La Liga Premier League Serie A Transfer News

ဘာစီလိုနာေခၚယူခ်ိန္ကို ေစာင့္ခ်င္တဲ့ မာတီနက္ဇ္ကို မန္စီးတီးတုိ႔ ႀကဳိးစားစည္း႐ုံးရဖြယ္ရွိေန

မန္ခ်က္စတာစီးတီးအသင္းရဲ႕ လာမယ့္ရာသီအတြက္ ဦးစာေပးတုိက္စစ္မွဴးပစ္မွတ္ျဖစ္တဲ့ ေလာ္တာ႐ို မာတီနက္ဇ္ကေတာ့ သူ႕ကို ေခၚယူဖို႔ ဘာစီလိုနာအသင္းအေနနဲ႔ ေငြမရွိေသးရင္ အင္တာမီလန္အသင္းမွာပဲ ေနာက္ထပ္တစ္ရာသီ ေစာင့္ဆုိင္းၿပီး ကစားသြားႏုိင္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ အာဂ်င္တီးနားတုိက္စစ္မွဴးဟာ ႏူးကမ့္မွာ လက္ေရြးစင္အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီနဲ႔ တြဲကစားဖို႔ အိပ္မက္မက္ေနတာလည္းျဖစ္ၿပီး ဘာစီလိုနာကေတာ့ သူ႕ရဲ႕စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၁၀၁ သန္း (ယူ႐ို ၁၁၁ သန္း)ကို ေပးေခ်ႏုိင္ဖို႔ ဘယ္လိုမွ ျဖစ္ႏုိင္ေျခ မရွိတာလည္းျဖစ္ပါတယ္။

ဒီအခ်ိန္မွာ မန္စီးတီးကေတာ့ သူ႕အတြက္ ဒီေျပာင္းေရႊ႕ေၾကးကို ေပးေခ်ဖို႔ အဆင္သင့္ရွိေနေပမယ့္ အသင္းက အာဂ်င္တီးနားကစားသမားေတြရဲ႕ အေနအထားက မတည္ၿငိမ္ဘဲ ဆာဂ်ီယို အေဂြ႐ိုနဲ႔ နီကိုလတ္စ္ ေအာ့တာမန္ဒီတုိ႔ကေတာ့ အသင္းနဲ႔ လမ္းခြဲမယ့္ အသံေတြလည္း ထြက္ေပၚေနခဲ့တာကေတာ့ စည္း႐ုံးႏုိင္ဖို႔ ခက္ခဲမယ့္ အခ်က္လည္း ျဖစ္ေနပါတယ္။

ရီးရဲလ္မက္ဒရစ္ကို လာလီဂါမွာ အရွဳံးေပးထားခဲ့ရတဲ့ ဘာစီလိုနာအသင္းကေတာ့ ဒီအေျခအေနမွာလည္း ေငြသုံးႏုိင္မယ့္ပုံစံမရွိေသးဘဲ ေလာ္တာ႐ို မာတီနက္ဇ္အတြက္ေတာ့ လာမယ့္ရာသီမွာမွ ေခၚယူႏိုင္ဖို႔ ရွိေနသလို အသင္းကေနလည္း ေပါမ်ားေနတဲ့ အရြယ္လြန္ကစားသမားေတြကို ရွင္းထုတ္ရဦးမွာျဖစ္ပါတယ္။

မန္စီးတီးအတြက္ အားသာခ်က္အျဖစ္ ရွိေနတာကေတာ့ စပိန္စကားေျပာတဲ့ ထိပ္တန္းနည္းျပ ဂြါဒီယိုလာက အသင္းကို ကိုင္တြယ္ေနခဲ့တာျဖစ္ၿပီး တုိက္စစ္မွဴး တစ္ေယာက္အေနနဲ႔ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားရဲ႕ ဖန္တီးမွဳေတြဟာလည္း မက္ေမာေလာက္စရာျဖစ္ေနတဲ့အတြက္ ေသေသခ်ာခ်ာ ခ်ဥ္းကပ္စည္း႐ုံးႏုိင္ခဲ့ရင္ေတာ့ ေလာ္တာ႐ိုရဲ႕ ႏူးကမ့္အိပ္မက္က အစ္တီဟတ္ကို ေျပာင္းလဲႏုိင္ေျခရွိေၾကာင္းလည္း ခန္႔မွန္းရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းရဲ့ လာမယ့်ရာသီအတွက် ဦးစာပေးတိုက်စစ်မှူးပစ်မှတ်ဖြစ်တဲ့ လော်တာရို မာတီနက်ဇ်ကတော့ သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းအနေနဲ့ ငွေမရှိသေးရင် အင်တာမီလန်အသင်းမှာပဲ နောက်ထပ်တစ်ရာသီ စောင့်ဆိုင်းပြီး ကစားသွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အသက် ၂၂ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ နူးကမ့်မှာ လက်ရွေးစင်အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့ တွဲကစားဖို့ အိပ်မက်မက်နေတာလည်းဖြစ်ပြီး ဘာစီလိုနာကတော့ သူ့ရဲ့စာချုပ်လျော်ကြေး ပေါင် ၁၀၁ သန်း (ယူရို ၁၁၁ သန်း)ကို ပေးချေနိုင်ဖို့ ဘယ်လိုမှ ဖြစ်နိုင်ခြေ မရှိတာလည်းဖြစ်ပါတယ်။

ဒီအချိန်မှာ မန်စီးတီးကတော့ သူ့အတွက် ဒီပြောင်းရွှေ့ကြေးကို ပေးချေဖို့ အဆင်သင့်ရှိနေပေမယ့် အသင်းက အာဂျင်တီးနားကစားသမားတွေရဲ့ အနေအထားက မတည်ငြိမ်ဘဲ ဆာဂျီယို အဂွေရိုနဲ့ နီကိုလတ်စ် အော့တာမန်ဒီတို့ကတော့ အသင်းနဲ့ လမ်းခွဲမယ့် အသံတွေလည်း ထွက်ပေါ်နေခဲ့တာကတော့ စည်းရုံးနိုင်ဖို့ ခက်ခဲမယ့် အချက်လည်း ဖြစ်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ကို လာလီဂါမှာ အရှုံးပေးထားခဲ့ရတဲ့ ဘာစီလိုနာအသင်းကတော့ ဒီအခြေအနေမှာလည်း ငွေသုံးနိုင်မယ့်ပုံစံမရှိသေးဘဲ လော်တာရို မာတီနက်ဇ်အတွက်တော့ လာမယ့်ရာသီမှာမှ ခေါ်ယူနိုင်ဖို့ ရှိနေသလို အသင်းကနေလည်း ပေါများနေတဲ့ အရွယ်လွန်ကစားသမားတွေကို ရှင်းထုတ်ရဦးမှာဖြစ်ပါတယ်။

မန်စီးတီးအတွက် အားသာချက်အဖြစ် ရှိနေတာကတော့ စပိန်စကားပြောတဲ့ ထိပ်တန်းနည်းပြ ဂွါဒီယိုလာက အသင်းကို ကိုင်တွယ်နေခဲ့တာဖြစ်ပြီး တိုက်စစ်မှူး တစ်ယောက်အနေနဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားရဲ့ ဖန်တီးမှုတွေဟာလည်း မက်မောလောက်စရာဖြစ်နေတဲ့အတွက် သေသေချာချာ ချဉ်းကပ်စည်းရုံးနိုင်ခဲ့ရင်တော့ လော်တာရိုရဲ့ နူးကမ့်အိပ်မက်က အစ်တီဟတ်ကို ပြောင်းလဲနိုင်ခြေရှိကြောင်းလည်း ခန့်မှန်းရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.