La Liga

ဥရောပဂိုးသွင်းစက်ကို အလိုက်ပေးကမ်းလှမ်းပြီး အာဆင်နယ်ကြယ်ပွင့်ကိုလည်း လက်ကမ်းထားတဲ့ ဘာဆာ

ဘာစီလိုနာအသင်းဟာ ဇာဗီရဲ့ နူးကမ့်က ပြုပြင်ပြောင်းလဲရေးစီမံကိန်းကို ပူးပေါင်းချင်တဲ့ဆန္ဒရှိကြောင်း ထုတ်ဖော်ပြသခဲ့တဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို ခေါ်ယူဖို့ ကမ်းလှမ်းမှုရဲ့ တစ်စိတ်တပိုင်းအဖြစ် ဆာဂျီနို ဒက်စ်တ်ကို ထည့်သွင်းသွားမယ်လို့ သိရပါတယ်။

ပိုလန်တိုက်စစ်မှူးဟာ မကြာသေးမီက ၎င်းရဲ့ နိုင်ငံအသင်းကို ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး အင်္ဂါနေ့က ဆွီဒင်နဲ့ ကစားခဲ့တဲ့ play-off ပွဲစဉ်မှာ ပင်နယ်တီသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ၎င်းရဲ့ ကလပ်အသင်းအနာဂတ်ဟာ ပြောစရာအကြောင်းအရာတစ်ခုဖြစ်လာခဲ့ပြီဖြစ်ပြီး လီဗန်ဒေါ့ဗ်စကီးဟာ ၂၀၂၃ ခုနှစ် ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ အလွတ်နဲ့ ထွက်ခွာခွင့်ရတော့မှာဖြစ်ပေမယ့်လည်း ဘွန်ဒက်စ်လီဂါချန်ပီယံတွေက စာချုပ်သစ် ချုပ်ဆိုဖို့ စကားမဟသေးတာဖြစ်ပါယ်။

ဘိုင်ယန်မြူးနစ်ရဲ့ အခြေအနေက ပြောင်းရွှေ့ကြေး ပြန်လည်ရရှိအောင် ယခုလာမယ့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို ရောင်းထုတ်ရမယ့်အခြေအနေဖြစ်နေပြီး ပိုလန်အသင်းခေါင်းဆောင်ကလည်း အသင်းကနေ ထွက်ခွာဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီဟာ လာမယ့်ရာသီသစ်မတိုင်ခင် ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူသွားဖို့ ပြင်ဆင်နေချိန်မှာ အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့အတွက် ခေါင်းငြိမ့်ခဲ့တယ်လို့ ကတ်တလန်သတင်းဌာန Sport က ESPN ရဲ့သတင်းကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

လီဗန်ဒေါ့ဗ်စကီးရဲ့ ပြောင်းရွှေ့ကြေးအဖြစ် ဘိုင်ယန်မြူးနစ်အသင်းက ပေါင် ၅၄ သန်းဝန်းကျင် သတ်မှတ်သွားလိမ့်မ်ယလို့ ယုံကြည်ရပြီး ဘာစီလိုနာအသင်းဟာ အသင်းမှာ နေရာသိပ်မရတဲ့ ညာနောက်ခံလူ ဆာဂျီနို ဒက်စ်တ်ကို အလိုက်ပေးကမ်းလှမ်းပြီး ပြောင်းရွှေ့ကြေးပမာဏကို လျှော့ချနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ လာလီဂါထိပ်သီးအသင်းကြီးက လီဗန်ဒေါ့ဗ်စကီးအတွက် ဒက်စ်တ်နဲ့ ငွေသား ကမ်းလှမ်းမှုက ၂ ဦး ၂ ဖက်အကျိုးရှိလိမ့်မယ်လို့ ယုံကြည်နေပေမယ့်လည်း ၎င်းတို့မှာ နောက်ထပ် ဒုတိယအစီအစဉ်လည်း ရှိနေသေးတယ်လို့ သိရပါတယ်။

ဘာစီလိုနာဟာ အာဆင်နယ်ကနေ အလွတ်နဲ့ ထွက်ခွာတော့မယ့် ပြင်သစ်တိုက်စစ်မှူး လာကာဇက်ကို အရန်သင့် ရွေးချယ်စရာအဖြစ် ပစ်မှတ်ထဲ ထည့်ထားခဲ့ပြီးဖြစ်တယ်လို့ သတင်းတွေအရ သိရပြီး အာဆင်နယ်ဝါရင့်တိုက်စစ်မှူးဟာ မြောက်လန်ဒန်မှာ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရယူထားသူမဟုတ်တာကြောင့် နူးကမ့်မှာ အူဘာမီယန်းနဲ့ ပြန်လည်ပေါင်းစည်းသွားနိုင်မှာ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ အတွေ့အကြုံရင့်တဲ့ တိုက်စစ်မှူးကို ယခုရာသီထက် ကျော်လွန်ပြီး အသင်းရဲ့လူငယ်ကစားသမားတွေကို ဦးဆောင်ပေးဖို့ မျှော်လင့်နေတာဖြစ်ပြီး မကြာသေးမီက အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မေးခွန်းမေးခံခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ခင်ဗျား သိတဲ့အတိုင်း ဆွေးနွေးမှုတွေ ရှိပြီး ရာသီအကုန်မှာ ကျွန်တော်တို့ ဘယ်နေရာမှာရှိနေမလဲဆိုတာ သိရမှာပါ။ ကျွန်တော်တို့ အားလုံး အတူတူ ဆုံးဖြတ်ချက်ကို ချမှတ်သွားမှာပါ။ အဲဒီဟာမဟုတ်တဲ့ အခြားဟာတစ်ခုခုအကြောင်း ဘယ်သူ့ကိုမှ ကျွန်တော် မတွေးစေချင်ပါဘူး။ ဆုံးဖြတ်ချက်ကို လာမယ့်နွေရာသီမှာ ချမှတ်ဖို့ ကျွန်တော်တို့ သဘောတူညီထားပြီး ရာသီပြီးတာနဲ့ သိပ်မကြာခင်မှာပဲ ချမှတ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

အာတီတာဟာ ပြီးတဲ့နောက်မှာ လာကာဇက်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ဖို့ကို ရာသီကုန်တဲ့အထိ ရွှေ့ဆိုင်းထားတာကြောင့် ရွေးချယ်စရာ အကန့်အသတ်ရှိလာနိုင်တဲ့အတွက် ပြင်သစ်တိုက်စစ်မှူးက ပျော်ရွှင်ရဲ့လားလို့ မေးမြန်းခြင်းခံခဲ့ရပါတယ်။

“အဲဒါက သူ့အတွက် မေးခွန်းပါ။ ဒါပေမယ့် သိသာတာက ကျွန်တော်တို့ ဆုံးဖြတ်ချက် ချမှတ်ရမှာဖြစ်ပြီး ရာသီကုန်မှာ အပြီးသတ်ဖို့ အဲဒါဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ချမှတ်သွားမှာပါ အဲဒါက ကျွန်တော်တို့ လုပ်ဖို့ ရှိနေတဲ့အရာပါ”လို့ တုံ့ပြန်သွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းဟာ ဇာဗီရဲ့ ႏူးကမ့္က ျပဳျပင္ေျပာင္းလဲေရးစီမံကိန္းကို ပူးေပါင္းခ်င္တဲ့ဆႏၵရွိေၾကာင္း ထုတ္ေဖာ္ျပသခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကို ေခၚယူဖို႔ ကမ္းလွမ္းမႈရဲ့ တစ္စိတ္တပိုင္းအျဖစ္ ဆာဂ်ီနို ဒက္စ္တ္ကို ထည့္သြင္းသြားမယ္လို႔ သိရပါတယ္။

ပိုလန္တိုက္စစ္မႉးဟာ မၾကာေသးမီက ၎ရဲ့ နိုင္ငံအသင္းကို ကာတာမွာ က်င္းပမယ့္ ကမၻာ့ဖလားၿပိဳင္ပြဲကို ပို႔ေဆာင္ေပးခဲ့တာျဖစ္ၿပီး အဂၤါေန႔က ဆြီဒင္နဲ႔ ကစားခဲ့တဲ့ play-off ပြဲစဥ္မွာ ပင္နယ္တီသြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္ရွိမွာေတာ့ ၎ရဲ့ ကလပ္အသင္းအနာဂတ္ဟာ ေျပာစရာအေၾကာင္းအရာတစ္ခုျဖစ္လာခဲ့ၿပီျဖစ္ၿပီး လီဗန္ေဒါ့ဗ္စကီးဟာ ၂၀၂၃ ခုႏွစ္ ဇြန္လမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးတာနဲ႔ အလြတ္နဲ႔ ထြက္ခြာခြင့္ရေတာ့မွာျဖစ္ေပမယ့္လည္း ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြက စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ စကားမဟေသးတာျဖစ္ပါယ္။

ဘိုင္ယန္ျမဴးနစ္ရဲ့ အေျခအေနက ေျပာင္းေရႊ႕ေၾကး ျပန္လည္ရရွိေအာင္ ယခုလာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ကာလအတြင္း ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကို ေရာင္းထုတ္ရမယ့္အေျခအေနျဖစ္ေနၿပီး ပိုလန္အသင္းေခါင္းေဆာင္ကလည္း အသင္းကေန ထြက္ခြာဖို႔အတြက္ ျပင္ဆင္ေနတာျဖစ္ပါတယ္။

ဘာစီလိုနာနည္းၿပ ဇာဗီဟာ လာမယ့္ရာသီသစ္မတိုင္ခင္ ထိပ္တန္းအဆင့္ တိုက္စစ္မႉးတစ္ဦးကို ေခၚယူသြားဖို႔ ျပင္ဆင္ေနခ်ိန္မွာ အသက္ ၃၃ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ ဘာစီလိုနာကို ေျပာင္းေရႊ႕ဖို႔အတြက္ ေခါင္းၿငိမ့္ခဲ့တယ္လို႔ ကတ္တလန္သတင္းဌာန Sport က ESPN ရဲ့သတင္းကို ကိုးကားၿပီး ေဖာ္ျပခဲ့ပါတယ္။

လီဗန္ေဒါ့ဗ္စကီးရဲ့ ေျပာင္းေရႊ႕ေၾကးအျဖစ္ ဘိုင္ယန္ျမဴးနစ္အသင္းက ေပါင္ ၅၄ သန္းဝန္းက်င္ သတ္မွတ္သြားလိမ့္မ္ယလို႔ ယုံၾကည္ရၿပီး ဘာစီလိုနာအသင္းဟာ အသင္းမွာ ေနရာသိပ္မရတဲ့ ညာေနာက္ခံလူ ဆာဂ်ီနို ဒက္စ္တ္ကို အလိုက္ေပးကမ္းလွမ္းၿပီး ေျပာင္းေရႊ႕ေၾကးပမာဏကို ေလၽွာ့ခ်နိုင္ဖို႔ ေမၽွာ္လင့္ေနတာျဖစ္ပါတယ္။ လာလီဂါထိပ္သီးအသင္းႀကီးက လီဗန္ေဒါ့ဗ္စကီးအတြက္ ဒက္စ္တ္နဲ႔ ေငြသား ကမ္းလွမ္းမႈက ၂ ဦး ၂ ဖက္အက်ိဳးရွိလိမ့္မယ္လို႔ ယုံၾကည္ေနေပမယ့္လည္း ၎တို႔မွာ ေနာက္ထပ္ ဒုတိယအစီအစဥ္လည္း ရွိေနေသးတယ္လို႔ သိရပါတယ္။

ဘာစီလိုနာဟာ အာဆင္နယ္ကေန အလြတ္နဲ႔ ထြက္ခြာေတာ့မယ့္ ျပင္သစ္တိုက္စစ္မႉး လာကာဇက္ကို အရန္သင့္ ေရြးခ်ယ္စရာအျဖစ္ ပစ္မွတ္ထဲ ထည့္ထားခဲ့ၿပီးျဖစ္တယ္လို႔ သတင္းေတြအရ သိရၿပီး အာဆင္နယ္ဝါရင့္တိုက္စစ္မႉးဟာ ေျမာက္လန္ဒန္မွာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရယူထားသူမဟုတ္တာေၾကာင့္ ႏူးကမ့္မွာ အူဘာမီယန္းနဲ႔ ျပန္လည္ေပါင္းစည္းသြားနိုင္မွာ ျဖစ္ပါတယ္။

အာဆင္နယ္နည္းၿပ အာတီတာအေနနဲ႔ အေတြ႕အၾကဳံရင့္တဲ့ တိုက္စစ္မႉးကို ယခုရာသီထက္ ေက်ာ္လြန္ၿပီး အသင္းရဲ့လူငယ္ကစားသမားေတြကို ဦးေဆာင္ေပးဖို႔ ေမၽွာ္လင့္ေနတာျဖစ္ၿပီး မၾကာေသးမီက အဲဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ေမးခြန္းေမးခံခဲ့ရတာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ခင္ဗ်ား သိတဲ့အတိုင္း ေဆြးေႏြးမႈေတြ ရွိၿပီး ရာသီအကုန္မွာ ကၽြန္ေတာ္တို႔ ဘယ္ေနရာမွာရွိေနမလဲဆိုတာ သိရမွာပါ။ ကၽြန္ေတာ္တို႔ အားလုံး အတူတူ ဆုံးျဖတ္ခ်က္ကို ခ်မွတ္သြားမွာပါ။ အဲဒီဟာမဟုတ္တဲ့ အျခားဟာတစ္ခုခုအေၾကာင္း ဘယ္သူ႔ကိုမွ ကၽြန္ေတာ္ မေတြးေစခ်င္ပါဘူး။ ဆုံးျဖတ္ခ်က္ကို လာမယ့္ေႏြရာသီမွာ ခ်မွတ္ဖို႔ ကၽြန္ေတာ္တို႔ သေဘာတူညီထားၿပီး ရာသီၿပီးတာနဲ႔ သိပ္မၾကာခင္မွာပဲ ခ်မွတ္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အာတီတာဟာ ၿပီးတဲ့ေနာက္မွာ လာကာဇက္ရဲ့ အနာဂတ္နဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ခ်မွတ္ဖို႔ကို ရာသီကုန္တဲ့အထိ ေရႊ႕ဆိုင္းထားတာေၾကာင့္ ေရြးခ်ယ္စရာ အကန႔္အသတ္ရွိလာနိုင္တဲ့အတြက္ ျပင္သစ္တိုက္စစ္မႉးက ေပ်ာ္ရႊင္ရဲ့လားလို႔ ေမးျမန္းျခင္းခံခဲ့ရပါတယ္။

“အဲဒါက သူ႔အတြက္ ေမးခြန္းပါ။ ဒါေပမယ့္ သိသာတာက ကၽြန္ေတာ္တို႔ ဆုံးျဖတ္ခ်က္ ခ်မွတ္ရမွာျဖစ္ၿပီး ရာသီကုန္မွာ အၿပီးသတ္ဖို႔ အဲဒါဆုံးျဖတ္ခ်က္ကို ကၽြန္ေတာ္တို႔ ခ်မွတ္သြားမွာပါ အဲဒါက ကၽြန္ေတာ္တို႔ လုပ္ဖို႔ ရွိေနတဲ့အရာပါ”လို႔ တုံ႔ျပန္သြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.