Match Report Premier League

ပဲေလ့စ္ကို အႏုိင္ယူၿပီး ယူ႐ိုပါလိဂ္တစ္ေနရာအတြက္ အဆင့္ ၆ ကို ေရာက္လာတဲ့ ဝုလ္ဗ္စ္

ၿပီးခဲ့တဲ့ ဇြန္တစ္လတာ အေကာင္းဆုံးနည္းျပ ႏူႏို အက္စ္ပရီစီတုိ ဆန္တုိရဲ႕ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းကေတာ့ ဒီေန႔မွာ အိမ္ကြင္းႏိုင္ပြဲနဲ႔အတူ သုံးမွတ္ရယူခဲ့သလို ရမွတ္ ၅၉ မွတ္နဲ႔ အဆင့္ ၆ ေနရာကို ေရာက္ရွိလာခဲ့ၿပီး မုိလီေနာ့စ္မွာ ခရစၥတယ္ပဲေလ့စ္ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ကစားခဲ့တာလည္းျဖစ္ပါတယ္။

ဘယ္ေတာင္ပံမွာ ပုိဒင့္စ္ကို ထည့္သြင္းလာခဲ့တဲ့ ဝုလ္ဗ္ရဲ႕ တုိက္စစ္က ေမႊေႏွာက္မွဳေတြ ထိုးေဖာက္မွဳေတြ ေကာင္းမြန္လာတာကို ေတြ႕ရေပမယ့္ ဂ်ဳိတာအစား သူပါဝင္လာခ်ိန္မွာေတာ့ တုိက္စစ္မွဴး ဟီမီနက္ဇ္နဲ႔ ထရာအိုေရးတုိ႔နဲ႔အတူ သုံးေယာက္ျပန္ၿပီး နားလည္မွဳရွိဖို႔ေတာ့ တစ္ခါတစ္ခါမွာ လိုအပ္ခ်က္ေတြ ရွိေနတတ္တာကို ေတြ႕ရၿပီး အနာဂတ္မွာေတာ့ ပုိမုိေကာင္းမြန္မယ့္ သုံးေယာက္တြဲလုံးေတာ့ ျဖစ္လာႏုိင္ပါတယ္။

အဖြင့္ဂိုးကိုေတာ့ ပြဲခ်ိန္ ၂၈ မိနစ္မွာ အိမ္ရွင္ေတြ စတင္သြင္းယူႏုိင္ခဲ့ၿပီး ပဲေလ့စ္ခံစစ္ပုိင္းက ရွင္းထုတ္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို ေမာ္တင္ညဳိရဲ႕ ဆရာက်တဲ့ ေပးပုိ႔မွဳကေန ညာေနာက္ခံလူ ဒိုဟာတီက ျဖတ္ပုိ႔ေပးခဲ့ရာမွာ ဂိုးေရွ႕မွာ ေစာင့္ေနတဲ့ ပုိဒင့္စ္က အသာအယာပဲ ေခါင္းတုိက္ သြင္းယူသြားခဲ့တာလည္းျဖစ္ပါတယ္။

ပထမပုိင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့ၿပီး ဒုတိယပုိင္းမွာေတာ့ ထရာအိုေရးရဲ႕ အနီးကပ္ကန္ခ်က္ကို ဂိုးသမား ဂြဳိင္တာ ကာကြယ္ခဲ့တာကို ဟီမီနက္ဇ္ ပိတ္သြင္းဖို႔ လုပ္ခ်ိန္မွာ ပဲေလ့စ္ေနာက္ခံလူေတြ တြန္းခဲ့လို႔ ပင္နယ္တီ ေတာင္းဆုိႏုိင္ေပမယ့္ ျပန္ထြက္လာတဲ့ ေဘာလုံးကို ပိုဒင့္စ္က ကန္ၿပီး အက်ဳိးမရွိဘဲ ျဖဳန္းတီးပစ္ခဲ့ျပန္ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ထရာအိုေရးရဲ႕ တစ္ကိုယ္ေတာ္႐ုန္းအားနဲ႔ ညာေတာင္ပံကေန ေနာက္ခံလူႏွစ္ေယာက္ကို ျဖတ္ေက်ာ္ၿပီး ဟီမီနက္ဇ္ကို ေပးခဲ့တာကို မကၠဆီကန္ တုိက္စစ္မွဴးက ေခ်ာ္ကန္ရာကေန ဘယ္ေတာင္ပံက လုိက္တက္လာတဲ့ ဂၽြန္နီ ကတ္စ္ထ႐ိုဆီ ေရာက္သြားခဲ့ၿပီး သူက ထိန္းၿပီးမွ တစ္ပတ္လွည့္ ကန္သြင္းခဲ့ရာမွာ ပဲေလ့စ္ခံစစ္က မ်က္စိလည္ၿပီး မကာကြယ္ႏုိင္ခဲ့လို႔ ဒုတိယဂိုး ရရွိခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ႏွစ္ဖက္အသင္းရဲ႕ ထိုးေဖာက္မွဳေတြကို ဂိုးသမားေတြ ကာကြယ္သြားႏုိင္ခဲ့တာေၾကာင့္ ဂိုးမျဖစ္ခဲ့ဘဲ အိမ္ကြင္းမွာ ထုိက္တန္တဲ့ ပုံစံေကာင္းကို ျပသၿပီး ထိန္းခ်ဳပ္ကစားႏုိင္ခဲ့တဲ့ ဝုလ္ဗ္စ္တုိ႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဒီေန႔ပြဲကို အႏိုင္ရရွိခဲ့လို႔ ယူ႐ိုပါလိဂ္ဝင္ခြင့္ တစ္ေနရာကေတာ့ သူတုိ႔ေတြအတြက္ ေသခ်ာသေလာက္ရွိေနၿပီး အေပၚက ခ်ဲလ္ဆီး၊ လက္စတာ၊ မန္ခ်က္စတာယူႏုိက္တက္တုိ႔ထဲက သူတုိ႔ကို အေဖာ္လာျပဳမယ့္သူကေတာ့ လက္က်န္ပြဲစဥ္ဇယားအရ လက္စတာပဲျဖစ္ဖုိ႔ မ်ားေနၿပီျဖစ္ေၾကာင္းလည္း သုံးသပ္လုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ဇွန်တစ်လတာ အကောင်းဆုံးနည်းပြ နူနို အက်စ်ပရီစီတို ဆန်တိုရဲ့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းကတော့ ဒီနေ့မှာ အိမ်ကွင်းနိုင်ပွဲနဲ့အတူ သုံးမှတ်ရယူခဲ့သလို ရမှတ် ၅၉ မှတ်နဲ့ အဆင့် ၆ နေရာကို ရောက်ရှိလာခဲ့ပြီး မိုလီနော့စ်မှာ ခရစ္စတယ်ပဲလေ့စ်ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ကစားခဲ့တာလည်းဖြစ်ပါတယ်။

ဘယ်တောင်ပံမှာ ပိုဒင့်စ်ကို ထည့်သွင်းလာခဲ့တဲ့ ဝုလ်ဗ်ရဲ့ တိုက်စစ်က မွှေနှောက်မှုတွေ ထိုးဖောက်မှုတွေ ကောင်းမွန်လာတာကို တွေ့ရပေမယ့် ဂျိုတာအစား သူပါဝင်လာချိန်မှာတော့ တိုက်စစ်မှူး ဟီမီနက်ဇ်နဲ့ ထရာအိုရေးတို့နဲ့အတူ သုံးယောက်ပြန်ပြီး နားလည်မှုရှိဖို့တော့ တစ်ခါတစ်ခါမှာ လိုအပ်ချက်တွေ ရှိနေတတ်တာကို တွေ့ရပြီး အနာဂတ်မှာတော့ ပိုမိုကောင်းမွန်မယ့် သုံးယောက်တွဲလုံးတော့ ဖြစ်လာနိုင်ပါတယ်။

အဖွင့်ဂိုးကိုတော့ ပွဲချိန် ၂၈ မိနစ်မှာ အိမ်ရှင်တွေ စတင်သွင်းယူနိုင်ခဲ့ပြီး ပဲလေ့စ်ခံစစ်ပိုင်းက ရှင်းထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို မော်တင်ညိုရဲ့ ဆရာကျတဲ့ ပေးပို့မှုကနေ ညာနောက်ခံလူ ဒိုဟာတီက ဖြတ်ပို့ပေးခဲ့ရာမှာ ဂိုးရှေ့မှာ စောင့်နေတဲ့ ပိုဒင့်စ်က အသာအယာပဲ ခေါင်းတိုက် သွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ထရာအိုရေးရဲ့ အနီးကပ်ကန်ချက်ကို ဂိုးသမား ဂွိုင်တာ ကာကွယ်ခဲ့တာကို ဟီမီနက်ဇ် ပိတ်သွင်းဖို့ လုပ်ချိန်မှာ ပဲလေ့စ်နောက်ခံလူတွေ တွန်းခဲ့လို့ ပင်နယ်တီ တောင်းဆိုနိုင်ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို ပိုဒင့်စ်က ကန်ပြီး အကျိုးမရှိဘဲ ဖြုန်းတီးပစ်ခဲ့ပြန်ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ ထရာအိုရေးရဲ့ တစ်ကိုယ်တော်ရုန်းအားနဲ့ ညာတောင်ပံကနေ နောက်ခံလူနှစ်ယောက်ကို ဖြတ်ကျော်ပြီး ဟီမီနက်ဇ်ကို ပေးခဲ့တာကို မက္ကဆီကန် တိုက်စစ်မှူးက ချော်ကန်ရာကနေ ဘယ်တောင်ပံက လိုက်တက်လာတဲ့ ဂျွန်နီ ကတ်စ်ထရိုဆီ ရောက်သွားခဲ့ပြီး သူက ထိန်းပြီးမှ တစ်ပတ်လှည့် ကန်သွင်းခဲ့ရာမှာ ပဲလေ့စ်ခံစစ်က မျက်စိလည်ပြီး မကာကွယ်နိုင်ခဲ့လို့ ဒုတိယဂိုး ရရှိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ နှစ်ဖက်အသင်းရဲ့ ထိုးဖောက်မှုတွေကို ဂိုးသမားတွေ ကာကွယ်သွားနိုင်ခဲ့တာကြောင့် ဂိုးမဖြစ်ခဲ့ဘဲ အိမ်ကွင်းမှာ ထိုက်တန်တဲ့ ပုံစံကောင်းကို ပြသပြီး ထိန်းချုပ်ကစားနိုင်ခဲ့တဲ့ ဝုလ်ဗ်စ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဒီနေ့ပွဲကို အနိုင်ရရှိခဲ့လို့ ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာကတော့ သူတို့တွေအတွက် သေချာသလောက်ရှိနေပြီး အပေါ်က ချဲလ်ဆီး၊ လက်စတာ၊ မန်ချက်စတာယူနိုက်တက်တို့ထဲက သူတို့ကို အဖော်လာပြုမယ့်သူကတော့ လက်ကျန်ပွဲစဉ်ဇယားအရ လက်စတာပဲဖြစ်ဖို့ များနေပြီဖြစ်ကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.