Match Report Premier League

ယူ႐ိုပါလိဂ္အတြက္ စပါးစ္နဲ႔ ေမာ္ရင္ညဳိရဲ႕ ႐ုန္းအားမွာ အေျခအေနဆုိးသြားခဲ့တဲ့ လက္စတာ

ခ်န္ပီယံလိဂ္အတြက္ ယွဥ္ၿပဳိင္ေနခဲ့တဲ့ လက္စတာတုိ႔ကေတာ့ ပရီးမီးယားလိဂ္ရဲ႕ ပြဲစဥ္ ၃၇ မွာ စပါးစ္အသင္းရဲ႕ ကြင္းသစ္ႀကီးထဲမွာ ကံဆုိးသြားခဲ့ၿပီး ေမာ္ရင္ညဳိကေတာ့ ဘရန္ဒန္ ေရာ့ဂ်ားစ္ကို 3 Back System ဆုိတာ ကစားခ်င္တဲ့အခ်ိန္မွာ ထကစားလုိ႔ရတာ မဟုတ္ဘဲ ေသေသခ်ာခ်ာ ေလ့က်င့္ျပင္ဆင္ၿပီးမွ ကစားလို႔ရတာျဖစ္ေၾကာင္း ပညာေပးသြားခဲ့တဲ့ ပြဲလည္းျဖစ္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ စပါးစ္တုိ႔ ေစာေစာစီးစီး ဂိုးရခဲ့ၿပီး လက္စတာရဲ႕ 3 Back ညာျခမ္းမွာ အားအနည္းဆုံးျဖစ္တဲ့ ႐ိုင္ယန္ ဘင္းနက္ကေတာ့ ဆြန္ေဟာင္မင္ရဲ႕ အစာျဖစ္ခဲ့သလို ပဲြခ်ိန္ ၆ မိနစ္မွာပဲ တန္ျပန္တုိက္စစ္ကေန ဟာရီကိန္း ထိုးေပးလုိက္တဲ့ ေဘာလုံးကို ဆြန္က ဘယ္ေတာင္ပံ တစ္ေလွ်ာက္ဆြဲေျပးၿပီး ကန္သြင္းခဲ့ရာမွာ ဂ်ပ္စတင္က ကိုယ့္ဂိုးကိုယ္သြင္းမိသြားတာလည္းျဖစ္ပါတယ္။

ဂိုးေပးခဲ့ရၿပီး ေနာက္ပုိင္းမွာေတာ့ ဗာဒီတုိ႔အဖြဲ႕ရဲ႕ တုိက္စစ္ပုိင္းက ဖိကစားလာခဲ့ၿပီး ေတာင္ပံေတြကေန ဖိအားေပးမွဳေတြကို စပါးစ္တုိ႔ ခံခဲ့ရေပမယ့္ တကယ္တမ္း ဂိုးသြင္းမယ့္ ဧရိယာထဲက ေဘာလုံးေတြကိုေတာ့ ခံစစ္ပုိင္းက သတိႀကီးႀကီးနဲ႔ ႀကဳိးႀကဳိးစားစား ပိတ္ဆုိ႔သြားႏုိင္ခဲ့ၾကပါတယ္။

ဟူဂို လိုရစ္အလုပ္မ်ားေနခဲ့တဲ့ အခ်ိန္အၿပီး ပြဲခ်ိန္ မိနစ္ ၃၀ ေလာက္မွာေတာ့ ကက္စပါ ရွမုိက္ကယ္ဘက္က အလုပ္ျပန္မ်ားလာခဲ့ၿပီး ၃၇ မိနစ္မွာေတာ့ လက္စတာရဲ႕ ေထာင့္ကန္ေဘာက ျပန္ထြက္လာတာကေန လက္စတာေနာက္ခံလူ ေသာမတ္စ္ ေဘာလုံးပ်က္ရာကေန လူးကပ္စ္ ေမာ္ရာက ဘယ္ျခမ္းက ဆြဲေျပးၿပီး ခင္းေပးခဲ့ရာမွာ ဟာရီကိန္းက ဘယ္ေျခနဲ႔ အေဝးတုိင္ကို ကန္သြင္းခဲ့ၿပီး ဒုတိယဦးေဆာင္ဂိုးကို ရယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ ေကာင္တာကေန လူးကပ္စ္ ေမာ္ရာပဲ ဆြဲေျပးၿပီး ဘယ္ျခမ္းက ဟာရီကိန္းဆီ ပုိ႔ေပးရာမွာ သူက ေတာင္ပံအထိ ဆြဲထုတ္သြားခဲ့ၿပီးမွ ျပန္ခ်ဳိးဝင္ၿပီး လက္စတာေနာက္ခံလူေတြၾကားက ေကြ႕ဝိုက္ကန္သြင္းရာမွာ ရွမုိက္ကယ္ ျမင္ကြင္းမေကာင္းခဲ့လို႔ မကာကြယ္ႏုိင္ခဲ့ဘဲ ပထမပုိင္းမွာကတည္းက စပါးစ္တုိ႔ သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ဘုန္းေမာက္နဲ႔ပြဲမွာ မိုက္မုိက္မဲမဲနဲ႔ အနီကတ္ထိခဲ့တဲ့ ဆိုယြန္က်ဴ မပါႏုိင္ခ်ိန္မွာ ဘင္းနက္နဲ႔ အသင္းေခါင္းေဆာင္ ေမာ္ဂန္တုိ႔ဟာ အီဗန္စ္ အတြက္ေတာ့ အားကိုးစရာ အတြဲအဖက္ မျဖစ္ခဲ့ခ်ိန္မွာ လက္စတာနည္းျပ ေရာ့ဂ်ားစ္အတြက္ေတာ့ တုိက္စစ္ကိုပဲ အားကိုးရေတာ့မွာျဖစ္လို႔ ဒုတိယပုိင္းမွာ ဂေရးနဲ႔ အီဟင္နာခ်ဳိတုိ႔ကို ထပ္မံထည့္သြင္းၿပီး တုိက္စစ္ျမႇင့္တင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၅၃ မိနစ္မွာ တန္ျပန္တုိက္စစ္ကေန ဟာရီကိန္း ဟက္ထရစ္ရဖို႔ အခြင့္အေရး လက္လႊတ္ခဲ့ရၿပီး ၅၇ မိနစ္မွာေတာ့ ဒီမာ႐ိုင္ ဂေရးရဲ႕ ျပင္းထန္အားပါတဲ့ ဖရီးကစ္ကန္ခ်က္ကို လိုရစ္ အသည္းအသန္ ပုတ္ထုတ္ခဲ့ၿပီး ဒီေဘာလုံးဟာ တကယ္လုိ႔သာ ေထာင့္ထဲကို သြားခဲ့ရင္ ဂိုးဝင္ႏုိင္တဲ့ အေနအထားလည္းျဖစ္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ လက္စတာတုိ႔ ဖိကစားခဲ့ေပမယ့္ အဆုံးသတ္ပုိင္းေတြက ေဘာလုံးေတြ ျဖဳန္းတီးသလိုျဖစ္ခဲ့တာရယ္၊ စပါးစ္ခံစစ္နဲ႔ ဂိုးသမားေကာင္းေနခဲ့တာရယ္ေၾကာင့္ ေခ်ပဂိုးျပန္မရခဲ့ဘဲ အရွဳံးေပးခဲ့ရသလို ဒီေန႔ပြဲမွာ ဗာဒီကေတာ့ ေနာက္ခံလူေတြရဲ႕ မာကင္မိေနခဲ့တာေၾကာင့္လည္း သူ႕အတြက္ေရာ အသင္းအတြက္ပါ ဂိုးေတြ သြင္းယူႏုိင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ စပါးစ္တုိ႔ ရမွတ္ ၅၇ မွတ္နဲ႔ ယူ႐ိုပါလိဂ္ဝင္ေရာက္ႏုိင္မယ့္ အဆင့္ ၆ ဆီကို တက္လွမ္းလာႏုိင္ခဲ့သလို လက္စတာကေတာ့ မန္ခ်က္စတာယူႏုိက္တက္ထက္ တစ္ပြဲပုိကစားၿပီး အမွတ္တူေနခ်ိန္မွာ ဖိအားဝင္သြားခဲ့ၿပီျဖစ္ၿပီး ေနာက္ဆုံးပြဲစဥ္မွာ သူတုိ႔ႏွစ္သင္း ေတြ႕ဆုံေနမွဳအရေတာ့ ယူ႐ိုပါလိဂ္ကို ဆင္းေပးရဖို႔ မ်ားေနခဲ့ၿပီလည္းျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချန်ပီယံလိဂ်အတွက် ယှဉ်ပြိုင်နေခဲ့တဲ့ လက်စတာတို့ကတော့ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် ၃၇ မှာ စပါးစ်အသင်းရဲ့ ကွင်းသစ်ကြီးထဲမှာ ကံဆိုးသွားခဲ့ပြီး မော်ရင်ညိုကတော့ ဘရန်ဒန် ရော့ဂျားစ်ကို 3 Back System ဆိုတာ ကစားချင်တဲ့အချိန်မှာ ထကစားလို့ရတာ မဟုတ်ဘဲ သေသေချာချာ လေ့ကျင့်ပြင်ဆင်ပြီးမှ ကစားလို့ရတာဖြစ်ကြောင်း ပညာပေးသွားခဲ့တဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ စပါးစ်တို့ စောစောစီးစီး ဂိုးရခဲ့ပြီး လက်စတာရဲ့ 3 Back ညာခြမ်းမှာ အားအနည်းဆုံးဖြစ်တဲ့ ရိုင်ယန် ဘင်းနက်ကတော့ ဆွန်ဟောင်မင်ရဲ့ အစာဖြစ်ခဲ့သလို ပွဲချိန် ၆ မိနစ်မှာပဲ တန်ပြန်တိုက်စစ်ကနေ ဟာရီကိန်း ထိုးပေးလိုက်တဲ့ ဘောလုံးကို ဆွန်က ဘယ်တောင်ပံ တစ်လျှောက်ဆွဲပြေးပြီး ကန်သွင်းခဲ့ရာမှာ ဂျပ်စတင်က ကိုယ့်ဂိုးကိုယ်သွင်းမိသွားတာလည်းဖြစ်ပါတယ်။

ဂိုးပေးခဲ့ရပြီး နောက်ပိုင်းမှာတော့ ဗာဒီတို့အဖွဲ့ရဲ့ တိုက်စစ်ပိုင်းက ဖိကစားလာခဲ့ပြီး တောင်ပံတွေကနေ ဖိအားပေးမှုတွေကို စပါးစ်တို့ ခံခဲ့ရပေမယ့် တကယ်တမ်း ဂိုးသွင်းမယ့် ဧရိယာထဲက ဘောလုံးတွေကိုတော့ ခံစစ်ပိုင်းက သတိကြီးကြီးနဲ့ ကြိုးကြိုးစားစား ပိတ်ဆို့သွားနိုင်ခဲ့ကြပါတယ်။

ဟူဂို လိုရစ်အလုပ်များနေခဲ့တဲ့ အချိန်အပြီး ပွဲချိန် မိနစ် ၃၀ လောက်မှာတော့ ကက်စပါ ရှမိုက်ကယ်ဘက်က အလုပ်ပြန်များလာခဲ့ပြီး ၃၇ မိနစ်မှာတော့ လက်စတာရဲ့ ထောင့်ကန်ဘောက ပြန်ထွက်လာတာကနေ လက်စတာနောက်ခံလူ သောမတ်စ် ဘောလုံးပျက်ရာကနေ လူးကပ်စ် မော်ရာက ဘယ်ခြမ်းက ဆွဲပြေးပြီး ခင်းပေးခဲ့ရာမှာ ဟာရီကိန်းက ဘယ်ခြေနဲ့ အဝေးတိုင်ကို ကန်သွင်းခဲ့ပြီး ဒုတိယဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာတော့ ကောင်တာကနေ လူးကပ်စ် မော်ရာပဲ ဆွဲပြေးပြီး ဘယ်ခြမ်းက ဟာရီကိန်းဆီ ပို့ပေးရာမှာ သူက တောင်ပံအထိ ဆွဲထုတ်သွားခဲ့ပြီးမှ ပြန်ချိုးဝင်ပြီး လက်စတာနောက်ခံလူတွေကြားက ကွေ့ဝိုက်ကန်သွင်းရာမှာ ရှမိုက်ကယ် မြင်ကွင်းမကောင်းခဲ့လို့ မကာကွယ်နိုင်ခဲ့ဘဲ ပထမပိုင်းမှာကတည်းက စပါးစ်တို့ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဘုန်းမောက်နဲ့ပွဲမှာ မိုက်မိုက်မဲမဲနဲ့ အနီကတ်ထိခဲ့တဲ့ ဆိုယွန်ကျူ မပါနိုင်ချိန်မှာ ဘင်းနက်နဲ့ အသင်းခေါင်းဆောင် မော်ဂန်တို့ဟာ အီဗန်စ် အတွက်တော့ အားကိုးစရာ အတွဲအဖက် မဖြစ်ခဲ့ချိန်မှာ လက်စတာနည်းပြ ရော့ဂျားစ်အတွက်တော့ တိုက်စစ်ကိုပဲ အားကိုးရတော့မှာဖြစ်လို့ ဒုတိယပိုင်းမှာ ဂရေးနဲ့ အီဟင်နာချိုတို့ကို ထပ်မံထည့်သွင်းပြီး တိုက်စစ်မြှင့်တင်လာခဲ့ပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဟာရီကိန်း ဟက်ထရစ်ရဖို့ အခွင့်အရေး လက်လွှတ်ခဲ့ရပြီး ၅၇ မိနစ်မှာတော့ ဒီမာရိုင် ဂရေးရဲ့ ပြင်းထန်အားပါတဲ့ ဖရီးကစ်ကန်ချက်ကို လိုရစ် အသည်းအသန် ပုတ်ထုတ်ခဲ့ပြီး ဒီဘောလုံးဟာ တကယ်လို့သာ ထောင့်ထဲကို သွားခဲ့ရင် ဂိုးဝင်နိုင်တဲ့ အနေအထားလည်းဖြစ်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ လက်စတာတို့ ဖိကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်းတွေက ဘောလုံးတွေ ဖြုန်းတီးသလိုဖြစ်ခဲ့တာရယ်၊ စပါးစ်ခံစစ်နဲ့ ဂိုးသမားကောင်းနေခဲ့တာရယ်ကြောင့် ချေပဂိုးပြန်မရခဲ့ဘဲ အရှုံးပေးခဲ့ရသလို ဒီနေ့ပွဲမှာ ဗာဒီကတော့ နောက်ခံလူတွေရဲ့ မာကင်မိနေခဲ့တာကြောင့်လည်း သူ့အတွက်ရော အသင်းအတွက်ပါ ဂိုးတွေ သွင်းယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲအနိုင်ကြောင့် စပါးစ်တို့ ရမှတ် ၅၇ မှတ်နဲ့ ယူရိုပါလိဂ်ဝင်ရောက်နိုင်မယ့် အဆင့် ၆ ဆီကို တက်လှမ်းလာနိုင်ခဲ့သလို လက်စတာကတော့ မန်ချက်စတာယူနိုက်တက်ထက် တစ်ပွဲပိုကစားပြီး အမှတ်တူနေချိန်မှာ ဖိအားဝင်သွားခဲ့ပြီဖြစ်ပြီး နောက်ဆုံးပွဲစဉ်မှာ သူတို့နှစ်သင်း တွေ့ဆုံနေမှုအရတော့ ယူရိုပါလိဂ်ကို ဆင်းပေးရဖို့ များနေခဲ့ပြီလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.