Premier League

၂၁.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလဆန္း ၂ ရက္၊ အဂၤါေန႔။

၂၁.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆိုလဆန္း ၂ ရက္၊ အဂၤါေန႔၊ ျပႆဒါး၊ ရွမ္းရက္။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ည ၂၂:၂၃ အထိ တိထီ ၁ လုံး။ ေက်ာ္လွ်င္ ၂ လုံး။ ၁ လုံးတြင္ အၿမိတၱယုဂ္ႏွင္ မတယုဂ္၊ ထာဝရ ရွင္သန္ေအာင္ျမင္ေစလိုေသာ အလုပ္မ်ားေရာ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုသည့္ အလုပ္မ်ားပါ လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ည ၂၁:၂၉ အထိ ဖုသွ်နကၡတ္။ ေက်ာ္လွ်င္ အႆလိႆနကၡတ္။ ညေန ၁၈:၃၂ အထိ ဝဇီရယုဂ္၊ စိန္ကဲ့သို႔ မာေက်ာတန္ဖိုးရွိျခင္း၊ မိုးႀကဳိးကဲ့သို႔ ဖ်က္အားျပင္းထန္ျခင္း၊ ေရွ႕တုိး၍ မိ္မိအင္အားျဖင့္ ထိုးေဖာက္ေဆာင္ရြက္ရန္ကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ညႇိႏွဳိင္းေဆာင္ရြက္ျခင္းမ်ား ျပဳလုပ္ရန္ မသင့္ေတာ္ပါ။ ေက်ာ္လွ်င္ သိဒၶိယုဂ္၊ ေအာင္ျမင္မွဳရျခင္း၊ အကာအကြယ္ရျခင္း၊ ကၽြမ္းက်င္မွဳျဖင့္ ၿပီးျပည့္စုံေစျခင္းျဖစ္၍ မိမိ ကၽြမ္းက်င္ပိုင္ႏုိင္ေသာအလုပ္အား ေရြးခ်ယ္လုပ္ေဆာင္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၁၁:၁၆ အထိ ကိတုဃနက႐ိုဏ္း၊ ေပ်ာ္ရႊင္ျခင္း၊ ထိမ္းျမားျခင္း၊ အခမ္းအနားေဆာင္ရြက္ရျခင္း၊ အနစ္နာခံရျခင္း၊ စိတ္ေကာင္းထား၍ ေပ်ာ္ရႊင္ႏုိင္မည့္သူမ်ားအား ကူညီျခင္းျဖင့္ မိမိအေပၚ သူတပါး၏ အေလးထားမွဳအား ရယူပါ။ ည ၂၂:၂၃ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာ အမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ည ၂၂:၂၃ အထိ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။ ေက်ာ္လွ်င္ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၁.၇.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၂ ရက်၊ အင်္ဂါနေ့၊ ပြဿဒါး၊ ရှမ်းရက်။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ည ၂၂:၂၃ အထိ တိထီ ၁ လုံး။ ကျော်လျှင် ၂ လုံး။ ၁ လုံးတွင် အမြိတ္တယုဂ်နှင် မတယုဂ်၊ ထာဝရ ရှင်သန်အောင်မြင်စေလိုသော အလုပ်များရော ပြီးပြတ်ချုပ်ငြိမ်းစေလိုသည့် အလုပ်များပါ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ည ၂၁:၂၉ အထိ ဖုသျှနက္ခတ်။ ကျော်လျှင် အဿလိဿနက္ခတ်။ ညနေ ၁၈:၃၂ အထိ ဝဇီရယုဂ်၊ စိန်ကဲ့သို့ မာကျောတန်ဖိုးရှိခြင်း၊ မိုးကြိုးကဲ့သို့ ဖျက်အားပြင်းထန်ခြင်း၊ ရှေ့တိုး၍ မိမိအင်အားဖြင့် ထိုးဖောက်ဆောင်ရွက်ရန်ကိစ္စများ လုပ်ဆောင်ရန်ကောင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရန် မသင့်တော်ပါ။ ကျော်လျှင် သိဒ္ဓိယုဂ်၊ အောင်မြင်မှုရခြင်း၊ အကာအကွယ်ရခြင်း၊ ကျွမ်းကျင်မှုဖြင့် ပြီးပြည့်စုံစေခြင်းဖြစ်၍ မိမိ ကျွမ်းကျင်ပိုင်နိုင်သောအလုပ်အား ရွေးချယ်လုပ်ဆောင်ပါ။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၁:၁၆ အထိ ကိတုဃနကရိုဏ်း၊ ပျော်ရွှင်ခြင်း၊ ထိမ်းမြားခြင်း၊ အခမ်းအနားဆောင်ရွက်ရခြင်း၊ အနစ်နာခံရခြင်း၊ စိတ်ကောင်းထား၍ ပျော်ရွှင်နိုင်မည့်သူများအား ကူညီခြင်းဖြင့် မိမိအပေါ် သူတပါး၏ အလေးထားမှုအား ရယူပါ။ ည ၂၂:၂၃ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာ အမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ည ၂၂:၂၃ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)