမ္းၾကမ္း ရယူေပးတာကေန ဂိုးသြားရင္လည္း VAR နဲ႔ ပယ္ခ်ခံရႏိုင္တဲ့ အခြင့္အေရးကို နကီးတီးယားက အေဝးတိုင္ကို ဝိုက္ကန္သြင္းခဲ့ေပမယ့္ ဘားစြန္းထိ႐ုံနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အာဆင္နယ္တို႔ အနီးကပ္ တိုက္စစ္ဆင္ခြင့္ရေတြကို ပဲေလ့စ္တို႔ ခြင့္မျပဳေတာ့ဘဲ ကြင္းလယ္ကသာ ေပးကန္ၿပီး ပိတ္ဆို႔ ကစားသြားခဲ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာေတာ့ ဂိုးကန္သြင္းမႈ ၆ ႀကိမ္မွာ ၅ ႀကိမ္တည့္ခဲ့တဲ့ အိမ္ရွင္ေတြက ေဘာလုံးပိုင္ဆိုင္မႈ ၆၉ ရာခိုင္ႏႈန္း၊ ဂိုးေပါက္ ၁၂ ႀကိမ္ကန္ရာမွာ ၃ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တဲ့ ဧည့္သည္ေတြကို သုံးဂိုး-ဂိုးမရွိနဲ႔ ျပတ္ျပတ္သားသား အႏိုင္ယူခဲ့ၾကတာပါ။

ဒီပြဲရလဒ္ေၾကာင့္ ပဲေလ့စ္တို႔ ဘာေမွ်ာ္လင့္ခ်က္မွာ မရွိေပမယ့္ လက္စတာကို ေက်ာ္တက္ၿပီး အဆင့္ ၉ ဆီ ေရာက္လာခ်ိန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ စပါးစ္နဲ႔ ၿပိဳင္ဆိုင္ေနတဲ့ အာဆင္နယ္တို႔ကေတာ့ ဂိုးကြာျခားခ်က္နဲ႔ လုယူခံလိုက္ရတဲ့ အဆင့္ ၄ ေနရာကို ျပန္မယူႏိုင္ခဲ့ဘဲ လက္က်န္တစ္ပြဲ လက္ထဲမွာ ရွိေနတာနဲ႔ပဲ ေက်နပ္ေနခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.