International

တူရကီလိဂ်ပွဲစဉ်မှာ ဂယက်ထခဲ့ရတဲ့ ဆေးလိပ်ထိုင်ဖွာနေတဲ့ ကလေးငယ်ရဲ့အသက် အမှန် ထွက်ပေါ်လာခဲ့

ဖီနာဘာချီနဲ့ ဘာဆာစပေါ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက တူရကီလိဂ်ဘောလုံးပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှာ ဘာဆာစပေါ် ကလေးငယ်တစ်ဦး စီးကရက် ထိုင်ဖွာနေတဲ့ ရုပ်သံဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာကို ပရိသတ်တွေ မှတ်မိကြဦးမယ်ထင်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ရန်ပုံငွေ ရရှိစေဖို့ ချစ်ကြည်ရေးခြေစမ်းပွဲ ကစားခဲ့တဲ့ ဖီနာဘာချီနဲ့ ဘာဆာစပေါ်တို့ပွဲစဉ်ကို ကြည့်နေရင်း ဆေးလိပ်ဖွာနေတဲ့ ပရိသတ်တစ်ဦးကို တီဗွီကင်မရာက ပြသခဲ့ချိန်မှာ ကြည့်ရှုသူတွေဟာ အနည်းငယ် စိတ်ရှုပ်ထွေးခဲ့ရတာဖြစ်ပါတယ်။ ဆေးလိပ်သောက်နေတဲ့ ပရိသတ်ဟာ အသက်ငယ်ရွယ်လွန်းပုံ ပေါ်ခဲ့ပြီး အလွန်ဆုံးရှိလ အသက် ၁၂ နှစ်အရွယ်ဝန်းကျင်လောက်သာ ထင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာတလွှားက အာရုံစိုက်မှုတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ အဲဒီ ဇာတ်လမ်းထဲမှာ ရယ်မောစရာကောင်းတဲ့ လှည့်ကွက်တစ်ခုရှိနေခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်ဟာ နိုင်ငံတကာအားလပ်ရက်အတွင်း ကျင်းပခဲ့တာဖြစ်ပါတယ်။ ဖီနာဘာချီနဲ့ ဘာဆာစပေါ်တို့ဟာ ကင်ဆာ အဖွဲ့အစည်းတွေအပြင် ဒေါင်းဆင်ဒရုန်းနဲ့ အော်တစ်ဇင်ကလေးငယ်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေအတွက် ဒီရန်ပုံငွေ ပွဲစဉ်ကို ကစားပေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒါကြောင့် ပွဲကြည့်စင်မှာ ပရိသတ်တစ်ဦး အေးရာအေးကြောင်းနဲ့ ဆေးလိပ်သောက်နေတာကို မြင်တွေ့ရတာက တော်တော်လေး အံ့အားသင့်စရာ ကောင်းခဲ့တာဖြစ်ပြီး အဲဒါက ကင်ဆာကို တိုက်ဖျက်ဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပတဲ့ပွဲစဉ်ဖြစ်တာကြောင့်တော့ မဟုတ်ပါဘူး။

ဆေးလိပ်သောက်နေတဲ့ ပရိသတ်ရဲ့ပုံစံဟာ ဥပဒေအရ ဆေးလိပ်သောက်ဖို့ အရမ်းကို ငယ်ရွယ်လွန်းတဲ့ပုံပေါ်နေခဲ့တာကြောင့်သာ ဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာ အဲဒီပရိသတ်ဟာ အမှန်တကယ်တော့ အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အဲဒီထက် ပိုပြီး အံ့အားသင့်စရာကောင်းတာကတော့ ဘေးနားမှာ ထိုင်နေတဲ့ ကလေးငယ်ဟာ ဆေးလိပ်သောက်နေသူရဲ့ သားဖြစ်တယ်ဆိုတဲ့အကြောင်းအရာဖြစ်ပြီး လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ မွေးဖွားချိန်မှာ အိုမင်းရင့်ရော်နေပြီး အသက်ကြီးလေလေ ငယ်ရွယ်လာလေဖြစ်တဲ့ Benjamin Button ဇာတ်ကားနဲ့ နှိုင်းယှဉ်ပြီး အသက် ၃၆ နှစ်အရွယ် ပရိသတ်ရဲ့ မယုံနိုင်လောက်အောင် နုနယ်တဲ့ ကလေးရုပ်ကို ဟာသဖောက်ခဲ့ကြပါတယ်။

“ငါ ဒီဗီဒီယိုဖိုင်ကို ကြည့်နေတာ ၁၀ ခါလောက်ရှိနေပြီ။ ဒါက လုံးဝကို ၁၀၀ ရာခိုင်နှုန်း ကလေးတစ်ယောက် ဆေးလိပ်သောက်နေတာပဲ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။ ဆေးလိပ်သောက်နေတဲ့ အမျိုးသားရဲ့နာမည်ဟာ ဂျိုးဂျွတ်ဖြစ်ပြီး ၎င်းဟာ သက်ကြီးပုတစ်ဦးဖြစ်တာကြောင့် သွားလေရာနေရာတိုင်းကို အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးလို့ အထင်မမှားရလေအောင် မှတ်ပုံတင်ကို ယူဆောင်သွားရဆဲ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့်လည်း ဂျိုးဂျွတ်ဟာ အများပြည်သူ ရှိနေတဲ့နေရာမှာ ဆေးလိပ်သောက်သုံးခဲ့တဲ့အတွက် တူရကီနိုင်ငံရဲ့ ဆေးလိပ်သောက်သုံးခြင်း စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ဒဏ်ငွေ ၁၃ ပေါင် ဆောင်ခဲ့ရတယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖီနာဘာခ်ီနဲ႔ ဘာဆာစေပၚတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ၂၀၁၉ ခုႏွစ္တုန္းက တူရကီလိဂ္ေဘာလုံးပြဲစဥ္ တိုက္ရိုက္ထုတ္လႊင့္မႈအတြင္းမွာ ဘာဆာစေပၚ ကေလးငယ္တစ္ဦး စီးကရက္ ထိုင္ဖြာေနတဲ့ ႐ုပ္သံဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ့ခဲ့တာကို ပရိသတ္ေတြ မွတ္မိၾကဦးမယ္ထင္ပါတယ္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရန္ပုံေငြ ရရွိေစဖို႔ ခ်စ္ၾကည္ေရးေျခစမ္းပြဲ ကစားခဲ့တဲ့ ဖီနာဘာခ်ီနဲ႔ ဘာဆာစေပၚတို႔ပြဲစဥ္ကို ၾကည့္ေနရင္း ေဆးလိပ္ဖြာေနတဲ့ ပရိသတ္တစ္ဦးကို တီဗြီကင္မရာက ျပသခဲ့ခ်ိန္မွာ ၾကည့္ရႈသူေတြဟာ အနည္းငယ္ စိတ္ရႈပ္ေထြးခဲ့ရတာျဖစ္ပါတယ္။ ေဆးလိပ္ေသာက္ေနတဲ့ ပရိသတ္ဟာ အသက္ငယ္ရြယ္လြန္းပုံ ေပၚခဲ့ၿပီး အလြန္ဆုံးရွိလ အသက္ ၁၂ ႏွစ္အရြယ္ဝန္းက်င္ေလာက္သာ ထင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကမၻာတလႊားက အာ႐ုံစိုက္မႈေတြကို ဆြဲေဆာင္နိုင္ခဲ့တဲ့ အဲဒီ ဇာတ္လမ္းထဲမွာ ရယ္ေမာစရာေကာင္းတဲ့ လွည့္ကြက္တစ္ခုရွိေနခဲ့တာျဖစ္ၿပီး အဲဒီပြဲစဥ္ဟာ နိုင္ငံတကာအားလပ္ရက္အတြင္း က်င္းပခဲ့တာျဖစ္ပါတယ္။ ဖီနာဘာခ်ီနဲ႔ ဘာဆာစေပၚတို႔ဟာ ကင္ဆာ အဖြဲ႕အစည္းေတြအျပင္ ေဒါင္းဆင္ဒ႐ုန္းနဲ႔ ေအာ္တစ္ဇင္ကေလးငယ္ေတြကို ကူညီေထာက္ပံ့ေပးေနတဲ့ အဖြဲ႕အစည္းေတြအတြက္ ဒီရန္ပုံေငြ ပြဲစဥ္ကို ကစားေပးခဲ့ၾကတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ပြဲၾကည့္စင္မွာ ပရိသတ္တစ္ဦး ေအးရာေအးေၾကာင္းနဲ႔ ေဆးလိပ္ေသာက္ေနတာကို ျမင္ေတြ႕ရတာက ေတာ္ေတာ္ေလး အံ့အားသင့္စရာ ေကာင္းခဲ့တာျဖစ္ၿပီး အဲဒါက ကင္ဆာကို တိုက္ဖ်က္ဖို႔ ရည္ရြယ္ခ်က္နဲ႔ က်င္းပတဲ့ပြဲစဥ္ျဖစ္တာေၾကာင့္ေတာ့ မဟုတ္ပါဘူး။

ေဆးလိပ္ေသာက္ေနတဲ့ ပရိသတ္ရဲ့ပုံစံဟာ ဥပေဒအရ ေဆးလိပ္ေသာက္ဖို႔ အရမ္းကို ငယ္ရြယ္လြန္းတဲ့ပုံေပၚေနခဲ့တာေၾကာင့္သာ ျဖစ္ေပမယ့္လည္း ေနာက္ပိုင္းမွာ အဲဒီပရိသတ္ဟာ အမွန္တကယ္ေတာ့ အသက္ ၃၆ ႏွစ္အရြယ္ရွိေနၿပီျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

အဲဒီထက္ ပိုၿပီး အံ့အားသင့္စရာေကာင္းတာကေတာ့ ေဘးနားမွာ ထိုင္ေနတဲ့ ကေလးငယ္ဟာ ေဆးလိပ္ေသာက္ေနသူရဲ့ သားျဖစ္တယ္ဆိုတဲ့အေၾကာင္းအရာျဖစ္ၿပီး လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ ေမြးဖြားခ်ိန္မွာ အိုမင္းရင့္ေရာ္ေနၿပီး အသက္ႀကီးေလေလ ငယ္ရြယ္လာေလျဖစ္တဲ့ Benjamin Button ဇာတ္ကားနဲ႔ ႏွိုင္းယွဥ္ၿပီး အသက္ ၃၆ ႏွစ္အရြယ္ ပရိသတ္ရဲ့ မယုံနိုင္ေလာက္ေအာင္ ႏုနယ္တဲ့ ကေလး႐ုပ္ကို ဟာသေဖာက္ခဲ့ၾကပါတယ္။

“ငါ ဒီဗီဒီယိုဖိုင္ကို ၾကည့္ေနတာ ၁၀ ခါေလာက္ရွိေနၿပီ။ ဒါက လုံးဝကို ၁၀၀ ရာခိုင္ႏႈန္း ကေလးတစ္ေယာက္ ေဆးလိပ္ေသာက္ေနတာပဲ”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ပါတယ္။ ေဆးလိပ္ေသာက္ေနတဲ့ အမ်ိဳးသားရဲ့နာမည္ဟာ ဂ်ိဳးဂၽြတ္ျဖစ္ၿပီး ၎ဟာ သက္ႀကီးပုတစ္ဦးျဖစ္တာေၾကာင့္ သြားေလရာေနရာတိုင္းကို အသက္မျပည့္ေသးတဲ့ ကေလးငယ္တစ္ဦးလို႔ အထင္မမွားရေလေအာင္ မွတ္ပုံတင္ကို ယူေဆာင္သြားရဆဲ ျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္။

ဒါေပမယ့္လည္း ဂ်ိဳးဂၽြတ္ဟာ အမ်ားျပည္သူ ရွိေနတဲ့ေနရာမွာ ေဆးလိပ္ေသာက္သုံးခဲ့တဲ့အတြက္ တူရကီနိုင္ငံရဲ့ ေဆးလိပ္ေသာက္သုံးျခင္း စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ိဳးေဖာက္ခဲ့တာေၾကာင့္ ဒဏ္ေငြ ၁၃ ေပါင္ ေဆာင္ခဲ့ရတယ္လို႔ Daily Mail ရဲ့ ေဖာ္ျပခ်က္အရ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.