Match Report Premier League

အိမ္ကြင္းမွာ ဂိုးမရွိသေရနဲ႔ ပရီးမီးယားလိဂ္မွာ ဆက္ရွိဖို႔ ေသခ်ာႏုိင္ခဲ့တဲ့ ဘ႐ိုက္တန္

ပရီးမီးယားလိဂ္ အဆင့္ ၁၅ က ဘ႐ိုက္တန္အသင္းကေတာ့ အိမ္ကြင္း ေအးမက္စ္မွာ နယူးကာဆယ္လ္ယူႏိုက္တက္အသင္းကို ဂိုးမရွိသေရကစားၿပီး အလိုအပ္ဆုံး ရမွတ္တစ္မွတ္နဲ႔အတူ ခ်န္ပီယံရွစ္ကို တန္းဆင္းရမယ့္ အႏၲရာယ္ကေန လြတ္ေျမာက္ႏုိင္ခဲ့ၿပီျဖစ္ၿပီး လက္ရွိတန္းဆင္းဇုန္အသင္းေတြကေတာ့ ပုိမိုခက္ခဲ့သြားခဲ့ၿပီျဖစ္ပါတယ္။

ႏွစ္သင္းစလုံးအေနနဲ႔ ဒီေန႔ပြဲမွာ ၄-၄-၁-၁ ကစားကြက္ကို အေျခခံၿပီး လူစုံထုတ္ကစားခဲ့သလို အိမ္ရွင္တုိ႔အေနနဲ႔ တန္းဆင္းဇုန္က လြတ္ဖို႔ ရည္ရြယ္ၿပီး ႏုိင္ပြဲရွာဖို႔ ႀကဳိးစားခဲ့ေပမယ့္ စတိဗ္ ဘ႐ုစ္ရဲ႕ အသင္းကို ဂေရဟမ္ ေပါ့တာအေနနဲ႔ ပုိင္ပုိင္ႏိုင္ႏုိင္ ထိုးႏွက္ႏုိင္ျခင္းမ်ဳိး မရွိခဲ့တာလည္းျဖစ္ပါတယ္။

အိမ္ကြင္းမွာ ဘ႐ုိက္တန္တုိ႔ ဖိကစားခဲ့ၿပီး ေဘာလုံးပုိင္ဆုိင္မွဳ ၆၉ ရာခိုင္ႏွဳန္းအထိ ရရွိခဲ့ေပမယ့္ အခြင့္အေရးေတြ အသုံးခ်မွဳမွာေတာ့ ညံ့ဖ်င္းခဲ့လို႔ ဂိုးမရခဲ့တာျဖစ္သလို ႏွစ္သင္းစလုံး ၁၀ ႀကိမ္စီ ကန္ခြင့္ရခဲ့တဲ့ ဒီပြဲမွာ ဘ႐ိုက္တန္က ၃ ႀကိမ္နဲ႔ နယူးကာဆယ္လ္က ၁ ႀကိမ္သာ ဂိုးေပါက္ တည့္ခဲ့ၿပီး ဘဲဥမကြဲဘဲ သေရတစ္မွတ္စီသာ ခြဲယူခဲ့ရပါတယ္။

ပြဲစဥ္ ၃၇ ၿပီးမွာ ဘ႐ုိက္တန္က ရမွတ္ ၃၈ မွတ္နဲ႔ တန္းဆင္းဇုန္က လြတ္သြားခဲ့ၿပီျဖစ္ၿပီး အမွတ္တူရင္ေတာင္ ဂိုးကြာျခားခ်က္နဲ႔ တန္းမဆင္းႏိုင္မယ့္ အေနအထားကေန ျပတ္ျပတ္သားသား ႐ုန္းထြက္ႏုိင္ခဲ့တာျဖစ္သလို သူ႕ေနာက္ကို ဒီအေနအထားမ်ဳိးပဲ ရွိေနတဲ့ ဝက္စ္ဟမ္းက လိုက္ပါလာဖြယ္ရွိေနၿပီး နယူးကာဆယ္လ္ကေတာ့ ဘာဆိုဘာမွ မျဖစ္ႏုိင္ေတာ့တဲ့ အဆင့္ ၁၃ မွာ ရမွတ္ ၄၄ မွတ္နဲ႔ ရပ္တည္ေနခဲ့ပါတယ္။

တန္းဆင္းသြားခဲ့တဲ့ ေနာ့ဝစ္ခ်္ရဲ႕ေနာက္ကို အေဖာ္ျပဳေပးရဖို႔ ေစာင့္ၾကည့္ရမယ့္ အသင္းအျဖစ္ေတာ့ ဝတ္ဖို႔ဒ္အသင္းကို လူေတြက ခန္႔မွန္းေနၾကၿပီး မန္စီးတီး၊ အာဆင္နယ္တုိ႔နဲ႔ ပြဲေတြမွာ သူ႕အေနနဲ႔ တစ္မွတ္ရၿပီး ေလးဂိုးအထိ မေပးရရင္ေတာ့ အေျခအေနေကာင္းႏုိင္ခြင့္ ရွိေနသလို သူတုိ႔ ေျခေခ်ာ္ရင္ေတာ့ အာဆင္နယ္၊ ဝက္စ္ဟမ္းတုိ႔နဲ႔ ပြဲစဥ္ေတြမွာ ဗီလာတုိ႔ ၄ မွတ္ ရွာေဖြႏုိင္ရင္ တန္းမဆင္းရဖို႔ အခြင့္အေရးရွိေနၿပီး ဘုန္းေမာက္ကေတာ့ အားလုံးမွားမွ သူ႕မွာ အခြင့္အေရး ရွိေတာ့မွာ ျဖစ္ေၾကာင္းလည္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ် အဆင့် ၁၅ က ဘရိုက်တန်အသင်းကတော့ အိမ်ကွင်း အေးမက်စ်မှာ နယူးကာဆယ်လ်ယူနိုက်တက်အသင်းကို ဂိုးမရှိသရေကစားပြီး အလိုအပ်ဆုံး ရမှတ်တစ်မှတ်နဲ့အတူ ချန်ပီယံရှစ်ကို တန်းဆင်းရမယ့် အန္တရာယ်ကနေ လွတ်မြောက်နိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိတန်းဆင်းဇုန်အသင်းတွေကတော့ ပိုမိုခက်ခဲ့သွားခဲ့ပြီဖြစ်ပါတယ်။

နှစ်သင်းစလုံးအနေနဲ့ ဒီနေ့ပွဲမှာ ၄-၄-၁-၁ ကစားကွက်ကို အခြေခံပြီး လူစုံထုတ်ကစားခဲ့သလို အိမ်ရှင်တို့အနေနဲ့ တန်းဆင်းဇုန်က လွတ်ဖို့ ရည်ရွယ်ပြီး နိုင်ပွဲရှာဖို့ ကြိုးစားခဲ့ပေမယ့် စတိဗ် ဘရုစ်ရဲ့ အသင်းကို ဂရေဟမ် ပေါ့တာအနေနဲ့ ပိုင်ပိုင်နိုင်နိုင် ထိုးနှက်နိုင်ခြင်းမျိုး မရှိခဲ့တာလည်းဖြစ်ပါတယ်။

အိမ်ကွင်းမှာ ဘရိုက်တန်တို့ ဖိကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းအထိ ရရှိခဲ့ပေမယ့် အခွင့်အရေးတွေ အသုံးချမှုမှာတော့ ညံ့ဖျင်းခဲ့လို့ ဂိုးမရခဲ့တာဖြစ်သလို နှစ်သင်းစလုံး ၁၀ ကြိမ်စီ ကန်ခွင့်ရခဲ့တဲ့ ဒီပွဲမှာ ဘရိုက်တန်က ၃ ကြိမ်နဲ့ နယူးကာဆယ်လ်က ၁ ကြိမ်သာ ဂိုးပေါက် တည့်ခဲ့ပြီး ဘဲဥမကွဲဘဲ သရေတစ်မှတ်စီသာ ခွဲယူခဲ့ရပါတယ်။

ပွဲစဉ် ၃၇ ပြီးမှာ ဘရိုက်တန်က ရမှတ် ၃၈ မှတ်နဲ့ တန်းဆင်းဇုန်က လွတ်သွားခဲ့ပြီဖြစ်ပြီး အမှတ်တူရင်တောင် ဂိုးကွာခြားချက်နဲ့ တန်းမဆင်းနိုင်မယ့် အနေအထားကနေ ပြတ်ပြတ်သားသား ရုန်းထွက်နိုင်ခဲ့တာဖြစ်သလို သူ့နောက်ကို ဒီအနေအထားမျိုးပဲ ရှိနေတဲ့ ဝက်စ်ဟမ်းက လိုက်ပါလာဖွယ်ရှိနေပြီး နယူးကာဆယ်လ်ကတော့ ဘာဆိုဘာမှ မဖြစ်နိုင်တော့တဲ့ အဆင့် ၁၃ မှာ ရမှတ် ၄၄ မှတ်နဲ့ ရပ်တည်နေခဲ့ပါတယ်။

တန်းဆင်းသွားခဲ့တဲ့ နော့ဝစ်ချ်ရဲ့နောက်ကို အဖော်ပြုပေးရဖို့ စောင့်ကြည့်ရမယ့် အသင်းအဖြစ်တော့ ဝတ်ဖို့ဒ်အသင်းကို လူတွေက ခန့်မှန်းနေကြပြီး မန်စီးတီး၊ အာဆင်နယ်တို့နဲ့ ပွဲတွေမှာ သူ့အနေနဲ့ တစ်မှတ်ရပြီး လေးဂိုးအထိ မပေးရရင်တော့ အခြေအနေကောင်းနိုင်ခွင့် ရှိနေသလို သူတို့ ခြေချော်ရင်တော့ အာဆင်နယ်၊ ဝက်စ်ဟမ်းတို့နဲ့ ပွဲစဉ်တွေမှာ ဗီလာတို့ ၄ မှတ် ရှာဖွေနိုင်ရင် တန်းမဆင်းရဖို့ အခွင့်အရေးရှိနေပြီး ဘုန်းမောက်ကတော့ အားလုံးမှားမှ သူ့မှာ အခွင့်အရေး ရှိတော့မှာ ဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.