Match Report Premier League

အေဝးကြင္းမွာ ဘလိတ္ဓားေတြကို ယူ႐ိုပါလိဂ္ျပင္ပကို ပို႔ေပးလုိက္တဲ့ အန္ဆယ္ေလာ့တီ

အထက္မေရာက္ ေအာက္မေရာက္ အဲဗာတန္အသင္းကို ရာသီဝက္မွာ တာဝန္ယူခဲ့ရတဲ့ ထိပ္တန္းနည္းျပႀကီး အန္ဆယ္ေလာ့တီ အတြက္ေတာ့ ဘယ္ၿပဳိင္ပြဲကိုမွ ဝင္ခြင့္မရွိေတာ့ေပမယ့္ ဂုဏ္သိကၡာအတြက္ သူ႕အသင္းရဲ႕ လက္က်န္ပြဲေတြကို အေကာင္းဆုံးကစားခဲ့သလို ရွက္ဖီးလ္ဒ္ ယူႏုိက္တက္တုိ႔ရဲ႕ ယူ႐ိုပါလိဂ္ဝင္ခြင့္ကေတာ့ ၿပီးဆုံးသြားခဲ့ၿပီပဲျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ အန္ဆယ္ေလာ့တီအေနနဲ႔ ဝါရင့္နည္းျပတစ္ဦးပီပီ သူ႕ရဲ႕ ခံစစ္ပုိင္းကို အေကာင္းဆုံးျပင္ဆင္လာခဲ့ၿပီး ရွက္ဖီးလ္ဒ္တုိ႔ အားသန္တဲ့ ျဖတ္တင္ေဘာနဲ႔ အျမင့္ေဘာေတြကို အျမဲတမ္း လက္ဦးမွဳရယူၿပီး ပိတ္ဆုိ႔ဖို႔ အသင္းကို ညႊန္ၾကားထားခဲ့ပုံလည္း ေပၚၿပီး သူတုိ႔ေတြရဲ႕ ေတာက္ေလွ်ာက္ အျမင့္ေဘာနဲ႔ တုိက္စစ္ဆင္မွဳေတြက အရာမထင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

အဲဗာတန္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ရွက္ဖီးလ္ဒ္ရဲ႕ တုိက္စစ္ေတြကို လိုအပ္သလို ျပစ္ဒဏ္ေဘာေတြနဲ႔ ႐ိုက္ခ်ဳိးခဲ့တာကိုလည္း ေတြ႕ရၿပီး ဒီေန႔မွာ ခရစၥ ဝုိင္လ္ဒါရဲ႕ အသင္းအေနနဲ႔ တစ္ခ်ိန္လုံး အျမင့္ေဘာေတြ ျဖတ္တင္ေနေပမယ့္ ဂိုးသြင္းခြင့္က ၈ ႀကိမ္သာ ရရွိခဲ့ၿပီး ႏွစ္ႀကိမ္သာ ဂိုးေပါက္ တည့္ခဲ့တာကေတာ့ ေနာက္ခံလူ မုိက္ကယ္ ကီးန္နဲ႔ လူငယ္ကစားသမား ဘရန္႔သ္ဝိတ္တုိ႔ကို ခ်ီးက်ဴးရမွာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၆ မိနစ္မွာေတာ့ ဒီပြဲရဲ႕ တစ္လုံးတည္းေသာဂိုးကို ဆီဂတ္ဆန္ရဲ႕ ဖရီးကစ္ကေန ရစ္ခ်ာလစ္ဆန္က ေခါင္းတုိက္ၿပီး အိမ္ရွင္ေတြကို အသည္းခြဲခဲ့ရာမွာ ဂိုးသမား ဟန္ဒါဆန္ရဲ႕ ေဘာလုံးမလာခင္မွာ ေျခတစ္လွမ္းမွားေနခဲ့တာေၾကာင့္ မကာကြယ္ႏုိင္ခဲ့ဘဲ ခြင့္ျပဳလုိက္ရတာလည္း ျဖစ္ပါတယ္။

ဒီေန႔ပြဲကို အမွတ္မလိုေပမယ့္ အႏုိင္ယူသြားခဲ့တဲ့ အန္ဆယ္ေလာ့တီကေတာ့ သူ႕ရဲ႕ ဂုဏ္သိကၡာအတြက္ ဘယ္အသင္းကိုမွ အေလွ်ာ့ေပးမွာ မဟုတ္ဘူးလို႔ ဆိုလိုက္တဲ့ သေဘာျဖစ္သလို ရွက္ဖီးလ္ဒ္တုိ႔ကေတာ့ ယူ႐ိုပါလိဂ္ဝင္ႏုိင္မယ့္ ရမွတ္မ်ဳိး ဒီၿပဳိင္ပြဲအတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ျပဳတ္တစ္သင္း၊ ဝုလ္ဗ္စ္၊ စပါးစ္နဲ႔ အာဆင္နယ္တုိ႔ကိုပဲ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ၿပီး ရာသီပိတ္ပြဲအျဖစ္ ဂြတ္ဒီဆန္ပါ့ခ္မွာ ကစားရမယ့္ တန္းဆင္းဇုန္ ဘုန္းေမာက္နဲ႔ နည္းျပ အက္ဒီေဟာင္းကေတာ့ ဒီေန႔ပုံစံကို ၾကည့္ၿပီး နတ္ဆုိးတစ္ပါးနဲ႔ ေတြ႕ဆုံဖို႔ တုန္လွဳပ္ေနၾကမယ္ဆုိရင္ေတာ့ မဆန္းဘူးလုိ႔ပဲ သုံးသပ္လုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အထက်မရောက် အောက်မရောက် အဲဗာတန်အသင်းကို ရာသီဝက်မှာ တာဝန်ယူခဲ့ရတဲ့ ထိပ်တန်းနည်းပြကြီး အန်ဆယ်လော့တီ အတွက်တော့ ဘယ်ပြိုင်ပွဲကိုမှ ဝင်ခွင့်မရှိတော့ပေမယ့် ဂုဏ်သိက္ခာအတွက် သူ့အသင်းရဲ့ လက်ကျန်ပွဲတွေကို အကောင်းဆုံးကစားခဲ့သလို ရှက်ဖီးလ်ဒ် ယူနိုက်တက်တို့ရဲ့ ယူရိုပါလိဂ်ဝင်ခွင့်ကတော့ ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အန်ဆယ်လော့တီအနေနဲ့ ဝါရင့်နည်းပြတစ်ဦးပီပီ သူ့ရဲ့ ခံစစ်ပိုင်းကို အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး ရှက်ဖီးလ်ဒ်တို့ အားသန်တဲ့ ဖြတ်တင်ဘောနဲ့ အမြင့်ဘောတွေကို အမြဲတမ်း လက်ဦးမှုရယူပြီး ပိတ်ဆို့ဖို့ အသင်းကို ညွှန်ကြားထားခဲ့ပုံလည်း ပေါ်ပြီး သူတို့တွေရဲ့ တောက်လျှောက် အမြင့်ဘောနဲ့ တိုက်စစ်ဆင်မှုတွေက အရာမထင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

အဲဗာတန်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ရှက်ဖီးလ်ဒ်ရဲ့ တိုက်စစ်တွေကို လိုအပ်သလို ပြစ်ဒဏ်ဘောတွေနဲ့ ရိုက်ချိုးခဲ့တာကိုလည်း တွေ့ရပြီး ဒီနေ့မှာ ခရစ္စ ဝိုင်လ်ဒါရဲ့ အသင်းအနေနဲ့ တစ်ချိန်လုံး အမြင့်ဘောတွေ ဖြတ်တင်နေပေမယ့် ဂိုးသွင်းခွင့်က ၈ ကြိမ်သာ ရရှိခဲ့ပြီး နှစ်ကြိမ်သာ ဂိုးပေါက် တည့်ခဲ့တာကတော့ နောက်ခံလူ မိုက်ကယ် ကီးန်နဲ့ လူငယ်ကစားသမား ဘရန့်သ်ဝိတ်တို့ကို ချီးကျူးရမှာလည်းဖြစ်ပါတယ်။

ပွဲချိန် ၄၆ မိနစ်မှာတော့ ဒီပွဲရဲ့ တစ်လုံးတည်းသောဂိုးကို ဆီဂတ်ဆန်ရဲ့ ဖရီးကစ်ကနေ ရစ်ချာလစ်ဆန်က ခေါင်းတိုက်ပြီး အိမ်ရှင်တွေကို အသည်းခွဲခဲ့ရာမှာ ဂိုးသမား ဟန်ဒါဆန်ရဲ့ ဘောလုံးမလာခင်မှာ ခြေတစ်လှမ်းမှားနေခဲ့တာကြောင့် မကာကွယ်နိုင်ခဲ့ဘဲ ခွင့်ပြုလိုက်ရတာလည်း ဖြစ်ပါတယ်။

ဒီနေ့ပွဲကို အမှတ်မလိုပေမယ့် အနိုင်ယူသွားခဲ့တဲ့ အန်ဆယ်လော့တီကတော့ သူ့ရဲ့ ဂုဏ်သိက္ခာအတွက် ဘယ်အသင်းကိုမှ အလျှော့ပေးမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ သဘောဖြစ်သလို ရှက်ဖီးလ်ဒ်တို့ကတော့ ယူရိုပါလိဂ်ဝင်နိုင်မယ့် ရမှတ်မျိုး ဒီပြိုင်ပွဲအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ပြုတ်တစ်သင်း၊ ဝုလ်ဗ်စ်၊ စပါးစ်နဲ့ အာဆင်နယ်တို့ကိုပဲ စောင့်ကြည့်ရတော့မှာဖြစ်ပြီး ရာသီပိတ်ပွဲအဖြစ် ဂွတ်ဒီဆန်ပါ့ခ်မှာ ကစားရမယ့် တန်းဆင်းဇုန် ဘုန်းမောက်နဲ့ နည်းပြ အက်ဒီဟောင်းကတော့ ဒီနေ့ပုံစံကို ကြည့်ပြီး နတ်ဆိုးတစ်ပါးနဲ့ တွေ့ဆုံဖို့ တုန်လှုပ်နေကြမယ်ဆိုရင်တော့ မဆန်းဘူးလို့ပဲ သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.