Match Report Premier League

တစ္ပြဲအက်န္မွာ တန္းဆင္းဖို႔ဆဲဆဲ ဘုန္းေမာက္ကို ရက္စက္ခဲ့တဲ့ ေဆာက္သမ္တန္

ဘုန္းေမာက္အသင္းနဲ႔ ေဆာက္သမ္တန္တို႔ ဗိုက္တယ္လတီ စေတဒီယမ္မွာ ေတြ႕ဆုံခဲ့တဲ့ ပြဲစဥ္ဟာ တန္းဆင္းဖို႔ လက္တစ္လုံးအလိုမွာ စိုးရိမ္စိတ္ေတြနဲ႔ ကစားေနခဲ့ရတဲ့ ခ်ယ္ရီသီးေတြအတြက္ေတာ့ ဘာ႐ုန္းအားမွ မရွိေတာ့တဲ့ စိန္႔ေတြဆီက အမွတ္ရႏိုင္မယ္လုိ႔ ထင္ခဲ့ေပမယ့္ ေျပာင္းျပန္ အေျခအေနနဲ႔ ရလဒ္ကိုပဲ ႀကဳံခဲ့ရၿပီး ဝမ္းနည္းစရာေတြ ျဖစ္လာဖို႔ အလြန္နီးစပ္သြားခဲ့ၿပီျဖစ္ပါတယ္။

လက္စတာကို အိမ္ကြင္းမွာ ဝုန္းခဲ့တုန္းက ဒဏ္ရာရသြားခဲ့တဲ့ နာသန္ ေအကီကို ဆုံးရွဳံးရမွဳက ႀကီးမားခဲ့ၿပီး သူမပါႏုိင္ေတာ့တဲ့ ခံစစ္ဟာ ဘုန္းေမာက္ကို လက္က်န္ပြဲေတြမွာ ထိခိုက္ေစခဲ့သလို ဒီေန႔ပြဲမွာလည္း အားနည္းေစခဲ့ၿပီး ပြဲခ်ိန္ ၁၁ မိနစ္မွာ ဂ်ဳိရွဴအာ ကင္း ဆြဲလွဲခံရတာကို VAR ေတာင္ ျပန္မၾကည့္ခဲ့တဲ့ ဒိုင္လူႀကီး ခရိတ္ ေပါဆန္ကလည္း မ်က္ကြယ္ျပဳတာကို ခံခဲ့ရလို႔ ပုိၿပီး ကံဆုိးခဲ့ပါတယ္။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ေဆာက္သမ္တန္တုိ႔ တုိက္စစ္ဆင္လာရာကေန ရက္ဒ္မြန္႔က ဂိုးဧရိယာထဲ ဆြဲေျပးၿပီး ဒန္နီအင္းစ္ဆီ ခ်ေပးတာကို ဂိုးသြင္းဘုရင္ဆုအတြက္ ယုံၾကည္မွဳျမင့္မားေနတဲ့ အဂၤလန္သားက ေနာက္ခံလူကို လိမ္ေခါက္ၿပီး ညာေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ရမ္းစ္ေဒးလ္ မကာကြယ္ႏုိင္ခဲ့ဘဲ ဂိုးေပးခဲ့ရပါတယ္။

ပထမပုိင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ စိန္႔တုိ႔ ဦးေဆာင္ေနခဲ့ၿပီး ေဆာက္သမ္တန္တုိက္စစ္က ဒန္နီအင္းစ္ရဲ႕ အႀကိမ္ႀကိမ္ကန္သြင္းမွဳေတြ ဂိုးမျဖစ္ခဲ့လို႔သာ ဘုန္းေမာက္တုိ႔ သက္သာခဲ့တာျဖစ္ၿပီး ခံစစ္ပုိင္းကေတာ့ ေတာ္ေတာ္ေလး အလုပ္မ်ားခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဒုတိယပုိင္း ၅၅ မိနစ္မွာေတာ့ ပင္နယ္တီကို ဒန္နီအင္းစ္ ကန္သြင္းရာမွာေတာ့ လွည့္စားမွဳ မေအာင္ျမင္ခဲ့သလို ကန္ခ်က္ကလည္း ေပ်ာ့တာေၾကာင့္ ဂိုးသမား ရမ္းစ္ေဒးလ္ ကာကြယ္သြားႏုိင္ခဲ့ၿပီး ေနာက္ပုိင္းမွာ ဘုန္းေမာက္တုိ႔ စိတ္ဓာတ္ပိုတက္ၾကြလာခဲ့ၿပီး တိုက္စစ္ကစားသမားေတြ လဲလွယ္မွဳနဲ႔အတူ ျပန္ဖိကစားၿပီး တုိက္စစ္ဆင္ေနခဲ့ပါတယ္။

ဘုန္းေမာက္တုိ႔ရဲ႕ ေတာက္ေလွ်ာက္ထိုးေဖာက္မွဳေတြ ဆိုလန္ကီ၊ ဝီလ္ဆင္တို႔ရဲ႕ ကန္ခ်က္ေတြကို စိန္႔ဂိုးသမား မကၠာသီ ကာကြယ္သြားခဲ့သလို ရက္ဒ္မြန္႔နဲ႔ ေရွအက္ဒမ္စ္တုိ႔ရဲ႕ ကန္ခ်က္ေတြကိုလည္း အိမ္ရွင္ဂိုးသမား ရမ္းစ္ေဒးလ္ ကာကြယ္ႏုိင္ခဲ့လို႔ မိနစ္ ၉၀ ျပည့္ခ်ိန္အထိ တစ္ဂိုး-ဂိုးမရွိပဲ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၉၅ မိနစ္မွာေတာ့ ဘုန္းေမာက္တုိ႔ ေခ်ပဂိုးျပန္ရခဲ့ၿပီး လက္ပစ္ေဘာကေန က်လာတဲ့ ေဘာလုံးကို ေဆာက္သမ္တန္ဂိုးသမား မကၠာသီ ပုတ္ထုတ္ခဲ့တာကို လူစားဝင္တုိက္စစ္မွဴး ဆာရစ္ခ်္က ကန္သြင္းခဲ့ေပမယ့္ သူမကန္ခင္မွာ လူကၽြံေနခဲ့တဲ့ ကယ္လမ္ ဝီလ္ဆန္က အေႏွာင့္အယွက္ ျပဳခဲ့တယ္ဆုိၿပီး VAR နဲ႔ ျပန္လည္ပယ္ဖ်က္ခဲ့လို႔ အိမ္ရွင္ေတြ နစ္နာခဲ့ရျပန္ပါတယ္။

ပြဲခ်ိန္ ၉၈ မိနစ္မွာေတာ့ ဂိုးေတြ မျဖစ္ခဲ့လို႔ စိတ္ဓာတ္က်မွဳေတြနဲ႔အတူ အာ႐ုံစူးစိုက္မွဳ ေလ်ာ့က်လာတဲ့ ဘုန္းေမာက္တုိ႔ ဂိုးထပ္ေပးခဲ့ရၿပီး ဘယ္ျခမ္းကေန အိုဘာဖီမီရဲ႕ အနီးကပ္ေပးပုိ႔မွဳကို ေရွ အက္ဒမ္စ္က ေနာက္ခံလူကို တစ္ခ်က္လိမ္ၿပီး ကန္သြင္းခဲ့ရာမွာ ရမ္းစ္ေဒးလ္ မကာကြယ္ႏုိင္ဘဲ ခြင့္ျပဳခဲ့ရလို႔ နည္းျပ အက္ဒီေဟာင္းရဲ႕ အသင္းအတြက္ေတာ့ ႀကီးမားတဲ့ ထိုးႏွက္ခ်က္လည္းျဖစ္ခဲ့ရပါတယ္။

ဒီပြဲကို ရွဳံးနိမ့္ခဲ့တဲ့ ဘုန္းေမာက္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္မွာ တင္က်န္ရစ္ဖို႔ ျဖစ္ႏုိင္ေျခ အရမ္းနည္းသြားခဲ့ၿပီျဖစ္ၿပီး လာမယ့္ပြဲစဥ္မွာ အဆင့္ ၁၇ က ဝတ္ဖို႔ဒ္တုိ႔ တစ္မွတ္ရတာနဲ႔ အလံျဖဴေထာင္ရေတာ့မွာျဖစ္ေပမယ့္ ဝတ္ဖို႔ဒ္ရဲ႕ လက္က်န္ႏွစ္ပြဲဟာ မန္စီးတီး၊ အာဆင္နယ္တုိ႔နဲ႔ ျဖစ္ေနတာေၾကာင့္ တစ္မွတ္ရဖို႔ မေသခ်ာခ်ိန္မွာ အဲဗာတန္နဲ႔ က်န္ေနတဲ့ အေဝးကြင္းတစ္ပြဲကို အက္ဒီေဟာင္းအေနနဲ႔ အႏုိင္ကစားႏုိင္မွသာ ေမွ်ာ္လင့္ခြင့္ရွိမွာ ျဖစ္ေၾကာင္း သုံးသပ္ေရးသားလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘုန်းမောက်အသင်းနဲ့ ဆောက်သမ်တန်တို့ ဗိုက်တယ်လတီ စတေဒီယမ်မှာ တွေ့ဆုံခဲ့တဲ့ ပွဲစဉ်ဟာ တန်းဆင်းဖို့ လက်တစ်လုံးအလိုမှာ စိုးရိမ်စိတ်တွေနဲ့ ကစားနေခဲ့ရတဲ့ ချယ်ရီသီးတွေအတွက်တော့ ဘာရုန်းအားမှ မရှိတော့တဲ့ စိန့်တွေဆီက အမှတ်ရနိုင်မယ်လို့ ထင်ခဲ့ပေမယ့် ပြောင်းပြန် အခြေအနေနဲ့ ရလဒ်ကိုပဲ ကြုံခဲ့ရပြီး ဝမ်းနည်းစရာတွေ ဖြစ်လာဖို့ အလွန်နီးစပ်သွားခဲ့ပြီဖြစ်ပါတယ်။

လက်စတာကို အိမ်ကွင်းမှာ ဝုန်းခဲ့တုန်းက ဒဏ်ရာရသွားခဲ့တဲ့ နာသန် အေကီကို ဆုံးရှုံးရမှုက ကြီးမားခဲ့ပြီး သူမပါနိုင်တော့တဲ့ ခံစစ်ဟာ ဘုန်းမောက်ကို လက်ကျန်ပွဲတွေမှာ ထိခိုက်စေခဲ့သလို ဒီနေ့ပွဲမှာလည်း အားနည်းစေခဲ့ပြီး ပွဲချိန် ၁၁ မိနစ်မှာ ဂျိုရှူအာ ကင်း ဆွဲလှဲခံရတာကို VAR တောင် ပြန်မကြည့်ခဲ့တဲ့ ဒိုင်လူကြီး ခရိတ် ပေါဆန်ကလည်း မျက်ကွယ်ပြုတာကို ခံခဲ့ရလို့ ပိုပြီး ကံဆိုးခဲ့ပါတယ်။

ပွဲချိန် ၄၁ မိနစ်မှာတော့ ဆောက်သမ်တန်တို့ တိုက်စစ်ဆင်လာရာကနေ ရက်ဒ်မွန့်က ဂိုးဧရိယာထဲ ဆွဲပြေးပြီး ဒန်နီအင်းစ်ဆီ ချပေးတာကို ဂိုးသွင်းဘုရင်ဆုအတွက် ယုံကြည်မှုမြင့်မားနေတဲ့ အင်္ဂလန်သားက နောက်ခံလူကို လိမ်ခေါက်ပြီး ညာခြေနဲ့ ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရမ်းစ်ဒေးလ် မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရပါတယ်။

ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ စိန့်တို့ ဦးဆောင်နေခဲ့ပြီး ဆောက်သမ်တန်တိုက်စစ်က ဒန်နီအင်းစ်ရဲ့ အကြိမ်ကြိမ်ကန်သွင်းမှုတွေ ဂိုးမဖြစ်ခဲ့လို့သာ ဘုန်းမောက်တို့ သက်သာခဲ့တာဖြစ်ပြီး ခံစစ်ပိုင်းကတော့ တော်တော်လေး အလုပ်များခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒုတိယပိုင်း ၅၅ မိနစ်မှာတော့ ပင်နယ်တီကို ဒန်နီအင်းစ် ကန်သွင်းရာမှာတော့ လှည့်စားမှု မအောင်မြင်ခဲ့သလို ကန်ချက်ကလည်း ပျော့တာကြောင့် ဂိုးသမား ရမ်းစ်ဒေးလ် ကာကွယ်သွားနိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဘုန်းမောက်တို့ စိတ်ဓာတ်ပိုတက်ကြွလာခဲ့ပြီး တိုက်စစ်ကစားသမားတွေ လဲလှယ်မှုနဲ့အတူ ပြန်ဖိကစားပြီး တိုက်စစ်ဆင်နေခဲ့ပါတယ်။

ဘုန်းမောက်တို့ရဲ့ တောက်လျှောက်ထိုးဖောက်မှုတွေ ဆိုလန်ကီ၊ ဝီလ်ဆင်တို့ရဲ့ ကန်ချက်တွေကို စိန့်ဂိုးသမား မက္ကာသီ ကာကွယ်သွားခဲ့သလို ရက်ဒ်မွန့်နဲ့ ရှေအက်ဒမ်စ်တို့ရဲ့ ကန်ချက်တွေကိုလည်း အိမ်ရှင်ဂိုးသမား ရမ်းစ်ဒေးလ် ကာကွယ်နိုင်ခဲ့လို့ မိနစ် ၉၀ ပြည့်ချိန်အထိ တစ်ဂိုး-ဂိုးမရှိပဲ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၉၅ မိနစ်မှာတော့ ဘုန်းမောက်တို့ ချေပဂိုးပြန်ရခဲ့ပြီး လက်ပစ်ဘောကနေ ကျလာတဲ့ ဘောလုံးကို ဆောက်သမ်တန်ဂိုးသမား မက္ကာသီ ပုတ်ထုတ်ခဲ့တာကို လူစားဝင်တိုက်စစ်မှူး ဆာရစ်ချ်က ကန်သွင်းခဲ့ပေမယ့် သူမကန်ခင်မှာ လူကျွံနေခဲ့တဲ့ ကယ်လမ် ဝီလ်ဆန်က အနှောင့်အယှက် ပြုခဲ့တယ်ဆိုပြီး VAR နဲ့ ပြန်လည်ပယ်ဖျက်ခဲ့လို့ အိမ်ရှင်တွေ နစ်နာခဲ့ရပြန်ပါတယ်။

ပွဲချိန် ၉၈ မိနစ်မှာတော့ ဂိုးတွေ မဖြစ်ခဲ့လို့ စိတ်ဓာတ်ကျမှုတွေနဲ့အတူ အာရုံစူးစိုက်မှု လျော့ကျလာတဲ့ ဘုန်းမောက်တို့ ဂိုးထပ်ပေးခဲ့ရပြီး ဘယ်ခြမ်းကနေ အိုဘာဖီမီရဲ့ အနီးကပ်ပေးပို့မှုကို ရှေ အက်ဒမ်စ်က နောက်ခံလူကို တစ်ချက်လိမ်ပြီး ကန်သွင်းခဲ့ရာမှာ ရမ်းစ်ဒေးလ် မကာကွယ်နိုင်ဘဲ ခွင့်ပြုခဲ့ရလို့ နည်းပြ အက်ဒီဟောင်းရဲ့ အသင်းအတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်လည်းဖြစ်ခဲ့ရပါတယ်။

ဒီပွဲကို ရှုံးနိမ့်ခဲ့တဲ့ ဘုန်းမောက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်ဖို့ ဖြစ်နိုင်ခြေ အရမ်းနည်းသွားခဲ့ပြီဖြစ်ပြီး လာမယ့်ပွဲစဉ်မှာ အဆင့် ၁၇ က ဝတ်ဖို့ဒ်တို့ တစ်မှတ်ရတာနဲ့ အလံဖြူထောင်ရတော့မှာဖြစ်ပေမယ့် ဝတ်ဖို့ဒ်ရဲ့ လက်ကျန်နှစ်ပွဲဟာ မန်စီးတီး၊ အာဆင်နယ်တို့နဲ့ ဖြစ်နေတာကြောင့် တစ်မှတ်ရဖို့ မသေချာချိန်မှာ အဲဗာတန်နဲ့ ကျန်နေတဲ့ အဝေးကွင်းတစ်ပွဲကို အက်ဒီဟောင်းအနေနဲ့ အနိုင်ကစားနိုင်မှသာ မျှော်လင့်ခွင့်ရှိမှာ ဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.