Match Report

ဒေဟးယားအမွား၊ ဆုိးလ္ရွားရဲ႕ လိုအပ္ခ်က္ေတြနဲ႔ အက္ဖ္ေအဖလားမွာ အထိနာခဲ့တဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းကိုေတာ့ ဒီေန႔ပြဲမွာ ခ်ဲလ္ဆီးအသင္းရဲ႕ ၿပီးခဲ့တဲ့ ပုံစံေကာင္းမရွိတဲ့ ပုံစံေတြအရ ပိုမိုအေလးေပးၿပီး ယုံၾကည္ခဲ့ၾကေပမယ့္ ပုိင္ႏုိင္ျခင္းမရွိတဲ့ ကစားပုံနဲ႔ လူစာရင္းကို ပြဲထုတ္ခဲ့တဲ့ နည္းျပ ဆုိးလ္ရွားရဲ႕ တာဝန္မေက်ပြန္မွဳေတြမွာ ထင္ထားတဲ့အတုိင္း မျဖစ္ခဲ့ဘဲ အမွားမလုပ္ခဲ့တဲ့ လမ္းပတ္တုိ႔က အႏုိင္ရလဒ္ကို ပုိင္ဆုိင္သြားခဲ့တာျဖစ္ပါတယ္။

ဘယ္ျခမ္းခံစစ္မွာ ဘရန္ဒန္ ဝီလီယမ္စ္ကို သုံးခဲ့တာေၾကာင့္ ကစားေနက် ၄-၃-၃ ပုံစံကို ဖ်က္ၿပီး ၅-၄-၁ ဆန္ဆန္ ပြဲထြက္လာခဲ့တဲ့ ယူႏုိက္တက္အသင္းမွာ ေနာက္ခံလူ ဘုိင္လီ အံမဝင္ခဲ့သလို ကြင္းလယ္က ဒန္နီယယ္လ္ ဂ်ိမ္းစ္နဲ႔ ဖရက္ဒ္ဟာလည္း အတြဲမိၿပီးသား ကြင္းလယ္ကစားကြက္ထဲကို အဆင္သင့္ မဝင္ႏုိင္တဲ့ ပုံစံမွာ ရွိခဲ့ၿပီး တြဲဖက္ကစားေဖာ္ေတြ ေပ်ာက္ဆုံးေနတဲ့ ရက္ရွ္ဖို႔ဒ္ကေတာ့ ႐ုန္းကန္ေနခဲ့ရပါတယ္။

ဒီလိုနဲ႔ပဲ ခ်ဲလ္ဆီးတုိ႔ရဲ႕ ခံစစ္ကို ဦးစားေပးၿပီးမွာ တန္ျပန္တုိက္စစ္ကို အလုံးအရင္းနဲ႔ စုဖြဲ႕တုိက္စစ္ဆင္တဲ့ ဗ်ဴဟာမွာ ဘယ္ျခမ္းအားနည္းေနတဲ့ ယူႏိုက္တက္ကို ညာေတာင္ပံက အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာနဲ႔ ရိစ္ ဂ်ိမ္းစ္တုိ႔ ဖိအားေပးေနခဲ့သလို ဝီလီယန္ကေတာ့ သူတုိ႔ႏွစ္ေယာက္ကို ေနာက္က ထိန္းခ်ဳပ္ေပးသြားခဲ့ရာမွာ ဂိုးသမား ဒေဟးယား အလုပ္မ်ားေနခဲ့ရပါတယ္။

ယူႏုိက္တက္ရဲ႕ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ မာစီယယ္လ္တုိ႔ႏွစ္ဦးတည္းနဲ႔ အလုပ္မျဖစ္ခ်ိန္မွာ သူတုိ႔ႏွစ္ဦးအေနနဲ႔ ဖရီးကစ္ တစ္ေယာက္တစ္လုံးစီပဲ ကန္ခြင့္ရခဲ့ေပမယ့္ ခ်ဲလ္ဆီးဂိုးသမား ကာဘယ္လာ႐ိုကို မၿခိမ္းေျခာက္ႏုိင္ခဲ့သလို ကြင္းလယ္ကစားပုံကလည္း မထိေရာက္ခဲ့ဘဲ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၄၀ ေက်ာ္မွာေတာ့ သုံးမိနစ္အတြင္း ႏွစ္ႀကိမ္ ေခါင္းခ်င္းေဆာင့္မိခဲ့တဲ့ ဘိုင္လီရဲ႕ အသင္းေဖာ္ မက္ဂြဳိင္းယားနဲ႔ ထိခိုက္မိမွဳက ေတာ္ေတာ္ေလး ျပင္းထန္ခဲ့လို႔ ထမ္းစင္နဲ႔ ထုတ္ခဲ့ရၿပီး သူ႕ေနရာမွာေတာ့ တုိက္စစ္မွဴး မာစီယယ္လ္ ဝင္လာခဲ့သလို နာက်င္အခ်ိန္ပုိကိုလည္း ၁၁ မိနစ္အထိ သတ္မွတ္ေပးခဲ့ရပါတယ္။

မာစီယယ္လ္ ဝင္လာအၿပီးမွာ ယူႏုိက္တက္တုိ႔ တုိက္စစ္ ပုိေကာင္းလာခဲ့ေပမယ့္ ဂိုးစရခဲ့တာကေတာ့ ခ်ဲလ္ဆီးျဖစ္သြားခဲ့ၿပီး နာက်င္အခ်ိန္ပုိရဲ႕ ေနာက္ဆုံးမိနစ္မွာ ညာျခမ္းက အက္ဇ္ပီလီေကြတာရဲ႕ ျဖတ္တင္ေဘာကို လင္ဒီေလာ့ဖ္ရဲ႕ ခပ္ေပါ့ေပါ့ လူကပ္မွဳကေန ႐ုန္းထြက္လာခဲ့တဲ့ ဂ်ီ႐ူးက ပိတ္သြင္းခဲ့ရာမွာ ဒေဟးယားရဲ႕ လက္နဲ႔ ထိၿပီး ဝင္သြားခဲ့တာပါ။

ဒီဂိုးမွာ ယူႏုိက္တက္ခံစစ္ရဲ႕ လူကပ္ပုံ အားနည္းၿပီး အတန္းလုိက္ျဖစ္ေနခဲ့ခ်ိန္မွာ ဂိုးဧရိယာထဲက တစ္ကိုယ္ေတာ္ ဂ်ီ႐ူးကို ေသခ်ာဖ်က္မယ့္သူ မရွိခဲ့တာကိုလည္း ေတြ႕ရသလို ဒေဟးယားရဲ႕ အမွားကေတာ့ ပိုၿပီးစိတ္ပ်က္စရာလည္း ျဖစ္ခဲ့ပါတယ္။

ပထမပိုင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ ခ်ဲလ္ဆီးတုိ႔ ဦးေဆာင္ခဲ့ၿပီး ဒုတိယပုိင္းအစမွာေတာ့ ဒီအေတြ႕အႀကဳံနဲ႔ လုပ္စားလို႔ မရေသးတဲ့ လူငယ္ေနာက္ခံလူ ဝီလီယမ္စ္ရဲ႕ ကြင္းလယ္ကို ျဖတ္ေပးမွဳကေန ေမဆန္ေမာင့္က ရယူသြားခဲ့ၿပီး ဂိုးဧရိယာအျပင္ ကိုက္ ၂၀ ေလာက္ကေန မက္ဂြဳိင္းယားနဲ႔ လင္ဒီေလာ့ဖ္တုိ႔ၾကားက အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဒုတိယဂိုး ထပ္ခြင့္ျပဳခဲ့ရၿပီး သာမန္ဂိုးသမားတစ္ဦး ဖမ္းႏုိင္တဲ့ ေဘာလုံးကို လက္ဖ်ားနဲ႔ ထိ႐ုံနဲ႔ လႊတ္ေပးလုိက္တဲ့ ဒေဟးယားကေတာ့ ႏွစ္ခါမွား ႏွစ္ဂိုးေပးခဲ့ရတာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာ ဖရက္ဒ္နဲ႔ ဒန္နီယယ္လ္ ဂ်ိမ္းစ္အစား ေပါ့ဘာနဲ႔ ဂရင္းဝုဒ္တုိ႔ ဝင္လာခဲ့ေပမယ့္ ခပ္ၾကမ္းၾကမ္းနဲ႔ အကြက္ေစ့ေစ့ ဖ်က္ထုတ္ေနတဲ့ ခ်ဲလ္ဆီး ခံစစ္ကို ထိုးေဖာက္ဖို႔ ခက္ေနခဲ့ၿပီး ယူႏုိက္တက္ခံစစ္ကေတာ့ သူတုိ႔တက္ဖိလို႔ ျဖစ္ေပၚလာတဲ့ ေကာင္တာေတြကို မနည္းထိန္းခ်ဳပ္ကာကြယ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတုိ႔ ေထာင့္ကန္ေဘာကေန ရိစ္ ဂ်ိမ္းစ္ရဲ႕ ေခါင္းတုိက္ခ်က္ကို ဒေဟးယား ပုတ္ထုတ္ခဲ့ၿပီး ေနာက္တန္းက ရွင္းထုတ္လုိ႔ ျပန္က်လာတဲ့ ေဘာလုံးကို ဘယ္ျခမ္းက ျပန္ရသြားတဲ့ အလြန္ဆုိက ခ်ဳိးေပးရာကေန ေျပးဝင္လာတဲ့ ႐ူဒီဂါရဲ႕ တုိက္စစ္ဆင္မွဳကို ပိတ္ဆို႔ခဲ့တဲ့ မက္ဂြဳိင္းယားက ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ဖိုဆူမန္ဆားနဲ႔ အီဂါလိုကို နည္းျပ ဆုိးလ္ရွားက ထပ္မံထည့္သြင္းခဲ့လို႔ ေနရာလြတ္ေတြ ပုိရလာခဲ့ေပမယ့္ ပြဲခ်ိန္ ၈၄ မိနစ္မွာ မာစီယယ္လ္ေၾကာင့္ ရရွိခဲ့တဲ့ ပင္နယ္တီကို ဘ႐ူႏို ဖာနန္ဒက္စ္ ကန္သြင္းၿပီး ျပန္ေခ်ပႏုိင္ခဲ့တာကလြဲလုိ႔ ပြဲကို လွည့္ေျပာင္းႏုိင္တဲ့ ပုံစံမ်ဳိး ထပ္မျပႏုိင္ေတာ့တာေၾကာင့္ သုံးဂိုး-တစ္ဂိုးနဲ႔ပဲ ေက်နပ္ခဲ့ရၿပီး ဆီမီးဖုိင္နယ္ကပဲ ႏွဳတ္ဆက္ခဲ့ရတာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ ဆိုးလ္ရွားအေနနဲ႔ မွားယြင္းခဲ့တဲ့ လိုအပ္ခ်က္ေတြကေတာ့ လုခ္ေရွာ မရွိခ်ိန္ ပဲေလ့စ္နဲ႔ပြဲမွာ ေနာက္တန္းကို ၿငိမ္ေစခဲ့တဲ့ ဖိုဆူမန္ဆားကို ေစာေစာကတည္းက မသုံးခဲ့တာ၊ အီဂါလိုကို ဒီပြဲမွာ ပါဝင္ေစဖို႔အတြက္ အဆင္သင့္ျဖစ္ေအာင္ ၿပီးခဲ့တဲ့ပြဲေတြကတည္းက လုပ္မထားခဲ့တာနဲ႔ ကြင္းလယ္မွာ ေပါ့ဘာကို မထည့္ရင္ ပါဝါေကာင္းတဲ့ မက္ေတာ္မီေနးကို မသုံးခဲ့တာေတြျဖစ္ၿပီး ဒေဟးယားကေတာ့ ဒီအမွားေတြကို အျပစ္ပုံခ်စရာအျဖစ္ ေပါ့ေလ်ာ့တဲ့ ကာကြယ္မွဳေတြနဲ႔ လက္ညႇဳိးထိုးခံယူသြားခဲ့တာပဲ ျဖစ္ပါတယ္။

ဆုိးလ္ရွားနဲ႔ ယူႏုိက္တက္အတြက္ေတာ့ အမွတ္ေပးဇယားကေန ခ်န္ပီယံလိဂ္အတြက္ ႐ုန္းဖို႔ ႀကဳိးစားေနခဲ့ခ်ိန္မွာ ဒီပြဲမတုိင္ခင္မွာ စပါးစ္ကို ရွဳံးသြားခဲ့တဲ့ လက္စတာရဲ႕ ရလဒ္ကေတာ့ ပုိၿပီး အာ႐ုံေထြျပားစရာလည္းျဖစ္ခဲ့ႏုိင္ၿပီး ဒါေၾကာင့္ပဲ ဒီႏွစ္ေတြ႕ဆုံမွဳေတြမွာ အသာစီးရရွိထားခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ အက္ဖ္ေအဖလားပြဲကို လက္ေလွ်ာ့ခဲ့တာလားဆုိတာကေတာ့ စဥ္းစားခ်င္စရာျဖစ္ခဲ့ေပမယ့္ ေျခစြမ္းအရ ထိုက္တန္တဲ့ ရွဳံးပြဲတစ္ပြဲနဲ႔ေတာ့ ရင္ဆုိင္ခဲ့ရတာလည္းျဖစ္ေၾကာင္း သုံးသပ္ေရးသားလိုက္ရပါတယ္။

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းကိုတော့ ဒီနေ့ပွဲမှာ ချဲလ်ဆီးအသင်းရဲ့ ပြီးခဲ့တဲ့ ပုံစံကောင်းမရှိတဲ့ ပုံစံတွေအရ ပိုမိုအလေးပေးပြီး ယုံကြည်ခဲ့ကြပေမယ့် ပိုင်နိုင်ခြင်းမရှိတဲ့ ကစားပုံနဲ့ လူစာရင်းကို ပွဲထုတ်ခဲ့တဲ့ နည်းပြ ဆိုးလ်ရှားရဲ့ တာဝန်မကျေပွန်မှုတွေမှာ ထင်ထားတဲ့အတိုင်း မဖြစ်ခဲ့ဘဲ အမှားမလုပ်ခဲ့တဲ့ လမ်းပတ်တို့က အနိုင်ရလဒ်ကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။

ဘယ်ခြမ်းခံစစ်မှာ ဘရန်ဒန် ဝီလီယမ်စ်ကို သုံးခဲ့တာကြောင့် ကစားနေကျ ၄-၃-၃ ပုံစံကို ဖျက်ပြီး ၅-၄-၁ ဆန်ဆန် ပွဲထွက်လာခဲ့တဲ့ ယူနိုက်တက်အသင်းမှာ နောက်ခံလူ ဘိုင်လီ အံမဝင်ခဲ့သလို ကွင်းလယ်က ဒန်နီယယ်လ် ဂျိမ်းစ်နဲ့ ဖရက်ဒ်ဟာလည်း အတွဲမိပြီးသား ကွင်းလယ်ကစားကွက်ထဲကို အဆင်သင့် မဝင်နိုင်တဲ့ ပုံစံမှာ ရှိခဲ့ပြီး တွဲဖက်ကစားဖော်တွေ ပျောက်ဆုံးနေတဲ့ ရက်ရှ်ဖို့ဒ်ကတော့ ရုန်းကန်နေခဲ့ရပါတယ်။

ဒီလိုနဲ့ပဲ ချဲလ်ဆီးတို့ရဲ့ ခံစစ်ကို ဦးစားပေးပြီးမှာ တန်ပြန်တိုက်စစ်ကို အလုံးအရင်းနဲ့ စုဖွဲ့တိုက်စစ်ဆင်တဲ့ ဗျူဟာမှာ ဘယ်ခြမ်းအားနည်းနေတဲ့ ယူနိုက်တက်ကို ညာတောင်ပံက အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာနဲ့ ရိစ် ဂျိမ်းစ်တို့ ဖိအားပေးနေခဲ့သလို ဝီလီယန်ကတော့ သူတို့နှစ်ယောက်ကို နောက်က ထိန်းချုပ်ပေးသွားခဲ့ရာမှာ ဂိုးသမား ဒဟေးယား အလုပ်များနေခဲ့ရပါတယ်။

ယူနိုက်တက်ရဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ မာစီယယ်လ်တို့နှစ်ဦးတည်းနဲ့ အလုပ်မဖြစ်ချိန်မှာ သူတို့နှစ်ဦးအနေနဲ့ ဖရီးကစ် တစ်ယောက်တစ်လုံးစီပဲ ကန်ခွင့်ရခဲ့ပေမယ့် ချဲလ်ဆီးဂိုးသမား ကာဘယ်လာရိုကို မခြိမ်းခြောက်နိုင်ခဲ့သလို ကွင်းလယ်ကစားပုံကလည်း မထိရောက်ခဲ့ဘဲ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၄၀ ကျော်မှာတော့ သုံးမိနစ်အတွင်း နှစ်ကြိမ် ခေါင်းချင်းဆောင့်မိခဲ့တဲ့ ဘိုင်လီရဲ့ အသင်းဖော် မက်ဂွိုင်းယားနဲ့ ထိခိုက်မိမှုက တော်တော်လေး ပြင်းထန်ခဲ့လို့ ထမ်းစင်နဲ့ ထုတ်ခဲ့ရပြီး သူ့နေရာမှာတော့ တိုက်စစ်မှူး မာစီယယ်လ် ဝင်လာခဲ့သလို နာကျင်အချိန်ပိုကိုလည်း ၁၁ မိနစ်အထိ သတ်မှတ်ပေးခဲ့ရပါတယ်။

မာစီယယ်လ် ဝင်လာအပြီးမှာ ယူနိုက်တက်တို့ တိုက်စစ် ပိုကောင်းလာခဲ့ပေမယ့် ဂိုးစရခဲ့တာကတော့ ချဲလ်ဆီးဖြစ်သွားခဲ့ပြီး နာကျင်အချိန်ပိုရဲ့ နောက်ဆုံးမိနစ်မှာ ညာခြမ်းက အက်ဇ်ပီလီကွေတာရဲ့ ဖြတ်တင်ဘောကို လင်ဒီလော့ဖ်ရဲ့ ခပ်ပေါ့ပေါ့ လူကပ်မှုကနေ ရုန်းထွက်လာခဲ့တဲ့ ဂျီရူးက ပိတ်သွင်းခဲ့ရာမှာ ဒဟေးယားရဲ့ လက်နဲ့ ထိပြီး ဝင်သွားခဲ့တာပါ။

ဒီဂိုးမှာ ယူနိုက်တက်ခံစစ်ရဲ့ လူကပ်ပုံ အားနည်းပြီး အတန်းလိုက်ဖြစ်နေခဲ့ချိန်မှာ ဂိုးဧရိယာထဲက တစ်ကိုယ်တော် ဂျီရူးကို သေချာဖျက်မယ့်သူ မရှိခဲ့တာကိုလည်း တွေ့ရသလို ဒဟေးယားရဲ့ အမှားကတော့ ပိုပြီးစိတ်ပျက်စရာလည်း ဖြစ်ခဲ့ပါတယ်။

ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ချဲလ်ဆီးတို့ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ဒီအတွေ့အကြုံနဲ့ လုပ်စားလို့ မရသေးတဲ့ လူငယ်နောက်ခံလူ ဝီလီယမ်စ်ရဲ့ ကွင်းလယ်ကို ဖြတ်ပေးမှုကနေ မေဆန်မောင့်က ရယူသွားခဲ့ပြီး ဂိုးဧရိယာအပြင် ကိုက် ၂၀ လောက်ကနေ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ကြားက အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဒုတိယဂိုး ထပ်ခွင့်ပြုခဲ့ရပြီး သာမန်ဂိုးသမားတစ်ဦး ဖမ်းနိုင်တဲ့ ဘောလုံးကို လက်ဖျားနဲ့ ထိရုံနဲ့ လွှတ်ပေးလိုက်တဲ့ ဒဟေးယားကတော့ နှစ်ခါမှား နှစ်ဂိုးပေးခဲ့ရတာပါ။

ပွဲချိန် ၅၅ မိနစ်မှာ ဖရက်ဒ်နဲ့ ဒန်နီယယ်လ် ဂျိမ်းစ်အစား ပေါ့ဘာနဲ့ ဂရင်းဝုဒ်တို့ ဝင်လာခဲ့ပေမယ့် ခပ်ကြမ်းကြမ်းနဲ့ အကွက်စေ့စေ့ ဖျက်ထုတ်နေတဲ့ ချဲလ်ဆီး ခံစစ်ကို ထိုးဖောက်ဖို့ ခက်နေခဲ့ပြီး ယူနိုက်တက်ခံစစ်ကတော့ သူတို့တက်ဖိလို့ ဖြစ်ပေါ်လာတဲ့ ကောင်တာတွေကို မနည်းထိန်းချုပ်ကာကွယ်ခဲ့ရပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ချဲလ်ဆီးတို့ ထောင့်ကန်ဘောကနေ ရိစ် ဂျိမ်းစ်ရဲ့ ခေါင်းတိုက်ချက်ကို ဒဟေးယား ပုတ်ထုတ်ခဲ့ပြီး နောက်တန်းက ရှင်းထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ဘယ်ခြမ်းက ပြန်ရသွားတဲ့ အလွန်ဆိုက ချိုးပေးရာကနေ ပြေးဝင်လာတဲ့ ရူဒီဂါရဲ့ တိုက်စစ်ဆင်မှုကို ပိတ်ဆို့ခဲ့တဲ့ မက်ဂွိုင်းယားက ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဖိုဆူမန်ဆားနဲ့ အီဂါလိုကို နည်းပြ ဆိုးလ်ရှားက ထပ်မံထည့်သွင်းခဲ့လို့ နေရာလွတ်တွေ ပိုရလာခဲ့ပေမယ့် ပွဲချိန် ၈၄ မိနစ်မှာ မာစီယယ်လ်ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ် ကန်သွင်းပြီး ပြန်ချေပနိုင်ခဲ့တာကလွဲလို့ ပွဲကို လှည့်ပြောင်းနိုင်တဲ့ ပုံစံမျိုး ထပ်မပြနိုင်တော့တာကြောင့် သုံးဂိုး-တစ်ဂိုးနဲ့ပဲ ကျေနပ်ခဲ့ရပြီး ဆီမီးဖိုင်နယ်ကပဲ နှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဆိုးလ်ရှားအနေနဲ့ မှားယွင်းခဲ့တဲ့ လိုအပ်ချက်တွေကတော့ လုခ်ရှော မရှိချိန်ပဲလေ့စ်နဲ့ပွဲမှာ နောက်တန်းကို ငြိမ်စေခဲ့တဲ့ ဖိုဆူမန်ဆားကို စောစောကတည်းက မသုံးခဲ့တာ၊ အီဂါလိုကို ဒီပွဲမှာ ပါဝင်စေဖို့အတွက် အဆင်သင့်ဖြစ်အောင် ပြီးခဲ့တဲ့ပွဲတွေကတည်းက လုပ်မထားခဲ့တာနဲ့ ကွင်းလယ်မှာ ပေါ့ဘာကို မထည့်ရင် ပါဝါကောင်းတဲ့ မက်တော်မီနေးကို မသုံးခဲ့တာတွေဖြစ်ပြီး ဒဟေးယားကတော့ ဒီအမှားတွေကို အပြစ်ပုံချစရာအဖြစ် ပေါ့လျော့တဲ့ ကာကွယ်မှုတွေနဲ့ လက်ညှိုးထိုးခံယူသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဆိုးလ်ရှားနဲ့ ယူနိုက်တက်အတွက်တော့ အမှတ်ပေးဇယားကနေ ချန်ပီယံလိဂ်အတွက် ရုန်းဖို့ ကြိုးစားနေခဲ့ချိန်မှာ ဒီပွဲမတိုင်ခင်မှာ စပါးစ်ကို ရှုံးသွားခဲ့တဲ့ လက်စတာရဲ့ ရလဒ်ကတော့ ပိုပြီး အာရုံထွေပြားစရာလည်းဖြစ်ခဲ့နိုင်ပြီး ဒါကြောင့်ပဲ ဒီနှစ်တွေ့ဆုံမှုတွေမှာ အသာစီးရရှိထားခဲ့တဲ့ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားပွဲကို လက်လျှော့ခဲ့တာလားဆိုတာကတော့ စဉ်းစားချင်စရာဖြစ်ခဲ့ပေမယ့် ခြေစွမ်းအရ ထိုက်တန်တဲ့ ရှုံးပွဲတစ်ပွဲနဲ့တော့ ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။