La Liga

ချဲလ်ဆီးနဲ့စပါးစ်ကို နဖူးရိုက်ပြီး ငုတ်တုတ်မေ့သွားစေမယ့် ကြေညာချက်ထုတ်လိုက်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာက ချဲလ်ဆီးနောက်ခံကစားသမား ခရစ္စတင်ဆန်နဲ့ အေစီမီလန်ကွင်းလယ်ကစားသမား ဖရန့်ခ် ကက်ဆီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ကစားသမား ၂ ဦးစလုံးဟာ ယခုလာမယ့်နွေရာသီမှာ အသင်းနဲ့ သက်တမ်း ကုန်ဆုံးကြတော့မှာဖြစ်ပြီး ပြည်ပကလပ်အသင်းတွေနဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ရရှိထားခဲ့ကြသူတွေ ဖြစ်ပါတယ်။ “ကျွန်တော်တို့ လာမယ့် ရာသီအတွက် ကစားသမားခေါ်ယူမှု ၂ ခု ပြုလုပ်နိုင်ခဲ့ပါပြီ။ တစ်ဦးကတော့ ကွင်းလယ်ကစားသမားဖြစ်ပြီး နောက်တစ်ဦးကတော့ ဗဟိုခံစစ်ကစားသမားပါ။ ဒါပေမယ့် ကျွန်တော့်မှာ နာမည်တပ်ပြောပိုင်ခွင့် မရှိပါဘူး”လို့ လာပေါ်တာက RAC1 ကို ပြောကြားခဲ့ပါတယ်။

အပြောင်းအရွှေ့စျေးကွက်ကို အထူးကျွမ်းကျင်တဲ့ ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုက အဲဒီကြေညာချက်ထုတ်ပြီးတဲ့နောက်မှာ “အမှန်ပါပဲ။ ဖရန့်ခ် ကက်ဆီနဲ့ ခရစ္စတင်ဆန်တို့ ၂ ဦးစလုံး သဘောတူညီမှု အပြည့်အဝ ရရှိပြီးပါပြီ”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒိန်းမတ်လက်ရွေးစင်နောက်ခံလူ ခရစ္စတင်ဆန်ကို ဆက်လက် ထိန်းသိမ်းထားချင်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးနောက်ခံလူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် နောက်ခံကစားသမားအနေနဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ပြီး ချဲလ်ဆီးအသင်းနဲ့ ၁၀ နှစ်ကြာ ဆက်ဆံရေးကို အဆုံးသတ်တော့မှာဖြစ်ပြီး ခရစ္စတင်ဆန်ဟာ ၂၀၁၂ ခုနှစ်ကတည်းက ဒိန်းမတ်ထိပ်သီးအသင်းဖြစ်တဲ့ ဘရွန်ဘီကနေ အသက် ၁၅ နှစ်သားအဖြစ်နဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။

ခရစ္စတင်ဆန်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားများစွာ ချဲလ်ဆီးအသင်းနဲ့ အတူ ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပြီး ယခုရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ကိုဗစ်ကူးစက်ခံရမှုကြောင့် တစ်ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၎င်းတို့ရဲ့ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာကြောင့် မကြာသေးမီ ဖရန့်ခ် ကက်ဆီကို ခေါ်ယူဖို့အတွက် သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ စပါးစ်နည်းပြ အန်တိုနီယို ကွန်တီအနေနဲ့ အခုအချိန်မှာတော့ ကွင်းလယ်ကစားသမား ခေါ်ယူဖို့အတွက် တခြားတစ်နေရာရာမှာ ရှာဖွေရတော့မှာဖြစ်ပြီး ဘာစီလိုနာအသင်းဟာ အိုင်ဗရီကို့စ်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်က မီလန်မှာ ဆက်မရှိချင်တော့ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးတာနဲ့တပြိုင်နက် ခေါ်ယူဖို့ နောက်ထပ်တစ်ဆင့်တက် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ကက်ဆီဟာ ၂၀၁၉ ခုနှစ်မှာ စီးရီးအေပြိုင်ဘက် အတ္တလန္တာအသင်းကနေ ပြောင်းရွှေ့လာကတည်းက အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းက ဝါရင့်ကွင်းလယ်လူ ဆာဂီယို ဘူးစ်ကတ်နေရာမှာ ရေရှည်အစားထိုးဖို့ စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

ဖရန့်ခ် ကက်ဆီဟာ အေစီမီလန်အသင်းအတွက် ပွဲပေါင်း ၂၀၀ ကျော် ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ပေးခဲ့ပြီး ဘာစီလိုနာဟာ နည်းပြ ဇာဗီက ယခုနွေရာသီမှာ လူအင်အားအများအပြား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ မျှော်မှန်းထားတာကြောင့် နောက်ထပ်ကစားသမားခေါ်ယူမှုအဖြစ် လိုက်ပ်ဇစ်ကြယ်ပွင့် ဒါနီ အိုလ်မိုကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းဥကၠဌ လာေပၚတာက ခ်ဲလ္ဆီးေနာက္ခံကစားသမား ခရစၥတင္ဆန္နဲ႔ ေအစီမီလန္ကြင္းလယ္ကစားသမား ဖရန႔္ခ္ ကက္ဆီကို ေခၚယူနိုင္ခဲ့ၿပီျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။

ကစားသမား ၂ ဦးစလုံးဟာ ယခုလာမယ့္ေႏြရာသီမွာ အသင္းနဲ႔ သက္တမ္း ကုန္ဆုံးၾကေတာ့မွာျဖစ္ၿပီး ျပည္ပကလပ္အသင္းေတြနဲ႔ လြတ္လြတ္လပ္လပ္ ေဆြးေႏြးခြင့္ ရရွိထားခဲ့ၾကသူေတြ ျဖစ္ပါတယ္။ “ကၽြန္ေတာ္တို႔ လာမယ့္ ရာသီအတြက္ ကစားသမားေခၚယူမႈ ၂ ခု ျပဳလုပ္နိုင္ခဲ့ပါၿပီ။ တစ္ဦးကေတာ့ ကြင္းလယ္ကစားသမားျဖစ္ၿပီး ေနာက္တစ္ဦးကေတာ့ ဗဟိုခံစစ္ကစားသမားပါ။ ဒါေပမယ့္ ကၽြန္ေတာ့္မွာ နာမည္တပ္ေျပာပိုင္ခြင့္ မရွိပါဘူး”လို႔ လာေပၚတာက RAC1 ကို ေျပာၾကားခဲ့ပါတယ္။

အေျပာင္းအေရႊ႕ေစ်းကြက္ကို အထူးကၽြမ္းက်င္တဲ့ ဂ်ာနယ္လစ္ ဖက္ဘရီဇီယို ရိုမာနိုက အဲဒီေၾကညာခ်က္ထုတ္ၿပီးတဲ့ေနာက္မွာ “အမွန္ပါပဲ။ ဖရန႔္ခ္ ကက္ဆီနဲ႔ ခရစၥတင္ဆန္တို႔ ၂ ဦးစလုံး သေဘာတူညီမႈ အျပည့္အဝ ရရွိၿပီးပါၿပီ”လို႔ တြစ္တာမွာ ေရးသားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဒိန္းမတ္လက္ေရြးစင္ေနာက္ခံလူ ခရစၥတင္ဆန္ကို ဆက္လက္ ထိန္းသိမ္းထားခ်င္ခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးေနာက္ခံလူဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလကတည္းက ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ ေနာက္ခံကစားသမားအေနနဲ႔ ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ၿပီး ခ်ဲလ္ဆီးအသင္းနဲ႔ ၁၀ ႏွစ္ၾကာ ဆက္ဆံေရးကို အဆုံးသတ္ေတာ့မွာျဖစ္ၿပီး ခရစၥတင္ဆန္ဟာ ၂၀၁၂ ခုႏွစ္ကတည္းက ဒိန္းမတ္ထိပ္သီးအသင္းျဖစ္တဲ့ ဘရြန္ဘီကေန အသက္ ၁၅ ႏွစ္သားအျဖစ္နဲ႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေရာက္ရွိလာခဲ့သူျဖစ္ပါတယ္။

ခရစၥတင္ဆန္ဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဖလား အပါအဝင္ ဆုဖလားမ်ားစြာ ခ်ဲလ္ဆီးအသင္းနဲ႔ အတူ ကိုင္ေျမႇာက္နိုင္ခဲ့သူျဖစ္ၿပီး ယခုရာသီမွာ ဒဏ္ရာျပႆနာေတြနဲ႔ ကိုဗစ္ကူးစက္ခံရမႈေၾကာင့္ တစ္ပြဲသာ ပါဝင္ကစားေပးထားနိုင္ခဲ့တာျဖစ္ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ၎တို႔ရဲ့ ကြင္းလယ္ကို အင္အားျဖည့္တင္းဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ မၾကာေသးမီ ဖရန႔္ခ္ ကက္ဆီကို ေခၚယူဖို႔အတြက္ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ စပါးစ္နည္းၿပ အန္တိုနီယို ကြန္တီအေနနဲ႔ အခုအခ်ိန္မွာေတာ့ ကြင္းလယ္ကစားသမား ေခၚယူဖို႔အတြက္ တျခားတစ္ေနရာရာမွာ ရွာေဖြရေတာ့မွာျဖစ္ၿပီး ဘာစီလိုနာအသင္းဟာ အိုင္ဗရီကို႔စ္လက္ေရြးစင္ကြင္းလယ္ၾကယ္ပြင့္က မီလန္မွာ ဆက္မရွိခ်င္ေတာ့ဘူးလို႔ ရွင္းရွင္းလင္းလင္း ေျပာၾကားခဲ့ၿပီးတာနဲ႔တၿပိဳင္နက္ ေခၚယူဖို႔ ေနာက္ထပ္တစ္ဆင့္တက္ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

ကက္ဆီဟာ ၂၀၁၉ ခုႏွစ္မွာ စီးရီးေအၿပိဳင္ဘက္ အတၱလႏၲာအသင္းကေန ေျပာင္းေရႊ႕လာကတည္းက အထင္ႀကီးဖြယ္ ေျခစြမ္းျပသခဲ့သူျဖစ္ၿပီး ဘာစီလိုနာအသင္းက ဝါရင့္ကြင္းလယ္လူ ဆာဂီယို ဘူးစ္ကတ္ေနရာမွာ ေရရွည္အစားထိုးဖို႔ ေစာင့္ၾကည့္ေနခဲ့တာျဖစ္ပါတယ္။

ဖရန႔္ခ္ ကက္ဆီဟာ ေအစီမီလန္အသင္းအတြက္ ပြဲေပါင္း ၂၀၀ ေက်ာ္ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၃၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၆ ႀကိမ္ ျပဳလုပ္ေပးခဲ့ၿပီး ဘာစီလိုနာဟာ နည္းၿပ ဇာဗီက ယခုေႏြရာသီမွာ လူအင္အားအမ်ားအျပား ျဖည့္တင္းမႈေတြ ျပဳလုပ္ဖို႔ ေမၽွာ္မွန္းထားတာေၾကာင့္ ေနာက္ထပ္ကစားသမားေခၚယူမႈအျဖစ္ လိုက္ပ္ဇစ္ၾကယ္ပြင့္ ဒါနီ အိုလ္မိုကို အဓိကပစ္မွတ္အျဖစ္ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.